မွန်ပြည်နယ်အတွင်း သြဂုတ်လ သွေးလွန်တုတ်ကွေးဖြစ်မှု ၇ လဖြစ်ပွားမှုထက် ၂ ဆတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေသည် တစ်လအတွင်း တဟုန်ထိုး တိုးများလာခဲ့သည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားသူ ၄၉၀ ကျော်ရှိရာမှ သြဂုတ်လ ၁၄ ရက်နေ့အထိ ရောဂါကူးစက်ဖြစ်ပွားသူ ၉၀၀ နီးပါးထိ မြင့်တက်လာပြီး ကလေး ၃ ဦး သေဆုံးမှုရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနရှိ စာရင်း အရ သိရသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများလာရခြင်းသည် ရေ စနစ်တကျသိုလှောင်မှုမရှိခြင်း၊ အမှိုက်စနစ်တကျ စွန့်ပစ် မှုမရှိခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဆိုင်ရာအပေါ် လိုက်နာဆောင်ရွက်မှု အားနည်း ခြင်းတို့ကြောင့်ဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင် က ပြောသည်။

“ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ မလိုက်နာကြဘူး။ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်း နေတာတွေ့ရတယ်။ ကျန်းမာရေးဝန်ထမ်းတွေ သွားတဲ့အချိန်ဆို ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ဖုံး သွန် လဲ စစ်လုပ်တယ်။ ဒါက အပတ်တိုင်းလုပ်ရမယ် သူတို့က အပတ်တိုင်းမလုပ်ဖြစ်ဘူး။ နောက်တခုက အမှိုက်သိမ်းစနစ်ပေါ့ အမှိုက် သိမ်းစနစ်ကလည်း ရှိဖို့လိုတယ်။ ရေလှောင်တာကလည်း စနစ်တကျထားဖို့လိုတယ်။”

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားသူ အများစုသည် အသက် ၁၅ နှစ် အောက် ကလေးများ ဖြစ်ပြီး သေဆုံးသွားသူ ၃ ဦးတွင်လည်း ဆယ်လသား တစ်ဦး၊ ၈ နှစ်အရွယ်ကလေး တစ်ဦးနှင့် အသက် ၁၅ နှစ် အရွယ် ၁ ဦးတို့ဖြစ်သည်။

ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်တွင် ကူးစက်မှုအများဆုံးဖြစ်ပြီး ပေါင်မြို့ နယ်သည် ဒုတိယကူးစက်မှု အများ ဆုံးဖြစ်ကာ မုဒုံမြို့ နယ်သည် တတိယအများဆုံး ဖြစ်ပွားမှုမြို့ နယ် ဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးသည် အသက်အန္တရာယ်ပါရှိနိုင်သည့်အတွက် မပေါ့ဆကြရန်နှင့် တစ်စုံတစ်ရာထူးခြားမှု ရှိပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ပြကြရန်လည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးက အသိပေးထားသည်။

“သွေးလန့်တဲ့လက္ခဏာတွေ သွေးလန့်တဲ့လက္ခဏာက ၃ ရက်မြောက်နေ့မှာ အဖျားကျလာပြီးတော့ အေးစက် သွားတယ်။ မှိန်းသွားတယ်။ အန်တဲ့အခါ အညိုရောင်ဖြစ်တဲ့အခါ ဝမ်းအမဲရောင်ဖြစ်တာ ဒါမျိုးလေး တစ်ခုခု ဖြစ်တာနဲ့ နီးစပ်ရာ ဆေးရုံ ဆေးခန်းပြကြဖို့ပေါ့” ဟု ဒေါက်တာစည်သူရဲနောင်က ပြောသည်။

ထို့အပြင် ဆရာဝန်၏ ညွန်ကြားမှုမရှိပဲ မိမိတို့၏ သဘောအရ အပြင်ဆေးဆိုင်များမှ ဆေးများ ဝယ်ယူ သောက် ခြင်းမပြုလုပ် ကြရန် လည်း ဒေါက်တာစည်သူရဲနောင် က ပြောသည်။

“နောက် စပ်ဆေးတွေ မသောက်ကြဖို့ စပ်ဆေးသောက်ရင် သွေးလွန်တုပ်ကွေးမှာ ပိုပြီးတော့ဆိုးတယ်။”

မိုးတွင်းကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ပြည်နယ် ကျန်းမာ ရေးဌာနအနေဖြင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ မြို့ နယ်ကျန်းမာရေးဌာတို့နှင့် ပူးပေါင်းပြီး အပတ်စဉ် ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ဆေးခပ်ခြင်းလုပ်ငန်းတို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင် မှုသည် အရေးကြီးကြောင်း ပြည်သူလူထုပါဝင်မှုရှိမှသာ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ အောင်မြင် နိုင်မည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ပြောသည်။

*** ZAWGYI ***

မြန္ျပည္နယ္အတြင္း ၾသဂုတ္လ ေသြးလြန္တုတ္ေကြးျဖစ္မႈ ၇ လျဖစ္ပြားမႈထက္ ၂ ဆတိုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၇ ရက္။

မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန စာရင္းမ်ားအရ မြန္ျပည္နယ္အတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ အေျခအေနသည္ တစ္လအတြင္း တဟုန္ထိုး တိုးမ်ားလာခဲ့သည္။

ယခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြးကူးစက္ျဖစ္ပြားသူ ၄၉၀ ေက်ာ္ရွိရာမွ ၾသဂုတ္လ ၁၄ ရက္ေန႔အထိ ေရာဂါကူးစက္ျဖစ္ပြားသူ ၉၀၀ နီးပါးထိ ျမင့္တက္လာၿပီး ကေလး ၃ ဦး ေသဆံုးမႈရွိခဲ့သည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနရွိ စာရင္း အရ သိရသည္။

ေသြးလြန္တုပ္ေကြး ျဖစ္ပြားမႈမ်ားလာရျခင္းသည္ ေရ စနစ္တက်သိုေလွာင္မႈမရွိျခင္း၊ အမႈိက္စနစ္တက် စြန္႔ပစ္ မႈမရွိျခင္းႏွင့္ ေသြးလြန္တုပ္ေကြး ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းဆိုင္ရာအေပၚ လိုက္နာေဆာင္ရြက္မႈ အားနည္း ျခင္းတို႔ေၾကာင့္ျဖစ္သည္ ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒါက္တာ စည္သူရဲေနာင္ က ေျပာသည္။

“ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းေတြ မလိုက္နာၾကဘူး။ လက္ေတြ႔အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အားနည္း ေနတာေတြ႔ရတယ္။ က်န္းမာေရးဝန္ထမ္းေတြ သြားတဲ့အခ်ိန္ဆို ဟုတ္ကဲ့ ဟုတ္ကဲ့နဲ႔ ဖံုး သြန္ လဲ စစ္လုပ္တယ္။ ဒါက အပတ္တိုင္းလုပ္ရမယ္ သူတို႔က အပတ္တိုင္းမလုပ္ျဖစ္ဘူး။ ေနာက္တခုက အမႈိက္သိမ္းစနစ္ေပါ့ အမႈိက္ သိမ္းစနစ္ကလည္း ရွိဖို႔လိုတယ္။ ေရေလွာင္တာကလည္း စနစ္တက်ထားဖို႔လိုတယ္။”

ျပည္နယ္အတြင္း ေသြးလြန္တုပ္ေကြး ကူးစက္ျဖစ္ပြားသူ အမ်ားစုသည္ အသက္ ၁၅ ႏွစ္ ေအာက္ ကေလးမ်ား ျဖစ္ၿပီး ေသဆံုးသြားသူ ၃ ဦးတြင္လည္း ဆယ္လသား တစ္ဦး၊ ၈ ႏွစ္အရြယ္ကေလး တစ္ဦးႏွင့္ အသက္ ၁၅ ႏွစ္ အရြယ္ ၁ ဦးတို႔ျဖစ္သည္။

ျပည္နယ္အတြင္း ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ ကူးစက္မႈအမ်ားဆံုးျဖစ္ၿပီး ေပါင္ၿမိဳ႕ နယ္သည္ ဒုတိယကူးစက္မႈ အမ်ား ဆံုးျဖစ္ကာ မုဒံုၿမိဳ႕ နယ္သည္ တတိယအမ်ားဆံုး ျဖစ္ပြားမႈၿမိဳ႕ နယ္ ျဖစ္သည္ဟု ျပည္နယ္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနမွ သိရသည္။

ေသြးလြန္တုပ္ေကြးသည္ အသက္အႏၲရာယ္ပါရွိႏိုင္သည့္အတြက္ မေပါ့ဆၾကရန္ႏွင့္ တစ္စံုတစ္ရာထူးျခားမႈ ရွိပါက နီးစပ္ရာေဆး႐ုံ ေဆးခန္းသို႔ ျပၾကရန္လည္း ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနမွ လက္ေထာက္ၫႊန္ ၾကားေရးမွဴးက အသိေပးထားသည္။

“ေသြးလန္႔တဲ့လကၡဏာေတြ ေသြးလန္႔တဲ့လကၡဏာက ၃ ရက္ေျမာက္ေန႔မွာ အဖ်ားက်လာၿပီးေတာ့ ေအးစက္ သြားတယ္။ မွိန္းသြားတယ္။ အန္တဲ့အခါ အညဳိေရာင္ျဖစ္တဲ့အခါ ဝမ္းအမဲေရာင္ျဖစ္တာ ဒါမ်ဳိးေလး တစ္ခုခု ျဖစ္တာနဲ႔ နီးစပ္ရာ ေဆး႐ုံ ေဆးခန္းျပၾကဖို႔ေပါ့” ဟု ေဒါက္တာစည္သူရဲေနာင္က ေျပာသည္။

ထို႔အျပင္ ဆရာဝန္၏ ညြန္ၾကားမႈမရွိပဲ မိမိတို႔၏ သေဘာအရ အျပင္ေဆးဆုိင္မ်ားမွ ေဆးမ်ား ဝယ္ယူ ေသာက္ ျခင္းမျပဳလုပ္ ၾကရန္ လည္း ေဒါက္တာစည္သူရဲေနာင္ က ေျပာသည္။

“ေနာက္ စပ္ေဆးေတြ မေသာက္ၾကဖို႔ စပ္ေဆးေသာက္ရင္ ေသြးလြန္တုပ္ေကြးမွာ ပိုၿပီးေတာ့ဆိုးတယ္။”

မိုးတြင္းကာလတြင္ အျဖစ္မ်ားသည့္ ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္တားဆီးရန္အတြက္ ျပည္နယ္ က်န္းမာ ေရးဌာနအေနျဖင့္ က်န္းမာေရးပညာေပးလုပ္ငန္းမ်ား၊ ၿမိဳ႕ နယ္က်န္းမာေရးဌာတို႔ႏွင့္ ပူးေပါင္းၿပီး အပတ္စဥ္ ျခင္ႏွိမ္နင္းကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္ ပိုးေလာက္လံသတ္ေဆးခပ္ျခင္းလုပ္ငန္းတို႔ကိုလည္း သက္ဆုိင္ရာ ၿမိဳ႔နယ္ရွိ ေက်းရြာ၊ ရပ္ကြက္မ်ားတြင္ ေဆာင္ရြက္လ်က္ရွိသည္။

ေသြးလြန္တုပ္ေကြး ႀကိဳတင္ကာကြယ္တားဆီးေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ ျပည္သူလူထု ပူးေပါင္းပါဝင္ မႈသည္ အေရးႀကီးေၾကာင္း ျပည္သူလူထုပါဝင္မႈရွိမွသာ ႀကိဳတင္ကာကြယ္တားဆီးေရးလုပ္ငန္းမ်ား ေအာင္ျမင္ ႏိုင္မည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား က ေျပာသည္။