COVID-19 ကန့်သတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေး အခက်တွေ့နေရကြောင်း တိုင်းရင်းသား ပါတီများပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

COVID-19 ကပ်ရောဂါ ကာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကန့်သတ်ချက်များနှင့် မဲဆွယ် စည်း ရုံးနေရသည့်အတွက် ပါတီအောင်နိုင်ရေးမှာ အဟန့်အတားဖြစ်စေသည်ဟု တိုင်းရင်းသား ပါတီများ က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ကြေညာချက်ထဲတွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ ကျန်း မာရေး စံလုပ်ငန်းလမ်းညွှန် ( Standard Opera ting Procedure – SOP ) နှင့် သက်ဆိုင်ရာက အချိန်ကာ လ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ လမ်းညွှန်ချက်များလည်း လိုက်နာရ မည် ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

အဆိုပါ ကန့်သတ်ချက်များကြောင့် တိုင်းရင်းသား ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာ တွင် အခက်အခဲများကို ဖြစ်ပေါ်စေသည်သာမက ပါတီအောင်နိုင်ရေးအတွက်လည်း အဟန့်အတား ဖြစ် စေသည်ဟု ဆိုသည်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ UNDP အထွေထွေအတွင်းရေးမှူးလည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ဝင် ရောက် ယှဉ်ပြိုင်မည့် နော်အုန်းလှက “အခုဟာက အခက်အခဲကတော့ သူတို့က Stay at home မြို့နယ် တွေ မသွားရဘူးလို့ ပြောထားတာလေ။ ဘာလုပ်လို့ရတော့မှာလဲ တကယ်တမ်းကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ဖို့ကတော့ တော်တော်လေးခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါ ကြောင့်လည်း ရန်ကုန်တိုင်းမှာ ၂၈ မြို့နယ်လုံး ချပြီးပြီ ဘယ်လိုမှ သွားလို့မရဘူး သူတို့ကြေညာထားတဲ့ ကိစ္စဖြစ်တယ်။ ၄၅ မြို့နယ်လောက်ရှိတဲ့ ရန်ကုန်တိုင်းမှာ ၂၈ မြို့နယ်ကို Stay at home လုပ်ပြီဆိုလို့ရှိရင် ကျန်တာ ဘာမှ လုပ် လို့မရဘူးလေ” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုကို စတင်လုပ်ဆောင်နေပြီး ပါတီ အောင်နိုင်ရေး အတွက် လူဦးရေး အနည်းငယ်ဖြင့် မဲဆွယ်စည်းရုံးခြင်းကို လုပ်ဆောင်ရမည်ဆိုပါက လူကိုပိုမိုပင်ပန်း စေ သည်သာမက ခက်ခဲမှုကိုလည်း ပိုမိုဖြစ်ပေါ်စေသည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ပြောသည်။

“ဒီရောဂါ အခြေအနေအရ ဒီလိုလုပ်လိုက်သည့်အတွက်တို့ ပါတီတွေတော့ အခက်အခဲရှိတယ်ပေါ့။ တိုင်း ရင်းသား ပါတီတွေပဲ မဟုတ်ဘူး ပါတီကြီးတွေလည်း ဖြစ်မှာပါ။ တကယ်တမ်း စည်းကမ်း ဥပဒေကို လိုက်နာ မယ်ဆိုလို့ရှိရင်တော့ အခက်အခဲမျိုးစုံဖြစ်မှာပါ။ လူ ၅၀ လောက်နဲ့ အလုပ်မဖြစ်ဘူး။ စည်းရုံးခွင့်မရဘူး။ စည်းရုံးလို့ အခြေအနေ မပေးဘူးဆိုလို့ရှိရင် လူထုတွေကလည်း တို့ပါတီရဲ့ အခြေအနေကို မသိရဘူး။ ပြော ပြလို့လည်း မရဘူးဆိုလို့ရှိရင် အောင်နိုင်ရေးအတွက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲကတော့ ရှိမှာ ပဲ။ စည်းရုံးပြောဆိုဆွေးနွေးညှိနှိုင်းလို့ ရတယ်ဆိုလို့ရှိရင်တော့ မဆိုးဘူးပေါ့။ ဆွေးနွေးပြောဆို ညှိနှိုင်းလို့ မရဘူး ရရင်လည်း လူနည်းနည်းပါးပါးလောက်ပဲ ရမယ်ဆိုရင် ဒီအောင်နိုင်ရေး အတွက် အကျိုးမရှိဘူး။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ကလည်း ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ ကန့်သတ် ချက်များကြောင့် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါတီ၏ မူဝါဒ ကတိကဝတ် သတင်းစကား များကို လူထုထံသို့ ရောက်ရှိအောင် ပြောဆိုစည်းရုံးနိုင်ရန် ခက်ခဲနေသည့် အနေအထားများ အောက်တွင် ပါတီအောင်နိုင်ရေး ထိခိုက်စေနိုင်သည်ဟု SNLD အထွေထွေအတွင်းရေးမှူးချုပ် စိုင်းလိတ်က ပြောသည်။

“ကျနော်တို့ရဲ့ ပါတီရဲ့ သတင်းစကားတွေကို လူထုကြားထဲ ပြန့်နှံ့ရောက်ရှိအောင် စိတ်ထင်သလောက် မလုပ် နိုင်သလို လူထုကိုယ်တိုင်ကလည်းပဲ မဲ ထည့်ဖို့အတွက်ကို သိပ်ပြီး တက်တက်ကြွကြွ မရှိတော့ဘူးပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲ အပေါ်မှာ စိတ်ပါဝင်စားမှု အားနည်းစေနိုင်သလို ဆန္ဒမဲ ခိုင်လုံမှု ကိုလည်းပဲ ထိခိုက်စေနိုင်ပါတယ် ခင်ဗျာ။”

ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသော်လည်း နိုင်ငံရေး ပါတီများအနေဖြင့် သက်ဆိုင်ရာ ပြည် နယ်နှင့် တိုင်းဒေသကြီး အလိုက် ပါတီမဲဆွယ်စည်းရုံးရေးများကို လုပ်ဆောင်လျက်ရှိပြီး ထိုသို့ လုပ်ဆောင် ရာတွင် လူဦးရေ ကန့်သတ်ချက်များကြောင့်သော်လည်းကောင်း ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် စည်း မျဉ်းစည်း ကမ်းများကြောင့်သော်လည်းကောင်း မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် စိုးရိမ်မှုများ ရှိနေ သည်ဟု တိုင်းရင်းသားပါတီများက ဆိုသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အတွင်းရေးမှူး ခူးသဲရယ်က “ကိုယ်ကလည်း တစ်ဖက်က ဒီလိုစည်းရုံးရေးဆင်းပြီးတော့မှ ရောဂါဖြန့်ဝေတဲ့ ပုံစံမျိုးဖြစ်သွားမှာလည်း စိုးရိမ်ရတာပေါ့နော အဲဒါတွေ လည်းပါတယ်။ နောက်ပြီးတော့မှ တစ်ဖက်က ဒီစည်းမျဉ်းစည်းကမ်း ကျန်းမာ ရေးဝန်ကြီးဌာနကနေ ထုတ် ပြန်ထားတဲ့ သတ်မှတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကလည်း ကျနော်တို့က လိုက်နာဖို့ဆိုတဲ့ နေရာမှာ အကာအကွယ်ပစ္စည်းတွေပေါ့ mask တို့ hand gel တို့ သုံးတဲ့ နေရာမှာလည်း တစ်ချို့ နေရာမှာ ဆိုရင် ကျနော်တို့အတွက် အခက်အခဲရှိတယ်။ နောက်ပြီ တော့ တစ်ချို့ရွာတွေမှာလည်း အပြင်က ဧည့်သည် ရွာထဲ ဝင်လာတာမျိုးဆိုရင် တစ်ချို့ ရွာတွေဆို နည်းနည်းလေး စိုးရိမ်တာ တွေရှိတယ်” ဟု ပြောသည်။

ထိုအနေအထားများကြောင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းပေးရန် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် နှင့် တွေ့ဆုံစဉ်က အကြံပြုဆွေးနွေးခဲ့သည် ဟု နော်အုန်းလှ က ဆက်ပြောသည်။

“တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရွေးကောက်ပွဲက အရေးကြီးတယ် ဒါပေမယ့်လို့ တိုင်းပြည် ကျန်းမာရေး ပို အရေးကြီးပါတယ်လို့ အဲတော့ ကျမအကြံပေးချင်တာက ကျန်းမာရေးကို ပြောမယ်ဆိုရင် ကျောင်းတက်တဲ့ ကျောင်းသားတွေက ကျောင်းနဲ့ အိမ်ပဲသွားတာ သွားတာတောင်မှ နောက်ဆုံးရောဂါတွေ ကူးကြတယ်လို့ အဲဒီအတွက် ဒီပါတီတွေ အများကြီး လျှောက်ဆွယ်မယ်ဆိုရင် လူ ၅၀ လည်းပေးထားတယ်။ အဲဒီအခါကျ တော့ ဒီ ၅၀ က သွားလာတာ အုပ်စု အများကြီးနဲ့လေ အဲဒါရောဂါတွေ ပိုပွားစေတယ်လို့ ကျမက ကျန်းမာ ရေးအရ ပြောရမယ်ဆိုရင် ကျမဒီလိုပဲမြင်တယ်။ အဲဒီအတွက် ကျမတို့ကတော့ ရွေးကောက်ပွဲကို ရွှေ့ပေး စေ ချင်ပါတယ်လို့ အဲဒါပြောတယ်။ ဒါပေမယ့်လို့ သူတို့က မှတ်တမ်းတင်ထားမယ်လို့ ပြောတယ်ပေါ့နော။”

လက်ရှိ အခြေအနေအမျိုးမျိုးကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသည့် ရွေးကောက် ပွဲ ဖြစ်မလာမည်ကို တိုင်းရင်းသားပါတီများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

မွန်ညီညွှတ်ရေးပါတီ MUP မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယီတမက “ကျန်းမာရေး ဝန်ကြီး ဌာနနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ်ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင် တရားမျှတတဲ့ ရွေးကောက်ပွဲကို မထိခိုက်နိုင်ဘူးလို့ မျှော်လင့်တာပေါ့နော သို့သော်လည်း ခုနက ပါတီကြီး ပါတီငယ် မခွဲ ခြားပဲနဲ့ ပါတီတိုင်းအပေါ်မှာ တန်းတူသဘောထားပြီးတော့ ညွှန်ကြားချက်အတိုင်း ကြီးကြပ်ဆောင် ရွက်ပေး ဖို့တော့ လိုအပ်တာပေါ့” ဟု ပြောသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံး ခွင့်ကာလကို ရက်ပေါင်း ၆၀ ( ၈-၉-၂၀၂၀ ရက်နေ့ နံနက် ၀၆း၀၀ နာရီမှ ၆-၁၁-၂၀၂၀ ရက်နေ့ ည ၁၂း၀၀ နာရီအထိ ) ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေေးကာက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့က ထုတ် ပြန်ခဲ့သည်။

COVID-19 ကာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေ များ၊ လိုက်နာချက်များကြောင့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများအတွက် စိန်ခေါ်မှုများ၊ အခက်အခဲ များစွာရှိနေသည်ဟု UEC က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ တို့ နှင့် စပ်လျဉ်း၍ ကြေညာချက် မထုတ်ပြန်ခင်ကတည်းက တိုင်းရင်းသားပါတီများက ပြောဆိုထားသည်။

*** ZAWGYI ***
COVID-19 ကန္႔သတ္ခ်က္မ်ားေၾကာင့္ မဲဆြယ္စည္းရံုးေရး အခက္ေတြ႔ေနရေၾကာင္း တိုင္းရင္းသား ပါတီမ်ားေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္။

COVID-19 ကပ္ေရာဂါ ကာလတြင္ က်င္းပမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကန္႔သတ္ခ်က္မ်ားႏွင့္ မဲဆြယ္ စည္း ရံုးေနရသည့္အတြက္ ပါတီေအာင္ႏိုင္ေရးမွာ အဟန္႔အတားျဖစ္ေစသည္ဟု တိုင္းရင္းသား ပါတီမ်ား က ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၆ ရက္ေန႔က ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ ေရြးေကာက္ပြဲဆိုင္ရာ စုေ၀းေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္းရံုးျခင္း ဆိုင္ရာတို႔ႏွင့္ စပ္လ်ဥ္း၍ ေၾကညာခ်က္ထဲတြင္ သက္ဆိုင္ရာ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မဲဆြယ္စည္းရံုးရာတြင္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္း ခ်ဳပ္ေရးဆိုင္ရာ က်န္း မာေရး စံလုပ္ငန္းလမ္းၫႊန္ ( Standard Opera ting Procedure – SOP ) ႏွင့္ သက္ဆိုင္ရာက အခ်ိန္ကာ လ/ေနရာေဒသအလိုက္ ထုတ္ျပန္သည့္ က်န္းမာေရးဆိုင္ရာ အမိန္႔မ်ား လမ္းၫႊန္ခ်က္မ်ားလည္း လိုက္နာရ မည္ ျဖစ္သည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

အဆိုပါ ကန္႔သတ္ခ်က္မ်ားေၾကာင့္ တိုင္းရင္းသား ပါတီမ်ားအေနျဖင့္ မဲဆြယ္စည္းရံုးေရး လုပ္ေဆာင္ရာ တြင္ အခက္အခဲမ်ားကို ျဖစ္ေပၚေစသည္သာမက ပါတီေအာင္ႏိုင္ေရးအတြက္လည္း အဟန္႔အတား ျဖစ္ ေစသည္ဟု ဆိုသည္။

ညီၫႊတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဒီမိုကေရစီပါတီ UNDP အေထြေထြအတြင္းေရးမွဴးလည္းျဖစ္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ကရင္တိုင္းရင္းသားေရးရာ ၀န္ႀကီးေနရာတြင္ ၀င္ ေရာက္ ယွဥ္ၿပိဳင္မည့္ ေနာ္အုန္းလွက “အခုဟာက အခက္အခဲကေတာ့ သူတို႔က Stay at home ၿမိဳ႕နယ္ ေတြ မသြားရဘူးလို႔ ေျပာထားတာေလ။ ဘာလုပ္လို႔ရေတာ့မွာလဲ တကယ္တမ္းကေတာ့ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရး လုပ္ဖို႔ကေတာ့ ေတာ္ေတာ္ေလးခက္ခဲတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေရာဂါ ေၾကာင့္လည္း ရန္ကုန္တိုင္းမွာ ၂၈ ၿမိဳ႕နယ္လံုး ခ်ၿပီးၿပီ ဘယ္လိုမွ သြားလို႔မရဘူး သူတို႔ေၾကညာထားတဲ့ ကိစၥျဖစ္တယ္။ ၄၅ ၿမိဳ႕နယ္ေလာက္ရွိတဲ့ ရန္ကုန္တိုင္းမွာ ၂၈ ၿမိဳ႕နယ္ကို Stay at home လုပ္ၿပီဆိုလို႔ရွိရင္ က်န္တာ ဘာမွ လုပ္ လို႔မရဘူးေလ” ဟု ေျပာသည္။

လက္ရွိတြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မဲဆြယ္စည္းရံုးမႈကို စတင္လုပ္ေဆာင္ေနၿပီး ပါတီ ေအာင္ႏိုင္ေရး အတြက္ လူဦးေရး အနည္းငယ္ျဖင့္ မဲဆြယ္စည္းရံုးျခင္းကို လုပ္ေဆာင္ရမည္ဆိုပါက လူကိုပိုမိုပင္ပန္း ေစ သည္သာမက ခက္ခဲမႈကိုလည္း ပိုမိုျဖစ္ေပၚေစသည္ဟု ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ဥကၠ႒ မန္းေအာင္ျပည္စိုး က ေျပာသည္။

“ဒီေရာဂါ အေျခအေနအရ ဒီလိုလုပ္လိုက္သည့္အတြက္တို႔ ပါတီေတြေတာ့ အခက္အခဲရွိတယ္ေပါ့။ တိုင္း ရင္းသား ပါတီေတြပဲ မဟုတ္ဘူး ပါတီႀကီးေတြလည္း ျဖစ္မွာပါ။ တကယ္တမ္း စည္းကမ္း ဥပေဒကို လိုက္နာ မယ္ဆိုလို႔ရွိရင္ေတာ့ အခက္အခဲမ်ိဳးစံုျဖစ္မွာပါ။ လူ ၅၀ ေလာက္နဲ႔ အလုပ္မျဖစ္ဘူး။ စည္းရံုးခြင့္မရဘူး။ စည္းရံုးလို႔ အေျခအေန မေပးဘူးဆိုလို႔ရွိရင္ လူထုေတြကလည္း တို႔ပါတီရဲ႕ အေျခအေနကို မသိရဘူး။ ေျပာ ျပလို႔လည္း မရဘူးဆိုလို႔ရွိရင္ ေအာင္ႏိုင္ေရးအတြက္ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ အခက္အခဲကေတာ့ ရွိမွာ ပဲ။ စည္းရံုးေျပာဆိုေဆြးေႏြးညွိႏႈိင္းလို႔ ရတယ္ဆိုလို႔ရွိရင္ေတာ့ မဆိုးဘူးေပါ့။ ေဆြးေႏြးေျပာဆို ညွိႏႈိင္းလို႔ မရဘူး ရရင္လည္း လူနည္းနည္းပါးပါးေလာက္ပဲ ရမယ္ဆိုရင္ ဒီေအာင္ႏိုင္ေရး အတြက္ အက်ိဳးမရွိဘူး။”

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ SNLD ကလည္း ကိုဗစ္ကာလ က်န္းမာေရးဆိုင္ရာ ကန္႔သတ္ ခ်က္မ်ားေၾကာင့္ စည္းရံုးေရး လုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ ပါတီ၏ မူဝါဒ ကတိက၀တ္ သတင္းစကား မ်ားကို လူထုထံသို႔ ေရာက္ရွိေအာင္ ေျပာဆိုစည္းရံုးႏိုင္ရန္ ခက္ခဲေနသည့္ အေနအထားမ်ား ေအာက္တြင္ ပါတီေအာင္ႏိုင္ေရး ထိခိုက္ေစႏိုင္သည္ဟု SNLD အေထြေထြအတြင္းေရးမွဴးခ်ဳပ္ စိုင္းလိတ္က ေျပာသည္။

“က်ေနာ္တို႔ရဲ႕ ပါတီရဲ႕ သတင္းစကားေတြကို လူထုၾကားထဲ ျပန္႔ႏွံ႔ေရာက္ရွိေအာင္ စိတ္ထင္သေလာက္ မလုပ္ ႏိုင္သလို လူထုကိုယ္တိုင္ကလည္းပဲ မဲ ထည့္ဖို႔အတြက္ကို သိပ္ၿပီး တက္တက္ႂကြႂကြ မရွိေတာ့ဘူးေပါ့ဗ်ာ။ အဲဒါေၾကာင့္မို႔လို႔ ဒီ ၂၀၂၀ ေရြးေကာက္ပြဲ အေပၚမွာ စိတ္ပါ၀င္စားမႈ အားနည္းေစႏိုင္သလို ဆႏၵမဲ ခိုင္လံုမႈ ကိုလည္းပဲ ထိခိုက္ေစႏိုင္ပါတယ္ ခင္ဗ်ာ။”

က်န္းမာေရးဆိုင္ရာ ကန္႔သတ္ခ်က္မ်ား ရွိေနေသာ္လည္း ႏိုင္ငံေရး ပါတီမ်ားအေနျဖင့္ သက္ဆိုင္ရာ ျပည္ နယ္ႏွင့္ တိုင္းေဒသႀကီး အလိုက္ ပါတီမဲဆြယ္စည္းရံုးေရးမ်ားကို လုပ္ေဆာင္လ်က္ရွိၿပီး ထိုသို႔ လုပ္ေဆာင္ ရာတြင္ လူဦးေရ ကန္႔သတ္ခ်က္မ်ားေၾကာင့္ေသာ္လည္းေကာင္း က်န္းမာေရးဆိုင္ရာ လိုက္နာရမည့္ စည္း မ်ဥ္းစည္း ကမ္းမ်ားေၾကာင့္ေသာ္လည္းေကာင္း မဲဆြယ္စည္းရံုးေရး လုပ္ေဆာင္ရာတြင္ စိုးရိမ္မႈမ်ား ရွိေန သည္ဟု တိုင္းရင္းသားပါတီမ်ားက ဆိုသည္။

ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP အတြင္းေရးမွဴး ခူးသဲရယ္က “ကိုယ္ကလည္း တစ္ဖက္က ဒီလိုစည္းရံုးေရးဆင္းၿပီးေတာ့မွ ေရာဂါျဖန္႔ေ၀တဲ့ ပံုစံမ်ိဳးျဖစ္သြားမွာလည္း စိုးရိမ္ရတာေပါ့ေနာ အဲဒါေတြ လည္းပါတယ္။ ေနာက္ၿပီးေတာ့မွ တစ္ဖက္က ဒီစည္းမ်ဥ္းစည္းကမ္း က်န္းမာ ေရး၀န္ႀကီးဌာနကေန ထုတ္ ျပန္ထားတဲ့ သတ္မွတ္ခ်က္ေတြ စည္းမ်ဥ္းစည္းကမ္းေတြကလည္း က်ေနာ္တို႔က လိုက္နာဖို႔ဆိုတဲ့ ေနရာမွာ အကာအကြယ္ပစၥည္းေတြေပါ့ mask တို႔ hand gel တို႔ သံုးတဲ့ ေနရာမွာလည္း တစ္ခ်ိဳ႕ ေနရာမွာ ဆိုရင္ က်ေနာ္တို႔အတြက္ အခက္အခဲရွိတယ္။ ေနာက္ၿပီ ေတာ့ တစ္ခ်ိဳ႕ရြာေတြမွာလည္း အျပင္က ဧည့္သည္ ရြာထဲ ၀င္လာတာမ်ိဳးဆိုရင္ တစ္ခ်ိဳ႕ ရြာေတြဆို နည္းနည္းေလး စိုးရိမ္တာ ေတြရွိတယ္” ဟု ေျပာသည္။

ထိုအေနအထားမ်ားေၾကာင့္ ေရြးေကာက္ပြဲအား ေရႊ႕ဆိုင္းေပးရန္ ရန္ကုန္တိုင္း ေရြးေကာက္ပြဲ ေကာ္မရွင္ ႏွင့္ ေတြ႕ဆံုစဥ္က အႀကံျပဳေဆြးေႏြးခဲ့သည္ ဟု ေနာ္အုန္းလွ က ဆက္ေျပာသည္။

“တိုင္းျပည္ရဲ႕ အနာဂတ္အတြက္ ေရြးေကာက္ပြဲက အေရးႀကီးတယ္ ဒါေပမယ့္လို႔ တိုင္းျပည္ က်န္းမာေရး ပို အေရးႀကီးပါတယ္လို႔ အဲေတာ့ က်မအႀကံေပးခ်င္တာက က်န္းမာေရးကို ေျပာမယ္ဆိုရင္ ေက်ာင္းတက္တဲ့ ေက်ာင္းသားေတြက ေက်ာင္းနဲ႔ အိမ္ပဲသြားတာ သြားတာေတာင္မွ ေနာက္ဆံုးေရာဂါေတြ ကူးၾကတယ္လို႔ အဲဒီအတြက္ ဒီပါတီေတြ အမ်ားႀကီး ေလွ်ာက္ဆြယ္မယ္ဆိုရင္ လူ ၅၀ လည္းေပးထားတယ္။ အဲဒီအခါက် ေတာ့ ဒီ ၅၀ က သြားလာတာ အုပ္စု အမ်ားႀကီးနဲ႔ေလ အဲဒါေရာဂါေတြ ပိုပြားေစတယ္လို႔ က်မက က်န္းမာ ေရးအရ ေျပာရမယ္ဆိုရင္ က်မဒီလိုပဲျမင္တယ္။ အဲဒီအတြက္ က်မတို႔ကေတာ့ ေရြးေကာက္ပြဲကို ေရႊ႕ေပး ေစ ခ်င္ပါတယ္လို႔ အဲဒါေျပာတယ္။ ဒါေပမယ့္လို႔ သူတို႔က မွတ္တမ္းတင္ထားမယ္လို႔ ေျပာတယ္ေပါ့ေနာ။”

လက္ရွိ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲသည္ လြတ္လပ္တရားမွ်တသည့္ ေရြးေကာက္ ပြဲ ျဖစ္မလာမည္ကို တိုင္းရင္းသားပါတီမ်ားက စိုးရိမ္ေနၾကသည္ဟု ဆိုသည္။

မြန္ညီၫႊတ္ေရးပါတီ MUP မွ တြဲဖက္အေထြေထြ အတြင္းေရးမွဴး ၁ ႏိုင္လယီတမက “က်န္းမာေရး ၀န္ႀကီး ဌာနနဲ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ႀကီးၾကပ္ေဆာင္ရြက္သြားမယ္ ဆိုလို႔ရွိရင္ တရားမွ်တတဲ့ ေရြးေကာက္ပြဲကို မထိခိုက္ႏိုင္ဘူးလို႔ ေမွ်ာ္လင့္တာေပါ့ေနာ သို႔ေသာ္လည္း ခုနက ပါတီႀကီး ပါတီငယ္ မခြဲ ျခားပဲနဲ႔ ပါတီတိုင္းအေပၚမွာ တန္းတူသေဘာထားၿပီးေတာ့ ၫႊန္ၾကားခ်က္အတိုင္း ႀကီးၾကပ္ေဆာင္ ရြက္ေပး ဖို႔ေတာ့ လိုအပ္တာေပါ့” ဟု ေျပာသည္။

၂၀၂၀ ျပည့္ႏွစ္ ႏို၀င္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြ ေရြးေကာက္ပြဲအတြက္ မဲဆြယ္ စည္းရံုး ခြင့္ကာလကို ရက္ေပါင္း ၆၀ ( ၈-၉-၂၀၂၀ ရက္ေန႔ နံနက္ ၀၆း၀၀ နာရီမွ ၆-၁၁-၂၀၂၀ ရက္ေန႔ ည ၁၂း၀၀ နာရီအထိ ) ခြင့္ျပဳေၾကာင္း ျပည္ေထာင္စု ေရြေးကာက္ပြဲ ေကာ္မရွင္က စက္တင္ဘာလ ၆ ရက္ေန႔က ထုတ္ ျပန္ခဲ့သည္။

COVID-19 ကာလတြင္ က်င္းပမည့္ ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးေရးလုပ္ငန္း လုပ္ေဆာင္ရာတြင္ က်န္းမာေရး ႏွင့္ အားကစား ၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ ကိုဗစ္ကာကြယ္တားဆီးေရးဆိုင္ရာ ဥပေဒ မ်ား၊ လိုက္နာခ်က္မ်ားေၾကာင့္ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ပါတီမ်ားအတြက္ စိန္ေခၚမႈမ်ား၊ အခက္အခဲ မ်ားစြာရွိေနသည္ဟု UEC က ေရြးေကာက္ပြဲဆိုင္ရာ စုေ၀းေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္းရံုးျခင္း ဆိုင္ရာ တို႔ ႏွင့္ စပ္လ်ဥ္း၍ ေၾကညာခ်က္ မထုတ္ျပန္ခင္ကတည္းက တိုင္းရင္းသားပါတီမ်ားက ေျပာဆိုထားသည္။