အပစ်အခတ်ရပ်စဲရေးကို ရွေးကောက်ပွဲလွန်ကာလအထိ မြောက်ပိုင်း မဟာမိတ်များ တိုးမြှင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က အပစ်အခတ် ရပ်စဲမှုကို ရက်ပေါင်း ၇၀ ထပ်မံတိုးချဲ့လိုက်ကြောင်း ကြေညာသည်။

အစိုးရ၊ တပ်မတော်တို့နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရန် အပါအဝင် COVID- 19 ရောဂါကို ထိန်းချုပ် ကာကွယ်ရန်နှင့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ပြီး ရက္ခိုင့် တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က အခုလို အပစ်အခတ်ရပ်စဲမှုကို ရက်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် တအန်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA က သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။

“အဓိကကတော့ ကျနော်တို့က အရင်တုန်းကလည်း ကျနော်တို့ ထုတ်ပြန်ပြီးသားဖြစ်တယ်။ ဒီလကုန်မှာ တော့ သက်တမ်းကုန်သွားပြီပေါ့နော်။ ဒီဟာကို ကျနော်တို့ ထပ်မံပြီးမှ ပြန်တိုးတာဖြစ်တယ်။ အခုက ထူး ထူးခြားခြားပါတာကတော့ ကိုဗစ် ဒုတိယလှိုင်းပေါ့ ကြိုတင်ကာကွယ်ဖို့ လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ရယ်၊ ဆွေးနွေးပွဲမှာ အထောက်အကူဖြစ်နိုင်အောင် လက်တွေ့ကျကျ လုပ်နိုင်အောင် အဲဒီအချက် နဲ့ နောက်တစ်ခုက ဒီလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လူထုတွေက လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးလို့ ရအောင်ပေါ့နော်။ ကျနော်တို့က ရွေးကောက်ပွဲရဲ့ ဟိုဖက်အထိကို ကျနော်တို့က သက်တမ်း တိုးလိုက်ခြင်း ဖြစ်ပါတယ်။”

ညီနောင် မဟာမိတ် ၃ ဖွဲ့မှာ ရက္ခိုင့်တပ်တော် AA၊ တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့) တို့ ဖြစ်သည်။

ဤကဲ့သို့ အပစ်ရပ်ကြေညာထားစဉ်ကာလအတွင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များနှင့် တွေ့ဆုံဆွေးနွေးသည့် လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးတို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီပံ့ ပိုးပေးမှုများ ကိုလည်း ၎င်းတို့ ၃ ဖွဲ့ အနေဖြင့် လိုလားပြီး ငြိမ်းချမ်းရေး လုပ်ငန်စဉ်များ၌ ယခင်ကူညီ ဆောင် ရွက်ခဲ့သည့် နည်းတူ ယခုလည်းထပ်မံ ကူညီဆောင်ရွက်ပေးရန်ကိုလည်း အလေးအနက် မေတ္တာ ရပ်ခံအပ် ပါသည် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “အရင်က တွေ့ဆုံဆွေးနွေးပွဲတွေမှာကတော့ တရုတ်ဖက်က လုံခြုံရေး ကူညီ ဆောင်ရွက်ပေးတာရှိတယ်။ နောက်တစ်ခုက တရုတ်က ကြားကနေညှိနှိုင်းပေးတော့ တွေ့ဆုံ ဆွေးနွေးပွဲက လည်းဖြစ်နေတယ်ပေါ့။ အခုလိုမျိုး ဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှု ဒီလိုမျိုးကြားမှာ ရပ်တန့် နေတဲ့ အချိန်ပေါ့ နော်။ ဖြစ်နိုင်မယ့် နည်းလမ်းတွေ တစ်ခြားနည်းလမ်းတွေ ဒီတရုတ်ဖက်က ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကျ နော်တို့က ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်တယ်” ဟု ပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး အစိုးရမှ ယခုအချိန်အထိ ကမ်းလှမ်းလာခြင်းမျိုး မရှိသည့် တစ်ဖက်တွင် ကိုဗစ်ဒုတိယလှိုင်း ကပ်ရောဂါကြောင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများမှာ လက်ရှိ အ ခြေအနေအရ မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၁ ရက် ယနေ့တွင် ထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော်နှင့် ၎င်းတို့ အဖွဲ့အစည်းများအကြားတွင် နှစ်ဦးနှစ်ဖက် အမှန်တကယ် အပစ်အခတ်ရပ်စဲနိုင်ရေး၊ နိုင်ငံရေး တွေ့ ဆုံဆွေးနွေးနိုင်ရေး၊ မိမိတို့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ် ထွန်းစေရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ် ပေးနိုင်ရေးတို့ အပြင် ယခု တစ်ကြိမ်တွင် ကိုရိုနာကူး စက်ရောဂါ၏ ဒုတိယလှိုင်းအား တားဆီးထိန်းချုပ်နိုင်ရေး၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေး ကောက်ပွဲကာလတွင် အထောက်အကူပြုနိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ နိုင်ဝင်ဘာလ ၉ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကြာ သတ္တမ အကြိမ် ထပ်မံ တိုးမြှင့်လိုက်ပါသည်ဟု ရေးသားထားသည်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA လှုပ်ရှားရာဒေသတွင် တိုက်ပွဲဖြစ်ပွားမှု သိသိသာ သာ လျော့နည်းသွား သော်လည်း ၎င်းတို့၏ ညီနောင် မဟာမိတ် ရက္ခိုင့်တပ်တော် AA လှုပ်ရှားရာ ဒေသ ဖက်တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် အဆိုပါ ဒေသများတွင်လည်း တိုက်ပွဲများ ရပ်တန့်ရန် လည်း မျှော်လင့်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA၊ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA တို့သည့် ကချင်လွတ်လပ်ရေး KIA ပါဝင်နှင့်အတူ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သည်။

ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ဖြင့် ဖွဲ့စည်းထားသည့် ပြည် ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

*** ZAWGYI ***
အပစ္အခတ္ရပ္စဲေရးကို ေရြးေကာက္ပြဲလြန္ကာလအထိ ေျမာက္ပိုင္း မဟာမိတ္မ်ား တိုးျမွင့္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္။

ေျမာက္ပိုင္း မဟာမိတ္ သံုးဖြဲ႔က အပစ္အခတ္ ရပ္စဲမႈကို ရက္ေပါင္း ၇၀ ထပ္မံတိုးခ်ဲ့လိုက္ေၾကာင္း ေၾကညာသည္။

အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ႏိုင္ရန္ အပါအ၀င္ COVID- 19 ေရာဂါကို ထိန္းခ်ဳပ္ ကာကြယ္ရန္ႏွင့္ ေရြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပႏိုင္ရန္ ရည္ရြယ္ၿပီး ရကၡိဳင့္ တပ္ေတာ္ AA ပါ၀င္သည့္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔က အခုလို အပစ္အခတ္ရပ္စဲမႈကို ရက္တိုးျမွင့္ခဲ့ျခင္း ျဖစ္သည္ဟု ညီေနာင္မဟာမိတ္ ၃ ဖြဲ႔ထဲမွ တစ္ဖြဲ႔ျဖစ္သည့္ တအန္းအမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ TNLA က သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ယခုကဲ့သို႔ ေျပာသည္။

“အဓိကကေတာ့ က်ေနာ္တို႔က အရင္တုန္းကလည္း က်ေနာ္တို႔ ထုတ္ျပန္ၿပီးသားျဖစ္တယ္။ ဒီလကုန္မွာ ေတာ့ သက္တမ္းကုန္သြားၿပီေပါ့ေနာ္။ ဒီဟာကို က်ေနာ္တို႔ ထပ္မံၿပီးမွ ျပန္တိုးတာျဖစ္တယ္။ အခုက ထူး ထူးျခားျခားပါတာကေတာ့ ကိုဗစ္ ဒုတိယလိႈင္းေပါ့ ႀကိဳတင္ကာကြယ္ဖို႔ လုပ္ငန္းေတြ ထိထိေရာက္ေရာက္ လုပ္ႏိုင္ဖို႔ရယ္၊ ေဆြးေႏြးပြဲမွာ အေထာက္အကူျဖစ္ႏိုင္ေအာင္ လက္ေတြ႕က်က် လုပ္ႏိုင္ေအာင္ အဲဒီအခ်က္ နဲ႔ ေနာက္တစ္ခုက ဒီလာမယ့္ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ လူထုေတြက လြတ္လြတ္လပ္လပ္ ဆႏၵမဲေပးလို႔ ရေအာင္ေပါ့ေနာ္။ က်ေနာ္တို႔က ေရြးေကာက္ပြဲရဲ႕ ဟိုဖက္အထိကို က်ေနာ္တို႔က သက္တမ္း တိုးလိုက္ျခင္း ျဖစ္ပါတယ္။”

ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔မွာ ရကၡိဳင့္တပ္ေတာ္ AA၊ တအာန္း အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ TNLA၊ ျမန္မာ အမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္ MNDAA (ကိုးကန႔္တပ္ဖြဲ႕) တို႔ ျဖစ္သည္။

ဤကဲ့သို႔ အပစ္ရပ္ေၾကညာထားစဥ္ကာလအတြင္း ႏွစ္ဦးႏွစ္ဖက္ ေတြ႕ဆံုေဆြးေႏြးမည့္ ကိစၥရပ္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးသည့္ လုပ္ငန္းစဥ္မ်ား ေရွ႕ဆက္ႏိုင္ေရးတို႔အတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ကူညီပံ့ ပိုးေပးမႈမ်ား ကိုလည္း ၎တို႔ ၃ ဖြဲ႔ အေနျဖင့္ လိုလားၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္စဥ္မ်ား၌ ယခင္ကူညီ ေဆာင္ ရြက္ခဲ့သည့္ နည္းတူ ယခုလည္းထပ္မံ ကူညီေဆာင္ရြက္ေပးရန္ကိုလည္း အေလးအနက္ ေမတၱာ ရပ္ခံအပ္ ပါသည္ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္က “အရင္က ေတြ႕ဆံုေဆြးေႏြးပြဲေတြမွာကေတာ့ တ႐ုတ္ဖက္က လံုၿခံဳေရး ကူညီ ေဆာင္ရြက္ေပးတာရွိတယ္။ ေနာက္တစ္ခုက တ႐ုတ္က ၾကားကေနညွိႏႈိင္းေပးေတာ့ ေတြ႕ဆံု ေဆြးေႏြးပြဲက လည္းျဖစ္ေနတယ္ေပါ့။ အခုလိုမ်ိဳး ဒီလိုမ်ိဳး ေတြ႕ဆံုေဆြးေႏြးမႈ ဒီလိုမ်ိဳးၾကားမွာ ရပ္တန္႔ ေနတဲ့ အခ်ိန္ေပါ့ ေနာ္။ ျဖစ္ႏိုင္မယ့္ နည္းလမ္းေတြ တစ္ျခားနည္းလမ္းေတြ ဒီတ႐ုတ္ဖက္က ကူညီေဆာင္ရြက္ေပးႏိုင္ဖို႔ က် ေနာ္တို႔က ထည့္သြင္းေတာင္းဆိုထားျခင္းျဖစ္တယ္” ဟု ေျပာသည္။

သို႔ေသာ္ ေတြ႕ဆံုေဆြးေႏြးေရးႏွင့္ ပတ္သက္ၿပီး အစိုးရမွ ယခုအခ်ိန္အထိ ကမ္းလွမ္းလာျခင္းမ်ိဳး မရွိသည့္ တစ္ဖက္တြင္ ကိုဗစ္ဒုတိယလိႈင္း ကပ္ေရာဂါေၾကာင့္ ေတြ႕ဆံုေဆြးေႏြးမည့္ နည္းလမ္းမ်ားမွာ လက္ရွိ အ ေျခအေနအရ မျဖစ္ႏိုင္ေသးသည့္ အေနအထားတြင္ ရွိေနသည္ဟု ဆိုသည္။

ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔က စက္တင္ဘာလ ၁ ရက္ ယေန႔တြင္ ထုတ္ျပန္ခ်က္ထဲတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ၎တို႔ အဖြဲ႔အစည္းမ်ားအၾကားတြင္ ႏွစ္ဦးႏွစ္ဖက္ အမွန္တကယ္ အပစ္အခတ္ရပ္စဲႏိုင္ေရး၊ ႏိုင္ငံေရး ေတြ႕ ဆံုေဆြးေႏြးႏိုင္ေရး၊ မိမိတို႔ ျပည္သူလူထုအတြက္ အမွန္တကယ္ အက်ိဳးျဖစ္ ထြန္းေစေရး၊ ျပည္သူလူထု၏ အသက္၊ အိုးအိမ္၊ စည္းစိမ္မ်ားကို အကာအကြယ္ ေပးႏိုင္ေရးတို႔ အျပင္ ယခု တစ္ႀကိမ္တြင္ ကို႐ိုနာကူး စက္ေရာဂါ၏ ဒုတိယလိႈင္းအား တားဆီးထိန္းခ်ဳပ္ႏိုင္ေရး၊ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြး ေကာက္ပြဲကာလတြင္ အေထာက္အကူျပဳႏိုင္ေရးတို႔အတြက္ တစ္ဖက္သတ္ အပစ္အခတ္ ရပ္စဲျခင္းအား ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၁ ရက္မွ ႏိုင္၀င္ဘာလ ၉ ရက္ေန႔အထိ ရက္ေပါင္း ၇၀ ၾကာ သတၱမ အႀကိမ္ ထပ္မံ တိုးႁမွင့္လိုက္ပါသည္ဟု ေရးသားထားသည္။

တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA လႈပ္ရွားရာေဒသတြင္ တိုက္ပြဲျဖစ္ပြားမႈ သိသိသာ သာ ေလ်ာ့နည္းသြား ေသာ္လည္း ၎တို႔၏ ညီေနာင္ မဟာမိတ္ ရကၡိဳင့္တပ္ေတာ္ AA လႈပ္ရွားရာ ေဒသ ဖက္တြင္ တိုက္ပြဲမ်ား ျပင္းထန္ေနသည့္အတြက္ အဆိုပါ ေဒသမ်ားတြင္လည္း တိုက္ပြဲမ်ား ရပ္တန္႔ရန္ လည္း ေမွ်ာ္လင့္သည္ဟု ဗိုလ္မႉးမိုင္းအိုက္ေက်ာ္က ေျပာသည္။

ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ျဖစ္သည့္ ရကၡိဳင့္တပ္မေတာ္ ULA/AA၊ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/TNLA၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ တပ္မေတာ္ MNTJP/MNDAA တို႔သည့္ ကခ်င္လြတ္လပ္ေရး KIA ပါဝင္ႏွင့္အတူ အစိုးရ၊ တပ္မေတာ္ႏွင့္ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးရန္ ေဆြးေႏြးေနသည့္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕မ်ားျဖစ္သည္။

ထို႔အျပင္ ၎အဖြဲ႕မ်ားသည္ ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖစ္ျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားျဖစ္သည္။