ပါတီအချို့ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် လိုလား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်။

COVID- 19 ကပ်ရောဂါ ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနေပြီး လူအသေအပျောက် ပိုမိုများပြား လာသည့် အတွက် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီ အချို့က ပြောသည်။

လက်ရှိ အစိုးရဖြစ်နေသည့် NLD အပြင် ၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ကြမည့် တိုင်းရင်းသား နိုင်ငံရေး ပါတီ အားလုံးနှင့် ညှိနှိုင်းပြီး အဖြေရှာသင့်သည်ဟု ကချင်တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ ပါတီ KSPP ဒု-ဥက္ကဋ္ဌ-၂ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

“အကုန်လုံးညှိညှိနှိုင်းနှိုင်းနဲ့ပဲ ရွေးကောက်ပွဲကို လုပ်မလား မလုပ်ဘူးလား။ ကျန်းမာရေး အခြေအနေ ဘယ်လို ဖြစ်သလဲ ဆိုတဲ့အပိုင်းကိုတော့ ကျနော်တော့ ဒါကိုတော့ ပြောချင်ပါတယ်။ တကယ်လို့များ ကျန်းမာရေး ရှု့ ထောင်ကနေပဲ ကြည့်ကြည့် ဒီ COVID- 19 ရောဂါ အခြေအနေ ဆိုးဝါးပြီးမှ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လည်း လူတွေကတော့ ရောဂါကူးတာများလာမယ် အသေအပျောက်တွေလည်း များလာမယ်။ ဒါမျိုးတော့ ဖြစ်တယ်။ ဒါကြောင့်လည်း အကုန်လုံးနဲ့ အစိုးရနဲ့ရော အတိုက်အခံပါတီတွေနဲ့ NLD ပါတီတွေရော ကျန်တဲ့ ပါတီတွေရော အကုန်လုံးညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပြီးမှ ဆွေးနွေး သင့်တယ်ဆိုတဲ့ဟာမျိုးတော့ ကျနော် ပြောလိုပါတယ်။”

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလထဲကို ပြောင်းရွှေ့ပေးရန် ပြည်သူ့ရှေ့ဆောင်ပါတီ PPP က လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်ဟု ပါတီခေါင်းဆောင်များ က ပြောသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က လည်း “ဒီရောဂါနဲ့ ရွေးကောက်ပွဲနဲ့ အသက် သေရမယ့်ဟာနဲ့ ဟိုဖက်က ရာထူး အာဏာရမယ့်ဟာနဲ့ ဘယ်ဟာအရေးကြီးသလဲ စဉ်းစား ဆုံးဖြတ် လိုက်တဲ့ အခါမှာ ရောဂါဘယက ပိုအရေးကြီးတယ်။ အသက်သေရမယ့်ဟာက ပိုပြီးတော့ အရေးကြီးတယ်။ ဟို ဖက် အာဏာက မရရင်လည်း ကိစ္စ မရှိဘူး။ အဲလိုအနေအထားမျိုး ရှိတဲ့အတွက် မလိုအပ် ဘူးဆိုလို့ရှိရင် ရွှေ့ သင့်ရင် လည်း ရွှေ့ဖို့ဖန်တီးလာတယ်ဆိုလို့ရှိရင်လည်း ရွေ့သင့်တယ်လို့ တစ်ဖက်က စဉ်းစားချက်တွေ ဖြစ်လာ တာပေါ့လေ။ ပိုပြီးတော့ ပြင်းပြင်းထန် ထန်ဖြစ်လာရင် အတီးတို့ဆီမှာလည်း အများကြီး ရောဂါတွေ ကူးစက် လာတယ် ဆိုရင်တော့ ခုနက ရွေ့ လိုက်တာကတော့ ကောင်းမယ်လို့ပြောလိုတယ်” ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ရှိအခြေအနေအထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ မရှိကြောင်း နှင့် ရွှေ့ဆိုင်းခဲ့မည်ဆိုပါကလည်း အောက်တိုဘာလတွင် ကြေညာမည်ဟု မကြာသေးခင်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုထားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေး မှူးချုပ် စိုင်းလိတ်က “ပြည်သူလူထု တစ်ရပ်လုံးအတွက် အကျိုးရှိမှာမို့လို့ ပိုပြီးတော့ လုံခြုံစိတ်ချရမှာမို့လို့ ရွေးကောက်ပွဲကို ရွေ့ ဆိုင်းမယ် ဆိုရင် လည်း ကျနော်တို့ ဖက်ကတော့ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။ တကယ်လို့ အဲလိုမဟုတ်ဘူး ရွေးကောက် ပွဲက အင်မတန်အရေးကြီးပါတယ်။ သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက် နေ့မှာပဲ လုပ်သွားမယ်ဆိုရင်လည်းပဲ ကျနော်တို့က ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် လူထုရဲ့ ကျန်းမာရေးက မဲပေးတဲ့ ကိစ္စထက်ကို ရွေးကောက်ပွဲ ကိစ္စထက်ကို ပိုပြီး အရေးကြီးတယ်ဆိုတာကိုတော့ ကျနော်တို့ လုံး၀ လက်သင့်ခံထားပါတယ်ခင်ဗျာ” ဟု ပြော သည်။

“ကျနော်တို့ ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ လွတ်လပ်စွာ တန်းတူ ရည်တူ ယှဉ်ပြိုင်ခွင့်ရှိတဲ့ ရွေးကောက် ပွဲ တစ်ရပ်ဖြစ် စေချင်တာပေါ့နော် အဲလိုမျိုး ဖြစ်ဖို့ဆိုလို့ရှိရင် လူထု ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲ အပေါ် မှာ စိတ်ပါဝင်စားစွာနဲ့ မဲလာပေးဖို့လို အပ်ပါတယ်။ အဲလိုစိတ် ပါဝင်စားလာနိုင်အောင် ဆိုတာကလည်း လူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လူထုရဲ့ ကျန်းမာရေး အာမခံနိုင်မှုက အပြည့်အ၀ ဖော်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။ အဲလိုမဟုတ်ဘူး ဆိုလို့ရှိရင်တော့ ရွေး ကောက်ပွဲကို မဖြစ်မနေ ကျင်းပတာမျိုးထက်ကို လူထု ကျန်းမာ ရေး အတွက်ကို ပိုပြီးတော့မှ အာရုံစိုက် လုပ်ဆောင်ပေးသင့်တယ်ဆိုတာမျိုးပဲ ဖြည့်ပြောချင်ပါတယ်။”

အခြေအနေဆိုးရွားလာပါက ရွှေ့သင့်ကြောင်း၊ သို့သော်လည်း ၂၀၀၈ ဥပဒေအရ ရွေးကောက်ပွဲကို ရွှေ့ဆိုင်း မည်ဆိုပါက မည်ကဲ့သို့ ရွှေ့ရမည်ဆိုသည့် အချက်ကို ပြန်ကြည့်ရန်လိုအပ်သည်ဟု ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီ KySDP အတွင်းရေးမှူး ဦးသဲရယ် က ပြောသည်။

“ဒီထက်ဆိုးလာမယ်ဆိုလို့ရှိရင်တော့ ရွေ့သင့်တာပေါ့နော။ ဒါပေမယ့် ရွေ့သင့်တယ်ဆိုတဲ့ နေရာမှာကလည်း ဘယ်လောက်အထိ ရွေ့မလဲပေါ့။ နောက်တစ်ခုကရှိတယ် ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေရဲ့ ပေးထား ချက် ကိုလည်း ကျနော်တို့ တစ်ချက်ပြန်ကြည့်ရမှာဖြစ်တယ်။ ဘာလို့လဲ ဆိုလို့ရှိရင် ကျနော်တို့က တစ်လ နှစ်လ အဲ လိုရွှေ့ရင်တော့ ပြဿနာ မရှိဘူးပေါ့။ နှစ်နှင့်ချီပြီးတော့ ကျနော်တို့ ရွေးကောက်ပွဲ ရွှေ့လိုက်မယ် ဆိုလို့ရှိရင် ဒီကြားထဲမှာ ကျနော်တို့ အရေးအပေါ်အတွက် ဆိုပြီးတော့မှ ကျနော်တို့ ဥပဒေတစ်ရပ် ပြဌာန်းဖို့လည်း လိုတာ ပေါ့။ ဘာလို့လဲဆိုရင် ၂၀၀၈ အခြေခံဥပဒေအရက တစ်ကယ်လို့ သတ်မှတ်တဲ့ အချိန်မှာ ၅ နှစ်ပြည့်တာနဲ့ကို အစိုးရ တစ်ရပ် အစားမထိုးနိုင်ဘူးဆိုလို့ရှိရင်တော့ တပ်မတော်ကနေပြီးတော့ အော်တို သူဝင်ပြီးတော့မှ အုပ် ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာ မျိုးတွေလည်း ကျနော်တို့ စိုးရိမ်စရာ တစ်ခုဖြစ်တာပေါ့လေ။”

ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းမည်ဆိုပါက နိုင်ငံအတွက် မလိုလားအပ်သည့် ပြဿနာများ၊ အကျိုးဆက်များ ဖြစ် လာနိုင်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း လိုက်နာပြီး ရွေး ကောက်ပွဲကို ကျင်းပသင့်သည်ဟု မွန်ညီညွတ်ရေးပါတီ MUP တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) နိုင်လရီ တမ က ပြောသည်။

“ကျနော်တို့ သဘောထားကတော့ ဒီကိုဗစ်ရောဂါ အနေအထားက နှစ်နဲ့ချီပြီးသွားမယ့် အနေအထား ရှိတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ရွှေ့ဆိုင်းမယ်ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံအတွက် မလိုလားအပ်တဲ့ နိုင်ငံရေးအကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ အပေါ်မှာ ကျနော်တို့က စိုးရိမ်မှု ရှိတယ်။ အဲကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကတော့ ပုံမှန်အတိုင်းကျင်းပပေးရမယ်လို့ ကျနော်တို့ အဲလိုမြင်ပါတယ်။ အဲ တော့ဘယ်လိုပဲဖြစ်စေ ဒီကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းကို လိုက်နိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စောင့်ကြည့်ကြည့်ကြပ်ပြီးတော့ ရွေးကောက်ပွဲကိုတော့ ပုံမှန်ကျင်းပမယ့်နေ့ ကြေ ညာထားတဲ့ နေ့အတိုင်းကို ကျင်းပဖို့သင့်တယ်လို့ ကျနော်တို့က အဲလိုပဲမြင်ပါတယ်။”

လက်ရှိဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် ရန်ကုန်နှင့်ရခိုင်တို့တွင် နေအိမ်များတွင်နေထိုင် ကြရန် (Stay at Home) ထုတ်ပြန်ထားပြီး မလိုအပ်ပါက ခရီးမသွားကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက အမိန့်ထုတ်ထားသည်။

အဆိုပါအချက်များအပါအဝင် COVID-19 ကပ်ဘေးကာလအတွင်း မဲဆွယ်စည်းရုံးရာ လူ ၅၀ နှင့်အထက် မစုဝေးရ ဆိုသည့် အချက်များကြောင့် ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်နေကြသည်။

*** ZAWGYI ***
ပါတီအခ်ိဳ႔ ေရြးေကာက္ပြဲေရြႊ႔ဆိုင္းရန္ လိုလား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာ ၁၁ ရက္။

COVID- 19 ကပ္ေရာဂါ ကူးစက္မႈႏႈန္း ပိုမိုျမင့္တက္လာေနၿပီး လူအေသအေပ်ာက္ ပိုမိုမ်ားျပား လာသည့္ အတြက္ ႏို၀င္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းေပးရန္ လိုအပ္သည္ဟု ႏုိင္ငံေရးပါတီ အခ်ိဳ႕က ေျပာသည္။

လက္ရွိ အစိုးရျဖစ္ေနသည့္ NLD အျပင္ ၂၀၂၀ တြင္ ေရြးေကာက္ပြဲဝင္ၾကမည့္ တုိင္းရင္းသား ႏုိင္ငံေရး ပါတီ အားလံုးႏွင့္ ညွိႏိႈင္းၿပီး အေျဖရွာသင့္သည္ဟု ကခ်င္တိုင္းရင္းသားပါတီတစ္ခုျဖစ္သည့္ ကခ်င္ျပည္နယ္ ျပည္သူ႔ ပါတီ KSPP ဒု-ဥကၠ႒-၂ ဦးကြမ္ေဂါင္ေအာင္ခမ္း က ေျပာသည္။

“အကုန္လံုးညွိညွိႏႈိင္းႏႈိင္းနဲ႔ပဲ ေရြးေကာက္ပြဲကို လုပ္မလား မလုပ္ဘူးလား။ က်န္းမာေရး အေျခအေန ဘယ္လို ျဖစ္သလဲ ဆိုတဲ့အပိုင္းကိုေတာ့ က်ေနာ္ေတာ့ ဒါကိုေတာ့ ေျပာခ်င္ပါတယ္။ တကယ္လို႔မ်ား က်န္းမာေရး ရႈ႕ ေထာင္ကေနပဲ ၾကည့္ၾကည့္ ဒီ COVID- 19 ေရာဂါ အေျခအေန ဆိုးဝါးၿပီးမွ ေရြးေကာက္ပြဲ လုပ္မယ္ဆိုရင္ လည္း လူေတြကေတာ့ ေရာဂါကူးတာမ်ားလာမယ္ အေသအေပ်ာက္ေတြလည္း မ်ားလာမယ္။ ဒါမ်ိဳးေတာ့ ျဖစ္တယ္။ ဒါေၾကာင့္လည္း အကုန္လံုးနဲ႔ အစိုးရနဲ႔ေရာ အတိုက္အခံပါတီေတြနဲ႔ NLD ပါတီေတြေရာ က်န္တဲ့ ပါတီေတြေရာ အကုန္လံုးညွိညွိႏိႈင္းႏိႈင္းနဲ႔ လုပ္ၿပီးမွ ေဆြးေႏြး သင့္တယ္ဆိုတဲ့ဟာမ်ိဳးေတာ့ က်ေနာ္ ေျပာလိုပါ တယ္။”

၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ဒီဇင္ဘာလထဲကို ေျပာင္းေရႊ႕ေပးရန္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ PPP က လည္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံကို အိတ္ဖြင့္ေပးစာ ေပးပို႔ထားသည္ဟု ပါတီေခါင္းေဆာင္မ်ား က ေျပာသည္။

ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ဥကၠ႒ မန္းေအာင္ျပည္စိုး က လည္း “ဒီေရာဂါနဲ႔ ေရြးေကာက္ပြဲနဲ႔ အသက္ ေသရမယ့္ဟာနဲ႔ ဟိုဖက္က ရာထူး အာဏာရမယ့္ဟာနဲ႔ ဘယ္ဟာအေရးႀကီးသလဲ စဥ္းစား ဆံုးျဖတ္ လိုက္တဲ့ အခါမွာ ေရာဂါဘယက ပိုအေရးႀကီးတယ္။ အသက္ေသရမယ့္ဟာက ပိုၿပီးေတာ့ အေရးႀကီးတယ္။ ဟို ဖက္ အာဏာက မရရင္လည္း ကိစၥ မရွိဘူး။ အဲလိုအေနအထားမ်ိဳး ရွိတဲ့အတြက္ မလိုအပ္ ဘူးဆိုလို႔ရွိရင္ ေရႊ႕ သင့္ရင္ လည္း ေရႊ႕ဖို႔ဖန္တီးလာတယ္ဆိုလို႔ရွိရင္လည္း ေရြ႕သင့္တယ္လို႔ တစ္ဖက္က စဥ္းစားခ်က္ေတြ ျဖစ္လာ တာေပါ့ေလ။ ပိုၿပီးေတာ့ ျပင္းျပင္းထန္ ထန္ျဖစ္လာရင္ အတီးတို႔ဆီမွာလည္း အမ်ားႀကီး ေရာဂါေတြ ကူးစက္ လာတယ္ ဆိုရင္ေတာ့ ခုနက ေရြ႕ လိုက္တာကေတာ့ ေကာင္းမယ္လို႔ေျပာလိုတယ္” ဟု ေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က လက္ရွိအေျခအေနအထိ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းဖို႔ မရွိေၾကာင္း ႏွင့္ ေရႊ႕ဆုိင္းခဲ့မည္ဆိုပါကလည္း ေအာက္တိုဘာလတြင္ ေၾကညာမည္ဟု မၾကာေသးခင္က က်င္းပခဲ့သည့္ သတင္းစာရွင္းလင္းပြဲ တြင္ ေျပာဆိုထားသည္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD အေထြေထြအတြင္းေရး မႉးခ်ဳပ္ စိုင္းလိတ္က “ျပည္သူလူထု တစ္ရပ္လံုးအတြက္ အက်ိဳးရွိမွာမို႔လို႔ ပိုၿပီးေတာ့ လံုၿခံဳစိတ္ခ်ရမွာမို႔လို႔ ေရြးေကာက္ပြဲကို ေရြ႕ ဆိုင္းမယ္ ဆိုရင္ လည္း က်ေနာ္တို႔ ဖက္ကေတာ့ ျငင္းပယ္စရာ အေၾကာင္းမရွိပါဘူး။ တကယ္လို႔ အဲလိုမဟုတ္ဘူး ေရြးေကာက္ ပြဲက အင္မတန္အေရးႀကီးပါတယ္။ သတ္မွတ္ထားတဲ့ ႏို၀င္ဘာ ၈ ရက္ ေန႔မွာပဲ လုပ္သြားမယ္ဆိုရင္လည္းပဲ က်ေနာ္တို႔က ကန္႔ကြက္စရာ မရွိပါဘူး။ ဒါေပမယ့္ လူထုရဲ႕ က်န္းမာေရးက မဲေပးတဲ့ ကိစၥထက္ကို ေရြးေကာက္ပြဲ ကိစၥထက္ကို ပိုၿပီး အေရးႀကီးတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔ လံုး၀ လက္သင့္ခံထားပါတယ္ခင္ဗ်ာ” ဟု ေျပာ သည္။

“က်ေနာ္တို႔ ကေတာ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ လြတ္လပ္စြာ တန္းတူ ရည္တူ ယွဥ္ၿပိဳင္ခြင့္ရွိတဲ့ ေရြးေကာက္ ပြဲ တစ္ရပ္ျဖစ္ ေစခ်င္တာေပါ့ေနာ္ အဲလိုမ်ိဳး ျဖစ္ဖို႔ဆိုလို႔ရွိရင္ လူထု ကိုယ္တိုင္ကလည္း ဒီေရြးေကာက္ပြဲ အေပၚ မွာ စိတ္ပါ၀င္စားစြာနဲ႔ မဲလာေပးဖို႔လို အပ္ပါတယ္။ အဲလိုစိတ္ ပါ၀င္စားလာႏိုင္ေအာင္ ဆိုတာကလည္း လူထုရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈ လူထုရဲ႕ က်န္းမာေရး အာမခံႏိုင္မႈက အျပည့္အ၀ ေဖာ္ေဆာင္ေပးဖို႔ လိုအပ္ပါ တယ္။ အဲလိုမဟုတ္ဘူး ဆိုလို႔ရွိရင္ေတာ့ ေရြး ေကာက္ပြဲကို မျဖစ္မေန က်င္းပတာမ်ိဳးထက္ကို လူထု က်န္းမာ ေရး အတြက္ကို ပိုၿပီးေတာ့မွ အာရံုစိုက္ လုပ္ေဆာင္ေပးသင့္တယ္ဆိုတာမ်ိဳးပဲ ျဖည့္ေျပာခ်င္ပါတယ္။”

အေျခအေနဆိုးရြားလာပါက ေရႊ႕သင့္ေၾကာင္း၊ သို႔ေသာ္လည္း ၂၀၀၈ ဥပေဒအရ ေရြးေကာက္ပြဲကို ေရႊ႕ဆုိင္း မည္ဆိုပါက မည္ကဲ့သို႔ ေရႊ႕ရမည္ဆုိသည့္ အခ်က္ကို ျပန္ၾကည့္ရန္လိုအပ္သည္ဟု ကယားျပည္နယ္ ဒီမိုက ရက္တစ္ပါတီ KySDP အတြင္းေရးမွဴး ဦးသဲရယ္ က ေျပာသည္။

“ဒီထက္ဆိုးလာမယ္ဆိုလို႔ရွိရင္ေတာ့ ေရြ႕သင့္တာေပါ့ေနာ။ ဒါေပမယ့္ ေရြ႕သင့္တယ္ဆိုတဲ့ ေနရာမွာကလည္း ဘယ္ေလာက္အထိ ေရြ႕မလဲေပါ့။ ေနာက္တစ္ခုကရွိတယ္ က်ေနာ္တို႔က ၂၀၀၈ အေျခခံဥပေဒရဲ႕ ေပးထား ခ်က္ ကိုလည္း က်ေနာ္တို႔ တစ္ခ်က္ျပန္ၾကည့္ရမွာျဖစ္တယ္။ ဘာလို႔လဲ ဆိုလို႔ရွိရင္ က်ေနာ္တို႔က တစ္လ ႏွစ္လ အဲ လိုေရႊ႕ရင္ေတာ့ ျပႆနာ မရွိဘူးေပါ့။ ႏွစ္ႏွင့္ခ်ီၿပီးေတာ့ က်ေနာ္တို႔ ေရြးေကာက္ပြဲ ေရႊ႕လိုက္မယ္ ဆိုလို႔ရွိရင္ ဒီၾကားထဲမွာ က်ေနာ္တို႔ အေရးအေပၚအတြက္ ဆိုၿပီးေတာ့မွ က်ေနာ္တို႔ ဥပေဒတစ္ရပ္ ျပဌာန္းဖို႔လည္း လိုတာ ေပါ့။ ဘာလို႔လဲဆိုရင္ ၂၀၀၈ အေျခခံဥပေဒအရက တစ္ကယ္လို႔ သတ္မွတ္တဲ့ အခ်ိန္မွာ ၅ ႏွစ္ျပည့္တာနဲ႔ကို အစိုးရ တစ္ရပ္ အစားမထိုးႏိုင္ဘူးဆိုလို႔ရွိရင္ေတာ့ တပ္မေတာ္ကေနၿပီးေတာ့ ေအာ္တို သူ၀င္ၿပီးေတာ့မွ အုပ္ ခ်ဳပ္ပိုင္ခြင့္ရွိတယ္ဆိုတဲ့ဟာ မ်ိဳးေတြလည္း က်ေနာ္တို႔ စိုးရိမ္စရာ တစ္ခုျဖစ္တာေပါ့ေလ။”

ေရြးေကာက္ပြဲကို ေရႊ႕ ဆုိင္းမည္ဆုိပါက ႏုိင္ငံအတြက္ မလိုလားအပ္သည့္ ျပႆနာမ်ား၊ အက်ိဳးဆက္မ်ား ျဖစ္ လာႏုိင္သည့္အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ညြန္ၾကားခ်က္မ်ားအတိုင္း လိုက္နာၿပီး ေရြး ေကာက္ပြဲကို က်င္းပသင့္သည္ဟု မြန္ညီညြတ္ေရးပါတီ MUP တြဲဖက္ အေထြေထြအတြင္းေရးမွဴး (၁) ႏုိင္လရီ တမ က ေျပာသည္။

“က်ေနာ္တို႔ သေဘာထားကေတာ့ ဒီကိုဗစ္ေရာဂါ အေနအထားက ႏွစ္နဲ႔ခ်ီၿပီးသြားမယ့္ အေနအထား ရွိတယ္။ အဲဒါေၾကာင့္ ဒီအေပၚမွာ ေရြးေကာက္ပြဲ က်င္းပမယ့္ ရက္ကို ေရႊ႕ဆိုင္းမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ ႏိုင္ငံအတြက္ မလိုလားအပ္တဲ့ ႏိုင္ငံေရးအက်ိဳးဆက္ေတြ ျဖစ္လာႏိုင္တဲ့ အေပၚမွာ က်ေနာ္တို႔က စိုးရိမ္မႈ ရွိတယ္။ အဲေၾကာင့္ ဘယ္လိုပဲ ျဖစ္ျဖစ္ ေရြးေကာက္ပြဲကေတာ့ ပံုမွန္အတိုင္းက်င္းပေပးရမယ္လို႔ က်ေနာ္တို႔ အဲလိုျမင္ပါတယ္။ အဲ ေတာ့ဘယ္လိုပဲျဖစ္ေစ ဒီက်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္းကို လိုက္ႏိုင္ေအာင္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေစာင့္ၾကည့္ၾကည့္ၾကပ္ၿပီးေတာ့ ေရြးေကာက္ပြဲကိုေတာ့ ပုံမွန္က်င္းပမယ့္ေန႔ ေၾက ညာထားတဲ့ ေန႔အတိုင္းကို က်င္းပဖို႔သင့္တယ္လို႔ က်ေနာ္တို႔က အဲလိုပဲျမင္ပါတယ္။”

လက္ရွိျဖစ္ပြားေနသည့္ COVID-19 ကူးစက္ေရာဂါေၾကာင့္ ရန္ကုန္ႏွင့္ရခိုင္တို႔တြင္ ေနအိမ္မ်ားတြင္ေနထုိင္ ၾကရန္ (Stay at Home) ထုတ္ျပန္ထားၿပီး မလိုအပ္ပါက ခရီးမသြားၾကရန္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီး ဌာနက အမိန္႔ထုတ္ထားသည္။

အဆိုပါအခ်က္မ်ားအပါအဝင္ COVID-19 ကပ္ေဘးကာလအတြင္း မဲဆြယ္စည္းရံုးရာ လူ ၅၀ ႏွင့္အထက္ မစုေဝးရ ဆိုသည့္ အခ်က္မ်ားေၾကာင့္ ပါတီမ်ားအေနျဖင့္ မဲဆြယ္စည္းရံုးရန္ အခက္အခဲျဖစ္ေနၾကသည္။