မွန်ပြည်နယ် ငါးဖမ်းပိုက်ချက် အခွန်သိန်း ၆၄၀၀ သာ ရရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်မှ ငါးဖမ်းပိုက်ချက် အခွန်ငွေ ကျပ်သိန်း ၆၄၀၀ နီးပါးသာ ရရှိသည်ဟု မွန်ပြည်နယ် အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

COVID-19 ကူးစက်ရောဂါကြောင့် ငါးဈေးကွက်ပျက်နေသည့်အနေအထားတွင် လေလံရောင်းရငွေလည်း ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက လျော့နည်းရရှိခဲ့သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“ဒီနှစ်တော့ တရုတ်ပြည် ငါးဈေးကွက်က ပျက်တော့ တင်ဒါဆွဲသူတွေကလည်း အပြိုင်အဆိုင် ဝယ်ဖို့လျှော့ထား ကြတယ်၊ ကြမ်းခင်းဈေးကို မှီရုံလေးပေါ့ ကြမ်းခင်းဈေး ကျော်ရုံလောက်ပဲ အပြိုင်အဆိုင်လုပ်ပြီးတော့ ဝယ်တဲ့ အခါကျတော့ သူတို့လည်း တင့်တင့်တဲ့ဈေးနဲ့ ရကြတယ်”

ယခင်နှစ်က ငါးဖမ်းပိုက်ချက်လေလံရောင်းချမှုမှ အခွန်ငွေ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ရှိခဲ့ကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာလည်း ကျပ်သိန်း ၁၀၀၀၀ ခန့်ရရှိရန် လျာထားသော်လည်း မမျှော်မှန်းထားသည့် COVID-19 ကူးစက်ကပ်ရောဂါကြောင့် အခွန် ကျပ်သိန်း ၆၄၀၀ နီးပါးသာ ရရှိခဲ့သည်ဟု ဝန်ကြီး က ဆက်ပြောသည်။

ယခုနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် သံလွင်မြစ်၊ အတ္ထရံမြစ်နှင့် ဂျိုင်းမြစ်တို့တွင် ဖမ်းနေသည့် ငါးဖမ်းပိုက်ချက်များကို လေလံတင်ရောင်းချခဲ့ရာမှ ရရှိခြင်းဖြစ်သည်ဟု အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်းရှိ ငါးဖမ်းပိုက်ချက် ၁၁၃ ချက်ကို သြဂုတ်လ ၁၁ ရက်နေ့က စတင် လေလံရောင်းချခဲ့ပြီး၊ ၅ ကြိမ်တိုင် ရောင်းချအပြီးမှာ ပိုက်ချက် ၈၉ ချက် လေလံအောင်ခဲ့သည်။

COVID-19 ကူးစက်ရောဂါကြောင့် မွန်ပြည်နယ် ငါးဈေးကွက်ပျက်သဖြင့် ရေလုပ်သားများ အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ရေလုပ်သားများနှင့် ရေလုပ်ငန်းရှင်များ က ပြောသည်။

ရေလုပ်သား ဦးအေးခိုင် က “ဒီနှစ်က ကိုဗစ် ကြောင့် တရုတ်ကိုပို့တဲ့ ငါးဈေးကွက်မရှိတော့ ငါးဈေးကျတယ်၊ အခုဆို ရေလုပ်သားရော ရေလုပ်ငန်းရှင်ရော အခက်အခဲဖြစ်နေကြတယ်၊ ဒီလိုအခြေအနေမှာ ငါးလုပ်ငန်းရှင် တွေ လေလံဆွဲကြဖို့ တွန့်ကြတယ်လေ။ ခါတိုင်းလို ဈေးအပြိုင်အဆိုင်မရှိဘူး” ဟု ပြောသည်။

ကျန်ရှိနေသေးသည့် ပိုက်ချက် ၂၄ ချက်ကိုလည်း ရသင့်ရထိုက်သည့် ဈေးနှုန်းတစ်ခုသတ်မှတ်ပြီး ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးထွန်းဌေး က ပြောသည်။

“ကျန်တဲ့ ၂၄ ချက်ကိုတော့ ကြမ်းခင်းဈေးသတ်မှတ်ပြီးတော့ ရောင်းတော့မှာမဟုတ်ဘူး။ ကျနော်တို့ ငါးလုပ်ငန်း ကော်မတီကပဲ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတစ်ခုလောက်နဲ့ open ပဲ ရောင်းမယ်၊ ဈေးနည်းလွန်းလို့ မရောင်းရပဲ ကျန်တာ ဒါမှမဟုတ် ဝယ်တဲ့လူမရှိပဲ ကျန်တာ တစ်နှစ်စာ ရောင်းချမှုက ပိတ်သိမ်းမှာပေါ့နော်။”

တင်ဒါပိုက်ချက်များကို ရောင်းချရန် အတွက် ကြမ်းခင်းဈေး သတ်မှတ်ရာတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် က လေလံတင်ရောင်းချခဲ့သည့် ပိုက်ချက်တစ်ချက်စီ၏ ရငွေမှ ၁၀ ရာခိုင်နှုန်း တိုးပြီး သတ်မှတ်ရောင်းချ ခဲ့ သည်ဟု ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

*** ZAWGYI ***
မြန္ျပည္နယ္ ငါးဖမ္းပိုက္ခ်က္ အခြန္သိန္း ၆၄၀၀ သာ ရရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၈ ရက္။

၂၀၂၀-၂၁ ဘ႑ာနွစ္တြင္ မြန္ျပည္နယ္မွ ငါးဖမ္းပိုက္ခ်က္ အခြန္ေငြ က်ပ္သိန္း ၆၄၀၀ နီးပါးသာ ရရွိသည္ဟု မြန္ျပည္နယ္ အစိုးရ စိုက္ပ်ဳိးေမြးျမဴေရးနွင့္ ပို႔ေဆာင္ဆက္သြယ္ေရး ၀န္ၾကီးဌာနက ေျပာသည္။

COVID-19 ကူးစက္ေရာဂါေၾကာင့္ ငါးေစ်းကြက္ပ်က္ေနသည့္အေနအထားတြင္ ေလလံေရာင္းရေငြလည္း ယမန္ႏွစ္ကႏွင့္ ႏိႈင္းယွဥ္ပါက ေလ်ာ့နည္းရရွိခဲ့သည္ဟု မြန္ျပည္နယ္အစိုးရအဖြဲ႔ စိုက္ပ်ဳိးေမြးျမဴေရးႏွင့္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီး ဦးထြန္းေဌးက ေျပာသည္။

“ဒီႏွစ္ေတာ့ တ႐ုတ္ျပည္ ငါးေစ်းကြက္က ပ်က္ေတာ့ တင္ဒါဆဲြသူေတြကလည္း အၿပိဳင္အဆိုင္ ဝယ္ဖို႔ေလွ်ာ့ထား ၾကတယ္၊ ၾကမ္းခင္းေစ်းကို မီွရံုေလးေပါ့ ၾကမ္းခင္းေစ်း ေက်ာ္႐ုံေလာက္ပဲ အၿပိဳင္အဆိုင္လုပ္ၿပီးေတာ့ ဝယ္တဲ့ အခါက်ေတာ့ သူတို႔လည္း တင့္တင့္တဲ့ေစ်းနဲ႔ ရၾကတယ္”

ယခင္ႏွစ္က ငါးဖမ္းပိုက္ခ်က္ေလလံေရာင္းခ်မႈမွ အခြန္ေငြ က်ပ္သိန္းေပါင္း ၁၀၀၀၀ ေက်ာ္ ရွိခ့ဲေၾကာင္း ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာလည္း က်ပ္သိန္း ၁၀၀၀၀ ခန္႔ရရွိရန္ လ်ာထားေသာ္လည္း မေမွ်ာ္မွန္းထားသည့္ COVID-19 ကူးစက္ကပ္ေရာဂါေၾကာင့္ အခြန္ က်ပ္သိန္း ၆၄၀၀ နီးပါးသာ ရရွိခဲ့သည္ဟု ဝန္ႀကီး က ဆက္ေျပာသည္။

ယခုနွစ္ ငါးဖမ္းလုပ္ငန္းရာသီအတြက္ သံလြင္ျမစ္၊ အတၴရံျမစ္ႏွင့္ ဂ်ဳိင္းျမစ္တို႔တြင္ ဖမ္းေနသည့္ ငါးဖမ္းပိုက္ခ်က္မ်ားကို ေလလံတင္ေရာင္းခ်ခဲ့ရာမွ ရရွိျခင္းျဖစ္သည္ဟု အဆိုပါ ၀န္ၾကီးဌာနက ေျပာသည္။

၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြက္ ျပည္နယ္အတြင္းရွိ ငါးဖမ္းပိုက္ခ်က္ ၁၁၃ ခ်က္ကို ၾသဂုတ္လ ၁၁ ရက္ေန႔က စတင္ ေလလံေရာင္းခ်ခဲ့ၿပီး၊ ၅ ႀကိမ္တိုင္ ေရာင္းခ်အၿပီးမွာ ပိုက္ခ်က္ ၈၉ ခ်က္ ေလလံေအာင္ခဲ့သည္။

COVID-19 ကူးစက္ေရာဂါေၾကာင့္ မြန္ျပည္နယ္ ငါးေစ်းကြက္ပ်က္သျဖင့္ ေရလုပ္သားမ်ား အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ ႀကံဳေတြ႔ေနရသည္ဟု ေရလုပ္သားမ်ားႏွင့္ ေရလုပ္ငန္းရွင္မ်ား က ေျပာသည္။

ေရလုပ္သား ဦးေအးခိုင္ က “ဒီႏွစ္က ကိုဗစ္ ေၾကာင့္ တ႐ုတ္ကိုပို႔တဲ့ ငါးေစ်းကြက္မရွိေတာ့ ငါးေစ်းက်တယ္၊ အခုဆို ေရလုပ္သားေရာ ေရလုပ္ငန္းရွင္ေရာ အခက္အခဲျဖစ္ေနၾကတယ္၊ ဒီလိုအေျခအေနမွာ ငါးလုပ္ငန္းရွင္ ေတြ ေလလံဆြဲၾကဖို႔ တြန္႔ၾကတယ္ေလ။ ခါတိုင္းလို ေစ်းအၿပိဳင္အဆိုင္မရွိဘူး” ဟု ေျပာသည္။

က်န္ရွိေနေသးသည့္ ပိုက္ခ်က္ ၂၄ ခ်က္ကိုလည္း ရသင့္ရထိုက္သည့္ ေစ်းႏႈန္းတစ္ခုသတ္မွတ္ၿပီး ဆက္လက္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီး ဦးထြန္းေဌး က ေျပာသည္။

“က်န္တဲ့ ၂၄ ခ်က္ကိုေတာ့ ၾကမ္းခင္းေစ်းသတ္မွတ္ၿပီးေတာ့ ေရာင္းေတာ့မွာမဟုတ္ဘူး။ က်ေနာ္တို႔ ငါးလုပ္ငန္း ေကာ္မတီကပဲ ရသင့္ရထိုက္တဲ့ ေစ်းႏႈန္းတစ္ခုေလာက္နဲ႔ open ပဲ ေရာင္းမယ္၊ ေစ်းနည္းလြန္းလို႔ မေရာင္းရပဲ က်န္တာ ဒါမွမဟုတ္ ဝယ္တဲ့လူမရွိပဲ က်န္တာ တစ္ႏွစ္စာ ေရာင္းခ်မႈက ပိတ္သိမ္းမွာေပါ့ေနာ္။”

တင္ဒါပိုက္ခ်က္မ်ားကို ေရာင္းခ်ရန္ အတြက္ ၾကမ္းခင္းေစ်း သတ္မွတ္ရာတြင္၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ က ေလလံတင္ေရာင္းခ်ခဲ့သည့္ ပိုက္ခ်က္တစ္ခ်က္စီ၏ ရေငြမွ ၁၀ ရာခုိင္ႏႈန္း တုိးၿပီး သတ္မွတ္ေရာင္းခ် ခ့ဲ သည္ဟု ျပည္နယ္ငါးလုပ္ငန္း ဦးစီးဌာနထံမွ သိရသည္။