ရွေးကောက်ပွဲ ရွှေ့ဆိုင်းပါက အောက်တိုဘာတွင် ကြေညာမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။

ကူးစက်နှုန်း မြှင့်တက်လာသည့် COVID- 19 ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ဆိုပါ က အောက်တိုဘာလတွင် ကြိုတင်အသိ ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ပြောသည်။

COVID- 19 ကပ်ရောဂါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းမည် ဆိုပါက ကြိုတင်အသိပေး သွားမည်ဟု စက်တင်ဘာလ ၂ ရက်နေ့ ယမန်နေ့က နေပြည်တော်ရှိ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရွှေ့ဖို့အကြောင်း အခုထိမရှိသေးဘူးပေါ့။ ရွှေ့ရင် အခုနလို အောက်တိုဘာလ ကြိုတင်ပြီးတော့ ပြောမှာ ပေါ့။”

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၃ ရက်နေ့ အထိ COVID– 19 ကူးစက်ခံရသူ ၁၀၅၈ ရှိဦးရှိပြီး ကူးစက်ခံရသူ အများစုမှာ ရခိုင်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးမှ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် စောင့်ကြည့်လူနာ ၇၆၈၅ ဦး၊ ပြန်သက်လာသူ ၃၅၉ ဦးနှင့် သေဆုံးသူ ၆ ဦးရှိသည်ဟု ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဦးမြင့်နိုင်က “များများလာတယ်ဆိုတာလည်းပဲ စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ ကျန်တဲ့ နေရာတွေမှာတော့ ဒီ လောက် မရှိဘူးပေါ့။ စစ်တွေနဲ့ ရန်ကုန်လောက်မှာပဲ များတာ ရွှေ့ဖို့ရှိတယ်ဆိုရင် ခါတိုင်း အောက်တိုဘာ လမှာ ကြိုတင်အသိပေးတာပေါ့။ အခုက အများကြီးမရှိပါဘူး။ ရခိုင်ထဲပဲ။ အခုနက ပြောသလို “ဝ” ဒေသ ၅ မြို့နယ်နဲ့ ရခိုင်ထဲက မြို့နယ် တချို့ ပေါ့။ အဲ့လိုမျိုး မကျင်းပနိုင်မယ့်ဟာကိုလည်း ကြိုပြီးတော့ ကြေညာသွားမှာပါ” ဟု ပြောသည်။

ယခုနှစ် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်နေပြီး၊ COVID-19 ကူးစက်ရောဂါ ကူးစက်မှုများ နေ့စဉ် ရက် ဆက် မြှင့်တက်လာနေသည့်အတွက် မဲရုံများ တိုးချဲ့ နိုင်ရေးအပြင် အခြားသော ကြိုတင်ပြင်ဆင်များအား လည်း ကော်မရှင်အနေဖြင့် လုပ်ဆောင်နေသည်ဟု ဦးမြင့်နိုင်က သတင်းထောက်များအား ပြောသည်။

COVID- 19 ကာလဖြစ်နေသော်လည်း ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈၆၃ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် ပေါင်း ၇၁ ဦး၊ အမျိုးသားလွှတ်တော်နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄၇ ဦး နှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇ဝဝ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ် အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၉ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၃၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

COVID- 19 ကာလအတွင်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် လွှတ်တော် ၃ ရပ်လုံး အတွက် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၇၀၀၀ နီးပါးခန့် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဟု ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

*** ZAWGYI ***
ေရြးေကာက္ပြဲ ေရႊ႔ဆိုင္းပါက ေအာက္တိုဘာတြင္ ေၾကညာမည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ စက္တင္ဘာလ ၃ ရက္။

ကူးစက္ႏႈန္း ႁမွင့္တက္လာသည့္ COVID- 19 ကပ္ေရာဂါေၾကာင့္ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းမည္ဆိုပါ က ေအာက္တိုဘာလတြင္ ႀကိဳတင္အသိ ေပးသြားမည္ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC က ေျပာသည္။

COVID- 19 ကပ္ေရာဂါေၾကာင့္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲအား ေရႊ႕ဆိုင္းမည္ ဆိုပါက ႀကိဳတင္အသိေပး သြားမည္ဟု စက္တင္ဘာလ ၂ ရက္ေန႔ ယမန္ေန႔က ေနျပည္ေတာ္ရွိ ျပည္ ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရံုးတြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ျပည္ေထာင္စု ေရြး ေကာက္ပြဲ ေကာ္မရွင္ UEC အဖြဲ႔၀င္ ဦးျမင့္ႏိုင္က သတင္းမီဒီယာမ်ားကို ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ေရ႕ႊ ဖို႔အေၾကာင္း အခုထိမရွိေသးဘူးေပါ့။ ေရႊ႕ရင္ အခုနလို ေအာက္တိုဘာလ ႀကိဳတင္ၿပီးေတာ့ ေျပာမွာ ေပါ့။”

က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ေအာက္တိုဘာလ ၃ ရက္ေန႔ အထိ COVID– 19 ကူးစက္ခံရသူ ၁၀၅၈ ရွိဦးရွိၿပီး ကူးစက္ခံရသူ အမ်ားစုမွာ ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္ တိုင္းေဒသႀကီးမွ ျဖစ္သည္ဟု သိရသည္။

ထို႔အျပင္ ေစာင့္ၾကည့္လူနာ ၇၆၈၅ ဦး၊ ျပန္သက္လာသူ ၃၅၉ ဦးႏွင့္ ေသဆံုးသူ ၆ ဦးရွိသည္ဟု က်န္းမာ ေရးႏွင့္ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ဦးျမင့္ႏိုင္က “မ်ားမ်ားလာတယ္ဆိုတာလည္းပဲ စစ္ေတြနဲ႔ ရန္ကုန္ေပါ့ေနာ္။ က်န္တဲ့ ေနရာေတြမွာေတာ့ ဒီ ေလာက္ မရွိဘူးေပါ့။ စစ္ေတြနဲ႔ ရန္ကုန္ေလာက္မွာပဲ မ်ားတာ ေရႊ႕ဖို႔ရွိတယ္ဆိုရင္ ခါတိုင္း ေအာက္တိုဘာ လမွာ ႀကိဳတင္အသိေပးတာေပါ့။ အခုက အမ်ားႀကီးမရွိပါဘူး။ ရခိုင္ထဲပဲ။ အခုနက ေျပာသလို “ဝ” ေဒသ ၅ ၿမိဳ႕နယ္နဲ႔ ရခိုင္ထဲက ၿမိဳ႕နယ္ တခ်ိဳ႕ ေပါ့။ အဲ့လိုမ်ိဳး မက်င္းပႏိုင္မယ့္ဟာကိုလည္း ႀကိဳၿပီးေတာ့ ေၾကညာ သြား မွာပါ” ဟု ေျပာသည္။

ယခုႏွစ္ ေရြးေကာက္ပြဲ က်င္းပႏုိင္ေရး စီစဥ္ေနၿပီး၊ COVID-19 ကူးစက္ေရာဂါ ကူးစက္မႈမ်ား ေန႔စဥ္ ရက္ ဆက္ ျမွင့္တက္လာေနသည့္အတြက္ မဲရံုမ်ား တိုးခ်ဲ႕ ႏုိင္ေရးအျပင္ အျခားေသာ ႀကိဳတင္ျပင္ဆင္မ်ားအား လည္း ေကာ္မရွင္အေနျဖင့္ လုပ္ေဆာင္ေနသည္ဟု ဦးျမင့္ႏုိင္က သတင္းေထာက္မ်ားအား ေျပာသည္။

COVID- 19 ကာလျဖစ္ေနေသာ္လည္း ၂၀၂၀ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ ေနရာအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၈၆၃ ဦး၊ တစ္သီးပုဂၢလလႊတ္ေတာ္ ကိုယ္စားလွယ္ ေပါင္း ၇၁ ဦး၊ အမ်ိဳးသားလႊတ္ေတာ္ေနရာ အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၉၄၇ ဦး ႏွင့္ တစ္သီးပုဂၢလလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၂၉ ဦးတို႔ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ဟု သိရသည္။

ထို႔အျပင္ တိုင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃၇ဝဝ ဦး၊ တစ္သီးပုဂၢလလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းႏွင့္ တိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္မဲဆႏၵနယ္ အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၇၉ ဦး၊ တစ္သီးပုဂၢလလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၃၃ ဦးတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ဆိုသည္။

COVID- 19 ကာလအတြင္းတြင္ က်င္းပမည့္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ လႊတ္ေတာ္ ၃ ရပ္လံုး အတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္ စုစုေပါင္း ၇၀၀၀ နီးပါးခန္႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ၾကမည္ဟု ျပည္ ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။