ထိုင်းနယ်စပ် ရှမ်းဒုက္ခသည်များ မဲပေးခွင့်ရအုံးမည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးချင်သော် လည်း အထောက်အထား တစ်စုံတစ်ရာ မရှိသည့်အတွက် မဲပေးခွင့်ဆုံးရှုံးနေဦးမည်ဟု ရှမ်းစစ်ဘေးရှောင် စခန်းမှ တာဝန်ရှိသူနှင့် စစ်ရှောင်များက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ရှမ်း IDPs စစ်ရှောင်စခန်း ၅ ခုနှင့် Refugee ဒုက္ခသည်စခန်း ၁ ရှိပြီး အဆိုပါ စခန်းများရှိ ဒုက္ခသည်များမှာ နိုင်ငံသားဖြစ်လျက် အထောက်အထား တစ်စုံတစ်ရာ မရှိသည့်အတွက် မဲပေး နိုင်မည့် အလားအလာ မရှိသလောက်ဖြစ်နေသည်ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ လည်း ဖြစ် ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင် လည်းဖြစ် သည် စိုင်းလင်းက ပြော သည်။

“ဒီ Camp တွေမှာကျတော့ အများစုက ရှမ်းတွေက မှတ်ပုံတင်မရှိတာ များတယ်လေနော်။ ဘာလို့ မရှိလဲ ဆိုတာက ရှမ်းတွေက တစ်ခြားလူမျိုးစုနဲ့ မတူတာက တောလက်ကျေးရွာမှာ အနေများတဲ့ ရှမ်းတွေက ဗမာ လို မတတ်ဘူးပေါ့နော်။ ဗမာလို မတတ်ဘူးဆိုတော့ မှတ်ပုံတင်ရဖို့က အတော်ကြီးကို ခက်ပါတယ်။ အဲဒါ ကြောင့်မို့လို့ မှတ်ပုံတင်တွေက အများစုက မရှိဘူးပေါ့ မြန်မာမှတ်ပုံတင် မရှိဘူး။ မရှိဘူး ဆိုတော့ ဘယ်လို လုပ်မဲပေးရမလဲ မဲပေးဖို့ အလားအလာ လုံးဝမရှိဘူးဖြစ်တာပေါ့နော်။”

အထောက်အထား တစ်စုံတစ်ရာ မရှိသော်လည်း မဲပေးခွင့်ရှိမည်ဆိုပါက မဲပေးသွားမည်ဟု စိုင်းလင်း က ဆက် ပြောသည်။

“တကယ်တမ်း အခြေအနေရှိရင်တော့ ပေးချင်တာပေါ့ ဦးတို့က ထိုင်းမှာလည်း မှတ်ပုံတင်မှ မရှိပဲ ထိုင်းမှာ လည်း မဲပေးခွင့်မှ မရှိပဲနော်။ ရှမ်းပြည်မှာကတော့ ရွေးကောက်ပွဲ ရှိမယ်ဆိုလို့ရှိရင်တော့ တကယ်တမ်းကျ တော့ မဲပေးချင်တဲ့ ဆန္ဒရှိတာပေါ့။ ဒါပေမယ့် အခုလက်ရှိကတော့ မဖြစ်နိုင်တော့ဘူးလေ။”

ထိုင်း-မြန်မာနယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင်စခန်း ၅ ခုမှာ ကောင်းမုမိန်း၊ လွယ်ဆမ် စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် စခန်းမှာ ကုန်းကျော် စခန်းဖြစ်သည်ဟု သိရသည်။

ထိုစခန်း ၆ ခုရှိ လူဦးရေ ခြောက်ထောင့်နှစ်ရာ ခန့်မှာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးမည့် အနေအထားတွင် ရှိနေသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ဆိုသည်။

ရှမ်းစစ်ဘေးရှောင် IDPs များနှင့် Refugee ဒုက္ခသည်များ မဲပေးခွင့် မရှိသည့် အခြားတစ်ဖက်တွင် ထိုင်းနိုင် ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ရှမ်းရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ရရှိအောင် ရှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ထိုင်းနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေသည်ဟု SNLD အထွေထွေ အတွင်းရေးမှူးချုပ် စိုင်းလိတ်က ပြောသည်။

“သူတို့အနေနဲ့ မဲထည့်ချင်တယ်ဆိုလို့ရှိရင် သံရုံးနဲ့ ချိတ်ဆက်ပြီးလုပ်ပေးပါဆိုပြီး ကျနော်တို့ တရားဝင်လက် မှတ်တွေ ကိုင်ဆောင်ထားတဲ့ လူတွေအဖို့ပေါ့နော်။ အဲဒါကို ထိုင်းဖက်မှာ ရှိနေတဲ့ လူထုအခြေပြု အဖွဲ့အ စည်း တစ်ချို့နဲ့ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ စာရင်းကောက်ပြီးတော့မှ သံရုံးကို ပေးဖို့ထားတာရှိတယ်။ အဲဒါ လူပေါင်း တစ်ထောင်နီးပါးလောက်ရှိတာပေါ့နော်။”

လက်ရှိ ကောက်ယူရရှိထားသည့် စာရင်းများအားလုံး မဲထည့်ခွင့်ရရှိမည်ဆိုပါက အရပ်ဖက်အဖွဲ့အ စည်း များနှင့် ချိတ်ဆက်ကာ အထောက်အထားရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ မဲထည့်နိုင်အောင် ထပ်မံ ကူညီ လုပ်ဆောင်ပေးသွားရန်ရှိသည်ဟု ဆိုသည်။

နိုင်ငံသားများ ဖြစ်လျှက် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိသည့် ဒုက္ခသည်များ မဲပေးခွင့်ရရှိအောင် ချိတ်ဆက်ပေးထားသော်လည်း အဆိုပါ ဒုက္ခသည်များ မဲပေးခွင့် ရှိ/မရှိ တာဝန်ရှိသူများ အပေါ်တွင်သာ မူတည်သည်ဟု စိုင်းလိတ်က ပြောသည်။

ထိုင်းနိုင်ငံရှိ ရှမ်းရွှေပြောင်းအလုပ် အလုပ်သမားများ နှင့် စစ်ဘေးရှောင်များ၏ မဲပေးခွင့် ဆုံးရှုံးမှု ပမာဏမှာ အလွန်များပြားနေသည့်အတွက် လာမည့် အနာဂတ် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ ဝင်မည့် ရှမ်းနိုင် ငံရေးပါတီများ အနေဖြင့် ရှမ်းရွှေပြောင်းအလုပ် အလုပ်သမားများ နှင့် စစ်ဘေးရှောင်များ မဲပေးခွင့် ရရှိ အောင် ကြိုတင်စီစဉ်လုပ်ဆောင်ထားပေးရန် ဦးစိုင်းလင်းက တိုက်တွန်းပြောဆိုသည်။

ဦးစိုင်းလင်းက “ဒီဥစ္စာတွေက အများကြီးကိုဖြစ်နေတာ နည်းနည်းပါးပါး မဟုတ်ဘူး ရှမ်းတွေရဲ့ အသိုင်းအ ဝန်းကြားမှာ ဆိုလို့ရှိရင် မဲပေးဖို့အခွင့်အရေးက ဒါဟာ နည်းနည်းပါးပါး မဟုတ်ဘူး အတော်တော်များများ ဖြစ်နေတာ အဲဒါ တွေက အဓိကက ရှမ်းပါတီတွေအနေနဲ့ နောင်လာမယ့် အနာဂတ်မှာ ဆိုလို့ရှိရင် ကြိုကြို တင်တင်လေးကို ဒီဥစ္စာကို စီစဉ်ထားဖို့ သင့်တယ်လို့ အဲဒါဆိုလို့ရှိရင်တော့ ရှမ်းတွေ အနေနဲ့ အခွင့်အရေး ဆုံးရှုံးမှုနည်းသွား မှာပေါ့နော အခုက အခွင့်အရေး ဆုံးရှုံးမှု တော်တော်လေးများနေတာလို့ ထင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင် စခန်းမှ စစ်ဘေးရှောင်များမှာ အနေအထား အခက်အခဲ အမျိုးမျိုးကြောင့် မဲပေးခွင့် မရရှိခဲ့ပေ။

သို့သော် စစ်ဘေးရှောင်များ မဲပေးခွင့် မရခဲ့သော်လည်း ထိုင်းနိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင် နေသည့် ရှမ်း ရွှေ့ပြောင်းအလုပ်သမား အနည်းအကျဉ်းသာ မဲပေးခွင့်ရခဲ့သည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည် များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ဆိုသည်။

*** ZAWGYI ***
ထိုင္းနယ္စပ္ ရွမ္းဒုကၡသည္မ်ား မဲေပးခြင့္ရအံုးမည္မဟုတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။

ထိုင္း-ျမန္မာနယ္စပ္ရွိ ရွမ္းစစ္ေဘးေရွာင္မ်ားအေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မဲေပးခ်င္ေသာ္ လည္း အေထာက္အထား တစ္စံုတစ္ရာ မရွိသည့္အတြက္ မဲေပးခြင့္ဆံုးရံႈးေနဦးမည္ဟု ရွမ္းစစ္ေဘးေရွာင္ စခန္းမွ တာ၀န္ရွိသူႏွင့္ စစ္ေရွာင္မ်ားက ေျပာသည္။

ထိုင္း-ျမန္မာ နယ္စပ္တြင္ ရွမ္း IDPs စစ္ေရွာင္စခန္း ၅ ခုႏွင့္ Refugee ဒုကၡသည္စခန္း ၁ ရွိၿပီး အဆိုပါ စခန္းမ်ားရွိ ဒုကၡသည္မ်ားမွာ ႏိုင္ငံသားျဖစ္လ်က္ အေထာက္အထား တစ္စံုတစ္ရာ မရွိသည့္အတြက္ မဲေပး ႏိုင္မည့္ အလားအလာ မရွိသေလာက္ျဖစ္ေနသည္ဟု ကုန္းေက်ာ္ ဒုကၡသည္စခန္းမွ စခန္းတာ၀န္ခံ လည္း ျဖစ္ ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) ေကာ္မတီဝင္ လည္းျဖစ္ သည္ စိုင္းလင္းက ေျပာ သည္။

“ဒီ Camp ေတြမွာက်ေတာ့ အမ်ားစုက ရွမ္းေတြက မွတ္ပံုတင္မရွိတာ မ်ားတယ္ေလေနာ္။ ဘာလို႔ မရွိလဲ ဆိုတာက ရွမ္းေတြက တစ္ျခားလူမ်ိဳးစုနဲ႔ မတူတာက ေတာလက္ေက်းရြာမွာ အေနမ်ားတဲ့ ရွမ္းေတြက ဗမာ လို မတတ္ဘူးေပါ့ေနာ္။ ဗမာလို မတတ္ဘူးဆိုေတာ့ မွတ္ပံုတင္ရဖို႔က အေတာ္ႀကီးကို ခက္ပါတယ္။ အဲဒါ ေၾကာင့္မို႔လို႔ မွတ္ပံုတင္ေတြက အမ်ားစုက မရွိဘူးေပါ့ ျမန္မာမွတ္ပံုတင္ မရွိဘူး။ မရွိဘူး ဆိုေတာ့ ဘယ္လို လုပ္မဲေပးရမလဲ မဲေပးဖို႔ အလားအလာ လံုး၀မရွိဘူးျဖစ္တာေပါ့ေနာ္။”

အေထာက္အထား တစ္စံုတစ္ရာ မရွိေသာ္လည္း မဲေပးခြင့္ရွိမည္ဆိုပါက မဲေပးသြားမည္ဟု စိုင္းလင္း က ဆက္ ေျပာသည္။

“တကယ္တမ္း အေျခအေနရွိရင္ေတာ့ ေပးခ်င္တာေပါ့ ဦးတို႔က ထိုင္းမွာလည္း မွတ္ပံုတင္မွ မရွိပဲ ထိုင္းမွာ လည္း မဲေပးခြင့္မွ မရွိပဲေနာ္။ ရွမ္းျပည္မွာကေတာ့ ေရြးေကာက္ပြဲ ရွိမယ္ဆိုလို႔ရွိရင္ေတာ့ တကယ္တမ္းက် ေတာ့ မဲေပးခ်င္တဲ့ ဆႏၵရွိတာေပါ့။ ဒါေပမယ့္ အခုလက္ရွိကေတာ့ မျဖစ္ႏိုင္ေတာ့ဘူးေလ။”

ထိုင္း-ျမန္မာနယ္စပ္ ျမန္မာဖက္ျခမ္းရွိ ရွမ္း IDPs စစ္ေဘးေရွာင္စခန္း ၅ ခုမွာ ေကာင္းမုမိန္း၊ လြယ္ဆမ္ စစ္(ပ္)၊ လြယ္လန္၊ လြယ္တိုင္းလ်န္း ႏွင့္ လြယ္ေကာ္ဝမ္းတို႔ျဖစ္ၿပီး ထိုင္းဖက္ျခမ္းရွိ Refugee ဒုကၡသည္ စခန္းမွာ ကုန္းေက်ာ္ စခန္းျဖစ္သည္ဟု သိရသည္။

ထိုစခန္း ၆ ခုရွိ လူဦးေရ ေျခာက္ေထာင့္ႏွစ္ရာ ခန္႔မွာ လာမည့္ေရြးေကာက္ပြဲတြင္ မဲေပးခြင့္ ဆံုးရံႈးမည့္ အေနအထားတြင္ ရွိေနသည္ဟု ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) ဆိုသည္။

ရွမ္းစစ္ေဘးေရွာင္ IDPs မ်ားႏွင့္ Refugee ဒုကၡသည္မ်ား မဲေပးခြင့္ မရွိသည့္ အျခားတစ္ဖက္တြင္ ထိုင္းႏိုင္ ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကသည့္ ရွမ္းေရႊ႕ေျပာင္းအလုပ္သမားမ်ား မဲေပးခြင့္ရရွိေအာင္ ရွမ္း တိုင္းရင္းသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ SNLD က ထိုင္းႏိုင္ငံရွိ အရပ္ဖက္အဖြဲ႔အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ကာ လုပ္ေဆာင္ေနသည္ဟု SNLD အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ စိုင္းလိတ္က ေျပာသည္။

“သူတို႔အေနနဲ႔ မဲထည့္ခ်င္တယ္ဆိုလို႔ရွိရင္ သံရံုးနဲ႔ ခ်ိတ္ဆက္ၿပီးလုပ္ေပးပါဆိုၿပီး က်ေနာ္တို႔ တရား၀င္လက္ မွတ္ေတြ ကိုင္ေဆာင္ထားတဲ့ လူေတြအဖို႔ေပါ့ေနာ္။ အဲဒါကို ထိုင္းဖက္မွာ ရွိေနတဲ့ လူထုအေျချပဳ အဖြဲ႔အ စည္း တစ္ခ်ိဳ႕နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့မွ က်ေနာ္တို႔ စာရင္းေကာက္ၿပီးေတာ့မွ သံရံုးကို ေပးဖို႔ထားတာရွိတယ္။ အဲဒါ လူေပါင္း တစ္ေထာင္နီးပါးေလာက္ရွိတာေပါ့ေနာ္။”

လက္ရွိ ေကာက္ယူရရွိထားသည့္ စာရင္းမ်ားအားလံုး မဲထည့္ခြင့္ရရွိမည္ဆိုပါက အရပ္ဖက္အဖြဲ႔အ စည္း မ်ားႏွင့္ ခ်ိတ္ဆက္ကာ အေထာက္အထားရွိသည့္ ေရႊ႕ေျပာင္းအလုပ္သမားမ်ား မဲထည့္ႏိုင္ေအာင္ ထပ္မံ ကူညီ လုပ္ေဆာင္ေပးသြားရန္ရွိသည္ဟု ဆိုသည္။

ႏိုင္ငံသားမ်ား ျဖစ္လ်ွက္ ႏုိင္ငံသားျဖစ္ေၾကာင္း အေထာက္အထား စာရြက္စာတမ္း တစ္စံုတစ္ရာ မရွိသည့္ ဒုကၡသည္မ်ား မဲေပးခြင့္ရရွိေအာင္ ခ်ိိတ္ဆက္ေပးထားေသာ္လည္း အဆိုပါ ဒုကၡသည္မ်ား မဲေပးခြင့္ ရွိ/မရွိ တာဝန္ရွိသူမ်ား အေပၚတြင္သာ မူတည္သည္ဟု စိုင္းလိတ္က ေျပာသည္။

ထိုင္းႏိုင္ငံရွိ ရွမ္းေရႊေျပာင္းအလုပ္ အလုပ္သမားမ်ား ႏွင့္ စစ္ေဘးေရွာင္မ်ား၏ မဲေပးခြင့္ ဆံုးရံႈးမႈ ပမာဏမွာ အလြန္မ်ားျပားေနသည့္အတြက္ လာမည့္ အနာဂတ္ ေရြးေကာက္ပြဲမ်ားတြင္ ေရြးေကာက္ပြဲ ၀င္မည့္ ရွမ္းႏိုင္ ငံေရးပါတီမ်ား အေနျဖင့္ ရွမ္းေရႊေျပာင္းအလုပ္ အလုပ္သမားမ်ား ႏွင့္ စစ္ေဘးေရွာင္မ်ား မဲေပးခြင့္ ရရွိ ေအာင္ ႀကိဳတင္စီစဥ္လုပ္ေဆာင္ထားေပးရန္ ဦးစိုင္းလင္းက တိုက္တြန္းေျပာဆိုသည္။

ဦးစိုင္းလင္းက “ဒီဥစၥာေတြက အမ်ားႀကီးကိုျဖစ္ေနတာ နည္းနည္းပါးပါး မဟုတ္ဘူး ရွမ္းေတြရဲ႕ အသိုင္းအ ၀န္းၾကားမွာ ဆိုလို႔ရွိရင္ မဲေပးဖို႔အခြင့္အေရးက ဒါဟာ နည္းနည္းပါးပါး မဟုတ္ဘူး အေတာ္ေတာ္မ်ားမ်ား ျဖစ္ေနတာ အဲဒါ ေတြက အဓိကက ရွမ္းပါတီေတြအေနနဲ႔ ေနာင္လာမယ့္ အနာဂတ္မွာ ဆိုလို႔ရွိရင္ ႀကိဳႀကိဳ တင္တင္ေလးကို ဒီဥစၥာကို စီစဥ္ထားဖို႔ သင့္တယ္လို႔ အဲဒါဆိုလို႔ရွိရင္ေတာ့ ရွမ္းေတြ အေနနဲ႔ အခြင့္အေရး ဆံုးရႈံးမႈနည္းသြား မွာေပါ့ေနာ အခုက အခြင့္အေရး ဆံုးရႈံးမႈ ေတာ္ေတာ္ေလးမ်ားေနတာလို႔ ထင္ပါတယ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၀ ႏွင့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမ်ားတြင္လည္း ထိုင္း-ျမန္မာနယ္စပ္ရွိ ရွမ္းစစ္ေဘးေရွာင္ စခန္းမွ စစ္ေဘးေရွာင္မ်ားမွာ အေနအထား အခက္အခဲ အမ်ိဳးမ်ိဳးေၾကာင့္ မဲေပးခြင့္ မရရွိခဲ့ေပ။

သို႔ေသာ္ စစ္ေဘးေရွာင္မ်ား မဲေပးခြင့္ မရခဲ့ေသာ္လည္း ထိုင္းႏိုင္ငံအတြင္းသို႔ သြားေရာက္ အလုပ္လုပ္ကိုင္ ေနသည့္ ရွမ္း ေ႐ႊ႕ေျပာင္းအလုပ္သမား အနည္းအက်ဥ္းသာ မဲေပးခြင့္ရခဲ့သည္ဟု ရွမ္းစစ္ေဘး ဒုကၡသည္ မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) က ဆိုသည္။