ကျောက်တော်မြို့နယ်တွင် အရပ်သား ၂၀ ခန့် တပ်မတော်ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက ဒေသခံ ရွာသား အယောက် ၂၀ ခန့်ကို တပ်မတော် စစ် ကြောင်းက ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ (ယနေ့) နံနက် ၉ နာရီ အချိန်ခန့်က ကျောက်တော်မြို့ နယ် သရက်တပင် ကျေး ရွာမှ ရွာသားများ ဖမ်းဆီးခံထားရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ်၊ ဒီမနက်အစော ၇ နာရီလောက်မှာ ကျနော်တို့ရွာကို တပ်မတော်သားတွေ ဝင်လာတယ်။ အားလုံး ဝင်လာပြီး တွေ့တဲ့လူ ရွာထဲက လူ တွေ့သမျှ ဖမ်းခေါ်သွားတယ်။ ဘာလို့ခေါ်သွားတာလဲတော့ မသိဘူး။ ၂၀ လောက်ဖမ်းသွားတယ်။ လူလတ်ပိုင်းတွေပါတယ်။ လူကြီးတွေလည်း ပါတယ်။ အခုထိ ဖမ်းထားတုန်းပဲ။ သူတို့ ကို ကျနော်တို့ ရွာက ဆေးရုံဝင်းထဲမှာ ဖမ်းထားတာ။ ကျနော်တို့ကတော့ ပုန်းနေလိုက်တာ။ အခုယောက်ကျား လေးတွေက ရွာထဲမှာ မနေရဲကြဘူး။ တချို့လည်း ထွက်ပြေးကြတယ်။ ပုန်းနေကြတယ်” ဟု အမည် မဖော် လိုသူ သရက်တပင်ကျေးရွာမှ ရွာသား တစ်ဦးက ပြောသည်။

သရက်တပင်ကျေးရွာမှ ရွာသားအများစုမှ ယခုခါ ကျေးရွာမှ ထွက်ပြေးနေကြရပြီး၊ အချို့မှာလည်း လုံခြုံသည့် နေရာများတွင် ပုန်းနေကြရသည်ဟု ဒေသခံရွာသားများ က ပြောသည်။

ကျောက်တော်မြို့နယ် က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်က ရွာသားများ ဖမ်းဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသော်လည်း ဖမ်းဆီးခံရသည့် ကိစ္စ၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးဘူးဟု ပြောသည်။

ဖမ်းဆီးခံထားရသူများထဲတွင် ပါဝင်သွားသည့် မိသားစုဝင်တစ်ဦးက “ဘာလို့ ဖမ်းသွားတာလည်းတော့ အစ်မ တို့လည်း မသိဘူး။ အခု အစ်ကိုအတွက်ပဲ စိတ်ပူနေရတယ်။ တစ်ခုခု ဖြစ်သွားမှာကို စိတ်ပူတာ။ ဒီနေ့ မနက် ပိုင်း လယ်က အပြန် ဖမ်းသွားတာ။ အခုတော့ ရွာက ဆရာတော်တွေ ဘာတွေနဲ့လည်း ပြောပြထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖုန်းဆက်ထားတယ်။ တပ်မတော်သားတွေက အများကြီးပဲ ဒီမနက် ရွာထဲကိုဝင်လာတာ။ အစ်မတို့လည်း ကြောက်တော့ ပုန်းနေကြတာ။ ထွက်ပြေးတဲ့လူတွေလည်း ထွက်ပြေး ကြတယ်။ အစ်မတို့က အစ်ကို ပြန် မလာ လို့ မေးကြည့်တော့မှ သူလည်း ဖမ်းခံရတဲ့အထဲမှာ ပါသွားတယ်ပေါ့။ နောက်မှသိရတာပါ” ဟု ပြောသည်။

ဖမ်းဆီးခံရသူများအား တပ်မတော်က ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခံရမည်ကို ၎င်းတို့၏ မိသားစုဝင် များ စိုးရိမ်သည်ဟု ပြောသည်။

သရက်တပင်ကျေးရွာမှ ဆရာတော် တစ်ပါးက “အခုသူတို့ဖမ်းသွားတဲ့လူတွေက ရွာသားပါ။ စစ်သားတွေလည်း မဟုတ်ဘူး။ AA လည်းမဟုတ်ဘူး။ ဘာလို့ဖမ်းသွားတာလဲတော့ မသိဘူး။ ဒီမနက်က စစ်ကြောင်းက နှစ် ကြောင်း သုံးကြောင်းလောက်ရှိမယ်။ ရွာထဲကို ဝင်လာတာ။ အခုက ရွာက ဆေးခန်း၊ ဆေးရုံဝင်းပေါ့ အဲ့ထဲမှာရှိ တယ်။ စစ်သားတွေကတော့ အဲ့မှာလည်း ရှိတယ်။ တခြားနေရာတွေများလည်း နေနေကြတယ်” ဟု ပြောသည်။

သရက်တပင်ကျေးရွာမှ ရွာသားများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် ဘက် က တစ်စုံ တစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသလို တပ်မတော်သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူအား ဖုန်းဖြင့် ဆက် သွယ်ရာတွင်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မဟာမုနိ ဘုရားအနီးတွင် တည်ရှိသည့် သရက်တပင်ကျေးရွာသည် အိမ်ခြေ တစ်ထောင်ကျော်ခန့်ရှိပြီး ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြရသည်ဟု သိရသည်။

* ZAWGYI*
ေက်ာက္ေတာ္ၿမိဳ့နယ္တြင္ အရပ္သား ၂၀ ခန္႔ တပ္မေတာ္ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေဒသခံ ရြာသား အေယာက္ ၂၀ ခန္႔ကို တပ္မေတာ္ စစ္ ေၾကာင္းက ဖမ္းဆီးထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၂၃ ရက္ေန႔ (ယေန႔) နံနက္ ၉ နာရီ အခ်ိန္ခန္႔က ေက်ာက္ေတာ္ၿမဳိ႕ နယ္ သရက္တပင္ ေက်း ရြာမွ ရြာသားမ်ား ဖမ္းဆီးခံထားရျခင္းျဖစ္သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

“ဟုတ္တယ္၊ ဒီမနက္အေစာ ၇ နာရီေလာက္မွာ က်ေနာ္တုိ႔ရြာကို တပ္မေတာ္သားေတြ ဝင္လာတယ္။ အားလံုး ဝင္လာၿပီး ေတြ႕တဲ့လူ ရြာထဲက လူ ေတြ႕သမ်ွ ဖမ္းေခၚသြားတယ္။ ဘာလို႔ေခၚသြားတာလဲေတာ့ မသိဘူး။ ၂၀ ေလာက္ဖမ္းသြားတယ္။ လူလတ္ပိုင္းေတြပါတယ္။ လူႀကီးေတြလည္း ပါတယ္။ အခုထိ ဖမ္းထားတုန္းပဲ။ သူတုိ႔ ကို က်ေနာ္တုိ႔ ရြာက ေဆးရံုဝင္းထဲမွာ ဖမ္းထားတာ။ က်ေနာ္တုိ႔ကေတာ့ ပုန္းေနလိုက္တာ။ အခုေယာက္က်ား ေလးေတြက ရြာထဲမွာ မေနရဲၾကဘူး။ တခ်ိဳ႕လည္း ထြက္ေျပးၾကတယ္။ ပုန္းေနၾကတယ္” ဟု အမည္ မေဖာ္ လိုသူ သရက္တပင္ေက်းရြာမွ ရြာသား တစ္ဦးက ေျပာသည္။

သရက္တပင္ေက်းရြာမွ ရြာသားအမ်ားစုမွ ယခုခါ ေက်းရြာမွ ထြက္ေျပးေနၾကရၿပီး၊ အခ်ိဳ႕မွာလည္း လံုၿခံဳသည့္ ေနရာမ်ားတြင္ ပုန္းေနၾကရသည္ဟု ေဒသခံရြာသားမ်ား က ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ႏုိင္က ရြာသားမ်ား ဖမ္းဆီးခံရသည္မွာ ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာဆုိေသာ္လည္း ဖမ္းဆီးခံရသည့္ ကိစၥ၊ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အေသးစိတ္ကို မသိရေသးဘူးဟု ေျပာသည္။

ဖမ္းဆီးခံထားရသူမ်ားထဲတြင္ ပါဝင္သြားသည့္ မိသားစုဝင္တစ္ဦးက “ဘာလို႔ ဖမ္းသြားတာလည္းေတာ့ အစ္မ တို႔လည္း မသိဘူး။ အခု အစ္ကိုအတြက္ပဲ စိတ္ပူေနရတယ္။ တစ္ခုခု ျဖစ္သြားမွာကို စိတ္ပူတာ။ ဒီေန႔ မနက္ ပိုင္း လယ္က အျပန္ ဖမ္းသြားတာ။ အခုေတာ့ ရြာက ဆရာေတာ္ေတြ ဘာေတြနဲ႔လည္း ေျပာျပထားတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း ဖုန္းဆက္ထားတယ္။ တပ္မေတာ္သားေတြက အမ်ားႀကီးပဲ ဒီမနက္ ရြာထဲကိုဝင္လာတာ။ အစ္မတို႔လည္း ေၾကာက္ေတာ့ ပုန္းေနၾကတာ။ ထြက္ေျပးတဲ့လူေတြလည္း ထြက္ေျပး ၾကတယ္။ အစ္မတို႔က အစ္ကို ျပန္ မလာ လို႔ ေမးၾကည့္ေတာ့မွ သူလည္း ဖမ္းခံရတဲ့အထဲမွာ ပါသြားတယ္ေပါ့။ ေနာက္မွသိရတာပါ” ဟု ေျပာသည္။

ဖမ္းဆီးခံရသူမ်ားအား တပ္မေတာ္က ရိုက္ႏွက္ျခင္း၊ ႏွိပ္စက္ျခင္းမ်ား ျပဳလုပ္ခံရမည္ကို ၎တုိ႔၏ မိသားစုဝင္ မ်ား စိုးရိမ္သည္ဟု ေျပာသည္။

သရက္တပင္ေက်းရြာမွ ဆရာေတာ္ တစ္ပါးက “အခုသူတို႔ဖမ္းသြားတဲ့လူေတြက ရြာသားပါ။ စစ္သားေတြလည္း မဟုတ္ဘူး။ AA လည္းမဟုတ္ဘူး။ ဘာလို႔ဖမ္းသြားတာလဲေတာ့ မသိဘူး။ ဒီမနက္က စစ္ေၾကာင္းက ႏွစ္ ေၾကာင္း သံုးေၾကာင္းေလာက္ရွိမယ္။ ရြာထဲကို ဝင္လာတာ။ အခုက ရြာက ေဆးခန္း၊ ေဆးရံုဝင္းေပါ့ အဲ့ထဲမွာရွိ တယ္။ စစ္သားေတြကေတာ့ အဲ့မွာလည္း ရွိတယ္။ တျခားေနရာေတြမ်ားလည္း ေနေနၾကတယ္” ဟု ေျပာသည္။

သရက္တပင္ေက်းရြာမွ ရြာသားမ်ား ဖမ္းဆီးခံရသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တပ္မေတာ္ ဘက္ က တစ္စံု တစ္ရာ ထုတ္ျပန္ထားျခင္းမရွိေသးသလို တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး တာဝန္ရွိသူအား ဖုန္းျဖင့္ ဆက္ သြယ္ရာတြင္လည္း ဆက္သြယ္၍ မရခဲ့ေပ။

မဟာမုနိ ဘုရားအနီးတြင္ တည္ရွိသည့္ သရက္တပင္ေက်းရြာသည္ အိမ္ေျခ တစ္ေထာင္ေက်ာ္ခန္႔ရွိၿပီး ရြာသားမ်ားမွာ စိုးရိမ္ေၾကာက္လန္႔ၿပီး ထြက္ေျပးေနၾကရသည္ဟု သိရသည္။