ကယားဝန်ကြီးချုပ် တာဝန်ရပ်စဲရန် ပြည်နယ် လွှတ်တော် အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်မှ ရပ်စဲရန် ပြည်နယ်လွှတ်တော်တွင် အတည်ပြု လိုက်သည်။

စက်တင်ဘာလ ၁ ရက်နေ့ တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်သည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း တွေ့ရှိချက်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ အများစုက လက်ခံ ခဲ့သည့် အတွက် အတည်ပြုလိုက်ခြင်းသည်။

လွှတ်တော်စုံစမ်းစစ်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် တစ်ဦးလည်းဖြစ်သူ ခူးသဲရယ် က “လွှတ်တော်ထဲမှာ ဒီနေ့မဲခွဲဆုံးဖြတ်ကြတာပေါ့နော်။ ဒီလွှတ်တော် ထဲမှာ ကျနော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ တွေ့ရှိချက်ကို တင်သွင်းတာပေါ့။ ဒီအစီရင်ခံစာ အောင် သွားတာပေါ့နော်။ လွှတ်တော် (ကိုယ်စားလှယ်) အများစုကစွပ်စွဲပြစ်တင်တဲ့ အကြောင်းအရာကို လက်ခံတယ်။ ထောက်ခံတယ်ပေါ့။”ဟုပြောသည်။

ပြည်နယ်လွှတ်တော်မှ ရလာဒ်ကို လွှတ်တော်ဥက္ကဌက သမ္မတထံ ဆက်လက် အစီရင်ခံသွားရမည်ဟု ဆက်ပြောသည်။

“စုံစမ်းစစ်ဆေးရေးကနေ တင်လာတဲ့ ဒီအစီရင်ခံစာကို လွှတ်တော် ဥက္ကဋ္ဌကနေ လွှတ်တော်ထဲမှာ ဒီနေ့ တင် သွင်းတာပေါ့၊ အဲ့မှာ ဆုံးဖြတ်တော့ ထောက်ခံသူ ကိုယ်စားလှယ် ၁၆ မဲ၊ ကန့်ကွက်တာက ၄ မဲ ပါ။ ပြော ရမယ်ဆိုရင် သုံးပုံနှစ်ပုံကျော် သွားတာပေါ့။”

ကယားပြည်နယ် လွှတ်တော်အတွင်းက တပ်မတော်သားကိုယ်စားလှယ် ၅ ဦး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ် စားလှယ် ၁၅ ဦး ရှိရာ ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှုအား မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ သာ ရှိခဲ့သည့်အတွက် ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော် ထောက်ခံခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ၎င်းတာဝန်ယူစဉ်ကာလတွင် လုပ်ပိုင်ခွင့်အား အလွဲသုံးစားလုပ်ခဲ့ကြောင်း စုံစမ်းစစ်ရေးအဖွဲ့၏ တွေ့ရှိချက်ကို လွှတ်တော်အတွင်း အများစုက လက်ခံခဲ့သည် ဟု ခူးသဲရယ် က ပြောသည်။

“ကျနော်တို့က ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုတဲ့ စိတ်ဆန္ဒ လုံးဝမပါဘူး။ အားလုံးကို ချပြချင်တာက နောက်ပိုင်း တက်လာမယ့် အစိုးရတွေလည်း ဒီလိုမျိုး လုပ်လို့မရဘူး၊ ဒါမျိုးတွေ လုပ်ခဲ့ရင် လွှတ်တော်ကလည်း ဒီလိုလုပ်ပိုင် ခွင့်တွေ ရှိတယ်ဆိုတာ ပြတာဖြစ်တယ်။ ပြည်သူတွေရဲ့ အကျိုးအတွက်လုပ်တာပါ။ အခုလို လုပ်လိုက်ခြင်းအား ဖြင့် ပြည်သူလူထုရဲ့ အကျိုးပေါ့ အများကြီး သက်ရောက်မှု ရှိပါတယ်။ အခုတော့ နောက်ဆုံးသမ္မတက ဆုံးဖြတ် ရမယ့် အဆင့်ပဲ ကျန်တော့တယ်။”

ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ က နိုင်ငံတော် သမ္မတထံ လွှတ်တော်မှ ရရှိလာသည့် ယခုဆုံးဖြတ်ချက်အား ပေးပို့ရမှာဖြစ်ပြီး ဝန်ကြီးချုပ်တွင် အပြစ်ရှိ မရှိ ကို သမ္မတက ဆုံးဖြတ်ရန်သာ ကျန်တော့သည်ဟု ပြောသည်။

“လွတ်တော် ဥက္ကဋ္ဌက‌နေတဆင့် နိုင်ငံတော်သမ္မတဆီ တင်ပြီးတော့မှ သူ့ကို ဒီဝန်ကြီးချုပ်ရာထူးကနေ နားဖို့ အတွက်ကိုပဲ ဒါကျနော်တို့က ဒါပထမတစ်ဆင့်ပေါ့နော်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ် ကနေ နားရမယ် မနားရဘူးဆိုတာကတော့ ဒါကတော့ နောက်တစ်ပိုင်းပေါ့” ဟု ခူးသဲရယ် က ပြောသည်။

ဝန်ကြီးချုပ်သည် နိုင်ငံပိုင် စက်ယန္တရားများ ငှားရမ်းခအတွက် ရရှိငွေများကို ပြည်သူ့ဘဏ္ဍာငွေထဲ မထည့်သွင်းပဲ ကိုယ်ပိုင် ဘဏ်စာရင်းအတွင်းထည့်သွင်းထားသည့် ကိစ္စ၊ ၊ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပရာ မြေနေရာ ကိစ္စ တို့တွင် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်ခံထားရခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) ပုဒ်မ ၂၆၃ အရ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက် ကျူးလွန်သည်ဟုဆိုကာ အရေးယူ ဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လက်မှတ်ရေးထိုးပြီး ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌထံ သြဂုတ် ၁၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ နိုင်ငံတော်အား သစ္စာ ဖောက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့် သိက္ခာ ပျက်ပြားခြင်း၊ ဝန်ကြီးချုပ်၏ အရည်အချင်း ပျက်ခြင်း နှင့် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပြွန် မှုမရှိခြင်း စသည့် အကြောင်းအရာ တစ်ရပ်ရပ်ကြောင့် စွပ်စွဲ ပြစ်တင်နိုင်ကြောင်း ဖော်ပြထားသည်။

သြဂုတ်လ ၃၁ ရက်နေ့က ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အား စွပ်စွဲပြစ်တင်ခြင်းများနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ တွေ့ရှိချက်များကို အများပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြရန် ကယား(ကရင်နီ) အရပ်ဘက် အဖွဲ့ အစည်း ၂၃ ဖွဲ့ က တောင်းဆိုထားသည်။

*** ZAWGYI ***
ကယား၀န္ၾကီးခ်ဳပ္ တာ၀န္ရပ္စဲရန္ ျပည္နယ္ လႊတ္ေတာ္ အတည္ျပဳ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈကို တာဝန္မွ ရပ္စဲရန္ ျပည္နယ္လႊတ္ေတာ္တြင္ အတည္ျပဳ လိုက္သည္။

စက္တင္ဘာလ ၁ ရက္ေန႔ တြင္ က်င္းပသည့္ ျပည္နယ္လႊတ္ေတာ္တြင္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္သည္ လုပ္ပိုင္ခြင့္ကို အလြဲသံုးစားလုပ္ခဲ့ေၾကာင္း ေတြ႕ရိွခ်က္ႏွင့္ ပတ္သက္၍ မဲခြဲဆံုးျဖတ္ရာ အမ်ားစုက လက္ခံ ခဲ့သည့္ အတြက္ အတည္ျပဳလိုက္ျခင္းသည္။

လႊတ္ေတာ္စံုစမ္းစစ္ေရးအဖြဲ႕ ဥကၠ႒လည္းျဖစ္၊ ဖရူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္ စားလွယ္ တစ္ဦးလည္းျဖစ္သူ ခူးသဲရယ္ က “လႊတ္ေတာ္ထဲမွာ ဒီေန႔မဲခြဲဆုံးျဖတ္ၾကတာေပါ့ေနာ္။ ဒီလႊတ္ေတာ္ ထဲမွာ က်ေနာ္တို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ အစီရင္ခံစာ ေတြ႕ရွိခ်က္ကို တင္သြင္းတာေပါ့။ ဒီအစီရင္ခံစာ ေအာင္ သြားတာေပါ့ေနာ္။ လႊတ္ေတာ္ (ကိုယ္စားလွယ္) အမ်ားစုကစြပ္စြဲျပစ္တင္တဲ့ အေၾကာင္းအရာကို လက္ခံတယ္။ ေထာက္ခံတယ္ေပါ့။” ဟုေျပာသည္။

ျပည္နယ္လႊတ္ေတာ္မွ ရလာဒ္ကို လႊတ္ေတာ္ဥကၠဌက သမၼတထံ ဆက္လက္ အစီရင္ခံသြားရမည္ဟု ဆက္ေျပာသည္။

“စံုစမ္းစစ္ေဆးေရးကေန တင္လာတဲ့ ဒီအစီရင္ခံစာကို လႊတ္ေတာ္ ဥကၠ႒ကေန လႊတ္ေတာ္ထဲမွာ ဒီေန႔ တင္ သြင္းတာေပါ့၊ အဲ့မွာ ဆံုးျဖတ္ေတာ့ ေထာက္ခံသူ ကိုယ္စားလွယ္ ၁၆ မဲ၊ ကန္႔ကြက္တာက ၄ မဲ ပါ။ ေျပာ ရမယ္ဆုိရင္ သံုးပံုႏွစ္ပံုေက်ာ္ သြားတာေပါ့။”

ကယားျပည္နယ္ လႊတ္ေတာ္အတြင္းက တပ္မေတာ္သားကိုယ္စားလွယ္ ၅ ဦး၊ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္ စားလွယ္ ၁၅ ဦး ရွိရာ ဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္မႈအား မဲခြဲဆံုးျဖတ္ရာ ေထာက္ခံမဲ ၁၆ မဲ၊ ကန္႔ကြက္မဲ ၄ မဲ သာ ရွိခဲ့သည့္အတြက္ ဥပေဒအရ လႊတ္ေတာ္ကိုယ္စားလွယ္ သံုးပံုႏွစ္ပံုေက်ာ္ ေထာက္ခံခဲ့ျခင္း ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈသည္ ၎တာဝန္ယူစဥ္ကာလတြင္ လုပ္ပိုင္ခြင့္အား အလြဲသံုးစားလုပ္ခဲ့ေၾကာင္း စံုစမ္းစစ္ေရးအဖြဲ႕၏ ေတြ႕ရွိခ်က္ကို လႊတ္ေတာ္အတြင္း အမ်ားစုက လက္ခံခဲ့သည္ ဟု ခူးသဲရယ္ က ေျပာသည္။

“က်ေနာ္တုိ႔က ပုဂၢိဳလ္ေရးအရ တုိက္ခိုက္လိုတဲ့ စိတ္ဆႏၵ လံုးဝမပါဘူး။ အားလံုးကို ခ်ျပခ်င္တာက ေနာက္ပိုင္း တက္လာမယ့္ အစိုးရေတြလည္း ဒီလိုမ်ိဳး လုပ္လို႔မရဘူး၊ ဒါမ်ိဳးေတြ လုပ္ခဲ့ရင္ လႊတ္ေတာ္ကလည္း ဒီလိုလုပ္ပိုင္ ခြင့္ေတြ ရွိတယ္ဆုိတာ ျပတာျဖစ္တယ္။ ျပည္သူေတြရဲ႕ အက်ိဳးအတြက္လုပ္တာပါ။ အခုလို လုပ္လိုက္ျခင္းအား ျဖင့္ ျပည္သူလူထုရဲ႕ အက်ိဳးေပါ့ အမ်ားႀကီး သက္ေရာက္မႈ ရွိပါတယ္။ အခုေတာ့ ေနာက္ဆံုးသမၼတက ဆံုးျဖတ္ ရမယ့္ အဆင့္ပဲ က်န္ေတာ့တယ္။”

ျပည္နယ္ လြႊတ္ေတာ္ ဥကၠ႒ က ႏိုင္ငံေတာ္ သမၼတထံ လႊတ္ေတာ္မွ ရရွိလာသည့္ ယခုဆံုးျဖတ္ခ်က္အား ေပးပို႔ရမွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္တြင္ အျပစ္ရွိ မရွိ ကုိ သမၼတက ဆံုးျဖတ္ရန္သာ က်န္ေတာ့သည္ဟု ေျပာသည္။

“လြတ္ေတာ္ ဥကၠ႒က‌ေနတဆင့္ ႏိုင္ငံေတာ္သမၼတဆီ တင္ၿပီးေတာ့မွ သူ႔ကို ဒီဝန္ႀကီးခ်ဳပ္ရာထူးကေန နားဖို႔ အတြက္ကိုပဲ ဒါက်ေနာ္တို႔က ဒါပထမတစ္ဆင့္ေပါ့ေနာ္။ ေနာက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ကေန နားရမယ္ မနားရဘူးဆိုတာကေတာ့ ဒါကေတာ့ ေနာက္တစ္ပိုင္းေပါ့” ဟု ခူးသဲရယ္ က ေျပာသည္။

ဝန္ႀကီးခ်ဳပ္သည္ ႏိုင္ငံပိုင္ စက္ယႏၱရားမ်ား ငွားရမ္းခအတြက္ ရရွိေငြမ်ားကို ျပည္သူ႔ဘ႑ာေငြထဲ မထည့္သြင္းပဲ ကိုယ္ပိုင္ ဘဏ္စာရင္းအတြင္းထည့္သြင္းထားသည့္ ကိစၥ၊ ၊ ကယားျပည္နယ္ေန႔ ပြဲေတာ္ က်င္းပရာ ေျမေနရာ ကိစၥ တို႔တြင္ ပြင့္လင္းျမင္သာမႈ မရွိျခင္းတုိ႔ေၾကာင့္ စြပ္စြဲျပစ္တင္ခံထားရျခင္းျဖစ္သည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၅) ပုဒ္မ ၂၆၃ အရ ျပ႒ာန္းခ်က္မ်ားအား ေဖာက္ဖ်က္ က်ဴးလြန္သည္ဟုဆိုကာ အေရးယူ ေဆာင္႐ြက္ေပးရန္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးက လက္မွတ္ေရးထိုးၿပီး ျပည္နယ္လႊတ္ ေတာ္ ဥကၠ႒ထံ ၾသဂုတ္ ၁၂ ရက္က တင္ျပခဲ့ျခင္း ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိအား ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း(၅) ပုဒ္မ ၂၆၃(က)ပါ ႏိုင္ငံေတာ္အား သစၥာ ေဖာက္ျခင္း၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ တစ္ရပ္ရပ္အား ေဖာက္ဖ်က္က်ဴးလြန္ျခင္း၊ အက်င့္ သိကၡာ ပ်က္ျပားျခင္း၊ ဝန္ႀကီးခ်ဳပ္၏ အရည္အခ်င္း ပ်က္ျခင္း နွင့္ ဥပေဒအရ ေပးအပ္ထားေသာ တာဝန္မ်ားကို ေက်ျပြန္ မႈမရွိျခင္း စသည့္ အေၾကာင္းအရာ တစ္ရပ္ရပ္ေၾကာင့္ စြပ္စြဲ ျပစ္တင္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ၾသဂုတ္လ ၃၁ ရက္ေန႔က ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈ အား စြပ္စြဲျပစ္တင္ျခင္းမ်ားႏွင့္ စံုစမ္းစစ္ေဆးေရးအဖြဲ႕ ၏ ေတြ႕ရွိခ်က္မ်ားကို အမ်ားျပည္သူကို ပြင့္လင္းျမင္သာစြာ ခ်ျပရန္ ကယား(ကရင္နီ) အရပ္ဘက္ အဖြဲ႕ အစည္း ၂၃ ဖြဲ႕ က ေတာင္းဆိုထားသည္။