ရွေးကောက်ပွဲ ကိုယ်စားလှယ် စာရင်း ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

မွန်ပြည်နယ်တွင် လာမည့် ရွေးကောက်ပွဲအတွက် စာရင်းသွင်းထားသူများအနက်မှ ကိုယ်စားလှယ် သုံး ဦး ပြန်လည် ရုတ်သိမ်းခဲ့ပြီး ကိုယ်စားလှယ်လောင်း တစ်ဦးကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃၀၂ ဦးကို သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က အတည်ပြုထုတ်ပြန်လိုက်သည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မတို့နှင့် ကိုက်ညီမှုမရှိသည့်အတွက် ကျိုက်မရော မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ တစ်ဦးကိုလည်း ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည် ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိ ဦးထင်ကျော်က ပြောသည်။

“မော်လမြိုင်ခရိုင်မှာ လွှတ်တော် သုံးရပ်အတွက် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားတဲ့ထဲကမှ ကျိုက် မရောမြို့ နယ် ပြည်နယ်မဲဆန္ဒအမှတ် (၁) က ဦးမောင်မောင် ကိုတော့ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀ (င) တို့နဲ့ ကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်မို့ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်”

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆ ဦး အမည် စာရင်းတင်သွင်းခဲ့သော်လည်း အမျိုးသားလွှတ်တော်မှ ၁ ဦး၊ ပြည်နယ်လွှတ်တော်မှ ၁ ဦးနှင့် ဗမာတိုင်းရင်း သားရေးရာ ၁ ဦး စုစုပေါင်း ၃ ဦးတို့သည် ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းထားမှုမှ ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။

ထိုကြောင့် လာမည့် ရွေးကောက်ပွဲတွင် ပါတီ ၁၇ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်း ၃၀၂ ဦးတွင် ပြည်သူ့လွှတ်တော်အတွက် ၆၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၁၃၆ ဦး၊ ဗမာတိုင်းရင်းသားရေးရာနေရာအတွက် ၇ ဦး၊ ကရင်တိုင်းရင်းသားရေး ရာအတွက် ၈ ဦး၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာအတွက် ၈ ဦးတို့ ဝင်ပြိုင်ကြမည်ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကြေညာလိုက်ပြီးဖြစ်တဲ့အတွက် အခု ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရေးကဒ်တွေပေါ့ ထုတ်ပေးနေပါတယ်။ ဒီနေ့ (သြဂုတ် ၃၁ ရက်) ကစပြီးတော့ ထုတ်ပေးနေပါတယ်” ဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက ဆက်ပြောသည်။

အတည်ပြု ကိုယ်စားလှယ်လောင်းများစာရင်းကို သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားပြီး ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့ နယ်နှင့် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်သည်။

မွန်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ် စားလှယ်လောင်း ၆၇ ဦးတွင် ပယ်ဖျက်ခံရသူ မရှိဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောသည်။

မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာနဲ့ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ ၃ နေရာရှိပြီး စုစုပေါင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည်။

*** ZAWGYI ***
ေရြးေကာက္ပြဲ ကိုယ္စားလွယ္ စာရင္း ထုတ္ျပန္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္။

မြန္ျပည္နယ္တြင္ လာမည့္ ေရြးေကာက္ပြဲအတြက္ စာရင္းသြင္းထားသူမ်ားအနက္မွ ကုိယ္စားလွယ္ သံုး ဦး ျပန္လည္ ရုတ္သိမ္းခဲ့ၿပီး ကိုယ္စားလွယ္ေလာင္း တစ္ဦးကို ေရြးေကာက္ပြဲ ေကာ္မရွင္က ပယ္ဖ်က္ခဲ့ၿပီး ကိုယ္စားလွယ္ေလာင္း ၃၀၂ ဦးကို သက္ဆိုင္ရာေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲတို႔က အတည္ျပဳထုတ္ျပန္လိုက္သည္။

သက္ဆိုင္ရာလႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒပုဒ္မတို႔ႏွင့္ ကိုက္ညီမႈမရွိသည့္အတြက္ က်ဳိက္မေရာ ၿမိဳ႕ နယ္ မဲဆႏၵနယ္အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းထားသူ တစ္ဦးကိုလည္း ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္ခဲ့ျခင္းျဖစ္သည္ ဟု ေမာ္လျမိဳင္ခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ခြဲ အရာရွိ ဦးထင္ေက်ာ္က ေျပာသည္။

“ေမာ္လၿမိဳင္ခ႐ုိင္မွာ လႊတ္ေတာ္ သံုးရပ္အတြက္ ကိုယ္စားလွယ္ေလာင္းစာရင္းတင္သြင္းထားတဲ့ထဲကမွ က်ဳိက္ မေရာၿမိဳ႕ နယ္ ျပည္နယ္မဲဆႏၵအမွတ္ (၁) က ဦးေမာင္ေမာင္ ကိုေတာ့ သက္ဆိုင္ရာ လႊတ္ေတာ္ ေရြးေကာက္ပြဲ ဥပေဒပုဒ္မ ၈(ခ)၊ ပုဒ္မ ၁၀ (င) တို႔နဲ႔ ကိုက္ညီမႈမရွိတဲ့အတြက္ေၾကာင့္မို႔ ကိုယ္စားလွယ္ေလာင္းစာရင္းကေန ပယ္ဖ်က္လိုက္ျခင္းျဖစ္တယ္”

လႊတ္ေတာ္အသီးသီး၏ မဲဆႏၵနယ္မ်ားအတြက္ မြန္ျပည္နယ္တြင္ ကိုယ္စားလွယ္ေလာင္း ၃၀၆ ဦး အမည္ စာရင္းတင္သြင္းခဲ့ေသာ္လည္း အမ်ဳိးသားလႊတ္ေတာ္မွ ၁ ဦး၊ ျပည္နယ္လႊတ္ေတာ္မွ ၁ ဦးႏွင့္ ဗမာတိုင္းရင္း သားေရးရာ ၁ ဦး စုစုေပါင္း ၃ ဦးတို႔သည္ ကိုယ္စားလွယ္ေလာင္းအမည္ စာရင္းတင္သြင္းထားမႈမွ ျပန္လည္ ႐ုတ္သိမ္းသြားခဲ့သည္။

ထိုေၾကာင့္ လာမည့္ ေရြးေကာက္ပြဲတြင္ ပါတီ ၁၇ ပါတီတို႔မွ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ၁၂ ဦး စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၃၀၂ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ၾက မည္ျဖစ္သည္။

ကိုယ္စားလွယ္ေလာင္း ၃၀၂ ဦးတြင္ ျပည္သူ႔လႊတ္ေတာ္အတြက္ ၆၅ ဦး၊ အမ်ဳိးသားလႊတ္ေတာ္အတြက္ ၇၈ ဦး၊ ျပည္နယ္လႊတ္ေတာ္အတြက္ ၁၃၆ ဦး၊ ဗမာတိုင္းရင္းသားေရးရာေနရာအတြက္ ၇ ဦး၊ ကရင္တိုင္းရင္းသားေရး ရာအတြက္ ၈ ဦး၊ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာအတြက္ ၈ ဦးတို႔ ဝင္ၿပိဳင္ၾကမည္ျဖစ္သည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေၾကညာလိုက္ၿပီးျဖစ္တဲ့အတြက္ အခု ကိုယ္စားလွယ္ေလာင္းေတြကို စိစစ္ေရးကဒ္ေတြေပါ့ ထုတ္ေပးေနပါတယ္။ ဒီေန႔ (ၾသဂုတ္ ၃၁ ရက္) ကစၿပီးေတာ့ ထုတ္ေပးေနပါတယ္” ဟု ေမာ္လၿမိဳင္ခ႐ုိင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲအရာရွိက ဆက္ေျပာသည္။

အတည္ျပဳ ကိုယ္စားလွယ္ေလာင္းမ်ားစာရင္းကို ၾသဂုတ္လ ၃၀ ရက္ေန႔က ထုတ္ျပန္ထားၿပီး ျပည္နယ္ ေရြး ေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ႐ုံးႏွင့္ သက္ဆိုင္ရာ ခ႐ုိင္၊ ၿမိဳ႕ နယ္ႏွင့္ ရပ္/ေက်း ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲ ႐ုံးမ်ားတြင္ ကပ္ထားေၾကညာထားမည္ျဖစ္သည္။

မြန္ျပည္နယ္အေျခစိုက္ အင္အားႀကီးပါတီတစ္ခုျဖစ္သည့္ မြန္ညီညြတ္ေရးပါတီက မြန္ျပည္နယ္၊ ကရင္ျပည္ နယ္၊ တနသၤာရီတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္းတို႔တြင္ ယွဥ္ၿပိဳင္ရန္ အမည္စာရင္းတင္သြင္းထားသည့္ ကိုယ္ စားလွယ္ေလာင္း ၆၇ ဦးတြင္ ပယ္ဖ်က္ခံရသူ မရွိဟု ပါတီေျပာေရးဆိုခြင့္ရွိသူ ႏိုင္စံတင္က ေျပာသည္။

မြန္ျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၁၀ ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္မဲဆႏၵနယ္ ၁၂ ေနရာ၊ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ ၂၀ ေနရာနဲ႔ ဗမာ၊ ကရင္၊ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာ ၃ ေနရာရွိၿပီး စုစုေပါင္း မဲဆႏၵနယ္ ၄၅ ေနရာရွိသည္။