တက္ကသိုလ်ဝင်တန်းကို မွန်အမျိုးသား ကျောင်းများမှ ၁၂ ဦးသာ အောင်မြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

မွန်ပြည်သစ်ပါတီ(NMSP) ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦး အောင်မြင်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee-MNEC) က ပြောသည်။

မွန်အမျိုးသားကျောင်းများမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသူ/သား ၁၄၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်မြင်ခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်သည်လည်း သုံးနှစ်ဆက်တိုက် ကျဆင်းလာနေသည်ဟု မွန် အမျိုး သားပညာရေးကော်မတီ တာဝန်ခံ ဆရာမင်းအောင်ဇေ က ပြောသည်။

“ဘာကြောင့်ကျလာလဲ ပြန်ကြည့်လိုက်တဲ့အခါမှာ ကျောင်း အုပ်ချုပ်ရေးအပိုင်း အားနည်းချက်တွေ ရှိနေတယ်။ နောက် ဆရာ၊ ဆရာမတွေ အတွေ့အကြုံမရှိကြဘူး။ တချို့ ဆို ကျောင်းမပြီးသေးဘူး၊ စာအုပ်ကြည့်ပြီး သင်တယ်။ ဒါတောင် တက္ကသိုလ်က ဝါရင့်ဆရာတွေ ခေါ်ပြီးတော့ သင်တန်းပေးခဲ့တာရှိတယ်။ နောက်တစ်ခုက ကျောင်းသားတွေ အခြေခံ မခိုင်ခဲ့တာလည်း ပါတယ်။”

မွန်အမျိုးသားပညာရေးဌာနအနေနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက် ပြန်လည်မြင့်မားလာစေရန်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစပြီး အောင်ချက်မြင့်မားရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဟု ဆရာမင်းအောင်ဇေက ဆက်ပြောသည်။

“အောင်ချက်ပြန်ကောင်းလာဖို့ အငြိမ်းစားယူသွားတဲ့ ကျောင်းအုပ် ပညာရေးမှူးတွေကို ခေါ်ပြီးတော့ အောင် ချက်မြင့်မားရေး စီမံချက်ရေးဆွဲဖို့ လုပ်နေတယ်၊ အငြိမ်းစား ကျောင်းအုပ် ပညာရေးမှူးတွေကလည်း လာကူ ပေးမယ်၊ စီမံချက်ရေးဆွဲပြီးတော့ အဲဒီစီမံချက်အတိုင်း ဆက်လုပ်သွားမယ်” ဟု ဆရာမင်းအောင်ဇေ က ပြော သည်။

မွန်အမျိုးသား ပညာရေးဌာနအောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစား ကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဝင်္ကပါကျောင်း နှင့် ရေးမြို့ နယ် ရှိ အံဒင်အထက်တန်း ကျောင်း စသည့် အထက်တန်းကျောင်း ၃ ကျောင်းရှိသည်။

မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းသူ ကျောင်းသားများသည် အစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန် ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲခဲ့သည့် နောက်ပိုင်း ၁၉၉၆ ခုနှစ်မှ စတင် ဝင်ရောက်ဖြေဆိုခွင့် ရရှိလာ ခဲ့သည်။

မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများသည် မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် ကျောင်းများဖြစ်ပြီး အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသူ/သား ၁၀၀၀၀ ကျော်ရှိသည်။

ထို့အပြင် အစိုးရကျောင်းများနှင့် တွဲဖက် သင်ကြားနေသည့် မွန်စာပေသင်ကျောင်း ၉၂ ကျောင်းရှိ ကာ ကျောင်းသားဦးရေ ၁၄၀၀၀ ကျော်ရှိသည်။

မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများတွင် ကျောင်းဆရာ/ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြားလျက်ရှိသည်ဟု မွန်အမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် ပါတီ တပ်တည်ဧရိယာနှင့် နီးစပ် သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ဂရိတ်မြို့ နယ်တို့တွင် မွန်စာကို မွန်အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းများ တွဲဖက်သည့် ကျောင်းများတွင် သင်ကြားလျက်ရှိသည်။

*** ZAWGYI ***
တကၠသိုလ္၀င္တန္းကို မြန္အမ်ဳိးသား ေက်ာင္းမ်ားမွ ၁၂ ဦးသာ ေအာင္ျမင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၂ ရက္။

မြန္ျပည္သစ္ပါတီ(NMSP) ကြပ္ကဲမႈေအာက္ရွိ မြန္အမ်ဳိးသားေက်ာင္းမ်ားမွ တကၠသိုလ္ဝင္တန္း ၁၂ ဦး ေအာင္ျမင္သည္ဟု မြန္အမ်ဳိးသားပညာေရးေကာ္မတီ (Mon National Education Committee-MNEC) က ေျပာသည္။

မြန္အမ်ဳိးသားေက်ာင္းမ်ားမွာ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ေက်ာင္းသူ/သား ၁၄၄ ဦး ဝင္ေရာက္ေျဖဆိုခဲ့ၿပီး ၁၂ ဦးသာ ေအာင္ျမင္ခဲ့ေၾကာင္း၊ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္သည္လည္း သံုးႏွစ္ဆက္တိုက္ က်ဆင္းလာေနသည္ဟု မြန္ အမ်ဳိး သားပညာေရးေကာ္မတီ တာဝန္ခံ ဆရာမင္းေအာင္ေဇ က ေျပာသည္။

“ဘာေၾကာင့္က်လာလဲ ျပန္ၾကည့္လိုက္တဲ့အခါမွာ ေက်ာင္း အုပ္ခ်ဳပ္ေရးအပိုင္း အားနည္းခ်က္ေတြ ရွိေနတယ္။ ေနာက္ ဆရာ၊ ဆရာမေတြ အေတြ႔အႀကံဳမရွိၾကဘူး။ တခ်ဳိ႕ ဆို ေက်ာင္းမၿပီးေသးဘူး၊ စာအုပ္ၾကည့္ၿပီး သင္တယ္။ ဒါေတာင္ တကၠသိုလ္က ဝါရင့္ဆရာေတြ ေခၚၿပီးေတာ့ သင္တန္းေပးခဲ့တာရွိတယ္။ ေနာက္တစ္ခုက ေက်ာင္းသားေတြ အေျခခံ မခိုင္ခဲ့တာလည္း ပါတယ္။”

မြန္အမ်ဳိးသားပညာေရးဌာနအေနႏွင့္ တကၠသိုလ္ဝင္တန္းေအာင္ခ်က္ ျပန္လည္ျမင့္မားလာေစရန္အတြက္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္မွစၿပီး ေအာင္ခ်က္ျမင့္မားေရး စီမံခ်က္ေရးဆြဲ ေဆာင္ရြက္သြားမည္ဟု ဆရာမင္းေအာင္ေဇက ဆက္ေျပာသည္။

“ေအာင္ခ်က္ျပန္ေကာင္းလာဖို႔ အၿငိမ္းစားယူသြားတဲ့ ေက်ာင္းအုပ္ ပညာေရးမွဴးေတြကို ေခၚၿပီးေတာ့ ေအာင္ ခ်က္ျမင့္မားေရး စီမံခ်က္ေရးဆြဲဖို႔ လုပ္ေနတယ္၊ အၿငိမ္းစား ေက်ာင္းအုပ္ ပညာေရးမွဴးေတြကလည္း လာကူ ေပးမယ္၊ စီမံခ်က္ေရးဆြဲၿပီးေတာ့ အဲဒီစီမံခ်က္အတိုင္း ဆက္လုပ္သြားမယ္” ဟု ဆရာမင္းေအာင္ေဇ က ေျပာ သည္။

မြန္အမ်ဳိးသား ပညာေရးဌာနေအာက္တြင္ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမ ေရးေခ်ာင္းဖ်ားေဒသရွိ ညီစား ေက်ာင္း၊ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ နယ္ ဝကၤပါေက်ာင္း ႏွင့္ ေရးၿမိဳ႕ နယ္ ရွိ အံဒင္အထက္တန္း ေက်ာင္း စသည့္ အထက္တန္းေက်ာင္း ၃ ေက်ာင္းရွိသည္။

မြန္အမ်ဳိးသားပညာေရးဌာနမွ ေက်ာင္းသူ ေက်ာင္းသားမ်ားသည္ အစိုးရ တကၠသိုလ္ဝင္တန္းစာေမးပြဲကို မြန္ ျပည္သစ္ပါတီ အပစ္ခတ္ရပ္စဲခဲ့သည့္ ေနာက္ပိုင္း ၁၉၉၆ ခုႏွစ္မွ စတင္ ဝင္ေရာက္ေျဖဆိုခြင့္ ရရွိလာ ခဲ့သည္။

မြန္အမ်ဳိးသားပညာေရးဌာန ကြပ္ကဲမႈေအာက္ရွိ မြန္အမ်ဳိးသားေက်ာင္းမ်ားသည္ မိခင္ဘာသာစကားအေျချပဳ သင္ၾကားေနသည့္ ေက်ာင္းမ်ားျဖစ္ၿပီး အထက္တန္းေက်ာင္း ၃ ေက်ာင္းအပါအဝင္ ေက်ာင္းေပါင္း ၁၃၃ ေက်ာင္းရွိၿပီး ေက်ာင္းသူ/သား ၁၀၀၀၀ ေက်ာ္ရွိသည္။

ထို႔အျပင္ အစိုးရေက်ာင္းမ်ားႏွင့္ တြဲဖက္ သင္ၾကားေနသည့္ မြန္စာေပသင္ေက်ာင္း ၉၂ ေက်ာင္းရွိ ကာ ေက်ာင္းသားဦးေရ ၁၄၀၀၀ ေက်ာ္ရွိသည္။

မြန္အမ်ဳိးသားပညာေရးဌာန ကြပ္ကဲမႈေအာက္ရွိ မြန္အမ်ဳိးသားေက်ာင္းမ်ားတြင္ ေက်ာင္းဆရာ/ဆရာမ ၇၈၀ ခန္႔တို႔ျဖင့္ ပညာသင္ၾကားလ်က္ရွိသည္ဟု မြန္အမ်ဳိးသားပညာေရးေကာ္မတီ တာဝန္ရွိသူမ်ားက ေျပာသည္။

မြန္ျပည္သစ္ပါတီ မြန္အမ်ိဳးသား ပညာေရးဌာန ကြပ္ကဲမႈေအာက္တြင္ရွိသည့္ ပါတီ တပ္တည္ဧရိယာႏွင့္ နီးစပ္ သည့္ မြန္ျပည္နယ္ ေရးၿမိဳ႕ နယ္၊ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ နယ္၊ တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕ နယ္ေဒသမ်ားအျပင္ သံျဖဴဇရပ္၊ မုဒံု၊ က်ဳိက္မေရာ၊ ဘားအံ၊ ေကာ့ဂရိတ္ၿမိဳ႕ နယ္တို႔တြင္ မြန္စာကို မြန္အမ်ဳိးသား ေက်ာင္းမ်ားႏွင့္ အစိုးရေက်ာင္းမ်ား တြဲဖက္သည့္ ေက်ာင္းမ်ားတြင္ သင္ၾကားလ်က္ရွိသည္။