တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (မြန်မာဘာသာ) ၁၀-၀၈-၂၀

ကရင် အရပ်သူတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို စစ်ဘက်ဆိုင်ရာခုံရုံးက အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တယ်ဆိုပေမဲ့ ပြစ်ဒဏ် ပမာဏကို ဖော်ပြထားခြင်းမရှိပါဘူး။

ကိုဗစ်-၁၉ ကာလအတွင်း တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးများလာခဲ့တယ်လို့ ND-Burma လို့ခေါ်တဲ့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)က အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်း ကိုဗစ်ကာလအတွင်း ကလေးလုပ်သားတွေ တိုးပွားလာနေတာကြောင့် ကလေးလုပ်သားလျော့ချရေးလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။

*** ZAWGYI ***



