ကရင်လူငယ်များက ကရင်နိုင်ငံရေး ပါတီများကို ဝန်းရံမည်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်။

လာမည့် ရွေးကောက်ပွဲတွင် ကရင်နိုင်ငံရေးပါတီများကို ဝန်းရံသွားမည်ဟု ကရင်လူငယ်ကွန်ရက် KYN က ပြောသည်။

ကရင်လူငယ် ကွန်ရက် KYN ၏ ဒုတိယအကြိမ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် ကရင်လူငယ် ကွန်ရက်သည် ကရင်လူမှု့ဘဝတိုးတက်ရေးကိုရှေ့ရှုသောအားဖြင့် ကရင်ပါတီများ၏ ရွေးကောက်ပွဲဆိုင် ရာ လိုအပ်ချက်များနှင့်အညီ ကူညီဝန်းရံသွားမည် ဖြစ်ပါသည်ဟု ရေးသားထားသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အပေါ် ရဲဝံ့ စွာ ရပ်တည်လုပ်ဆောင်ခြင်းအတွက် ဝန်းရံခြင်းဖြစ်သည်ဟု ကရင်လူငယ်ကွန်ရက် KYN က အတွင်းရေး မှူးအဖွဲ့ဝင် စောကျော်လင်းက ပြောသည်။

“ပါတီတွေရဲ့ မူဝါဒတွေ လမ်းစဉ် တွေဟာ ကျနော်တို့ ကရင်လူငယ်တွေရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီမှ ကျနော်တို့ ဝန်းရံသွားမယ် ကျနော်တို့ ကရင်လူငယ် ရပ်တည်ချက်နဲ့ ကိုက်ညီမယ့်ဟာတွေကို ကျနော်တို့ တတ်နိုင်တဲ့ဖက် ကနေပြီး တော့ ကရင် လူငယ်တွေ ကိုယ့်ဒေသအလိုက် ပံ့ပိုးပေးသွားမယ်ပေါ့နော”

ရပ်တည်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီများကို ဝန်းရံ သွားမည် မဟုတ် ကြောင်း KYN ကပြောသည်။

ထို့အပြင် ကရင်ပါတီ တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရေး ကြိုးစားမှုအပေါ် အခြေအနေအရပ်ရပ်ကြောင့် ကရင်ပါတီများ မပေါင်းစည်းနိုင်သော်လည်း မဲဆန္ဒနယ် မထပ်ရေးကတိကဝတ်ကို စောင့်စည်းထိန်းသိမ်း သော ကရင်ပါတီများကိုသာ ကရင်လူငယ်ကွန်ရက်မှ ပံ့ပိုးကူညီပေးမည်ဖြစ်သည် ဟု KYN က ပြောသည်။

စောကျော်လင်းက “ကျနော်တို့ ကရင်လူငယ် ရပ်တည်ချက်နဲ့ ကိုက်ညီမယ့်ဟာတွေကို ကျနော်တို့ တတ်နိုင် တဲ့ဖက်က နေပြီး တော့ ကရင်လူငယ်တွေ ကိုယ့်ဒေသအလိုက် ပံ့ပိုးပေးသွားမယ်ပေါ့နော ဆိုတော့ ဥပမာ မီဒီယာ ကနေ တစ်ဆင့် stimulation လုပ်ပေးတာတို့ ဒါမှမဟုတ်အပြင်မှာ မဲဆွယ်ခွင့် စက်တင်ဘာ ၈ ရက် ဆို အပြင်မှာ လှုပ်ရှားလို့ရပြီလေ အဲဒီအခါကျရင်လည်း ပါတီနောက်လိုက်ပြီးတော့ အဲလိုမျိုး လုပ်ပေးတာ ပံ့ပိုးပေးတာမျိုး တွေပေါ့နော အဲလိုမျိုးတွေ ကျနော်တို့ စဉ်းစားထားပါတယ်ပေါ့နော” ဟု ပြောသည်။

ကရင်လူငယ်ကွန်ရက် အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ပတ်သက်၍ အများကြီး မျှော်လင့်မထားသော်လည်း ၂၀၂၀ အလွန်တွင် တိုင်းရင်းသား အရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးစားပေး လုပ်ဆောင် မည့် အစိုးရသစ်ကို လိုလားသည် ဟု ဆိုသည်။

“ကျနော်တို့ လူငယ်တွေ မျှော်လင့်တာကတော့ အမျိုးသားအရေးအရ တန်းတူအခွင့်အရေးရဖို့ ပြီးတော့ ကျနော်တို့ ပြည်ထောင်စုအတွင်းမှာရှိတဲ့ ပြည်သူတွေအားလုံးဟာ ကျောသားရင်သား မခွဲခြားပဲနဲ့ တန်းတူ အခွင့်အရေး ရရှိဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အဲလိုမျိုးပေါ့ အတူတကွ ရရှိဖို့ ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတို့ အထူးသဖြင့် ကျနော်တို့ ကရင်တွေ ဆိုရင်တော့ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ရဲ့ ဒဏ်ကို ခံနေရတဲ့ အခါကျတော့ ဒီစစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ရရှိဖို့ ဦးဆောင်တဲ့ ပါတီတွေ အစိုးရတွေကိုတော့ ကျနော်တို့ လူငယ်တွေ အနေနဲ့ မျှော်လင့်ပါတယ်ခင်ဗျာ” ဟု စောကျော်လင်း က ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ၃ ကြာ ကျင်းပပြုလုပ်သည့် ကရင်လူငယ်ကွန်ရက်၏ ဒုတိယ အကြိမ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ ကရင်လူငယ်ကွန်ရက်၏ ရပ်တည်ချက်နှင့် နိုင်ငံရေး မျှော် မှန်းချက်များမှာ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ကရင်အမျိုးသားထု တစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သော အမျိုးသားစည်း လုံးညီညွှတ်ရေး၊ လူမှုဘဝသာယာဝပြောရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရေးတို့ဖြစ်သည်။

*** ZAWGYI ***
ကရင္လူငယ္မ်ားက ကရင္ႏိုင္ငံေရး ပါတီမ်ားကို ၀န္းရံမည္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၄ ရက္။

လာမည့္ ေရြးေကာက္ပြဲတြင္ ကရင္ႏိုင္ငံေရးပါတီမ်ားကို ၀န္းရံသြားမည္ဟု ကရင္ လူငယ္ကြန္ရက္ KYN က ေျပာသည္။

ကရင္လူငယ္ ကြန္ရက္ KYN ၏ ဒုတိယအႀကိမ္ အစည္းအေ၀းအၿပီး ထုတ္ျပန္ခ်က္ထဲတြင္ ကရင္လူငယ္ ကြန္ရက္သည္ ကရင္လူမႈ႕ဘ၀တိုးတက္ေရးကိုေရွ႕ရွႈ႕ေသာအားျဖင့္ ကရင္ပါတီမ်ား၏ ေရြးေကာက္ပြဲဆိုင္ ရာ လိုအပ္ခ်က္မ်ားႏွင့္အညီ ကူညီ၀န္းရံသြားမည္ ျဖစ္ပါသည္ဟု ေရးသားထားသည္။

ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး အမ်ိဳးသား တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္တို႔ အေပၚ ရဲ၀ံ့ စြာ ရပ္တည္လုပ္ေဆာင္ျခင္းအတြက္ ၀န္းရံျခင္းျဖစ္သည္ဟု ကရင္လူငယ္ကြန္ရက္ KYN က အတြင္းေရး မႉးအဖြဲ႔၀င္ ေစာေက်ာ္လင္းက ေျပာသည္။

“ပါတီေတြရဲ႕ မူဝါဒေတြ လမ္းစဥ္ ေတြဟာ က်ေနာ္တို႔ ကရင္လူငယ္ေတြရဲ႕ ရပ္တည္ခ်က္နဲ႔ ကိုက္ညီမွ က်ေနာ္တို႔ ၀န္းရံသြားမယ္ က်ေနာ္တို႔ ကရင္လူငယ္ ရပ္တည္ခ်က္နဲ႔ ကိုက္ညီမယ့္ဟာေတြကို က်ေနာ္တို႔ တတ္ႏိုင္တဲ့ဖက္ ကေနၿပီး ေတာ့ ကရင္ လူငယ္ေတြ ကိုယ့္ေဒသအလိုက္ ပံ့ပိုးေပးသြားမယ္ေပါ့ေနာ”

ရပ္တည္ခ်က္ႏွင့္ ကိုက္ညီမႈမရွိသည့္ ပါတီမ်ားကို ၀န္းရံ သြားမည္ မဟုတ္ ေၾကာင္း KYN ကေျပာသည္။

ထို႔အျပင္ ကရင္ပါတီ တစ္ခုတည္းအျဖစ္ ေပါင္းစည္းႏိုင္ေရး ႀကိဳးစားမႈအေပၚ အေျခအေနအရပ္ရပ္ေၾကာင့္ ကရင္ပါတီမ်ား မေပါင္းစည္းႏိုင္ေသာ္လည္း မဲဆႏၵနယ္ မထပ္ေရးကတိက၀တ္ကို ေစာင့္စည္းထိန္းသိမ္း ေသာ ကရင္ပါတီမ်ားကိုသာ ကရင္လူငယ္ကြန္ရက္မွ ပံ့ပိုးကူညီေပးမည္ျဖစ္သည္ ဟု KYN က ေျပာသည္။

ေစာေက်ာ္လင္းက “က်ေနာ္တို႔ ကရင္လူငယ္ ရပ္တည္ခ်က္နဲ႔ ကိုက္ညီမယ့္ဟာေတြကို က်ေနာ္တို႔ တတ္ႏိုင္ တဲ့ဖက္က ေနၿပီး ေတာ့ ကရင္လူငယ္ေတြ ကိုယ့္ေဒသအလိုက္ ပံ့ပိုးေပးသြားမယ္ေပါ့ေနာ ဆိုေတာ့ ဥပမာ မီဒီယာ ကေန တစ္ဆင့္ stimulation လုပ္ေပးတာတို႔ ဒါမွမဟုတ္အျပင္မွာ မဲဆြယ္ခြင့္ စက္တင္ဘာ ၈ ရက္ ဆို အျပင္မွာ လႈပ္ရွားလို႔ရၿပီေလ အဲဒီအခါက်ရင္လည္း ပါတီေနာက္လိုက္ၿပီးေတာ့ အဲလိုမ်ိဳး လုပ္ေပးတာ ပံ့ပိုးေပးတာမ်ိဳး ေတြေပါ့ေနာ အဲလိုမ်ိဳးေတြ က်ေနာ္တို႔ စဥ္းစားထားပါတယ္ေပါ့ေနာ” ဟု ေျပာသည္။

ကရင္လူငယ္ကြန္ရက္ အေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကရင္ႏိုင္ငံေရးပါတီမ်ားအား ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးႏွင့္ ပတ္သက္၍ အမ်ားႀကီး ေမွ်ာ္လင့္မထားေသာ္လည္း ၂၀၂၀ အလြန္တြင္ တိုင္းရင္းသား အေရး၊ ၿငိမ္းခ်မ္းေရး၊ တန္းတူေရးႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးကို ဦးစားေပး လုပ္ေဆာင္ မည့္ အစိုးရသစ္ကို လိုလားသည္ ဟု ဆိုသည္။

“က်ေနာ္တို႔ လူငယ္ေတြ ေမွ်ာ္လင့္တာကေတာ့ အမ်ိဳးသားအေရးအရ တန္းတူအခြင့္အေရးရဖို႔ ၿပီးေတာ့ က်ေနာ္တို႔ ျပည္ေထာင္စုအတြင္းမွာရွိတဲ့ ျပည္သူေတြအားလံုးဟာ ေက်ာသားရင္သား မခြဲျခားပဲနဲ႔ တန္းတူ အခြင့္အေရး ရရွိဖို႔ ကိုယ္ပိုင္ျပဌာန္းခြင့္ေတြ အဲလိုမ်ိဳးေပါ့ အတူတကြ ရရွိဖို႔ ၿပီးေတာ့ စစ္မွန္တဲ့ ဖက္ဒရယ္ ျပည္ေထာင္စုတို႔ အထူးသျဖင့္ က်ေနာ္တို႔ ကရင္ေတြ ဆိုရင္ေတာ့ ႏွစ္ေပါင္းမ်ားစြာ ျပည္တြင္းစစ္ရဲ႕ ဒဏ္ကို ခံေနရတဲ့ အခါက်ေတာ့ ဒီစစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးေတြ ရရွိဖို႔ ဦးေဆာင္တဲ့ ပါတီေတြ အစိုးရေတြကိုေတာ့ က်ေနာ္တို႔ လူငယ္ေတြ အေနနဲ႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်ာ” ဟု ေစာေက်ာ္လင္း က ေျပာသည္။

ၾသဂုတ္လ ၁၉ ရက္ေန႔မွ ၂၁ ရက္ေန႔ အထိ ၃ ၾကာ က်င္းပျပဳလုပ္သည့္ ကရင္လူငယ္ကြန္ရက္၏ ဒုတိယ အႀကိမ္ အစည္းအေ၀းအၿပီး ထုတ္ျပန္ခ်က္အရ ကရင္လူငယ္ကြန္ရက္၏ ရပ္တည္ခ်က္ႏွင့္ ႏိုင္ငံေရး ေမွ်ာ္ မွန္းခ်က္မ်ားမွာ အမ်ိဳးသား တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ အျပည့္အ၀ရွိေသာ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရး၊ ကရင္အမ်ိဳးသားထု တစ္ရပ္လံုး၏ လိုအင္ဆႏၵျဖစ္ေသာ အမ်ိဳးသားစည္း လံုးညီၫႊတ္ေရး၊ လူမႈဘ၀သာယာ၀ေျပာေရး၊ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးႏိုင္ေရးႏွင့္ စစ္မွန္ေသာၿငိမ္းခ်မ္းေရး ရရွိေရးတို႔ျဖစ္သည္။