နယ်မြေရှင်းလင်းမည်ဆို၍ ထွက်ပြေးလာသော ရသေ့တောင် စစ်ရှောင်များ အိမ်မပြန်နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံပြည်သူများမှာ ယနေ့အချိန်ထိ နေရပ်ပြန်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ရသေ့တောင် ကျောက် တန်းက ဖြစ်နိုင်ရင် လုံးဝ နေရပ်ပြန်ဖို့ မသင့်သေးတဲ့နေရာပါ။ အခုက နှစ်ဖက်လုံးက စစ်ရေးတင်းမာမှု တွေက လည်း ရှိနေတယ်။ ရှိတဲ့အခါမှာတဖက်က နောက်မဆုတ်ရင် နောက်တဖက်ကလည်း နောက်ပြန်မဆုတ်ကြဘူး။ ဘယ်လိုပဲ နယ်မြေရှင်းလင်းမှုတွေကို မလုပ်တော့ပါဘူး ထုတ်ပြန်နေပေမယ့် လုံးဝလုံခြုံမှုမရှိဘူး။” ဟု ပြောသည်။

ရသေ့တောင်မြို့မှာ နေရာကျဉ်းသောကြောင့် နေမရသူ အချို့ နေရပ်ပြန်ခြင်းမျိုးရှိသော်လည်း အများစုမှာ မပြန်နိုင်ကြသေးကြောင်း ပြောသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် ပေါက်ကွဲမှုက အရပ်သားများ နေရပ်ပြန်နိုင်မှုအတွက် ပိုမိုခက်ခဲစေသည်ဟုလည်း သူက ဆက်ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တပ်မ တော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဟု ထုတ်ပြန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများမှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲရှိနေကြခြင်း ဖြစ်သည်။

ရသေ့တောင်မြို့ တွင် စစ်ရှောင်လေးသောင်းကျော်ရှိပြီး အများစုမှ စစ်ဘေးရှောင်စခန်းဟု သတ်မှတ် ထားသည့် နေရာများတွင်ရှိမနေပဲ ပြင်ပတွင်သာ နေ နေကြရသည့် အနေအထားဖြစ်သည်ဟု စစ်ရှောင်များအား ကူညီပေး နေသူများက ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး လက် နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံရွာသားနှစ်ဦး လက်နက်ကြီးကျည်စ တိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “တပ်မတော်က ပြောတာက AA ဘက်က လူတွေ ရွာတွေမှာ ခိုအောင်းနေတဲ့အတွက် အဲ့ဒီနယ်မြေတွေကို ရှင်းလင်းဖို့လုပ်တယ်လို့ စာထဲ မှာ ရေးထားတာတော့တွေ့တယ်။ အဲ့မှာ တိုက်ပွဲတွေဖြစ်လာတယ်။ တော်တော်များများက ထွက်ပြေးလိုက်ရတယ်။ ရွာမှာ လုံးဝ မနေရဲကြတော့ဘူးပေါ့။ နေမြေရှင်းလင်းရေးလုပ်ပြီဆိုတာနဲ့ လူငယ်တွေကလည်း မနေရဲတော့ဘူး။ သူတို့ကို AA နဲ့ ဆက်စပ်မှု ရှိတယ် ဆိုပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်တွေရှိတယ်။ ရွာထဲကို စစ်သား တွေဝင်လာတယ်၊ ဝင်မွှေတယ်၊ ဖမ်းတယ်ဆီးတယ် အမျိုးမျိုးပေါ့ နောက်ဆက်တွဲကတော့” ဟု ပြောသည်။

ကျောက်တန်းတိုက်နယ်အတွင်း ကျေးရွာပေါင်း ၄၃ ရွာရှိပြီး ဒေသခံအများစုမှာ ယနေ့အချိန်ထိ ၎င်းတို့၏ ကျေး ရွာများဆီသို့ မပြန်ရဲကြသေးဘူး ဒေါ်ခင်စောဝေက ပြောသည်။

ဦးဇော်ဇော်ထွန်း က “နယ်မြေရှင်းလင်းရေး လုပ်ပြီဆိုတာနဲ့ ပထမတစ်ချက်က ရွာကို ဝိုင်းလိုက်တယ်။ သေနတ် တွေနဲ့ ပစ်ခတ်ပြီး ဝင်လာတယ်။ နောက်ပြီး အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီး အကုန်လုံးကို နေ အိမ်တွေကနေ ခေါ်ထုတ်တယ်။ ကွင်းပြင်ကြီးတွေမှာ ထားပြီး စစ်ဆေးတယ်။ ထမင်းမကျွေးတာမျိုးတွေလည်း လုပ်တယ်။ အားရအောင် စစ်ဆေးပြီးမှ ပြန်လွှတ်တယ်။ အဲ့မှာ တချို့ဆိုရင် မသင်္ကာရင် မသင်္ကာသလို ရိုက် နှက်စစ်ဆေးတာရှိတယ်” ဟု ပြောသည်။

ထို့အပြင် “စကားနားမလည်တာတို့၊ မေးတာ မဖြေတတ်တာတို့ဆိုရင် ပိုပြီး ရိုက်နှက်နှိပ်စက်ခံရတာတွေရှိတယ်။ ဒီလို ပုံစံမျိုးတွေ ကြုံရတယ်။ အိမ်ထောင်စုစာရင်းတွေကိုလည်း စစ်တယ်။ အိမ်ထောင်စု စာရင်းမှာမပါပဲ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ လူတွေကိုဆိုရင်လည်း လက်ခံတဲ့မိသားစုရော၊ ဧည့်သည်တွေကိုရော ဖမ်းဆီးတာပေါ့၊ အဲ့တော့ ရွာသားတွေက ကြောက်လာကြတယ်။ အဲ့တော့ ထွက်ပြေးကြပေါ့ဗျာ။ ကျနော်တို့ဆီ မှာ နယ်မြေရှင်းလင်းရေးဆိုတာ အဲ့လိုအခြေအနေမျိုးတွေ ကြုံနေရတယ်ဗျ” ဟု ဦးဇော်ဇော်ထွန်းက ရခိုင်ပြည် နယ်အတွင်း တပ်မတော်စစ်ကြောင်းများ၏ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြောသည်။

နယ်မြေရှင်းလင်းမည်ဆိုသည့် တပ်မတော်၏ ထုတ်ပြန်ချက်အပြင်၊ ဒေသအတွင်းတိုက်ပွဲများ၊ ကျေးရွာများ နှင့် အနီးတဝှိုက်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်း၊ ရွာသားများ စစ်ဆေး ဖမ်းဆီးခံရခြင်းတို့ကြောင့် ကျောက်တန်းတိုက်နယ်အတွင်းက လူဦးရေ တစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့သည်မှာ နှစ်လနီးပါး ရှိလာပြီဟု ဒေသခံများက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျနော်တို့ ပြောနေတာ နယ်မြေ ရှင်းလင်းခြင်းဆိုတာ ဒီနယ်မြေထဲမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေ သူပုန်တွေကို ကျနော် တို့က တိုက်ထုတ်တာ။ ကျနော်တို့ စစ်သားတွေတိုင်းမှာလည်း အဲ့လိုစကားလုံး ပြောလိုက်တာနဲ့ ဘာဆိုတာ သဘောပေါက်တယ်။ သို့သော် အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါ Clearing operation အကုန်လုံး သုတ်သင် ရှင်း လင်းတယ် ဆိုတာမျိုးပေါ့ မရရအောင် စွဲယူတာပေါ့လေ။ ဒါကတော့ အဓိပ္ပာယ်ဖွင့်တဲ့လူတွေမှာ သူ့ရဲ့ ရည်မှန်း ချက်တော့ ရှိတာပေါ့။ မရရအောင်စွဲယူတဲ့ ရည်မှန်းချက်တော့ ရှိတာပေါ့။ ဒါကြောင့်မို့လို့ ဒီစကားလုံးကို ကျနော် တို့ မသုံးဘူး။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး မသုံးဘူး။ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုပြီး သုံးတယ်။ ဒီဟာသည် သုံးနှုန်းတဲ့ အခါမှာ မှားယွင်းသွားတဲ့ အတွက်ကြောင့်မို့လို့ ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်။ သို့သော် ကျနော်တို့ ပြောသလိုပဲ ဒါနဲ့ ပတ်သက်ပြီးတော့ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်လျှက် ရှိ တယ်။ အခုချိန်ထိလည်း ဆောင်ရွက်နေတုန်းပဲ ဖြစ်ပါတယ်” ဟု ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်သည့် တပ်မ တော် သတင်းစာရှင်းလင်း ပွဲ တွင် ပြောဆိုခဲ့သည်။

တပ်မတော်က ကျောက်တန်းတိုက်နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ဇွန်လ ၂၄ ရက်နေ့ က ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ နယ်မြေရှင်း လင်းရေးနှင့် ပတ်သက်သည့် အကြောင်းကြားစာကို ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးက ပေးပို့ခဲ့ ခြင်းဖြစ်သည်။

အဆိုပါစာထဲတွင် ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင်ရှိသည့် ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA အဖွဲ့များ ဖြန့်ကျက်လှုပ် ရှားနေသည့် သတင်းများ ရရှိထားကြောင်း၊ ထို့ကြောင့် AA နှင့် ပတ်သက်ဆက် နွယ် သူများကို လက်မခံထားရန် ပါရှိသည်။

ထို့အပြင် အဆိုပါဒေသကို တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်သည့်အတွက် ဒေသခံ များ အနေဖြင့် ကျေးရွာများမှ ခေတ္တတိမ်းရှောင်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးပို့ထားသည့် ထိုအ ကြောင်းကြားစာထဲတွင် ဖော်ပြထားသည်။ ထို့နောက် ဇူလိုင်လ ၂၆ ရက်နေ့က အဆိုပါ စာအား ပြန်လည် ရုတ်သိမ်းကြောင်း တပ်မတော်က ပြောဆိုခဲ့သည်။

*** ZAWGYI ***
နယ္ေျမရွင္းလင္းမည္ဆို၍ ထြက္ေျပးလာေသာ ရေသ့ေတာင္ စစ္ေရွာင္မ်ား အိမ္မျပန္နုိင္ေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕ေပၚသို႔ ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ ေဒသခံျပည္သူမ်ားမွာ ယေန႔အခ်ိန္ထိ ေနရပ္ျပန္ႏုိင္ရန္ ခက္ခဲေနဆဲျဖစ္သည္ဟု စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသူမ်ားက ေျပာသည္။

ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္း က “ရေသ့ေတာင္ ေက်ာက္ တန္းက ျဖစ္ႏုိင္ရင္ လံုးဝ ေနရပ္ျပန္ဖုိ႔ မသင့္ေသးတဲ့ေနရာပါ။ အခုက ႏွစ္ဖက္လံုးက စစ္ေရးတင္းမာမႈ ေတြက လည္း ရွိေနတယ္။ ရွိတဲ့အခါမွာတဖက္က ေနာက္မဆုတ္ရင္ ေနာက္တဖက္ကလည္း ေနာက္ျပန္မဆုတ္ၾကဘူး။ ဘယ္လုိပဲ နယ္ေျမရွင္းလင္းမႈေတြကို မလုပ္ေတာ့ပါဘူး ထုတ္ျပန္ေနေပမယ့္ လံုးဝလံုၿခံဳမႈမရွိဘူး။” ဟု ေျပာသည္။

ရေသ့ေတာင္ၿမိဳ႔မွာ ေနရာက်ဥ္းေသာေၾကာင့္ ေနမရသူ အခ်ိဳ႔ ေနရပ္ျပန္ျခင္းမ်ဳိးရွိေသာ္လည္း အမ်ားစုမွာ မျပန္နိုင္ၾကေသးေၾကာင္း ေျပာသည္။ ယခုရက္ပိုင္းအတြင္း ျဖစ္ပြားသည့္ ေပါက္ကြဲမွုက အရပ္သားမ်ား ေနရပ္ျပန္နိုင္မႈအတြက္ ပိုမိုခက္ခဲေစသည္ဟုလည္း သူက ဆက္ေျပာသည္။

ဇြန္လ ၂၄ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ရွိ ေက်ာက္တန္းေက်းရြာႏွင့္ အနီးတစ္ဝိုက္ရွိ ေက်းရြာမ်ားတြင္ တပ္မ ေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္မည္ဟု ထုတ္ျပန္ၿပီးေနာက္ ထြက္ေျပးတိိမ္းေရွာင္လာၾကသည့္ ေဒသခံမ်ားမွာ ယေန႔အခ်ိန္ထိ ေနရပ္မျပန္ႏုိင္ေသးပဲရွိေနၾကျခင္း ျဖစ္သည္။

ရေသ့ေတာင္ၿမိဳ႕ တြင္ စစ္ေရွာင္ေလးေသာင္းေက်ာ္ရွိၿပီး အမ်ားစုမွ စစ္ေဘးေရွာင္စခန္းဟု သတ္မွတ္ ထားသည့္ ေနရာမ်ားတြင္ရွိမေနပဲ ျပင္ပတြင္သာ ေန ေနၾကရသည့္ အေနအထားျဖစ္သည္ဟု စစ္ေရွာင္မ်ားအား ကူညီေပး ေနသူမ်ားက ေျပာသည္။

ၾသဂုတ္လ ၁၆ ရက္ေန႔ ည ၉ နာရီအခ်ိန္ခန္႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာအနီး လက္ နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးအပါအဝင္ ေဒသခံရြာသားႏွစ္ဦး လက္နက္ႀကီးက်ည္စ တိမွန္ၿပီး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ ျပည္သူ႔လြႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက “တပ္မေတာ္က ေျပာတာက AA ဘက္က လူေတြ ရြာေတြမွာ ခိုေအာင္းေနတဲ့အတြက္ အဲ့ဒီနယ္ေျမေတြကို ရွင္းလင္းဖုိ႔လုပ္တယ္လို႔ စာထဲ မွာ ေရးထားတာေတာ့ေတြ႕တယ္။ အဲ့မွာ တုိက္ပြဲေတြျဖစ္လာတယ္။ ေတာ္ေတာ္မ်ားမ်ားက ထြက္ေျပးလိုက္ရတယ္။ ရြာမွာ လံုးဝ မေနရဲၾကေတာ့ဘူးေပါ့။ ေနေျမရွင္းလင္းေရးလုပ္ၿပီဆုိတာနဲ႔ လူငယ္ေတြကလည္း မေနရဲေတာ့ဘူး။ သူတို႔ကို AA နဲ႔ ဆက္စပ္မႈ ရွိတယ္ ဆုိၿပီး တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္ေတြရွိတယ္။ ရြာထဲကို စစ္သား ေတြဝင္လာတယ္၊ ဝင္ေမႊတယ္၊ ဖမ္းတယ္ဆီးတယ္ အမ်ိဳးမ်ိဳးေပါ့ ေနာက္ဆက္တြဲကေတာ့” ဟု ေျပာသည္။

ေက်ာက္တန္းတိုက္နယ္အတြင္း ေက်းရြာေပါင္း ၄၃ ရြာရွိၿပီး ေဒသခံအမ်ားစုမွာ ယေန႔အခ်ိန္ထိ ၎တို႔၏ ေက်း ရြာမ်ားဆီသို႔ မျပန္ရဲၾကေသးဘူး ေဒၚခင္ေစာေဝက ေျပာသည္။

ဦးေဇာ္ေဇာ္ထြန္း က “နယ္ေျမရွင္းလင္းေရး လုပ္ၿပီဆုိတာနဲ႔ ပထမတစ္ခ်က္က ရြာကို ဝုိင္းလိုက္တယ္။ ေသနတ္ ေတြနဲ႔ ပစ္ခတ္ၿပီး ဝင္လာတယ္။ ေနာက္ၿပီး အရြယ္ေရာက္ၿပီးသား အမ်ိဳးသား၊ အမ်ိဳးသမီး အကုန္လံုးကို ေန အိမ္ေတြကေန ေခၚထုတ္တယ္။ ကြင္းျပင္ႀကီးေတြမွာ ထားၿပီး စစ္ေဆးတယ္။ ထမင္းမေကၽြးတာမ်ိဳးေတြလည္း လုပ္တယ္။ အားရေအာင္ စစ္ေဆးၿပီးမွ ျပန္လႊတ္တယ္။ အဲ့မွာ တခ်ိဳ႕ဆိုရင္ မသကၤာရင္ မသကၤာသလို ရိုက္ ႏွက္စစ္ေဆးတာရွိတယ္” ဟု ေျပာသည္။

ထို႔အျပင္ “စကားနားမလည္တာတို႔၊ ေမးတာ မေျဖတတ္တာတို႔ဆိုရင္ ပိုၿပီး ရိုက္ႏွက္ႏွိပ္စက္ခံရတာေတြရွိတယ္။ ဒီလို ပံုစံမ်ိဳးေတြ ႀကံဳရတယ္။ အိမ္ေထာင္စုစာရင္းေတြကိုလည္း စစ္တယ္။ အိမ္ေထာင္စု စာရင္းမွာမပါပဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ေနတဲ့ လူေတြကိုဆိုရင္လည္း လက္ခံတဲ့မိသားစုေရာ၊ ဧည့္သည္ေတြကိုေရာ ဖမ္းဆီးတာေပါ့၊ အဲ့ေတာ့ ရြာသားေတြက ေၾကာက္လာၾကတယ္။ အဲ့ေတာ့ ထြက္ေျပးၾကေပါ့ဗ်ာ။ က်ေနာ္တုိ႔ဆီ မွာ နယ္ေျမရွင္းလင္းေရးဆိုတာ အဲ့လိုအေျခအေနမ်ိဳးေတြ ႀကံဳေနရတယ္ဗ်” ဟု ဦးေဇာ္ေဇာ္ထြန္းက ရခိုင္ျပည္ နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းမ်ား၏ နယ္ေျမရွင္းလင္းေရး လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ေျပာသည္။

နယ္ေျမရွင္းလင္းမည္ဆိုသည့္ တပ္မေတာ္၏ ထုတ္ျပန္ခ်က္အျပင္၊ ေဒသအတြင္းတိုက္ပြဲမ်ား၊ ေက်းရြာမ်ား ႏွင့္ အနီးတဝိႈက္တြင္ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲျခင္း၊ ရြာသားမ်ား စစ္ေဆး ဖမ္းဆီးခံရျခင္းတို႔ေၾကာင့္ ေက်ာက္တန္းတုိက္နယ္အတြင္းက လူဦးေရ တစ္ေသာင္းေက်ာ္ ေနရပ္စြန္႔ခြာခဲ့သည္မွာ ႏွစ္လနီးပါး ရွိလာၿပီဟု ေဒသခံမ်ားက ေျပာသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက “က်ေနာ္တုိ႔ ေျပာေနတာ နယ္ေျမ ရွင္းလင္းျခင္းဆိုတာ ဒီနယ္ေျမထဲမွာ ခိုေအာင္းေနတဲ့ အၾကမ္းဖက္ေသာင္းက်န္းသူေတြ သူပုန္ေတြကို က်ေနာ္ တို႔က တိုက္ထုတ္တာ။ က်ေနာ္တုိ႔ စစ္သားေတြတုိင္းမွာလည္း အဲ့လိုစကားလံုး ေျပာလိုက္တာနဲ႔ ဘာဆုိတာ သေဘာေပါက္တယ္။ သို႔ေသာ္ အဂၤလိပ္လို ဘာသာျပန္တဲ့အခါ Clearing operation အကုန္လံုး သုတ္သင္ ရွင္း လင္းတယ္ ဆုိတာမ်ိဳးေပါ့ မရရေအာင္ စြဲယူတာေပါ့ေလ။ ဒါကေတာ့ အဓိပၸာယ္ဖြင့္တဲ့လူေတြမွာ သူ႔ရဲ႕ ရည္မွန္း ခ်က္ေတာ့ ရွိတာေပါ့။ မရရေအာင္စြဲယူတဲ့ ရည္မွန္းခ်က္ေတာ့ ရွိတာေပါ့။ ဒါေၾကာင့္မုိ႔လို႔ ဒီစကားလုံးကို က်ေနာ္ တို႔ မသံုးဘူး။ ဒီစကားလံုးနဲ႔ ပတ္သက္ၿပီး မသံုးဘူး။ တန္ျပန္အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဆိုၿပီး သံုးတယ္။ ဒီဟာသည္ သံုးႏႈန္းတဲ့ အခါမွာ မွားယြင္းသြားတဲ့ အတြက္ေၾကာင့္မုိ႔လို႔ ပယ္ဖ်က္လုိက္ျခင္းျဖစ္တယ္။ သို႔ေသာ္ က်ေနာ္တုိ႔ ေျပာသလိုပဲ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ တန္ျပန္အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး ေဆာင္ရြက္လ်ွက္ ရွိ တယ္။ အခုခ်ိန္ထိလည္း ေဆာင္ရြက္ေနတုန္းပဲ ျဖစ္ပါတယ္” ဟု ဇူလိုင္လ ၂၅ ရက္ေန႔က ျပဳလုပ္သည့္ တပ္မ ေတာ္ သတင္းစာရွင္းလင္း ပြဲ တြင္ ေျပာဆိုခဲ့သည္။

တပ္မေတာ္က ေက်ာက္တန္းတိုက္နယ္အတြင္း နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ရန္ ဇြန္လ ၂၄ ရက္ေန႔ က ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးမွ တစ္ဆင့္ သက္ဆိုင္ရာ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားထံသို႔ နယ္ေျမရွင္း လင္းေရးႏွင့္ ပတ္သက္သည့္ အေၾကာင္းၾကားစာကို ရခိုင္ျပည္နယ္ နယ္လုံဝန္ႀကီးက ေပးပို႔ခဲ့ ျခင္းျဖစ္သည္။

အဆိုပါစာထဲတြင္ ေက်ာက္တန္းေက်း႐ြာႏွင့္ အနီးတစ္ဝိုက္တြင္ရွိသည့္ ေက်း႐ြာမ်ားတြင္ ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕မ်ား ျဖန႔္က်က္လႈပ္ ရွားေနသည့္ သတင္းမ်ား ရရွိထားေၾကာင္း၊ ထို႔ေၾကာင့္ AA ႏွင့္ ပတ္သက္ဆက္ ႏြယ္ သူမ်ားကို လက္မခံထားရန္ ပါရွိသည္။

ထို႔အျပင္ အဆိုပါေဒသကို တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္မည္ျဖစ္သည့္အတြက္ ေဒသခံ မ်ား အေနျဖင့္ ေက်း႐ြာမ်ားမွ ေခတၱတိမ္းေရွာင္ေပးရန္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားအား ေပးပို႔ထားသည့္ ထိုအ ေၾကာင္းၾကားစာထဲတြင္ ေဖာ္ျပထားသည္။ ထို႔ေနာက္ ဇူလိုင္လ ၂၆ ရက္ေန႔က အဆိုပါ စာအား ျပန္လည္ ရုတ္သိမ္းေၾကာင္း တပ္မေတာ္က ေျပာဆိုခဲ့သည္။