မူဆယ် ရွေး/ကော်က စက်တင်ဘာ ၁၄ နောက်ပိုင်း မဲဆွယ် လျောက်လွှာများ လက်မခံကြောင်း ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။

မဲဆွယ်ခွင့် ပိတ်ကြောင်း ထုတ်ပြန်ချက် ရုတ်သိမ်းပေးရန် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က တောင်းဆိုထားကြောင်း ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းတွင် လျှောက်ထားလာမည့် မဲဆွယ် စည်းရုံးခွင့်အား ခွင့်ပြုမည်မ ဟုတ်ကြောင်း မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်သည် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် UEC ၏ ထုတ်ပြန်ချက်နှင့် ဆန့်ကျင်နေသည့်အတွက် ပြန်လည် ရုတ်သိမ်းပေးရန် တောင်းဆို ထားခြင်းဖြစ်သည်ဟု SNLD အထွေထွေ အတွင်းရေးမှူးချုပ် စိုင်းလိတ်က ပြောသည်။

“မနေ့ကနေပဲ ကျနော်တို့ ပါတီ တာဝန်ရှိပုဂ္ဂိုလ်ကနေပြီးတော့မှ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့နဲ့ သွားတွေ့ပြီး ရှင်းထားပါတယ်။ အဲဒီဥစ္စာဟာ ညွှန်ကြားချက်ဟာ UEC က ထုတ်ပြန်ထားတဲ့ ကြေညာ ချက်နဲ့ ကွဲလွဲနေတယ်။ ဆန့်ကျင်နေတယ် အဲဒီအတိုင်း လိုက်ပြီး လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရက်ပေါင်း ၆၀ ဆိုတဲ့ အကန့်အသတ်ကို ဘယ်လိုမှ ဘောင်မဝင်တော့ပါဘူးလို့ အဲလိုသွားပြောတော့လည်း သူတို့က ပြန်လည်ပြီးတော့မှ ညှိနှိုင်းပေးပါမယ်ဆိုတဲ့ သဘောမျိုးတော့ ပြန်ပြောခဲ့တာပေါ့ဗျာ။”

စက်တင်ဘာလ ၉ ရက်နေ့ နေ့စွဲဖြင့် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီ အဖွဲ့ချုပ် SNLD ပါတီ မူဆယ်ရုံးသို့ မဲဆွယ်စည်းရုံးခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်သည့် အ ကြောင်းကြားစာကို ပေးပို့လာခြင်းဖြစ်ပြီး အဆိုပါ အကြောင်းစာသည် မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မ ရှင် တစ်ခုတည်းကသာ ထုတ်ပြန်ထားသည့် အကြောင်းကြားစာ ဖြစ်သည်ဟု စိုင်းလိတ်က ဆက် ပြောသည်။

“ရှမ်းပြည်နယ် တစ်နယ်လုံး ကျနော်မေးကြည့်ပါတယ်။ ကချင်ပြည်နယ် ကယားပြည်နယ် အကုန်မေးကြည့် ပါ တယ်။ ဘယ်မှာမှ အဲလိုမျိုး မရှိပါဘူးခင်ဗျား။ မူဆယ်ခရိုင်တစ်ခုထဲပဲ ထူးပြီးတော့မှ ထွက်လာတာပါ။”

ထို့အကြောင်းကြားစာထဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) အားလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါ၍ ရက်ပေါင်း ၆၀ အတွင်း စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းအား လွှတ်တော်ကိုယ်စားလှယ်လောင်းကြေညာပြီး ၁၅ ရက်အတွင်း တင်ရမည်ဖြစ်ပါ၍ (၁၄-၉-၂၀၂၀) နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် တင်ပြသွားရန်နှင့် အချိန်ကျော်လွန်တင်ပြသော မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများအား ခွင့်ပြုပေးမည်မဟုတ်ကြောင်း အကြောင်းကြားသည်ဟု ပါရှိသည်။

သို့သော် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆွယ်စည်းရုံးရေး နှင့် ပတ်သက်သည့် ညွှန်ကြားချက်များထဲတွင် သက်ဆိုင်ရာ ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားသည်နှင့် တစ်ပြိုင်နက်တည်း မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက်နိုင် သည် ဟု ဆိုသည်။

စိုင်းလိတ်က “မြို့နယ်နှင့် ခရိုင် ရွေးကောက် ပွဲ ကော်မရှင်တွေက ဥပဒေကို သူတို့ UEC က ထုတ်ပြန်ထား တဲ့ ဥပဒေစည်းကမ်း လမ်းညွှန်ချက်တွေကို အတိ အကျ မလိုက်နာပဲနဲ့ အသေအချာ ကြေညက်အောင် မ လေ့လာပဲနဲ့ သူတစ်လူ ငါတစ်မင်း ဆိုသလို မျိုးပေါ့ နော်။ အမိန့်ကို ထပ်ထပ်ပြီးတော့ ထုတ်ပြန်နေတာ က လည်း အခက်အခဲဖြစ်စေတယ်ခင်ဗျား။ ဆိုလိုတာက ဒီလ ၁၄ ရက်နေ့ မတိုင်ခင်တင်တဲ့ စာတွေအရပဲ မဲ ဆွယ်စည်းရုံးရေး လုပ်လို့ရမယ်။ အဲဒီကာလ ကျော်လွန် သွားရင် မဲဆွယ်စည်းရုံးဖို့အတွက် သူတို့ ခွင့်ပြုမ ပေး နိုင်တော့ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်သွားပါတယ်။ အဲဒါဟာ ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ကြေ ညာချက် နောက်ပြီးတော့မှ ၂၀၁၅ ခုနှစ် မှာ ထုတ် ပြန်တဲ့ ကြေညာချက် ဒါတွေကို သူတို့ ကြေညက်အောင် မလေ့ လာထားတဲ့ သဘောလို့ ကျနော် တွေ့ ရပါတယ်ခင်ဗျာ” ဟု ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲသည် ကိုဗစ်ကာလတွင် ပြုလုပ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ခက်ခဲမှုကို ဖြစ်စေသည့်အပြင် ယခုကဲ့သို့ မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်သည် မဲဆွယ်စည်းရုံးရေးကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံး ခွင့်ကာလကို ရက်ပေါင်း ၆၀ (၈-၉-၂၀၂၀ ရက်နေ့ နံနက် ၀၆း၀၀ နာရီမှ ၆-၁၁-၂၀၂၀ ရက်နေ့ ည ၁၂း၀၀ နာရီအထိ) ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေေးကာက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့က ထုတ် ပြန်ထားသည်။

*** ZAWGYI ***
မူဆယ္ ေရြး/ေကာ္က စက္တင္ဘာ ၁၄ ေနာက္ပိုင္း မဲဆြယ္ ေလ်ာက္လႊာမ်ား လက္မခံေၾကာင္း ေၾကညာ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၂ ရက္။

မဲဆြယ္ခြင့္ ပိတ္ေၾကာင္း ထုတ္ျပန္ခ်က္ ရုတ္သိမ္းေပးရန္ မူဆယ္ခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္အား ရွမ္း တိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ SNLD က ေတာင္းဆိုထားေၾကာင္း ေျပာသည္။

စက္တင္ဘာလ ၁၄ ရက္ေန႔ ေနာက္ပိုင္းတြင္ ေလွ်ာက္ထားလာမည့္ မဲဆြယ္ စည္းရံုးခြင့္အား ခြင့္ျပဳမည္မ ဟုတ္ေၾကာင္း မူဆယ္ခ႐ိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္၏ ထုတ္ျပန္ခ်က္သည္ ျပည္ေထာင္စု ေရြးေကာက္ ပြဲ ေကာ္မရွင္ UEC ၏ ထုတ္ျပန္ခ်က္ႏွင့္ ဆန္႔က်င္ေနသည့္အတြက္ ျပန္လည္ ႐ုတ္သိမ္းေပးရန္ ေတာင္းဆို ထားျခင္းျဖစ္သည္ဟု SNLD အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ စိုင္းလိတ္က ေျပာသည္။

“မေန႔ကေနပဲ က်ေနာ္တို႔ ပါတီ တာ၀န္ရွိပုဂၢိဳလ္ကေနၿပီးေတာ့မွ သက္ဆိုင္ရာ ခ႐ိုင္ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔နဲ႔ သြားေတြ႕ၿပီး ရွင္းထားပါတယ္။ အဲဒီဥစၥာဟာ ၫႊန္ၾကားခ်က္ဟာ UEC က ထုတ္ျပန္ထားတဲ့ ေၾကညာ ခ်က္နဲ႔ ကြဲလြဲေနတယ္။ ဆန္႔က်င္ေနတယ္ အဲဒီအတိုင္း လိုက္ၿပီး လုပ္မယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ ရက္ေပါင္း ၆၀ ဆိုတဲ့ အကန္႔အသတ္ကို ဘယ္လိုမွ ေဘာင္မ၀င္ေတာ့ပါဘူးလို႔ အဲလိုသြားေျပာေတာ့လည္း သူတို႔က ျပန္လည္ၿပီးေတာ့မွ ညွိႏႈိင္းေပးပါမယ္ဆိုတဲ့ သေဘာမ်ိဳးေတာ့ ျပန္ေျပာခဲ့တာေပါ့ဗ်ာ။”

စက္တင္ဘာလ ၉ ရက္ေန႔ ေန႔စြဲျဖင့္ မူဆယ္ခ႐ိုင္ ေရြးေကာက္ပြဲေကာ္မရွင္က ရွမ္းတိုင္းရင္းသားမ်ား ဒီမိုက ေရစီ အဖြဲ႔ခ်ဳပ္ SNLD ပါတီ မူဆယ္ရံုးသို႔ မဲဆြယ္စည္းရံုးခြင့္ ေလွ်ာက္ထားျခင္းႏွင့္ ပတ္သက္သည့္ အ ေၾကာင္းၾကားစာကို ေပးပို႔လာျခင္းျဖစ္ၿပီး အဆိုပါ အေၾကာင္းစာသည္ မူဆယ္ခ႐ိုင္ ေရြးေကာက္ပြဲ ေကာ္မ ရွင္ တစ္ခုတည္းကသာ ထုတ္ျပန္ထားသည့္ အေၾကာင္းၾကားစာ ျဖစ္သည္ဟု စိုင္းလိတ္က ဆက္ ေျပာ သည္။

“ရွမ္းျပည္နယ္ တစ္နယ္လံုး က်ေနာ္ေမးၾကည့္ပါတယ္။ ကခ်င္ျပည္နယ္ ကယားျပည္နယ္ အကုန္ေမးၾကည့္ ပါ တယ္။ ဘယ္မွာမွ အဲလိုမ်ိဳး မရွိပါဘူးခင္ဗ်ား။ မူဆယ္ခ႐ိုင္တစ္ခုထဲပဲ ထူးၿပီးေတာ့မွ ထြက္လာတာပါ။”

ထို႔အေၾကာင္းၾကားစာထဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား အေနျဖင့္ စုေ၀းေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္းရံုးခြင့္ ၫႊန္ၾကားခ်က္အမွတ္ (၁/၂၀၁၄) အားလည္း ထုတ္ျပန္ထားၿပီး ျဖစ္ပါ၍ ရက္ေပါင္း ၆၀ အတြင္း စုေ၀းေဟာေျပာျခင္းႏွင့္ မဲဆြယ္စည္းရံုးျခင္းအား လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေၾကညာၿပီး ၁၅ ရက္အတြင္း တင္ရမည္ျဖစ္ပါ၍ (၁၄-၉-၂၀၂၀) ေနာက္ဆံုးထားၿပီး သက္ဆိုင္ရာ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲရံုးမ်ားတြင္ တင္ျပသြားရန္ႏွင့္ အခ်ိန္ေက်ာ္လြန္တင္ျပေသာ မဲဆြယ္စည္းရံုးခြင့္ ေလွ်ာက္လႊာမ်ားအား ခြင့္ျပဳေပးမည္မဟုတ္ေၾကာင္း အေၾကာင္းၾကားသည္ဟု ပါရွိသည္။

သို႔ေသာ္ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ၄ ရက္ေန႔က ထုတ္ျပန္ထားသည့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ မဲဆြယ္စည္းရံုးေရး ႏွင့္ ပတ္သက္သည့္ ၫႊန္ၾကားခ်က္မ်ားထဲတြင္ သက္ဆိုင္ရာ ေရြးေကာက္ ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲသို႔ ေလွ်ာက္ထားသည္ႏွင့္ တစ္ၿပိဳင္နက္တည္း မဲဆြယ္စည္းရံုးျခင္းကို ေဆာင္ရြက္ႏိုင္ သည္ ဟု ဆိုသည္။

စိုင္းလိတ္က “ၿမိဳ႕နယ္ႏွင့္ ခ႐ိုင္ ေရြးေကာက္ ပြဲ ေကာ္မရွင္ေတြက ဥပေဒကို သူတို႔ UEC က ထုတ္ျပန္ထား တဲ့ ဥပေဒစည္းကမ္း လမ္းၫႊန္ခ်က္ေတြကို အတိ အက် မလိုက္နာပဲနဲ႔ အေသအခ်ာ ေၾကညက္ေအာင္ မ ေလ့လာပဲနဲ႔ သူတစ္လူ ငါတစ္မင္း ဆိုသလို မ်ိဳးေပါ့ ေနာ္။ အမိန္႔ကို ထပ္ထပ္ၿပီးေတာ့ ထုတ္ျပန္ေနတာ က လည္း အခက္အခဲျဖစ္ေစတယ္ခင္ဗ်ား။ ဆိုလိုတာက ဒီလ ၁၄ ရက္ေန႔ မတိုင္ခင္တင္တဲ့ စာေတြအရပဲ မဲ ဆြယ္စည္းရံုးေရး လုပ္လို႔ရမယ္။ အဲဒီကာလ ေက်ာ္လြန္ သြားရင္ မဲဆြယ္စည္းရံုးဖို႔အတြက္ သူတို႔ ခြင့္ျပဳမ ေပး ႏိုင္ေတာ့ဘူးဆိုတဲ့ သေဘာမ်ိဳး သက္ေရာက္သြားပါတယ္။ အဲဒါဟာ ၂၀၁၄ ခုႏွစ္က ထုတ္ျပန္တဲ့ ေၾက ညာခ်က္ ေနာက္ၿပီးေတာ့မွ ၂၀၁၅ ခုႏွစ္ မွာ ထုတ္ ျပန္တဲ့ ေၾကညာခ်က္ ဒါေတြကို သူတို႔ ေၾကညက္ေအာင္ မေလ့ လာထားတဲ့ သေဘာလို႔ က်ေနာ္ ေတြ႕ ရပါ တယ္ခင္ဗ်ာ” ဟု ေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲသည္ ကိုဗစ္ကာလတြင္ ျပဳလုပ္က်င္းပသည့္ ေရြးေကာက္ပြဲျဖစ္သည့္အတြက္ က်န္းမာ ေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ က်န္းမာေရးဆိုင္ရာ ကန္႔သတ္ခ်က္မ်ားေၾကာင့္ မဲဆြယ္စည္းရံုးေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ရာတြင္ ခက္ခဲမႈကို ျဖစ္ေစသည့္အျပင္ ယခုကဲ့သို႔ မူဆယ္ခ႐ိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္၏ ထုတ္ျပန္ခ်က္သည္ မဲဆြယ္စည္းရံုးေရးကို အဟန္႔အတားျဖစ္ေစသည္ဟု ဆိုသည္။

၂၀၂၀ ျပည့္ႏွစ္ ႏို၀င္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြ ေရြးေကာက္ပြဲအတြက္ မဲဆြယ္ စည္းရံုး ခြင့္ကာလကို ရက္ေပါင္း ၆၀ (၈-၉-၂၀၂၀ ရက္ေန႔ နံနက္ ၀၆း၀၀ နာရီမွ ၆-၁၁-၂၀၂၀ ရက္ေန႔ ည ၁၂း၀၀ နာရီအထိ) ခြင့္ျပဳေၾကာင္း ျပည္ေထာင္စု ေရြေးကာက္ပြဲ ေကာ္မရွင္က စက္တင္ဘာလ ၆ ရက္ေန႔က ထုတ္ ျပန္ထားသည္။