မြစ်ကြီးနား နာနတ်ဈေးကွက်ပျက်၊ တောင်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ် ၂၅ ရက်။

COVID-19 ကြောင့် မြစ်ကြီးနား နာနတ်သီးဈေးကွက် အဆမတန် ကျဆင်းသွားသည်ဟု နာနတ်သီး ကုန်သည်များနှင့် နာနတ်စိုက်တောင်သူများက ပြောသည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်၍ ဖြစ်ပွားလာခဲ့သည့် COVID-19 ကပ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများ ယနေ့အချိန်အထိ ပိတ်သွားခဲ့သည့်အပြင် အခြားသော နယ်များမှလည်း နာနတ်သီးကုန် သည်များ လာရောက်ဝယ်ယူမှု နည်းသွားသည့်အတွက် ယခုနှစ် နာနာတ်သီး ဈေးကွက် မရှိရခြင်း ဖြစ်သည်ဟု ပြော သည်။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ နာနတ်သီးဈေးတန်းတွင် နာနတ်သီးအရောင်းအဝယ်လုပ်နေသည့် ကုန်သည် ဒေါ်ခင်ဝင်းက “ဈေးကျတယ် မြစ်ကြီးနားသီးက။ ရောဂါကြောင့်လည်း ဖြစ်ရင်ဖြစ်တာပေါ့။ ဒီနှစ်က အရောင်း အဝယ်မဖြစ်ဘူး။ ရောဂါကြောင့် ဖြစ်မလားမသိဘူး။ အဝယ်သိပ်မဖြစ်ဘူး။ ဒီကလူပဲ လှုပ်ရှားကြတယ်ဆိုတော့။ ဒီလောက်ဈေး မရဘူးပေါ့။ အရင်နှစ်တွေကတော့ တရုတ်ပြည်တွေ ဘာတွေပို့တာဆိုတော့ ဈေးပိုကောင်း တာ ပေါ့။ အခုက အဲ့လိုတွေ မရှိဘူး။ ဒီမြို့တွင်း သံလမ်းရိုးတစ်လျှောက် အဲ့လိုပဲဆိုတော့ ဈေးကောင်းသိပ်မရဘူး။ အရောင်းအ ဝယ်လည်း နှေးတယ်” ဟု ပြောသည်။

နာနတ်သီး ဝယ်ရောင်းသူလည်းဖြစ် နာနတ်စိုက် တောင်သူလည်းဖြစ်သူ ဒေါ်အားဆာမီးကလည်း “အဓိက ဝယ်သူ နည်းသွားတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းလို့ သွားလို့လာလို့ မရတာလည်းပါတယ်။ ဗိုင်းရပ်စ်ပိုး ကြောင့်လည်းဖြစ်တာပေါ့။ အရင်တုန်းက တရုတ်တွေကလည်းလာတယ်။ အခုက မလာတော့ဘူး။ ဗိုင်းရပ်စ် ပိုးကြောင့်ပဲ ဟိုဘက်ဒီဘက်လည်း သွားလို့မရဘူး” ဟု ပြောသည်။

ယခင်နှစ်များတွင် မြစ်ကြီးနား ဒေသထွက် နာနတ်သီးများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသများဘက်က ဝယ်ယူသည်သာမက တရုတ်နိုင်ငံဘက်သို့ပါ အရောင်းအဝယ်များ ဖြစ်ခဲ့သည့်အတွက် နာနတ်သီးများ နှစ်စဉ်ဈေးကောင်းရရှိခဲ့သည်ဟု နာနတ်စိုက်တောင်သူများက ဆိုသည်။

COVID- 19 ကပ်ရောဂါကာလ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့သွားသည့်တစ်ဖက်တွင် ဈေးကွက် ဝယ်လိုအား ကျဆင်းသွားသည့်အတွက် နာနတ်စိုက်တောင်သူများမှာ ဆုံးရှုံးမှုများစွာ ရှိသည်ဟု တောင်သူများက ပြော သည်။

နာနတ်စိုက်တောင်သူ ဒေါ်အဆီးမီးက “ဒီနှစ်က ကိုယ့်ဟာကိုယ်ခူးရောင်းရတယ်။ ခြံပြတ်လည်း ရောင်းလို့ မရ တော့ဘူး။ ဒီနှစ်က ခြံပြတ်ဝယ်မယ့်သူ မရှိတော့ဘူး။ အခုက ကိုယ်ကိုယ်တိုင်ခူးရောင်းနေရတယ်။ အဲ့ဒါလည်းကွာ သွားတယ်။ အခု ဈေးက တက်ကို မ တက်လာတော့တာ။ အမှန်ဆို ဒီအချိန် နာနတ်သီးက ဈေးတက်ရတော့မှာ ကုန်တော့မှာလေ။ မြေသြဇာတွေ ဘာတွေထည့်ရတယ်လေနော်။ အခုက အဲ့ဒီထည့်သလောက်တောင် မရ ဘူး ပေါ့။ နစ်နာတာပေါ့” ဟု ပြောသည်။

နာနတ်ပင်အား မြေသြဇာထည့်ခြင်း၊ ပေါင်းရှင်းခြင်း လုပ်ငန်းများတွင် အသုံးပြုခဲ့ရသည့် ကုန်ကျစရိတ် များရရန် ပင် အခက်အခဲ ရှိနေသည်ဟု နာနတ်စိုက်တောင်သူများက ဆိုသည်။

ယခင်နှစ်က တစ်လုံးလျှင် အနည်းဆုံး ကျပ် ၇၀၀ ခန့်မှ ၁၂၀၀ ခန့်အထိ ရရှိခဲ့သည့် နာနတ်သီးများမှာ ယခုနှစ် တွင် ကျပ် ၄၀၀ ပေးမည့်သူပင် မရှိသလောက်ဖြစ်နေသည်ဟု နာနတ်သီးကုန်သည်များနှင့် တောင်သူများ က ပြောသည်။

“ဈေးက အများကြီးကွာတယ်။ အရင်နှစ်ဆို ဒီအချိန်က ၇၀၀၊ ၈၀၀ လောက်ရတယ်။ အခုက ၄၀၀ တောင်မရ ဘူး။ ခြံရှင်အတွက်လည်း နစ်နာတယ်။ ဝယ်ရောင်းတွေအတွက်လည်း ခက်ခဲတယ်” ဟု နာနတ်သီး ဝယ်ရောင်း သူ လည်းဖြစ် နာနတ်စိုက် တောင်သူလည်းဖြစ်သူ ဒေါ်အားဆာမီးက ပြောသည်။

နာနတ်သီးမှာ နှစ်ရှည်သီးနှံပင်မဟုတ်သော်လည်း စတင်စိုက်ပျိုးသည့် ပထမနှစ်တွင် အသီးခူးရောင်းရသည့် အပင်မျိုးမဟုတ်ပဲ တစ်နှစ်ပတ်လုံး မြေသြဇာထည့်ခြင်း၊ ပေါင်းရှင်းခြင်းများအတွက် ရင်းနှီးစိုက်ပျိုးရသည့် အပင်ဖြစ်သည်။ နှစ်စဉ် တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် မြေသြဇာထည့်ပေးရပြီး ၅ ကြိမ်ခန့် ပေါင်းရှင်းပေးရသည့် အပင်ဖြစ်သည်။

နာနတ်သီးခူးချိန်တွင်လည်း နေ့စားအလုပ်သမားများ ခေါ်ယူ၍ ခူးရပြီး၊ နာနတ်ခြံမှ ရောင်းသည့်နေရာများသို့ သုံးဘီးများ၊ ဆိုင်ကယ်များဖြင့် အငှားခေါ်ယူကာ သယ်ရခြင်းဖြစ်သည်ဟု နာနတ်စိုက်တောင်သူများက ပြောသည်။

နာနတ်သီးပင်များမှာ ပထမနှစ်တွင် အသီးမသီးပဲ ဒုတိယနှစ်မှ စတင်အသီးသီးသည့် စားပင်ဖြစ်ပြီး လေးနှစ် ခန့်အထိ တစ်နှစ်လျှင်တစ်ကြိမ် ရာသီအလိုက် အသီးခူးရသည့် အပင်မျိုးဖြစ်သည်ဟု တောင်သူများက ပြောသည်။

ဇူလိုင်လ နောက်ဆုံးအပတ်ခန့်မှ စတင်ကာ စက်တင်ဘာလ လယ်အထိ သီးသည့် နာနာသီးများ နှင့် ကြက် မောက်သီး တို့အပြင် ဧပြီလ မှ မေလအတွင်း ပေါ်သည့် တရုတ်ဇီးသီး (ခေါ်) လိုင်ချီး- Lychee သီးသည်လည်း ယခု နှစ်တွင် ဈေးကွက်မရှိသလောက်ဖြစ်ခဲ့ရသည်ဟု အရာင်းအဝယ် လုပ်သူများက ပြောသည်။ ထိုအသီး အနှံ များမှာ မြစ်ကြီးနားမြို့ ဒေသထွက် ရာသီပေါ် သီးနှံများဖြစ်သည်ဟု သိရသည်။

မြစ်ကြီးနားမြို့ ၊ မန်ခိန်ရက်ကွက်ရှိ နာနတ်သီး ဈေးတန်းတွင် ရာသီပေါ်သီးနှံဖြစ်သည့် နာနတ်သီးများအား ဇူလိုင်လ နောက်ဆုံးအပတ်ခန့်မှ စတင်ကာ စက်တင်ဘာလ ဒုတိယအပတ်ခန့် အထိ ခြံပြတ်အရောင်း အဝယ်လုပ်သူ များ၊ သစ်သီးအလုံးလိုက် တစ်လုံးချင်းဝယ်ရောင်းသူများနှင့် လက်လီ၊ လက္ကား အရောင်းအဝယ် လုပ်နေသူများ မှာ COVID- 19 ကပ်ရော ဂါကာလအတွင်း နာနတ်သီးဈေးကွက် ဝယ်လိုအား ကျဆင်းနေ သော်လည်း စားဝတ်နေရေးအတွက် ရသည့်ဈေးဖြင့် အရောင်းအဝယ် လုပ်နေရသည်ဟု ဆိုကြသည်။

*** ZAWGYI ***

ျမစ္ႀကီးနား နာနတ္ေစ်းကြက္ပ်က္၊ ေတာင္သူမ်ား အခက္ႀကံဳ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္။

COVID-19 ေၾကာင့္ ျမစ္ႀကီးနား နာနတ္သီးေစ်းကြက္ အဆမတန္ က်ဆင္းသြားသည္ဟု နာနတ္သီး ကုန္သည္မ်ားႏွင့္ နာနတ္စိုက္ေတာင္သူမ်ားက ေျပာသည္။

၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ စတင္၍ ျဖစ္ပြားလာခဲ့သည့္ COVID-19 ကပ္ေရာဂါေၾကာင့္ နယ္စပ္ကုန္သြယ္ေရး လမ္း ေၾကာင္းမ်ား ယေန႔အခ်ိန္အထိ ပိတ္သြားခဲ့သည့္အျပင္ အျခားေသာ နယ္မ်ားမွလည္း နာနတ္သီးကုန္ သည္မ်ား လာေရာက္ဝယ္ယူမႈ နည္းသြားသည့္အတြက္ ယခုႏွစ္ နာနာတ္သီး ေစ်းကြက္ မရွိရျခင္း ျဖစ္သည္ဟု ေျပာ သည္။

ျမစ္ႀကီးနားၿမိဳ႕၊ မန္ခိန္ရပ္ကြက္ရွိ နာနတ္သီးေစ်းတန္းတြင္ နာနတ္သီးအေရာင္းအဝယ္လုပ္ေနသည့္ ကုန္သည္ ေဒၚခင္ဝင္းက “ေစ်းက်တယ္ ျမစ္ႀကီးနားသီးက။ ေရာဂါေၾကာင့္လည္း ျဖစ္ရင္ျဖစ္တာေပါ့။ ဒီႏွစ္က အေရာင္း အဝယ္မျဖစ္ဘူး။ ေရာဂါေၾကာင့္ ျဖစ္မလားမသိဘူး။ အဝယ္သိပ္မျဖစ္ဘူး။ ဒီကလူပဲ လႈပ္ရွားၾကတယ္ဆုိေတာ့။ ဒီေလာက္ေစ်း မရဘူးေပါ့။ အရင္ႏွစ္ေတြကေတာ့ တရုတ္ျပည္ေတြ ဘာေတြပို႔တာဆုိေတာ့ ေစ်းပိုေကာင္း တာ ေပါ့။ အခုက အဲ့လိုေတြ မရွိဘူး။ ဒီၿမိဳ႕တြင္း သံလမ္းရိုးတစ္ေလ်ွာက္ အဲ့လိုပဲဆုိေတာ့ ေစ်းေကာင္းသိပ္မရဘူး။ အေရာင္းအ ဝယ္လည္း ေႏွးတယ္” ဟု ေျပာသည္။

နာနတ္သီး ၀ယ္ေရာင္းသူလည္းျဖစ္ နာနတ္စိုက္ ေတာင္သူလည္းျဖစ္သူ ေဒၚအားဆာမီးကလည္း “အဓိက ဝယ္သူ နည္းသြားတယ္။ လမ္းပန္းဆက္သြယ္ေရးလည္း မေကာင္းလို႔ သြားလို႔လာလို႔ မရတာလည္းပါတယ္။ ဗိုင္းရပ္စ္ပိုး ေၾကာင့္လည္းျဖစ္တာေပါ့။ အရင္တုန္းက တရုတ္ေတြကလည္းလာတယ္။ အခုက မလာေတာ့ဘူး။ ဗိုင္းရပ္စ္ ပိုးေၾကာင့္ပဲ ဟိုဘက္ဒီဘက္လည္း သြားလို႔မရဘူး” ဟု ေျပာသည္။

ယခင္ႏွစ္မ်ားတြင္ ျမစ္ႀကီးနား ေဒသထြက္ နာနတ္သီးမ်ားကို ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မႏၱေလးတုိင္း ေဒသမ်ားဘက္က ဝယ္ယူသည္သာမက တရုတ္ႏုိင္ငံဘက္သို႔ပါ အေရာင္းအဝယ္မ်ား ျဖစ္ခဲ့သည့္အတြက္ နာနတ္သီးမ်ား ႏွစ္စဥ္ေစ်းေကာင္းရရွိခဲ့သည္ဟု နာနတ္စိုက္ေတာင္သူမ်ားက ဆိုသည္။

COVID- 19 ကပ္ေရာဂါကာလ လမ္းပန္းဆက္သြယ္ေရး ပိတ္ဆို႔သြားသည့္တစ္ဖက္တြင္ ေစ်းကြက္ ၀ယ္လိုအား က်ဆင္းသြားသည့္အတြက္ နာနတ္စိုက္ေတာင္သူမ်ားမွာ ဆံုးရံႈးမႈမ်ားစြာ ရွိသည္ဟု ေတာင္သူမ်ားက ေျပာ သည္။

နာနတ္စိုက္ေတာင္သူ ေဒၚအဆီးမီးက “ဒီႏွစ္က ကိုယ့္ဟာကိုယ္ခူးေရာင္းရတယ္။ ၿခံျပတ္လည္း ေရာင္းလို႔ မရ ေတာ့ဘူး။ ဒီႏွစ္က ၿခံျပတ္ဝယ္မယ့္သူ မရွိေတာ့ဘူး။ အခုက ကိုယ္ကိုယ္တုိင္ခူးေရာင္းေနရတယ္။ အဲ့ဒါလည္းကြာ သြားတယ္။ အခု ေစ်းက တက္ကို မ တက္လာေတာ့တာ။ အမွန္ဆို ဒီအခ်ိန္ နာနတ္သီးက ေစ်းတက္ရေတာ့မွာ ကုန္ေတာ့မွာေလ။ ေျမၾသဇာေတြ ဘာေတြထည့္ရတယ္ေလေနာ္။ အခုက အဲ့ဒီထည့္သေလာက္ေတာင္ မရ ဘူး ေပါ့။ နစ္နာတာေပါ့” ဟု ေျပာသည္။

နာနတ္ပင္အား ေျမၾသဇာထည့္ျခင္း၊ ေပါင္းရွင္းျခင္း လုပ္ငန္းမ်ားတြင္ အသံုးျပဳခဲ့ရသည့္ ကုန္က်စရိတ္ မ်ားရရန္ ပင္ အခက္အခဲ ရွိေနသည္ဟု နာနတ္စိုက္ေတာင္သူမ်ားက ဆုိသည္။

ယခင္ႏွစ္က တစ္လံုးလ်ွင္ အနည္းဆံုး က်ပ္ ၇၀၀ ခန္႔မွ ၁၂၀၀ ခန္႔အထိ ရရွိခဲ့သည့္ နာနတ္သီးမ်ားမွာ ယခုႏွစ္ တြင္ က်ပ္ ၄၀၀ ေပးမည့္သူပင္ မရွိသေလာက္ျဖစ္ေနသည္ဟု နာနတ္သီးကုန္သည္မ်ားႏွင့္ ေတာင္သူမ်ား က ေျပာသည္။

“ေစ်းက အမ်ားႀကီးကြာတယ္။ အရင္ႏွစ္ဆုိ ဒီအခ်ိန္က ၇၀၀၊ ၈၀၀ ေလာက္ရတယ္။ အခုက ၄၀၀ ေတာင္မရ ဘူး။ ၿခံရွင္အတြက္လည္း နစ္နာတယ္။ ဝယ္ေရာင္းေတြ အတြက္ လည္း ခက္ခဲတယ္” ဟု နာနတ္သီး ၀ယ္ေရာင္း သူ လည္းျဖစ္ နာနတ္စိုက္ ေတာင္သူလည္းျဖစ္သူ ေဒၚအားဆာမီးက ေျပာသည္။

နာနတ္သီးမွာ ႏွစ္ရွည္သီးႏွံပင္မဟုတ္ေသာ္လည္း စတင္စိုက္ပ်ိဳးသည့္ ပထမႏွစ္တြင္ အသီးခူးေရာင္းရသည့္ အပင္မ်ိဳးမဟုတ္ပဲ တစ္ႏွစ္ပတ္လံုး ေျမၾသဇာထည့္ျခင္း၊ ေပါင္းရွင္းျခင္းမ်ားအတြက္ ရင္းႏွီးစိုက္ပ်ိဳးရသည့္ အပင္ျဖစ္သည္။ ႏွစ္စဥ္ တစ္ႏွစ္လွ်င္ အနည္းဆံုးႏွစ္ႀကိမ္ ေျမၾသဇာထည့္ေပးရၿပီး ၅ ႀကိမ္ခန္႔ ေပါင္းရွင္းေပးရသည့္ အပင္ျဖစ္သည္။

နာနတ္သီးခူးခ်ိန္တြင္လည္း ေန႔စားအလုပ္သမားမ်ား ေခၚယူ၍ ခူးရၿပီး၊ နာနတ္ၿခံမွ ေရာင္းသည့္ေနရာမ်ားသို႔ သံုးဘီးမ်ား၊ ဆုိင္ကယ္မ်ားျဖင့္ အငွားေခၚယူကာ သယ္ရျခင္းျဖစ္သည္ဟု နာနတ္စိုက္ေတာင္သူမ်ားက ေျပာသည္။

နာနတ္သီးပင္မ်ားမွာ ပထမႏွစ္တြင္ အသီးမသီးပဲ ဒုတိယႏွစ္မွ စတင္အသီးသီးသည့္ စားပင္ျဖစ္ၿပီး ေလးႏွစ္ ခန္႔အထိ တစ္ႏွစ္လ်ွင္တစ္ႀကိမ္ ရာသီအလိုက္ အသီးခူးရသည္႔ အပင္မ်ိဳးျဖစ္သည္ဟု ေတာင္သူမ်ားက ေျပာသည္။

ဇူလိုင္လ ေနာက္ဆံုးအပတ္ခန္႔မွ စတင္ကာ စက္တင္ဘာလ လယ္အထိ သီးသည့္ နာနာသီးမ်ား ႏွင့္ ၾကက္ ေမာက္သီး တို႔အျပင္ ဧၿပီလ မွ ေမလအတြင္း ေပၚသည့္ တရုတ္ဇီးသီး (ေခၚ) လိုင္ခ်ီး- Lychee သီးသည္လည္း ယခု ႏွစ္တြင္ ေစ်းကြက္မရွိသေလာက္ျဖစ္ခဲ့ရသည္ဟု အရာင္းအ၀ယ္ လုပ္သူမ်ားက ေျပာသည္။ ထိုအသီး အႏွံ မ်ားမွာ ျမစ္ႀကီးနားၿမိဳ႕ ေဒသထြက္ ရာသီေပၚ သီးႏွံမ်ားျဖစ္သည္ဟု သိရသည္။

ျမစ္ႀကီးနားၿမိဳ႕ ၊ မန္ခိန္ရက္ကြက္ရွိ နာနတ္သီး ေစ်းတန္းတြင္ ရာသီေပၚသီးႏွံျဖစ္သည့္ နာနတ္သီးမ်ားအား ဇူလုိင္လ ေနာက္ဆံုးအပတ္ခန္႔မွ စတင္ကာ စက္တင္ဘာလ ဒုတိယအပတ္ခန္႔ အထိ ၿခံျပတ္အေရာင္း အဝယ္လုပ္သူ မ်ား၊ သစ္သီးအလံုးလိုက္ တစ္လံုးခ်င္းဝယ္ေရာင္းသူမ်ားႏွင့္ လက္လီ၊ လကၠား အေရာင္းအဝယ္ လုပ္ေနသူမ်ား မွာ COVID- 19 ကပ္ေရာ ဂါကာလအတြင္း နာနတ္သီးေစ်းကြက္ ၀ယ္လိုအား က်ဆင္းေန ေသာ္လည္း စား၀တ္ေနေရးအတြက္ ရသည့္ေစ်းျဖင့္ အေရာင္းအ၀ယ္ လုပ္ေနရသည္ဟု ဆိုၾကသည္။