စစ်ရှောင်အသစ် တစ်ထောင်ခန့် အကူအညီများ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း မကြာသေးမီက ရောက်ရှိလာကြသော စစ်ရှောင် တစ်ထောင်နီးပါး အတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ကျောက်တော်မြို့နယ်က မဟာမုနိဘုရားဝန်းအတွင်း ကျေးရွာပေါင်း ၆ ရွာက စစ်ရှောင် တစ်ထောင်နီးပါး ရောက်ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ COVID-19 ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့် ယာယီတဲများဆောက်လုပ်ရန်အတွက် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များအား ကူညီနေ သူ များက ပြောသည်။

“လူဦးရေ တစ်ထောင်ဝန်းကျင်ပေါ့၊ ၉၄၃ ဦးလို့တော့ ပြောတယ်။ အခုရောက်နေတာက မဟာမုနိ ဓမ္မာရုံရယ်၊ မဟာမုနိ ပုရဝုဏ်အတွင်းမှာ။ မျောက်တောင်၊ သာစည်ရယ်၊ ရွှေပြည်သစ်၊ ရွှေပြည်ရွာဟောင်း၊ အလယ်ကျွန်း၊ ကျောက်ဂူစု ရွာ အဲ့ကလူတွေပဲ။ သူတို့က နေရာက ကျပ်သည်းမှုတွေရှိနေတယ်။ လူကများတယ်လေ။ ပြီး တော့ သူတို့ အခု စားနပ်ရိက္ခာလိုတယ်။ ပြီးတော့ COVID-19 အတွက် အထောက်အကူပစ္စည်းတွေ လိုအပ် နေတယ်။ သူတို့ ဒီကိုရောက်နေတာ နှစ်ပတ်ကျော်ပြီ” စစ်ရှောင်များအား ကူညီပေးနေသူ ကျော်တော်မြို့ က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် “လိုအပ်တာက စားနပ်ရိက္ခာရယ်၊ ဆေးဝါးပစ္စည်းတွေ လိုတယ်။ လောလောဆယ်က COVID ကာလလည်း ဖြစ်တော့ ပိုပြီး လိုအပ်တာပေါ့။ Mask တို့ ဘာတို့လိုတာပေါ့။ ဘုန်းဘုန်းတို့က စားဝတ်နေရေး၊ နေစရာမရှိ အဲ့လိုဖြစ်နေတော့ ကူညီထားတာပါ။ အစကတော့ ဓမ္မာရုံမှာထား တယ်။ မဆံ့တော့ နောက် ဘုန်းကြီးကျောင်းတွေမှာ အဲ့နားက မဟာမုနိဘုန်းကြီးကျောင်းမှာ ထားတယ်။ နောက်ဓမ္မရုံ သုံးရုံမှာ မျှပြီးတော့ ထားပါတယ်။ အခက်အခဲက နေရာထိုင်ခင်းအခက်အခဲဖြစ်တယ်။ နောက်ပြီး အဝတ်အထည် အခက်အခဲရှိတယ်” ဟု စစ်ရှောင်များအား ယာယီကူညီရေးကော်မတီ၏ နာယက ဆရာတော် ဦးပညာသီရိ က မိန့်ကြားသည်။

စစ်ရှောင်များ နေရာထိုင်ခင်းအတွက် ယာယီတဲများ ဆောက်လုပ်နိုင်ရေး အကူအညီများ လိုအပ်နေသည်ဟု ဆရာတော် ဦးပညာသီရိ က ဆက် မိန့်ကြားသည်။

“အခုက အဆင်ပြေသလိုနေနေကြတယ်။ အခုနေဖို့ ထိုင်ဖို့ နေရာပေါ့။ အခုက ဓမ္မာရုံလည်းဖြစ်တယ်။ ဝါတွင်း ကာလ ဖြစ်တော့ တရားဟော တရားနာတွေလုပ်တော့ တရားပြတာတွေရှိတော့ အဲ့ဒီမှာ နေလို့မသင့်တော်ဘူး ဒါဆိုငါတို့ ယာယီတဲတွေဆောက်ပြီး ထားဖို့ စီမံနေပါတယ်။ အဆောင်အဦတွေဆောက်ဖို့ အလှူရှင်လိုတယ်။ ရင်းနှီးရာ ဒကာဒကာမတွေဆီက အကူအညီတောင်းပြီး ဒီရက်ပိုင်း အိမ် လေး ငါး ဆယ်လုံးဆောက်နိုင်အောင် ကြိုးစားနေပါတယ်။”

အဆိုပါ စစ်ရှောင်များမှာ သြဂုတ်လ ၃၁ ရက်နေ့က စတင်ပြီး ၎င်းတို့၏ ကျေးရွာများအတွင်း တပ်မတော် စစ် ကြောင်းဝင်လာရောက်ခြင်း၊ ထိုသို့ဝင်ရောက်လာစဉ် သေနတ်များ ခြိမ်းခြောက်ပစ်ခတ်ခြင်း၊ ရွာသားများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ရိုက်နှက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကြောက်ရွံ့ ပြီး ထွက် ပြေးလာကြခြင်းဖြစ်သည်ဟု သိရသည်။

“လောလောဆယ်က မပြန်ရဲကြသေးဘူး။ သူတို့က အရမ်းကို ထိတ်လန့်နေတဲ့သဘောရှိတယ်။ နောက်တစ်ခါ ပထမအဖြစ်အပျက်လို ကြုံမှာကိုစိုးတယ်။ ပထမအဖြစ်အပျက်မှာ မျက်စိနဲ့ တတ်အပ်မြင်ခဲ့ရတယ်။ သူတို့ ခံစားခဲ့ရတယ်။ တချို့ အနည်းအကျဉ်းတော့ ပြန်တဲ့လူတွေလည်းရှိပါတယ်။ အများစုက မပြန်ရဲကြဘူး။ သူတို့က မဟာမုနိဘုရားမှာ လာခိုတော့ ဘုန်းဘုန်းတို့က ယာယီကော်မတီဖွဲ့ ပြီး ကူညီပေးနေရတာပါ။ သူတို့ကတော့ တည်ငြိမ်အေးဆေးတဲ့ အဆင့်ကိုရောက်သွားပြီဆိုရင်တော့ ပြန်ချင်ကြတယ်။ သို့သော်လည်း မပြန်ရဲသေးဘူး။ ဘုန်းဘုန်းတို့က ဆက်လက်ပြီးတော့ ကူညီထားတာပါ” ဟု ဆရာတော် ဦးပညာသီရိက မိန့်သည်။

လတ်တလောတွင် စစ်ရှောင်များ အစားအသောက်တွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန က ဆန်အိတ် တစ်ရာကျော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလှူရှင်များက ဆန်နှင့်် အခြားစားနပ်ရိက္ခာအချို့ ၊ ဆပ်ပြာ နှင့် Mask အချို့အား လာရောက်ပေးလှူထားသော်လည်း ရက်ကြာလာ သည်နှင့်အမျှ လုံလောက်မှုမရှိဘူးဟုလည်း အကူအညီပေးနေသူများ က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်အနေဖြင့် အမြန်ဆုံး ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးစေချင် သည်ဟု ဆရာတော် ဦးပညာသီရိ က မိန့်ကြားသည်။

“ဘုန်းဘုန်းတို့ကတော့ ပြည်နယ်အစိုးရကိုလည်း မြို့နယ်ကနေတဆင့် ဒီလိုမျိုးဖွဲ့ ပြီးလုပ်ဆောင်နေတယ်ဆိုတာ တင်ထားတာရှိတယ်။ ဖြစ်နိုင်ရင်တော့ အစိုးရ ပြည်နယ်အစိုးရက တချက်လောက် လာမေးမြန်း ကွင်းဆင်းပြီး ကြည့်ရှု ကူညီတာမျိုးလုပ်စေချင်တယ်။ ဒီနေ့အထိတော့ မလာကြသေးဘူး။ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရတို့က ဥပဒေဘောင်အတွင်းကနေ စစ်ဆေးပြီး လိုအပ်တာတွေကို ပံ့ပိုးပေးစေချင်တယ်။ ဘုန်းဘုန်းတို့က ယာယီပဲ လုပ်နေနိုင်တာလေ။ ဒီကလူတွေကို လာကြည့်စေချင်တယ်။”

အဆိုပါ စစ်ရှောင်များမှာ အနီးအနားတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ကျေးရွာများထဲသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက်လာပြီး ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ဲခြင်းကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေး လာကြခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားစဉ် ဒေသခံများအား ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့သည်။

လက်ရှိ မဟာမုနိ ဘုရားဝန်းအတွင်းရောက်ရှိနေသော စစ်ရှောင်အများစုမှ ကျောက်တော်မြို့နယ်၊ သာစည် ကျေးရွာအုပ်စုထဲက ကျေးရွာအချို့မှ ဒေသခံရွာသားများ ဖြစ်ကြပြီး အချို့မှာ သြဂုတ်လ ၃၁ ရက်နေ့က ရွှေ ပြည်ဘုန်းတော်ကြီးကျောင်းတွင် တပ်မတော်က ဖမ်းဆီးစစ်ဆေးခံခဲ့ရသူများ ဖြစ်သည်။

*** ZAWGYI ***
စစ္ေရွာင္အသစ္ တစ္ေထာင္ခန္႔ အကူအညီမ်ား လိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္း မၾကာေသးမီက ေရာက္ရွိလာၾကေသာ စစ္ေရွာင္ တစ္ေထာင္နီးပါး အတြက္ အေရးေပၚ အကူအညီမ်ားလိုအပ္ေနသည္ဟု အကူအညီေပးေနသူမ်ားက ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္က မဟာမုနိဘုရားဝန္းအတြင္း ေက်းရြာေပါင္း ၆ ရြာက စစ္ေရွာင္ တစ္ေထာင္နီးပါး ေရာက္ရွိေနၿပီး ၎တို႔အတြက္ စားနပ္ရိကၡာ၊ COVID-19 ကာကြယ္ေရး အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ ယာယီတဲမ်ားေဆာက္လုပ္ရန္အတြက္ အကူအညီမ်ား လိုအပ္ေနသည္ဟု စစ္ေရွာင္မ်ားအား ကူညီေန သူ မ်ားက ေျပာသည္။

“လူဦးေရ တစ္ေထာင္ဝန္းက်င္ေပါ့၊ ၉၄၃ ဦးလို႔ေတာ့ ေျပာတယ္။ အခုေရာက္ေနတာက မဟာမုနိ ဓမၼာရံုရယ္၊ မဟာမုနိ ပုရဝုဏ္အတြင္းမွာ။ ေမ်ာက္ေတာင္၊ သာစည္ရယ္၊ ေရႊျပည္သစ္၊ ေရႊျပည္ရြာေဟာင္း၊ အလယ္ကၽြန္း၊ ေက်ာက္ဂူစု ရြာ အဲ့ကလူေတြပဲ။ သူတို႔က ေနရာက က်ပ္သည္းမႈေတြရွိေနတယ္။ လူကမ်ားတယ္ေလ။ ၿပီး ေတာ့ သူတို႔ အခု စားနပ္ရိကၡာလိုတယ္။ ၿပီးေတာ့ COVID-19 အတြက္ အေထာက္အကူပစၥည္းေတြ လိုအပ္ ေနတယ္။ သူတုိ႔ ဒီကိုေရာက္ေနတာ ႏွစ္ပတ္ေက်ာ္ၿပီ” စစ္ေရွာင္မ်ားအား ကူညီေပးေနသူ ေက်ာ္ေတာ္ၿမိဳ႕ က ေဒသခံတစ္ဦးက ေျပာသည္။

ထို႔အျပင္ “လိုအပ္တာက စားနပ္ရိကၡာရယ္၊ ေဆးဝါးပစၥည္းေတြ လိုတယ္။ ေလာေလာဆယ္က COVID ကာလလည္း ျဖစ္ေတာ့ ပိုၿပီး လိုအပ္တာေပါ့။ Mask တုိ႔ ဘာတို႔လိုတာေပါ့။ ဘုန္းဘုန္းတို႔က စားဝတ္ေနေရး၊ ေနစရာမရွိ အဲ့လိုျဖစ္ေနေတာ့ ကူညီထားတာပါ။ အစကေတာ့ ဓမၼာရံုမွာထား တယ္။ မဆံ့ေတာ့ ေနာက္ ဘုန္းႀကီးေက်ာင္းေတြမွာ အဲ့နားက မဟာမုနိဘုန္းႀကီးေက်ာင္းမွာ ထားတယ္။ ေနာက္ဓမၼရံု သံုးရံုမွာ မ်ွၿပီးေတာ့ ထားပါတယ္။ အခက္အခဲက ေနရာထုိင္ခင္းအခက္အခဲျဖစ္တယ္။ ေနာက္ၿပီး အဝတ္အထည္ အခက္အခဲရွိတယ္” ဟု စစ္ေရွာင္မ်ားအား ယာယီကူညီေရးေကာ္မတီ၏ နာယက ဆရာေတာ္ ဦးပညာသီရိ က မိန္႔ၾကားသည္။

စစ္ေရွာင္မ်ား ေနရာထုိင္ခင္းအတြက္ ယာယီတဲမ်ား ေဆာက္လုပ္ႏုိ္င္ေရး အကူအညီမ်ား လိုအပ္ေနသည္ဟု ဆရာေတာ္ ဦးပညာသီရိ က ဆက္ မိန္႔ၾကားသည္။

“အခုက အဆင္ေျပသလိုေနေနၾကတယ္။ အခုေနဖို႔ ထုိင္ဖုိ႔ ေနရာေပါ့။ အခုက ဓမၼာရံုလည္းျဖစ္တယ္။ ဝါတြင္း ကာလ ျဖစ္ေတာ့ တရားေဟာ တရားနာေတြလုပ္ေတာ့ တရားျပတာေတြရွိေတာ့ အဲ့ဒီမွာ ေနလို႔မသင့္ေတာ္ဘူး ဒါဆိုငါတုိ႔ ယာယီတဲေတြေဆာက္ၿပီး ထားဖုိ႔ စီမံေနပါတယ္။ အေဆာင္အဦေတြေဆာက္ဖုိ႔ အလွဴရွင္လိုတယ္။ ရင္းႏွီးရာ ဒကာဒကာမေတြဆီက အကူအညီေတာင္းၿပီး ဒီရက္ပိုင္း အိမ္ ေလး ငါး ဆယ္လံုးေဆာက္ႏုိင္ေအာင္ ႀကိဳးစားေနပါတယ္။”

အဆိုပါ စစ္ေရွာင္မ်ားမွာ ၾသဂုတ္လ ၃၁ ရက္ေန႔က စတင္ၿပီး ၎တို႔၏ ေက်းရြာမ်ားအတြင္း တပ္မေတာ္ စစ္ ေၾကာင္းဝင္လာေရာက္ျခင္း၊ ထိုသို႔ဝင္ေရာက္လာစဥ္ ေသနတ္မ်ား ၿခိမ္းေျခာက္ပစ္ခတ္ျခင္း၊ ရြာသားမ်ားအား ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျခင္းႏွင့္ ရိုက္ႏွက္ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့သည့္အတြက္ ေၾကာက္ရြံ႕ ၿပီး ထြက္ ေျပးလာၾကျခင္းျဖစ္သည္ဟု သိရသည္။

“ေလာေလာဆယ္က မျပန္ရဲၾကေသးဘူး။ သူတုိ႔က အရမ္းကို ထိတ္လန္႔ေနတဲ့သေဘာရွိတယ္။ ေနာက္တစ္ခါ ပထမအျဖစ္အပ်က္လို ႀကံဳမွာကိုစိုးတယ္။ ပထမအျဖစ္အပ်က္မွာ မ်က္စိနဲ႔ တတ္အပ္ျမင္ခဲ့ရတယ္။ သူတို႔ ခံစားခဲ့ရတယ္။ တခ်ိဳ႕ အနည္းအက်ဥ္းေတာ့ ျပန္တဲ့လူေတြလည္းရွိပါတယ္။ အမ်ားစုက မျပန္ရဲၾကဘူး။ သူတုိ႔က မဟာမုနိဘုရားမွာ လာခိုေတာ့ ဘုန္းဘုန္းတို႔က ယာယီေကာ္မတီဖြဲ႕ ၿပီး ကူညီေပးေနရတာပါ။ သူတို႔ကေတာ့ တည္ၿငိမ္ေအးေဆးတဲ့ အဆင့္ကိုေရာက္သြားၿပီဆုိရင္ေတာ့ ျပန္ခ်င္ၾကတယ္။ သို႔ေသာ္လည္း မျပန္ရဲေသးဘူး။ ဘုန္းဘုန္းတို႔က ဆက္လက္ၿပီးေတာ့ ကူညီထားတာပါ” ဟု ဆရာေတာ္ ဦးပညာသီရိက မိန္႔သည္။

လတ္တေလာတြင္ စစ္ေရွာင္မ်ား အစားအေသာက္တြက္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရး ဝန္ႀကီးဌာန က ဆန္အိတ္ တစ္ရာေက်ာ္၊ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ အလွဴရွင္မ်ားက ဆန္ႏွင့္္ အျခားစားနပ္ရိကၡာအခ်ိဳ႕ ၊ ဆပ္ျပာ ႏွင့္ Mask အခ်ိဳ႕အား လာေရာက္ေပးလွဴထားေသာ္လည္း ရက္ၾကာလာ သည္ႏွင့္အမ်ွ လံုေလာက္မႈမရွိဘူးဟုလည္း အကူအညီေပးေနသူမ်ား က ေျပာသည္။

ထို႔ေၾကာင့္ သက္ဆုိင္ရာ အာဏာပိုင္အဆင့္ဆင့္အေနျဖင့္ အျမန္ဆံုး ကူညီပံ့ပိုးမႈမ်ား လုပ္ေဆာင္ေပးေစခ်င္ သည္ဟု ဆရာေတာ္ ဦးပညာသီရိ က မိန္႔ၾကားသည္။

“ဘုန္းဘုန္းတို႔ကေတာ့ ျပည္နယ္အစိုးရကိုလည္း ၿမိဳ႕နယ္ကေနတဆင့္ ဒီလိုမ်ိဳးဖြဲ႕ ၿပီးလုပ္ေဆာင္ေနတယ္ဆိုတာ တင္ထားတာရွိတယ္။ ျဖစ္ႏုိင္ရင္ေတာ့ အစိုးရ ျပည္နယ္အစိုးရက တခ်က္ေလာက္ လာေမးျမန္း ကြင္းဆင္းၿပီး ၾကည့္ရႈ ကူညီတာမ်ိဳးလုပ္ေစခ်င္တယ္။ ဒီေန႔အထိေတာ့ မလာၾကေသးဘူး။ သက္ဆုိင္ရာ ျပည္နယ္အစိုးရ၊ ႏုိင္ငံေတာ္အစိုးရတုိ႔က ဥပေဒေဘာင္အတြင္းကေန စစ္ေဆးၿပီး လိုအပ္တာေတြကို ပ့့့ံပိုးေပးေစခ်င္တယ္။ ဘုန္းဘုန္းတို႔က ယာယီပဲ လုပ္ေနႏုိင္တာေလ။ ဒီကလူေတြကို လာၾကည့္ေစခ်င္တယ္။”

အဆိုပါ စစ္ေရွာင္မ်ားမွာ အနီးအနားတြင္ တစ္စုံတစ္ရာ တိုက္ပြဲျဖစ္ပြားျခင္း မရွိပဲ ေက်း႐ြာမ်ားထဲသို႔ တပ္မေတာ္ စစ္ေၾကာင္းက ဝင္ေရာက္လာၿပီး ဖမ္းဆီးစစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ဲျခင္းေၾကာင့္ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပး လာၾကျခင္းျဖစ္သည္ဟု အခင္းျဖစ္ပြားစဥ္ ေဒသခံမ်ားအား ဆက္သြယ္ေမးျမန္းရာတြင္ ေျပာဆိုခဲ့သည္။

လက္ရွိ မဟာမုနိ ဘုရားဝန္းအတြင္းေရာက္ရွိေနေသာ စစ္ေရွာင္အမ်ားစုမွ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ သာစည္ ေက်းရြာအုပ္စုထဲက ေက်းရြာအခ်ိဳ႕မွ ေဒသခံရြာသားမ်ား ျဖစ္ၾကၿပီး အခ်ိဳ႕မွာ ၾသဂုတ္လ ၃၁ ရက္ေန႔က ေရႊ ျပည္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ တပ္မေတာ္က ဖမ္းဆီးစစ္ေဆးခံခဲ့ရသူမ်ား ျဖစ္သည္။