မော်လမြိုင် ရပ်ကွက်နှစ်ခု အိမ်တွင်းနေ အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

COVID-19 ရောဂါပိုး ကူးစက်မှုကြောင့် မွန်ပြည်နယ်မြို့တော် မော်လမြိုင်မှ ရပ်ကွက်နှစ်ခုတွင် နေအိမ်တွင်း နေထိုင်ရန် (Stay at home) အမိန့်ကို စက်တင်ဘာ ၂ ရက်နေ့(ယနေ့) တွင် ထုတ်ပြန် လိုက်သည်။

မော်လမြိုင်မြို့ တွင် COVOD-19 ကူးစက်ရောဂါပိုးရှိသူ ၈ ဦးတွေ့သည့်ကိစ္စနှင့်ပတ်သက်ပြီး စက်ကဲကုန်း ရပ်ကွက်နှင့် မုပွန်ရပ်ကွက်နေ ပြည်သူများအား အိမ်တွင်းနေထိုင်ရန် အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၂ ရက်နေ့က ကျင်းပခဲ့သည့် မွန်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“လက်ရှိအနေအထားအရ မုပွန်နဲ့ စက်ကဲကုန်းရပ်ကွက်နှစ်ခုကို stay at home ဒီနေ့ စတင်ပြီးတော့မှ ကြေ ညာချက် အမိန့်တွေ ထုတ်ပြန်ဖို့ ဆောင်ရွက်နေတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး က ပြောသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်းရပ်ကွက်ရှိ ပြည်သူများ အနေဖြင့် နေအိမ်တွင်သာနေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ယောက်သာ သွားရန်၊ ဆေးရုံဆေးခန်းသွားရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသွားလာရန်၊ နေအိမ်မှ အပြင်သို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း(mask)တပ်ရန် စသည်တို့အပါအဝင် လိုက်နာရန် အချက်(၆)ချက်ကို ထုတ်ပြန်ထားသည်။

လိုက်နာမှုမရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေရ အရေးယူသွားမည်ဟု ရေးသားပါရှိသည်။

လက်ရှိတွင် ရောဂါပိုးတွေ့ရှိထားသူ ၈ ဦးတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်ထား သည့် စောင့်ကြည့်ရေးစခန်းတွင် သီးသန့်ခွဲကာ စောင့်ကြည့်သွားမည်ဟုလည်း ဗိုလ်မှူးကြီးနေထွဋ်ဦး က ပြောသည်။

ထို့အပြင် ပိုးတွေ့ရှိသူ ၈ ဦးထဲတွင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်လာသည့်အတွက် နောက်နောင် တွင် ပိုးတွေ့လူနာသွားရောက်ခေါ်ဆောင်သည်ဖြစ်စေ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအား သွားရောက် ခေါ် ဆောင်သည်ဖြစ်စေ သတိထားပြီး လူအင်အားအနည်းဆုံးနှင့် သွားရောက်ခေါ်ဆောင်ရန်လည်း ညှိနှိုင်း ထား သည် ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ဆက်ပြောသည်။

“ပိုးတွေ့တဲ့ case ၈ ခုမှာ စိတ်မကောင်းစွာပဲ လူမှုကယ်ဆယ်ရေးအသင်းက အသင်းသားတွေ ပါဝင်လာတာ တွေ့ရတယ်။ အဲတော့ သတိအထူးထားဖို့တော့ လိုမယ်လို့ ဒီအစည်းအဝေးကနေ ချမှတ်ပါတယ်၊ ပိုးအနေနဲ့ ကြည့်ရင် ၁၀ ရက်အတွင်းမှာ ထိတွေ့တယ်။ ၁၀ ရက်အတွင်းမှာ ဖြန့်ဖြူးနိုင်တဲ့အဆင့်မှာ ရောက်သွားတယ်လို့ တွက်ဆလို့ရတာပေါ့ ဒါ အထူးသတိထားရမယ့်အခြေအနေ တစ်ရပ်ကို ရောက်လာတယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦး က ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မော်လမြိုင်မြို့ တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၈ ဦးရှိသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ ၈ ဦးတွင် ၄ ဦးမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ မှ ဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်း မာရေးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူ ပိုးတွေ့လူနာ ၉ ဦးရှိပြီး မော်လမြိုင် ပြည်သူ့ ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူနေသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္ ရပ္ကြက္နွစ္ခု အိမ္တြင္းေန အမိန္႔ထုတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

COVID-19 ေရာဂါပိုး ကူးစက္မႈေၾကာင့္ မြန္ျပည္နယ္ၿမိဳ႔ေတာ္ ေမာ္လၿမိဳင္မွ ရပ္ကြက္ႏွစ္ခုတြင္ ေနအိမ္တြင္း ေနထိုင္ရန္ (Stay at home) အမိန္႔ကို စက္တင္ဘာ ၂ ရက္ေန႔(ယေန႔) တြင္ ထုတ္ျပန္ လိုက္သည္။

ေမာ္လၿမိဳင္ၿမိဳ႕ တြင္ COVOD-19 ကူးစက္ေရာဂါပိုးရွိသူ ၈ ဦးေတြ႔သည့္ကိစၥႏွင့္ပတ္သက္ၿပီး စက္ကဲကုန္း ရပ္ကြက္ႏွင့္ မုပြန္ရပ္ကြက္ေန ျပည္သူမ်ားအား အိမ္တြင္းေနထိုင္ရန္ အမိန္႔ကို ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

စက္တင္ဘာ ၂ ရက္ေန႔က က်င္းပခဲ့သည့္ မြန္ျပည္နယ္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန္႔ျပန္ ေရးေကာ္မတီလုပ္ငန္း ၫွိႏႈိင္းအစည္းအေဝး ဆံုးျဖတ္ခ်က္ျဖင့္ အမိန္႔ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

“လက္ရွိအေနအထားအရ မုပြန္နဲ႔ စက္ကဲကုန္းရပ္ကြက္ႏွစ္ခုကို stay at home ဒီေန႔ စတင္ၿပီးေတာ့မွ ေၾက ညာခ်က္ အမိန္႔ေတြ ထုတ္ျပန္ဖို႔ ေဆာင္ရြက္ေနတယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရး ရာဝန္ႀကီး ဗိုလ္မွဴးႀကီးေနထြဋ္ဦး က ေျပာသည္။

ယေန႔ ထုတ္ျပန္လိုက္သည့္ အဆုိပါ ထုတ္ျပန္ခ်က္ထဲတြင္ မုပြန္ရပ္ကြက္ႏွင့္ စစ္ကဲကုန္းရပ္ကြက္ရွိ ျပည္သူမ်ား အေနျဖင့္ ေနအိမ္တြင္သာေနထုိင္ရန္၊ မျဖစ္မေန ေစ်းဝယ္ထြက္ရန္အတြက္ တစ္အိမ္လ်ွင္ တစ္ေယာက္သာ သြားရန္၊ ေဆးရံုေဆးခန္းသြားရန္ရွိပါက တစ္အိမ္လ်ွင္ ႏွစ္ဦးသြားလာရန္၊ ေနအိမ္မွ အျပင္သို႔ သြားလာလ်ွင္ ပါးစပ္/ႏွာေခါင္းစည္း(mask)တပ္ရန္ စသည္တုိ႔အပါအဝင္ လိုက္နာရန္ အခ်က္(၆)ခ်က္ကို ထုတ္ျပန္ထားသည္။

လိုက္နာမႈမရွိပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒရ အေရးယူသြားမည္ဟု ေရးသားပါရွိသည္။

လက္ရွိတြင္ ေရာဂါပိုးေတြ႔ရွိထားသူ ၈ ဦးတို႔ႏွင့္ အနီးကပ္ထိေတြ႔ခဲ့သူမ်ားကို အသြားအလာ ကန္႔သတ္ထား သည့္ ေစာင့္ၾကည့္ေရးစခန္းတြင္ သီးသန္႔ခဲြကာ ေစာင့္ၾကည့္သြားမည္ဟုလည္း ဗိုလ္မွဴးႀကီးေနထြဋ္ဦး က ေျပာသည္။

ထို႔အျပင္ ပိုးေတြ႔ရွိသူ ၈ ဦးထဲတြင္ လူမႈကယ္ဆယ္ေရးအဖြဲ႔မွ အဖြဲ႔ဝင္မ်ား ပါဝင္လာသည့္အတြက္ ေနာက္ေနာင္ တြင္ ပိုးေတြ႔လူနာသြားေရာက္ေခၚေဆာင္သည္ျဖစ္ေစ၊ ပိုးေတြ႔လူနာႏွင့္ ထိေတြ႔ခဲ့သူမ်ားအား သြားေရာက္ ေခၚ ေဆာင္သည္ျဖစ္ေစ သတိထားၿပီး လူအင္အားအနည္းဆံုးႏွင့္ သြားေရာက္ေခၚေဆာင္ရန္လည္း ၫွိႏႈိင္း ထား သည္ ဟု လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး က ဆက္ေျပာသည္။

“ပိုးေတြ႔တဲ့ case ၈ ခုမွာ စိတ္မေကာင္းစြာပဲ လူမႈကယ္ဆယ္ေရးအသင္းက အသင္းသားေတြ ပါဝင္လာတာ ေတြ႔ရတယ္။ အဲေတာ့ သတိအထူးထားဖို႔ေတာ့ လိုမယ္လို႔ ဒီအစည္းအေဝးကေန ခ်မွတ္ပါတယ္၊ ပိုးအေနနဲ႔ ၾကည့္ရင္ ၁၀ ရက္အတြင္းမွာ ထိေတြ႔တယ္။ ၁၀ ရက္အတြင္းမွာ ျဖန္႔ျဖဴးႏိုင္တဲ့အဆင့္မွာ ေရာက္သြားတယ္လို႔ တြက္ဆလို႔ရတာေပါ့ ဒါ အထူးသတိထားရမယ့္အေျခအေန တစ္ရပ္ကို ေရာက္လာတယ္” ဟု ဗိုလ္မွဴးႀကီး ေနထြဋ္ဦး က ေျပာသည္။

စက္တင္ဘာ ၁ ရက္ေန႔ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ ေမာ္လၿမိဳင္ၿမိဳ႕ တြင္ COVID-19 ေရာဂါပိုးေတြ႔ရွိသူ ၈ ဦးရွိသည္။

အဆိုပါ ေရာဂါပိုးေတြ႔ရွိသူ ၈ ဦးတြင္ ၄ ဦးမွာ လူမႈကယ္ဆယ္ေရးအဖြဲ႔တိို႔ မွ ျဖစ္သည္ဟု ျပည္နယ္ျပည္သူ႔က်န္း မာေရးဌာန၏ ထုတ္ျပန္ခ်က္ အရ သိရသည္။

လက္ရွိတြင္ မြန္ျပည္နယ္အတြင္း COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ပိုးေတြ႔လူနာ ၉ ဦးရွိၿပီး ေမာ္လၿမိဳင္ ျပည္သူ႔ ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသခံယူေနသည္။