မွန်ပြည်နယ် မသန်စွမ်းအများအပြား မဲစာရင်းမပါ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်။

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ သောင်းနှင့်ချီ မဲပေး ပိုင်ခွင့်ရမည်မဟုတ်ကြောင်း မွန်ပြည်နယ် မသန်စွမ်းသူများအသင်း က ပြောသည်။

မွန်ပြည်နယ် မသန်စွမ်းသူများအသင်း၏ ကောက်ခံရရှိထားသည့် စာရင်းအရ မွန်ပြည်နယ်အတွင်း၌ အသက် ၁၈ နှစ် နှင့် အထက် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်း အနည်းဆုံး နှစ်သောင်းခန့်ရှိနေသော်လည်း လက်ရှိ ရွေး ကောက်ပွဲကော်မရှင်က ကြေညာထားသည့် မဲစာရင်းတွင် မသန်စွမ်းမဲစာရင်း ထောင်ဂဏန်းသာရှိသည် ဟု မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ စောအောင်သိမ်းတင် က ပြောသည်။

“ဥပမာပြရရင် ရပ်ကွက်တစ်ခုမှာ ၉၈ ယောက်ရှိတယ် မသန်စွမ်း မဲပေးခွင့်ရှိတာ ၈၃ ယောက်ရှိတယ် ဆိုတော့ မသန်စွမ်းတွေ ၈၀ ရာခိုင်နှုန်းကျော်လောက် ပဲပေးခွင့်ရှိပါလျက်နဲ့ အဲဒီမှာ ချန်ခဲ့တာ ခုနပြောသလို မှတ်ပုံတင် မလုပ်ပေးတာတို့ မဲစာရင်းပြင်ဆင်မလုပ်ပေးတာတို့နဲ့ပေါ့” ဟု စောအောင်သိမ်းတင်က ပြောသည်။

မှတ်ပုံတင်မရှိခြင်း၊ မှတ်ပုံတင်ပြုလုပ်ရန် ငွေကြေးခက်ခဲခြင်း၊ မသန်စွမ်းများ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်မရရှိခြင်း၊ ကော်မရှင်တို့၏ ဥပဒေ နားလည်မှု အားနည်းခြင်း အစရှိသည့်အကြောင်းများကြောင့် မသန်စွမ်းများ မဲပေးခွင့်မရရှိကြပဲ မဲပေးခွင့် အခွင့်ရေးဆုံးရှုံးရသည်ဟု စောအောင်သိမ်းတင်က ပြောသည်။

ထို့အပြင် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းများအတွက်လည်း မဲရုံသို့ လွယ်ကူချောမွေ့စွာ သွားနိုင်ရန် စီစဉ်ဆောင် ရွက်ပေးထားခြင်းများ မရှိသည့်အတွက် မဲပေးပိုင်ခွင့်ရှိပါလျက်နှင့် မဲမပေးနိုင်သည့် မသန်စွမ်းများစွာလည်း ရှိ သည်ဟု မွန်ပြည်နယ် မသန်စွမ်းသူများ အသင်း က ပြောသည်။

ပထမအကြိမ် ကြေညာထားသည့် မဲစာရင်းတွင် မွန်ပြည်နယ်၌ မသန်စွမ်းမဲစာရင်း ၄၀၇၀ ကျော်ရှိပြီး မဲပေးပိုင် ခွင့်ရှိသည့် မသန်စွမ်းများအတွက် မဲရုံများတွင် အလွယ်တကူ မဲပေးနိုင်ရန် စီစဉ်ထားသည်ဟု မွန်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“မသန်စွမ်းမဲဆန္ဒရှင်တွေ မဲလာပေးရင် ဘယ်လိုကူညီဆောင်ရွက်ပေးရမလဲ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေက အလား တူပဲ သင်တန်းတွေမှာလည်း မသန်စွမ်းမဲဆန္ဒရှင်တွေ လာရောက်မဲထည့်တဲ့အခါမှာ မဲရုံမှူးတွေ မဲရုံအဖွ့ဲဝင် တွေက ဝိုင်းကူညီပေးရမယ်ဆိုတာ မဲရုံမှူး သင်တန်းတွေမှာ တစ်ခါတည်း ထည့်ပြီးသား နည်းဥပဒေမှာရော လုပ်ငန်းလမ်းညွှန်မှာရော အဲ့ဒါပါပါတယ်။”

မွန်ပြည်နယ်တွင် မသန်စွမ်းကျောင်းများ၊ သင်တန်းများမရှိသည့်အတွက် မသန်စွမ်း မဲရုံသီးသန့်ထားရှိခြင်း မရှိဘူးလို့လည်း ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။

မဲပေးရာတွင်လည်း မဲရုံသို့ လာနိုင်သည့် မသန်စွမ်းများအတွက် လာရောက်မဲပေးနိုင်သလို မဲရုံမလာနိုင်သူ မသန်စွမ်းများအတွက် ကြိုတင်မဲပေးရန် ရပ်/ကျေးကော်မရှင်မှ အိမ်တိုင်ရာရောက် လိုက်လံကောက်ခံ သွား မည်ဟုလည်း ကော်မရှင်က ပြောသည်။

မွန်ပြည်နယ်ရှိ မသန်စွမ်းများသည် အမြင်အာရုံမသန်စွမ်းသူ အများဆုံးရှိပြီး ဒုတိယအများဆုံးသည် ကိုယ် အင်္ဂါမသန်စွမ်းသူ၊ တတိယအများဆုံးသည် အကြားအာရုံမသန်စွမ်းများဖြစ်ပြီး ဉာဏ်ရည် မသန်စွမ်းသူ များလည်းရှိသည်ဟု မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌက ပြောသည်။

ဆန္ဒမဲပေးသူသည် မသန်စွမ်းသူဖြစ်လျှင် သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမအရင်းတဦးဦး သို့မဟုတ် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက် ရွေး ချယ်သောသူတဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခြင်းကိုလည်း ခွင့်ပြုရမည်ဟု ရွေးကောက်ပွဲ နည်းဥပဒေ ၄၂ (ခ) တွင် ဖော်ပြထားသည်။

ဆန္ဒမဲပေးသူသည် ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင်လည်းကောင်း ညွှန်ကြားထားသည့် အတိုင်း ဆန္ဒမဲမပေးတတ်လျှင်လည်းကောင်း၊ မဲစာရင်းပါ မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း သား သမီး ညီအစ်ကို မောင်နှမအရင်း တဦးဦးသည် ဆန္ဒမဲပေးသူက ညွှန်ကြားသည့်အတိုင်း လျှို့ဝှက်ဆန္ဒပြုရမည်။

ယင်းပုဂ္ဂိုလ်များမရှိလျှင် မဲရုံမှူးက ဆောင်ရွက်ပေးရမည်။ မဲလက်မှတ်ကိုမူ ဆန္ဒမဲပေးသူကို ခေါ်၍ မဲပုံးထဲသို့ ကိုယ်တိုင်ထည့်စေရမည်ဟု ပါရှိသည်။

ကျန်းမာ သန်စွမ်းခြင်းမရှိ၍ မဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်ကို မထည့်နိုင်လျှင် မဲရုံအဖွဲ့ဝင်များသည် ထိုသူအား ဆန္ဒမဲထည့်နိုင်စေရန် ကူညီရမည်ဟု နည်းဥပဒေမှာ ဖော်ပြထားသည်။

*** ZAWGYI ***
မြန္ျပည္နယ္ မသန္စြမ္းအမ်ားအျပား မဲစာရင္းမပါ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၄ ရက္။

လာမည့္ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္းရွိ မသန္စြမ္းသူ ေသာင္းႏွင့္ခ်ီ မဲေပး ပိုင္ခြင့္ရမည္မဟုတ္ေၾကာင္း မြန္ျပည္နယ္ မသန္စြမ္းသူမ်ားအသင္း က ေျပာသည္။

မြန္ျပည္နယ္ မသန္စြမ္းသူမ်ားအသင္း၏ ေကာက္ခံရရွိထားသည့္ စာရင္းအရ မြန္ျပည္နယ္အတြင္း၌ အသက္ ၁၈ ႏွစ္ ႏွင့္ အထက္ မဲေပးပိုင္ခြင့္ရွိသည့္ မသန္စြမ္း အနည္းဆံုး ႏွစ္ေသာင္းခန္႔ရွိေနေသာ္လည္း လက္ရွိ ေရြး ေကာက္ပြဲေကာ္မရွင္က ေၾကညာထားသည့္ မဲစာရင္းတြင္ မသန္စြမ္းမဲစာရင္း ေထာင္ဂဏန္းသာရွိသည္ ဟု မြန္ျပည္နယ္ မသန္စြမ္းသူမ်ားအသင္း ဥကၠ႒ ေစာေအာင္သိမ္းတင္ က ေျပာသည္။

“ဥပမာျပရရင္ ရပ္ကြက္တစ္ခုမွာ ၉၈ ေယာက္ရွိတယ္ မသန္စြမ္း မဲေပးခြင့္ရွိတာ ၈၃ ေယာက္ရွိတယ္ ဆိုေတာ့ မသန္စြမ္းေတြ ၈၀ ရာခိုင္ႏႈန္းေက်ာ္ေလာက္ ပဲေပးခြင့္ရွိပါလ်က္နဲ႔ အဲဒီမွာ ခ်န္ခဲ့တာ ခုနေျပာသလို မွတ္ပံုတင္ မလုပ္ေပးတာတို႔ မဲစာရင္းျပင္ဆင္မလုပ္ေပးတာတို႔နဲ႔ေပါ့” ဟု ေစာေအာင္သိမ္းတင္က ေျပာသည္။

မွတ္ပံုတင္မရွိျခင္း၊ မွတ္ပံုတင္ျပဳလုပ္ရန္ ေငြေၾကးခက္ခဲျခင္း၊ မသန္စြမ္းမ်ား ေရြးေကာက္ပြဲဆိုင္ရာ သတင္း အခ်က္အလက္မရရွိျခင္း၊ ေကာ္မရွင္တို႔၏ ဥပေဒ နားလည္မႈ အားနည္းျခင္း အစရွိသည့္အေၾကာင္းမ်ားေၾကာင့္ မသန္စြမ္းမ်ား မဲေပးခြင့္မရရွိၾကပဲ မဲေပးခြင့္ အခြင့္ေရးဆံုး႐ႈံးရသည္ဟု ေစာေအာင္သိမ္းတင္က ေျပာသည္။

ထို႔အျပင္ မဲေပးပိုင္ခြင့္ရွိသည့္ မသန္စြမ္းမ်ားအတြက္လည္း မဲ႐ုံသို႔ လြယ္ကူေခ်ာေမြ႔စြာ သြားနိုင္ရန္ စီစဥ္ေဆာင္ ရြက္ေပးထားျခင္းမ်ား မရွိသည့္အတြက္ မဲေပးပိုင္ခြင့္ရွိပါလ်က္နွင့္ မဲမေပးနိုင္သည့္ မသန္စြမ္းမ်ားစြာလည္း ရွိ သည္ဟု မြန္ျပည္နယ္ မသန္စြမ္းသူမ်ား အသင္း က ေျပာသည္။

ပထမအႀကိမ္ ေၾကညာထားသည့္ မဲစာရင္းတြင္ မြန္ျပည္နယ္၌ မသန္စြမ္းမဲစာရင္း ၄၀၇၀ ေက်ာ္ရွိၿပီး မဲေပးပိုင္ ခြင့္ရွိသည့္ မသန္စြမ္းမ်ားအတြက္ မဲ႐ုံမ်ားတြင္ အလြယ္တကူ မဲေပးႏိုင္ရန္ စီစဥ္ထားသည္ဟု မြန္ျပည္နယ္ ေရြး ေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္က ေျပာသည္။

“မသန္စြမ္းမဲဆႏၵရွင္ေတြ မဲလာေပးရင္ ဘယ္လိုကူညီေဆာင္ရြက္ေပးရမလဲ မဲ႐ုံမွဴးနဲ႔ မဲ႐ုံအဖြဲ႔ဝင္ေတြက အလား တူပဲ သင္တန္းေတြမွာလည္း မသန္စြမ္းမဲဆႏၵရွင္ေတြ လာေရာက္မဲထည့္တဲ့အခါမွာ မဲ႐ုံမွဴးေတြ မဲ႐ုံအဖြ႔ဲဝင္ ေတြက ဝိုင္းကူညီေပးရမယ္ဆိုတာ မဲ႐ုံမွဴး သင္တန္းေတြမွာ တစ္ခါတည္း ထည့္ၿပီးသား နည္းဥပေဒမွာေရာ လုပ္ငန္းလမ္းၫႊန္မွာေရာ အဲ့ဒါပါပါတယ္။”

မြန္ျပည္နယ္တြင္ မသန္စြမ္းေက်ာင္းမ်ား၊ သင္တန္းမ်ားမရွိသည့္အတြက္ မသန္စြမ္း မဲ႐ုံသီးသန္႔ထားရွိျခင္း မရွိဘူးလို႔လည္း ဦးဟိဏ္းလင္းထက္ က ဆက္ေျပာသည္။

မဲေပးရာတြင္လည္း မဲ႐ုံသို႔ လာႏိုင္သည့္ မသန္စြမ္းမ်ားအတြက္ လာေရာက္မဲေပးႏိုင္သလို မဲ႐ုံမလာႏိုင္သူ မသန္စြမ္းမ်ားအတြက္ ႀကိဳတင္မဲေပးရန္ ရပ္/ေက်းေကာ္မရွင္မွ အိမ္တိုင္ရာေရာက္ လိုက္လံေကာက္ခံ သြား မည္ဟုလည္း ေကာ္မရွင္က ေျပာသည္။

မြန္ျပည္နယ္ရွိ မသန္စြမ္းမ်ားသည္ အျမင္အာ႐ုံမသန္စြမ္းသူ အမ်ားဆံုးရွိျပီး ဒုတိယအမ်ားဆံုးသည္ ကိုယ္ အဂၤါမသန္စြမ္းသူ၊ တတိယအမ်ားဆံုးသည္ အၾကားအာ႐ုံမသန္စြမ္းမ်ားျဖစ္ၿပီး ဥာဏ္ရည္ မသန္စြမ္းသူ မ်ားလည္းရွိသည္ဟု မြန္ျပည္နယ္ မသန္စြမ္းသူမ်ားအသင္း ဥကၠဌက ေျပာသည္။

ဆႏၵမဲေပးသူသည္ မသန္စြမ္းသူျဖစ္လွ်င္ သက္ဆိုင္ရာ မဲစာရင္း၌ ပါရွိေသာ မဲဆႏၵရွင္၏ ဖခင္၊ မိခင္၊ ဇနီး၊ ခင္ပြန္း၊ သား၊ သမီး၊ ညီအစ္ကို ေမာင္ႏွမအရင္းတဦးဦး သို႔မဟုတ္ မသန္စြမ္းသူကိုယ္တိုင္ စိတ္ႀကိဳက္ ေရြး ခ်ယ္ေသာသူတဦး၏ အကူအညီျဖင့္ ဆႏၵမဲေပးျခင္းကိုလည္း ခြင့္ျပဳရမည္ဟု ေရြးေကာက္ပြဲ နည္းဥပေဒ ၄၂ (ခ) တြင္ ေဖာ္ျပထားသည္။

ဆႏၵမဲေပးသူသည္ ဆႏၵမဲလက္မွတ္ရွိ အမည္မ်ားကို မဖတ္တတ္လွ်င္လည္းေကာင္း ၫႊန္ၾကားထားသည့္ အတိုင္း ဆႏၵမဲမေပးတတ္လွ်င္လည္းေကာင္း၊ မဲစာရင္းပါ မဲဆႏၵရွင္၏ ဖခင္၊ မိခင္၊ ဇနီး၊ ခင္ပြန္း သား သမီး ညီအစ္ကို ေမာင္ႏွမအရင္း တဦးဦးသည္ ဆႏၵမဲေပးသူက ၫႊန္ၾကားသည့္အတိုင္း လွ်ဳိ႔ဝွက္ဆႏၵျပဳရမည္။

ယင္းပုဂၢဳိလ္မ်ားမရွိလွ်င္ မဲ႐ုံမႉးက ေဆာင္ရြက္ေပးရမည္။ မဲလက္မွတ္ကိုမူ ဆႏၵမဲေပးသူကို ေခၚ၍ မဲပံုးထဲသို႔ ကိုယ္တိုင္ထည့္ေစရမည္ဟု ပါရွိသည္။

က်န္းမာ သန္စြမ္းျခင္းမရွိ၍ မဲပံုးထဲသို႔ ဆႏၵမဲလက္မွတ္ကို မထည့္ႏိုင္လွ်င္ မဲ႐ုံအဖြဲ႔ဝင္မ်ားသည္ ထိုသူအား ဆႏၵမဲထည့္ႏိုင္ေစရန္ ကူညီရမည္ဟု နည္းဥပေဒမွာ ေဖာ္ျပထားသည္။