ရခိုင်နှင့် ရန်ကုန်မှလာသူများ သီးခြားစောင့်ကြည့်ပြီး ရောဂါ စစ်ဆေးခ ပေးရမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်အားလုံးမှ မွန်ပြည်နယ်သို့ လာရောက်သူများ တားမြစ်သတ်မှတ်ထားသည့်နေရာ (Community Based Facility quarantine) တွင် စောင့်ကြည့်ခံရမည်ဖြစ်ပြီး ကျပ် ၅၀၀၀၀ ကျခံရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ယခင်က ရခိုင်နှင့် ရန်ကုန်တိုင်းအတွင်းရှိ အိမ်တွင်နေထိုင်ရန် (stay at home) သတ်မှတ်ထားသည့် မြို့နယ် တို့မှ လာသူများသာ သီးခြားစောင့်ကြည့်မှု (Quarantine) ဝင်ရမည်ဟု ထုတ်ပြန်ထားပြီး ယခုအခါ COVID-19 ပြည်တွင်း ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာသည့် အတွက်ကြောင့် မြို့ နယ်အားလုံးမှ လာသူများသည် သတ်မှတ်ထားသည့် နေရာတွင် Quarantine ဝင်ရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၇ ရက်နေ့ က ထပ်မံ ထုတ်ပြန် ထားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် “CBFQ ဝင်ရောက်နေစဉ်ကာလအတွင်း နေထိုင် စားသောက် စရိတ်နှင့် Swab နမူနာရယူစစ်ဆေးခအပါအဝင် တစ်ဦးလျှင် ၅၀၀၀၀ ကျပ်ဖြင့် မိမိစရိတ်ဖြင့် ကျခံရမည်” ဟု ပါရှိသည်။

စက်တင်ဘာလ ၈ ရက်နေ့၊ နေ့လည် ၂ နာရီအထိ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၁၆၁၀ ဦး ရှိပြီး ဓါတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၈ ဦး ရှိပြီဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

အများစုမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြသည်။

ထို့ကြောင့် လက်ရှိတွင် ရန်ကုန်နှင့် ရခိုင်မှ လာသူများကို ကားဂိတ်နှင့် ဘူတာရုံတို့တွင် မြို့နယ်အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာနှင့် လူမှုကူညီရေးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က လိုက်လံစစ်ဆေးနေပြီး တားမြစ် သတ် မှတ်ထားသည့် နေရာများ သို့ ပို့ဆောင်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ က ပြောသည်။

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများကို စောင့်ကြည့်ရန် ဖွင့်လှစ်ထားသည့် Community Based Facility quarantine များရှိသည့်အပြင် ယခုအခါ ရခိုင်နှင့် ရန်ကုန်မှ လာသူများ သီးခြားထားရှိရန် ဖွင့်လှစ် ထားသည့် Community Based Facility quarantine များရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

“နောက်ပိုင်းအတွက်လည်း ကျနော်တို့ အားကာသိပ္ပံကိုလည်း (Community Based Facility quarantine ဖွင့်ရန်) လျာထားပါတယ်။ ဒီထက်ပိုဆိုးလာရင် ဒီ့အတွက်လည်း ကျနော်တို့ လျာထားပါတယ်။ နေရာလေး တွေ ဆေးရုံမှာလည်း လျာထား လုပ်ထားတဲ့အပိုင်းတွေ ရှိတယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိလာပြီးနောက် မြို့ပေါ် ရပ်ကွက်နှစ်ခုဖြစ်သည့် မုပွန်နှင့် စစ်ကဲကုန်းရပ်ကွက်ကိုလည်း အိမ်တွင်နေထိုင်ရန် (stay at home) သတ်မှတ် ထားသည့်အပြင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းရန်နှင့် အပြင်ထွက်လျှင် mask တပ်ရန်လည်း အစရှိသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမိန့်များထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါကာကွယ် နှိမ်နင်း ရေး ဥပဒေအရ အရေးယူမည်ဟုလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မွန်ပြည်နယ်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရသည့် ၁၃ ဦးရှိနေပြီး ရောဂါပိုးရှိသူတို့နှင့် ထိတွေ့ခဲ့သူ ၁၀၀ ကျော်ကိုလည်း တားမြစ်ကန့်သတ်ထားသည့်နေရာတွင် ထားရှိစောင့်ကြည့်နေသည်။

*** ZAWGYI ***
ရခိုင္နွင့္ ရန္ကုန္မွလာသူမ်ား သီးျခားေစာင့္ၾကည့္ၿပီး ေရာဂါ စစ္ေဆးခ ေပးရမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၈ ရက္။

ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕ နယ္အားလံုးမွ မြန္ျပည္နယ္သို႔ လာေရာက္သူမ်ား တားျမစ္သတ္မွတ္ထားသည့္ေနရာ (Community Based Facility quarantine) တြင္ ေစာင့္ၾကည့္ခံရမည္ျဖစ္ၿပီး က်ပ္ ၅၀၀၀၀ က်ခံရမည္ဟု မြန္ျပည္နယ္အစိုးရအဖြဲ႔က ထုတ္ျပန္ထားသည္။

ယခင္က ရခိုင္ႏွင့္ ရန္ကုန္တိုင္းအတြင္းရွိ အိမ္တြင္ေနထိုင္ရန္ (stay at home) သတ္မွတ္ထားသည့္ ၿမိဳ႔နယ္ တို႔မွ လာသူမ်ားသာ သီးျခားေစာင့္ၾကည့္မႈ (Quarantine) ဝင္ရမည္ဟု ထုတ္ျပန္ထားၿပီး ယခုအခါ COVID-19 ျပည္တြင္း ကူးစက္မႈႏႈန္း ပိုမိုျမင့္တက္လာသည့္ အတြက္ေၾကာင့္ ၿမိဳ႕ နယ္အားလံုးမွ လာသူမ်ားသည္ သတ္မွတ္ထားသည့္ ေနရာတြင္ Quarantine ဝင္ရမည္ဟု မြန္ျပည္နယ္အစိုးရအဖြဲ႔က စက္တင္ဘာ ၇ ရက္ေန႔ က ထပ္မံ ထုတ္ျပန္ ထားသည္။

မြန္ျပည္နယ္အစိုးရအဖြဲ႔၏ ထုတ္ျပန္ခ်က္တြင္ “CBFQ ဝင္ေရာက္ေနစဥ္ကာလအတြင္း ေနထိုင္ စားေသာက္ စရိတ္ႏွင့္ Swab နမူနာရယူစစ္ေဆးခအပါအဝင္ တစ္ဦးလွ်င္ ၅၀၀၀၀ က်ပ္ျဖင့္ မိမိစရိတ္ျဖင့္ က်ခံရမည္” ဟု ပါရွိသည္။

စက္တင္ဘာလ ၈ ရက္ေန႔၊ ေန႔လည္ ၂ နာရီအထိ ျမန္မာႏုိင္ငံအတြင္း COVID-19 အတည္ျပဳလူနာ ၁၆၁၀ ဦး ရွိၿပီး ဓါတ္ခြဲြအတည္ျပဳလူနာမ်ားအနက္ ေသဆံုးသူ ၈ ဦး ရွိၿပီျဖစ္သည္ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ထားသည္။

အမ်ားစုုမွာ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔မွ ျဖစ္ၾကသည္။

ထို႔ေၾကာင့္ လက္ရွိတြင္ ရန္ကုန္ႏွင့္ ရခိုင္မွ လာသူမ်ားကို ကားဂိတ္ႏွင့္ ဘူတာ႐ုံတို႔တြင္ ၿမိဳ႔နယ္အုပ္ခ်ဳပ္ေရး၊ ဌာနဆိုင္ရာႏွင့္ လူမႈကူညီေရးအဖြဲ႔တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔တို႔က လိုက္လံစစ္ေဆးေနၿပီး တားျမစ္ သတ္ မွတ္ထားသည့္ ေနရာမ်ား သို႔ ပို႔ေဆာင္ေနသည္ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ က ေျပာသည္။

မြန္ျပည္နယ္တြင္ ထိုင္းႏိုင္ငံမွ ျပန္လာသူမ်ားကို ေစာင့္ၾကည့္ရန္ ဖြင့္လွစ္ထားသည့္ Community Based Facility quarantine မ်ားရွိသည့္အျပင္ ယခုအခါ ရခိုင္ႏွင့္ ရန္ကုန္မွ လာသူမ်ား သီးျခားထားရွိရန္ ဖြင့္လွစ္ ထားသည့္ Community Based Facility quarantine မ်ားရွိေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေနထြဋ္ဦးက ေျပာသည္။

“ေနာက္ပိုင္းအတြက္လည္း က်ေနာ္တို႔ အားကာသိပၸံကိုလည္း (Community Based Facility quarantine ဖြင့္ရန္) လ်ာထားပါတယ္။ ဒီထက္ပိုဆိုးလာရင္ ဒီ့အတြက္လည္း က်ေနာ္တို႔ လ်ာထားပါတယ္။ ေနရာေလး ေတြ ေဆး႐ုံမွာလည္း လ်ာထား လုပ္ထားတဲ့အပိုင္းေတြ ရွိတယ္” ဟု ဗိုလ္မွဴးႀကီး ေနထြဋ္ဦးက ေျပာသည္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႔ေပၚတြင္ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ဆက္တိုက္ေတြ႔ရွိလာၿပီးေနာက္ ၿမိဳ႕ေပၚ ရပ္ကြက္ႏွစ္ခုျဖစ္သည့္ မုပြန္ႏွင့္ စစ္ကဲကုန္းရပ္ကြက္ကိုလည္း အိမ္တြင္ေနထိုင္ရန္ (stay at home) သတ္မွတ္ ထားသည့္အျပင္ စားေသာက္ဆိုင္မ်ား ပါဆယ္စနစ္ျဖင့္ေရာင္းရန္ႏွင့္ အျပင္ထြက္လွ်င္ mask တပ္ရန္လည္း အစရွိသည့္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ အမိန္႔မ်ားထုတ္ျပန္ထားသည္။

ထုတ္ျပန္ထားသည့္ အမိန္႔ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ပါက ကူးစက္ေရာဂါကာကြယ္ ႏွိမ္နင္း ေရး ဥပေဒအရ အေရးယူမည္ဟုလည္း ျပည္နယ္အစိုးရက ထုတ္ျပန္ထားသည္။

လက္ရွိတြင္ မြန္ျပည္နယ္တြင္ COVID-19 ေရာဂါပိုး ကူးစက္ခံရသည့္ ၁၃ ဦးရွိေနၿပီး ေရာဂါပိုးရွိသူတို႔ႏွင့္ ထိေတြ႔ခဲ့သူ ၁၀၀ ေက်ာ္ကိုလည္း တားျမစ္ကန္႔သတ္ထားသည့္ေနရာတြင္ ထားရွိေစာင့္ၾကည့္ေနသည္။