ရွာအတွင်း ဝင်စီးပြီး ရွာသုံးရွာမှ ရွာသားများကို တပ်မတော်ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊၊

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာသုံးရွာမှ ဒေသခံ ရွာသား တစ်ထောင်ကျော်အား တပ်မတော်က ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းက သာစည်ကျေးရွာအုပ်စုထဲက သာစည်၊ ရွှေပြည်သစ်နှင့် ရွှေပြည်ကျေးရွာတို့မှ ရွာသားများအား သြဂုတ်လ ၃၁ ရက်နေ့ (ယမန်နေ့) ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သာစည်ကျေးရွာမှာ ထွက်ပြေးလွှတ်မြောက်လာသူ ဒေသခံတစ်ဦးက “ကျောက်တော်မြို့နယ် အထက်ပိုင်း၊ ကု လားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း၊ သာစည်ရယ်၊ ရွှေပြည်ရယ်ပေါ့၊ ဖြစ်စဉ်က ဒီလိုပါ ၂၀၂၀ သြဂုတ်လ ၃၁ ရက် နေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က တပ်မတော်စစ်ကြောင်း ကုလားတန်မြစ်ညှာဘက်က ဆင်းလာတဲ့ စစ် ကြောင်းက သာစည်ရွာကိုဝင်ပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပြီးတော့ ဝင်တယ်။ သာစည်ရွာ မှာ ရှိတဲ့အမျိုးသမီးတွေ၊ ကလေးတွေ၊ ယောက်ကျား၊ မိန်းမအကုန်လုံးကို ရိုက်နှက် ဖမ်းဆီးပြီးတော့ ခေါ်သွားတယ်။ ရွှေပြည်ဘုန်းတော်ကြီးကျောင်းမှာ အကုန်လုံးပေါ့။ ပြီးတော့ ရွှေပြည်ရွာမှာ ရှိတဲ့လူအကုန်လုံးကိုလည်း အဲ့ဒီ နေ ရာမှာ စုထားတယ်။ သေနတ်တွေပစ်ပြီး ခြိမ်းခြောက် ဖမ်းဆီးထားတယ်” ဟု ပြောသည်။

ကျေးရွာပေါင်း ၃ ရွာမှ လူဦးရေ တစ်ထောင်ကျော်ကို ရွှေပြည်ဘုန်းတော်ကြီးကျောင်းတွင် စုပြီး ဖမ်းထားသည် ဟု သိရသည်။

“အားလုံးရွှေပြည်ဘုန်းတော်ကြီးကျောင်းမှာပဲ။ ရွှေပြည်ရွာက Quarantine ထားတဲ့လူတွေကိုလည်း ဖမ်းဆီးပြီး အားလုံးကို လည်း ဖမ်းထားတယ်။ အခုအကုန်လုံးကို တစ် နေရာတည်းမှာ ဖမ်းထားတာ။ သာစည်ကျေးရွာ အုပ် စုထဲကပဲ သုံးရွာလုံးက လူက တစ်ထောင်ကျော်ဖမ်းခံထားရတယ်။ ထွက်ပြေးတဲ့လူတွေလည်း ထွက်ပြေးလွှတ် မြောက် သွားတာရှိတယ်။ အခုက အကုန်လုံးကို ဖမ်းဆီးထားပြီးတော့ မနေ့က ညနေစာရယ်၊ ဒီနေ့ မနက်စာ ရယ်၊ အခု ဒီနေ့ ညနေစာရယ် ဘာမှမစားရမသောက်ရနဲ့ ခြိမ်းခြောက်ပြီးတော့ ဖမ်းထားတယ်။ သာစည်ကျေး ရွာက ဦးမောင်ညွှန့်စိန်ရဲ့ သား တစ်ဦးကိုဆိုရင် တစ်ကိုယ်လုံးရိုက်နှက်ထားတော့ သွေးတွေနဲ့ စိုးရိမ်ရ တယ်လို့ ပြေး လာတဲ့လူတစ်ဦးက ပြန်ပြောပြတယ်။ တပ်မတော်စစ်ကြောင်းက စစ်သား အယောက် ၁၇၀၊ ၁၈၀ လောက်ရှိနိုင်တယ်လို့ ပြောတယ်။”

အနီးအနားတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ကျေးရွာများထဲသို့ တပ်မတော် စစ်ကြောင်းက ဝင် ရောက်လာပြီး ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ရွှေပြည်ကျေးရွာမှ ဦးကျော်အေးကလည်း “ဖမ်းထားတဲ့ အခြေအနေကတော့ ရွာထဲကလူတွေနဲ့တော့ ဒီနေ့ အဆက်အသွယ်မရတော့ဘူး။ တကယ်တော့ ဘာမှန်းမသိ ညာမှန်းမသိဖမ်းခံရတယ်လို့ပဲ ပြောလို့ရတယ်။ ကျနော်တို့လည်း ပုဆိုးမသိမ်းဘာမသိမ်းနဲ့ ထွက်ပြေးရတဲ့အထဲမှာ ပါတယ်ဗျ။ ဘာကြောင့်ဖမ်းတယ်ဆိုတာ တော့ ကျနော်တို့လည်း မသိဘူးဗျ။ စစ်ကြောင်းက ဝင်လာပြီး ပစ်တယ်၊ ပြီးတော့ဖမ်းတယ်။ ကျနော်တို့လည်း ဖမ်းတယ်ဆိုတော့ အကုန်လုံး အကြောက်တလန့်နဲ့ ထွက်ပြေးရတာဗျ” ဟု ပြောသည်။

“ကျနော်တို့က သာစည်မှာ ဖမ်းတယ်ဆိုတော့ ပြောရမယ်ဆိုရင် အပေါ်ရွာမှာ ဖမ်းတယ် တအုံးအုံးဖြစ်ပြီးဆို ကျနော်တို့လည်း ကိုယ့်ရဲ့ အသက်လွတ်ဖို့ ထွက်ပြေးရတာပဲ ဖြစ်တယ်ဗျ။ ကျနော်တို့ အခု စုံစမ်းရရှိထား တာတော့ ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ နှိပ်စက်နေတယ်ဆိုတာ သေချာပြောလို့ရတယ်။ အခုကျနော်တို့လည်း လွတ်ရာ လုံခြုံရာ နေရာတစ်ခုခုမှာ တိန်းရှောင်နေရတယ်ပေါ့ဗျာ။”

ထို့အပြင် ရွှေပြည်ကျေးရွာမှာ သတ်မှတ်ထားသည့် Quarantine ထားရှိသူများအားလည်း ဖမ်းဆီးခေါ်ဆောင် ထားပြီး ယခုခါ အခြားသော ဒေသခံရွာသားများနှင့်အတူ ရွှေပြည်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ဖမ်းဆီး ထားသည် ဟု ဦးကျော်အေး က ပြောသည်။

“ကျနော်တို့က COVID-19 ကာလမှ ဒီလိုလုပ်တာ မမှန်ကန်ဘူးလို့ပဲ ထင်တယ်။ အခုလို ဖမ်းတာက တအားကို ရိုင်းစိုင်းရာ ရောက်တယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ မွေးကင်းစမိခင်၊ မွေးကင်းစ ကလေးတွေက အစပါ တယ်။ ဒီမွေးကင်းစမိခင်ဆိုရင် Home Quarantine ထားတဲ့ လူပေါ့။ သူ့ကိုပါ မချန်ပဲ ခေါ်သွားတာပါဗျ။ ဒီလို ပုံစံမျိုး မညှာမတာလုပ်တဲ့ လုပ်ရပ်တွေကို အမြန်ဆုံး သက်ညှာပေးဖို့ လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်ဗျ။”

သာစည်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်၊ ရွှေပြည်ကျေးရွာတွင် အိမ်ခြေ ၆၀၀ နီးပါး နှင့် ရွှေပြည်သစ် ကျေး ရွာတွင် အိမ်ခြေ ၃၀၀ နီးပါးရှိသည်ဟု သိရသည်။

သာစည်၊ ရွှေပြည်နှင့် ရွှေပြည်သစ်ကျေးရွာတို့မှ ဒေသခံရွာသား တစ်ထောင်ကျော် ဖမ်းဆီးခံထားရသည့် ဖြစ်စဉ် နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူအား ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။

ထို့အပြင် အဆိုပါ သတင်းနှင့် ပတ်သက်၍လည်း တပ်မတော်က ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန် ထား ခြင်း မရှိသေးပေ။

*** ZAWGYI ***
ရြာအတြင္း ၀င္စီးၿပီး ရြာသံုးရြာမွ ရြာသားမ်ားကို တပ္မေတာ္ဖမ္းဆီး

သတင္းနွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၀ ခုနွစ္၊ စက္တင္ဘာလ ၁ ရက္၊၊

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေက်းရြာသံုးရြာမွ ေဒသခံ ရြာသား တစ္ေထာင္ေက်ာ္အား တပ္မေတာ္က ဖမ္းဆီးထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက သာစည္ေက်းရြာအုပ္စုထဲက သာစည္၊ ေရႊျပည္သစ္ႏွင့္ ေရႊျပည္ေက်းရြာတို႔မွ ရြာသားမ်ားအား ၾသဂုတ္လ ၃၁ ရက္ေန႔ (ယမန္ေန႔) ကတည္းက ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

သာစည္ေက်းရြာမွာ ထြက္ေျပးလႊတ္ေျမာက္လာသူ ေဒသခံတစ္ဦးက “ေက်ာက္ေတာ္ၿမိဳ႕နယ္ အထက္ပိုင္း၊ ကု လားတန္ျမစ္ရဲ႕ အေရွ႕ဘက္ျခမ္း၊ သာစည္ရယ္၊ ေရႊျပည္ရယ္ေပါ့၊ ျဖစ္စဥ္က ဒီလိုပါ ၂၀၂၀ ၾသဂုတ္လ ၃၁ ရက္ ေန႔ ညေနပိုင္း ၃ နာရီခြဲဝန္းက်င္က တပ္မေတာ္စစ္ေၾကာင္း ကုလားတန္ျမစ္ညွာဘက္က ဆင္းလာတဲ့ စစ္ ေၾကာင္းက သာစည္ရြာကိုဝင္ၿပီးေတာ့ လက္နက္ႀကီး လက္နက္ငယ္ေတြ ပစ္ၿပီးေတာ့ ဝင္တယ္။ သာစည္ရြာ မွာ ရွိတဲ့အမ်ိဳးသမီးေတြ၊ ကေလးေတြ၊ ေယာက္က်ား၊ မိန္းမအကုန္လံုးကို ရိုက္ႏွက္ ဖမ္းဆီးၿပီးေတာ့ ေခၚသြားတယ္။ ေရႊျပည္ဘုန္းေတာ္ႀကီးေက်ာင္းမွာ အကုန္လံုးေပါ့။ ၿပီးေတာ့ ေရႊျပည္ရြာမွာ ရွိတဲ့လူအကုန္လံုးကိုလည္း အဲ့ဒီ ေန ရာမွာ စုထားတယ္။ ေသနတ္ေတြပစ္ၿပီး ၿခိမ္းေျခာက္ ဖမ္းဆီးထားတယ္” ဟု ေျပာသည္။

ေက်းရြာေပါင္း ၃ ရြာမွ လူဦးေရ တစ္ေထာင္ေက်ာ္ကို ေရႊျပည္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ စုၿပီး ဖမ္းထားသည္ ဟု သိရသည္။

“အားလံုးေရႊျပည္ဘုန္းေတာ္ႀကီးေက်ာင္းမွာပဲ။ ေရႊျပည္ရြာက Quarantine ထားတဲ့လူေတြကိုလည္း ဖမ္းဆီးၿပီး အားလံုးကို လည္း ဖမ္းထားတယ္။ အခုအကုန္လံုးကို တစ္ ေနရာတည္းမွာ ဖမ္းထားတာ။ သာစည္ေက်းရြာ အုပ္ စုထဲကပဲ သံုးရြာလံုးက လူက တစ္ေထာင္ေက်ာ္ဖမ္းခံထားရတယ္။ ထြက္ေျပးတဲ့လူေတြလည္း ထြက္ေျပးလႊတ္ ေျမာက္ သြားတာရွိတယ္။ အခုက အကုန္လံုးကို ဖမ္းဆီးထားၿပီးေတာ့ မေန႔က ညေနစာရယ္၊ ဒီေန႔ မနက္စာ ရယ္၊ အခု ဒီေန႔ ညေနစာရယ္ ဘာမွမစားရမေသာက္ရနဲ႔ ၿခိမ္းေျခာက္ၿပီးေတာ့ ဖမ္းထားတယ္။ သာစည္ေက်း ရြာက ဦးေမာင္ညႊန္႔စိန္ရဲ႕ သား တစ္ဦးကိုဆိုရင္ တစ္ကိုယ္လံုးရိုက္ႏွက္ထားေတာ့ ေသြးေတြနဲ႔ စိုးရိမ္ရ တယ္လို႔ ေျပး လာတဲ့လူတစ္ဦးက ျပန္ေျပာျပတယ္။ တပ္မေတာ္စစ္ေၾကာင္းက စစ္သား အေယာက္ ၁၇၀၊ ၁၈၀ ေလာက္ရွိႏုိင္တယ္လို႔ ေျပာတယ္။”

အနီးအနားတြင္ တစ္စံုတစ္ရာ တုိက္ပြဲျဖစ္ပြားျခင္း မရွိပဲ ေက်းရြာမ်ားထဲသို႔ တပ္မေတာ္ စစ္ေၾကာင္းက ဝင္ ေရာက္လာၿပီး ယခုကဲ့သို႔ ဖမ္းဆီးစစ္ေဆးျခင္းမ်ား ျပဳလုပ္ေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

ေရႊျပည္ေက်းရြာမွ ဦးေက်ာ္ေအးကလည္း “ဖမ္းထားတဲ့ အေျခအေနကေတာ့ ရြာထဲကလူေတြနဲ႔ေတာ့ ဒီေန႔ အဆက္အသြယ္မရေတာ့ဘူး။ တကယ္ေတာ့ ဘာမွန္းမသိ ညာမွန္းမသိဖမ္းခံရတယ္လို႔ပဲ ေျပာလို႔ရတယ္။ က်ေနာ္တို႔လည္း ပုဆိုးမသိမ္းဘာမသိမ္းနဲ႔ ထြက္ေျပးရတဲ့အထဲမွာ ပါတယ္ဗ်။ ဘာေၾကာင့္ဖမ္းတယ္ဆုိတာ ေတာ့ က်ေနာ္တုိ႔လည္း မသိဘူးဗ်။ စစ္ေၾကာင္းက ဝင္လာၿပီး ပစ္တယ္၊ ၿပီးေတာ့ဖမ္းတယ္။ က်ေနာ္တုိ႔လည္း ဖမ္းတယ္ဆုိေတာ့ အကုန္လံုး အေၾကာက္တလန္႔နဲ႔ ထြက္ေျပးရတာဗ်” ဟု ေျပာသည္။

“က်ေနာ္တုိ႔က သာစည္မွာ ဖမ္းတယ္ဆုိေတာ့ ေျပာရမယ္ဆုိရင္ အေပၚရြာမွာ ဖမ္းတယ္ တအံုးအံုးျဖစ္ၿပီးဆို က်ေနာ္တုိ႔လည္း ကိုယ့္ရဲ႕ အသက္လြတ္ဖုိ႔ ထြက္ေျပးရတာပဲ ျဖစ္တယ္ဗ်။ က်ေနာ္တုိ႔ အခု စံုစမ္းရရွိထား တာေတာ့ ဖမ္းဆီးတယ္၊ ရိုက္ႏွက္တယ္၊ ႏွိပ္စက္ေနတယ္ဆုိတာ ေသခ်ာေျပာလုိ႔ရတယ္။ အခုက်ေနာ္တုိ႔လည္း လြတ္ရာ လံုၿခံဳရာ ေနရာတစ္ခုခုမွာ တိန္းေရွာင္ေနရတယ္ေပါ့ဗ်ာ။”

ထုိ႔အျပင္ ေရႊျပည္ေက်းရြာမွာ သတ္မွတ္ထားသည့္ Quarantine ထားရွိသူမ်ားအားလည္း ဖမ္းဆီးေခၚေဆာင္ ထားၿပီး ယခုခါ အျခားေသာ ေဒသခံရြာသားမ်ားႏွင့္အတူ ေရႊျပည္ဘုန္းေတာ္ႀကီးေက်ာင္းဝင္း အတြင္း ဖမ္းဆီး ထားသည္ ဟု ဦးေက်ာ္ေအး က ေျပာသည္။

“က်ေနာ္တို႔က COVID-19 ကာလမွ ဒီလိုလုပ္တာ မမွန္ကန္ဘူးလို႔ပဲ ထင္တယ္။ အခုလို ဖမ္းတာက တအားကို ရိုင္းစိုင္းရာ ေရာက္တယ္လုိ႔ ေျပာခ်င္ပါတယ္။ က်ေနာ္တို႔ ေမြးကင္းစမိခင္၊ ေမြးကင္းစ ကေလးေတြက အစပါ တယ္။ ဒီေမြးကင္းစမိခင္ဆုိရင္ Home Quarantine ထားတဲ့ လူေပါ့။ သူ႔ကိုပါ မခ်န္ပဲ ေခၚသြားတာပါဗ်။ ဒီလို ပံုစံမ်ိဳး မညွာမတာလုပ္တဲ့ လုပ္ရပ္ေတြကို အျမန္ဆံုး သက္ညွာေပးဖို႔ လႊတ္ေပးဖုိ႔ပဲ ေတာင္းဆိုခ်င္ပါတယ္ဗ်။”

သာစည္ေက်းရြာတြင္ အိမ္ေျခ ၄၀၀ ေက်ာ္၊ ေရႊျပည္ေက်းရြာတြင္ အိမ္ေျခ ၆၀၀ နီးပါး ႏွင့္ ေရႊျပည္သစ္ ေက်း ရြာတြင္ အိမ္ေျခ ၃၀၀ နီးပါးရွိသည္ဟု သိရသည္။

သာစည္၊ ေရႊျပည္ႏွင့္ ေရႊျပည္သစ္ေက်းရြာတုိ႔မွ ေဒသခံရြာသား တစ္ေထာင္ေက်ာ္ ဖမ္းဆီးခံထားရသည့္ ျဖစ္စဥ္ ႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိသူအား ဆက္သြယ္ခဲ့ေသာ္လည္း ဆက္ သြယ္၍ မရခဲ့ေပ။

ထုိ႔အျပင္ အဆိုပါ သတင္းႏွင့္ ပတ္သက္၍လည္း တပ္မေတာ္က ယေန႔အခ်ိန္ထိ တစ္စံုတစ္ရာ ထုတ္ျပန္ ထား ျခင္း မရွိေသးေပ။