ရှမ်းမြောက်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲများ ဆက်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ စက်တင်ဘာလအတွင်းတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည်။

တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း စက်တင်ဘာလအတွင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ PSLF/ TNLA သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုကဲ့သို့ပြောသည်။

“ဒီလထဲမှာတော့ ဖြစ်တာရှိတယ်။ ၁၅ ရက်နေ့အထိ ရှိတယ်။ ဒီလထဲမှာတော့ ၅ ကြိမ်ဖြစ်တယ်။ နေရာတွေ က ဒီကွတ်ခိုင်မြို့နယ်တွေထဲမှာ ဖြစ်တယ်။ နောက်လားရှိုးမြို့နယ်ထဲမှာ ဖြစ်တယ်။ နောက် ဒီလားရှိုးနဲ့ တန့်ယန်းအစပ် တန့်ယန်း မြို့နယ်ထဲမှာလည်း ဖြစ်တယ်။”

စက်တင်ဘာလ ၁၀ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ ကောင်းလိမ်ကျေးရွာ အထက်ဖက်ရှိ လွယ်လန်တောင် ပေါ် တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တန့်ယန်းမြို့နယ် ဝမ်ခုံကျေးရွာအနီးတွင် တစ်ကြိမ်နှင့် လားရှိုးမြို့နယ် ပန်းထွန်ကျေးရွာအုပ်စု မက်မန်းကျေးရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့ သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ထို့အပြင် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း လားရှိုးမြို့နယ် ဟုန်မွန်ကျေးရွာအနီးတွင် တစ်ကြိမ်ဖြစ် ပွား ခဲ့သေးသည်ဟု PSLF/TNLA က ဆိုသည်။

အစိုးရက အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် ရက္ခိုင့်တပ်တော် AA ရှိရာ ရခိုင်ပြည်နယ်မှ အပ ကျန်ေဒေသတော်တော်များများကို တပ်မတော်က အပစ်ရပ်ကြောင်း ကြေညာထားသကဲ့သို့ TNLA ပါဝင် သည့် ညီနောင် မဟာမိတ် ၃ ဖွဲ့ကလည်း စက်တင်ဘာလ ၁ ရက်နေ့က တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာ ခဲ့ကြသည်။ ညီနောင် မဟာ မိတ် ၃ ဖွဲ့မှာ TNLA၊ AA၊ MNDAA (ကိုးကန့်) တို့ဖြစ်သည်။

အပစ်ရပ်ထားသော်လည်း တပ်မတော်က ၎င်းတို့ လှုပ်ရှားရာ တောတွင်းအထိ လာရောက် ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု TNLA က ပြောသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “အခုက ကျနော်တို့က ကြေညာချက် ထုတ်ထားပေမယ့် အတတ်နိုင် ဆုံး တိုက်ပွဲ မဖြစ်အောင် ကျနော်တို့ ရှောင်တယ်။ ဒါပေမယ့် ဒီတပ်ဖက်က ကျနော်တို့ စခန်းရှိတဲ့နေရာတွေ ကို လာ ရောက်ထိုးစစ် ဆင်တိုက်ခိုက်တော့ တိုက်ပွဲဖြစ်ပွားတာ” ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ်ကပ်ရောဂါမှာ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် တပ်မတော်အနေဖြင့် ဒေသခံပြည် သူများကို ငှဲ့ညာသောအားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ရှောင်ရှားရန် လိုသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ် ပြန်ထားခြင်း မရှိပေ။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ညီနောင်မဟာ မိတ်အဖွဲ့ များ၏ တိုက်ပွဲများကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်အတွက် အစိုးရမှ ယခုအ ချိန်အထိ ကမ်းလှမ်းလာခြင်းမျိုး မရှိသည့် တစ်ဖက်တွင် ကိုဗစ်ဒုတိယလှိုင်း ကပ်ရောဂါကြောင့် တွေ့ဆုံ ဆွေးနွေးမည့် နည်းလမ်းများမှာ လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေ တစ်ဖက်တွင် တပ်မတာ်မှ ၎င်းတို့လှုပ်ရှားရာ ဒေသများအတွင်းသို့ တပ်အင် အား ဖြည့်တင်းမှုများရှိသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“အထူးသဖြင့် လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းဖက်မှာ ပြန်ပြီးအင်အားဖြည့်ထားတယ်။ သူက တပ်မ ၉၉ ရှိတယ်။ ဒီ စကခ ၁၀၁ ပေါ့နော် ရှိတယ်။ သူတို့တက်လာတော့ စစ်ကား သုံးလေးဆယ် လောက်ရှိတယ်။ နမ့်ခမ်းဖက်တက်တာလည်းရှိတယ်။ စောစောပြောတဲ့နေရာတွေပေါ့ အဲဒီဒေသတွေကို ဖြန့်ထားတယ်။ အဲဒါက နဂိုကတည်းက အဲဒီတပ်တွေပဲ ရှိတယ်။ ထပ်ပြီးအင်အားဖြည့်တာဖြစ်တယ်။”

တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA သည် ရက္ခိုင့်တပ်မတော် ULA/ AA၊ ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA၊ ကချင်လွတ်လပ်ရေး KIA တို့နှင့်အ တူ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည်။

ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

*** ZAWGYI ***
ရွမ္းေျမာက္တြင္ တပ္မေတာ္ႏွင့္ TNLA တိုက္ပြဲမ်ား ဆက္ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၂၉ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ တအန္း အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔ စက္တင္ဘာလအတြင္းတြင္ တိုက္ပြဲမ်ားဆက္လက္ ျဖစ္ပြားေနသည္။

တပ္မေတာ္က အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားေသာ္လည္း စက္တင္ဘာလအတြင္းတြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ PSLF/ TNLA သတင္း ႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ယခုကဲ့သို႔ေျပာသည္။

“ဒီလထဲမွာေတာ့ ျဖစ္တာရွိတယ္။ ၁၅ ရက္ေန႔အထိ ရွိတယ္။ ဒီလထဲမွာေတာ့ ၅ ႀကိမ္ျဖစ္တယ္။ ေနရာေတြ က ဒီကြတ္ခိုင္ၿမိဳ႕နယ္ေတြထဲမွာ ျဖစ္တယ္။ ေနာက္လားရႈိးၿမိဳ႕နယ္ထဲမွာ ျဖစ္တယ္။ ေနာက္ ဒီလားရႈိးနဲ႔ တန္႔ယန္းအစပ္ တန္႔ယန္း ၿမိဳ႕နယ္ထဲမွာလည္း ျဖစ္တယ္။”

စက္တင္ဘာလ ၁၀ ရက္ေန႔က ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းလိမ္ေက်းရြာ အထက္ဖက္ရွိ လြယ္လန္ေတာင္ ေပၚ တြင္တစ္ႀကိမ္၊ စက္တင္ဘာလ ၁၃ ရက္ေန႔က တန္႔ယန္းၿမိဳ႕နယ္ ၀မ္ခံုေက်းရြာအနီးတြင္ တစ္ႀကိမ္ႏွင့္ လားရႈိးၿမိဳ႕နယ္ ပန္းထြန္ေက်းရြာအုပ္စု မက္မန္းေက်းရြာအနီးတြင္ တစ္ႀကိမ္ စုစုေပါင္း ၂ ႀကိမ္ျဖစ္ပြားခဲ့ သည္ဟု PSLF/TNLA က ထုတ္ျပန္ထားသည္။

ထို႔အျပင္ စက္တင္ဘာလ ၁၅ ရက္ေန႔ကလည္း လားရႈိးၿမိဳ႕နယ္ ဟုန္မြန္ေက်းရြာအနီးတြင္ တစ္ႀကိမ္ျဖစ္ ပြား ခဲ့ေသးသည္ဟု PSLF/TNLA က ဆိုသည္။

အစိုးရက အၾကမ္းဖက္ အဖြဲ႔အစည္းဟု သတ္မွတ္ထားသည့္ ရကၡိဳင့္တပ္ေတာ္ AA ရွိရာ ရခိုင္ျပည္နယ္မွ အပ က်န္ေေဒသေတာ္ေတာ္မ်ားမ်ားကို တပ္မေတာ္က အပစ္ရပ္ေၾကာင္း ေၾကညာထားသကဲ့သို႔ TNLA ပါ၀င္ သည့္ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔ကလည္း စက္တင္ဘာလ ၁ ရက္ေန႔က တစ္ဖက္သတ္ အပစ္ရပ္ေၾကာင္း ေၾကညာ ခဲ့ၾကသည္။ ညီေနာင္ မဟာ မိတ္ ၃ ဖြဲ႔မွာ TNLA၊ AA၊ MNDAA (ကိုးကန္႔) တို႔ျဖစ္သည္။

အပစ္ရပ္ထားေသာ္လည္း တပ္မေတာ္က ၎တို႔ လႈပ္ရွားရာ ေတာတြင္းအထိ လာေရာက္ ထိုးစစ္ဆင္ တိုက္ခိုက္သည့္အတြက္ တိုက္ပြဲျဖစ္ပြားျခင္းျဖစ္သည္ဟု TNLA က ေျပာသည္။

ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္က “အခုက က်ေနာ္တို႔က ေၾကညာခ်က္ ထုတ္ထားေပမယ့္ အတတ္ႏိုင္ ဆံုး တိုက္ပြဲ မျဖစ္ေအာင္ က်ေနာ္တို႔ ေရွာင္တယ္။ ဒါေပမယ့္ ဒီတပ္ဖက္က က်ေနာ္တို႔ စခန္းရွိတဲ့ေနရာေတြ ကို လာ ေရာက္ထိုးစစ္ ဆင္တိုက္ခိုက္ေတာ့ တိုက္ပြဲျဖစ္ပြားတာ” ဟု ေျပာသည္။

လက္ရွိတြင္ ကိုဗစ္ကပ္ေရာဂါမွာ ျပင္းထန္စြာ ျဖစ္ပြားေနသည့္အတြက္ တပ္မေတာ္အေနျဖင့္ ေဒသခံျပည္ သူမ်ားကို ငွဲ႔ညာေသာအားျဖင့္ ထိုးစစ္ဆင္ တိုက္ခိုက္မႈကို ေရွာင္ရွားရန္ လိုသည္ဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ က ဆက္ေျပာသည္။

အဆိုပါ တိုက္ပြဲျဖစ္ပြားမႈမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးမွ တစ္စံုတစ္ရာ ထုတ္ ျပန္ထားျခင္း မရွိေပ။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနသည့္ တပ္မေတာ္ႏွင့္ ညီေနာင္မဟာ မိတ္အဖြဲ႔ မ်ား၏ တိုက္ပြဲမ်ားကို ရပ္တန္႔ရန္ႏွင့္ ၿငိမ္းခ်မ္းေရး ေတြ႕ဆံုေဆြးေႏြးရန္အတြက္ အစိုးရမွ ယခုအ ခ်ိန္အထိ ကမ္းလွမ္းလာျခင္းမ်ိဳး မရွိသည့္ တစ္ဖက္တြင္ ကိုဗစ္ဒုတိယလိႈင္း ကပ္ေရာဂါေၾကာင့္ ေတြ႕ဆံု ေဆြးေႏြးမည့္ နည္းလမ္းမ်ားမွာ လက္ရွိ အေျခအေနအရ မျဖစ္ႏိုင္ေသးသည့္ အေနအထားတြင္ ရွိေနသည္ဟု ဆိုသည္။

ထို႔အျပင္ တိုက္ပြဲျဖစ္ပြားေန တစ္ဖက္တြင္ တပ္မတာ္မွ ၎တို႔လႈပ္ရွားရာ ေဒသမ်ားအတြင္းသို႔ တပ္အင္ အား ျဖည့္တင္းမႈမ်ားရွိသည္ဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ က ေျပာသည္။

“အထူးသျဖင့္ လားရႈိး၊ ကြတ္ခိုင္၊ မူဆယ္၊ နမ့္ခမ္းဖက္မွာ ျပန္ၿပီးအင္အားျဖည့္ထားတယ္။ သူက တပ္မ ၉၉ ရွိတယ္။ ဒီ စကခ ၁၀၁ ေပါ့ေနာ္ ရွိတယ္။ သူတို႔တက္လာေတာ့ စစ္ကား သံုးေလးဆယ္ ေလာက္ရွိတယ္။ နမ့္ခမ္းဖက္တက္တာလည္းရွိတယ္။ ေစာေစာေျပာတဲ့ေနရာေတြေပါ့ အဲဒီေဒသေတြကို ျဖန္႔ထားတယ္။ အဲဒါက နဂိုကတည္းက အဲဒီတပ္ေတြပဲ ရွိတယ္။ ထပ္ၿပီးအင္အားျဖည့္တာျဖစ္တယ္။”

တအန္း(ပေလာင္) အမ်ိဳးသားလြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/TNLA သည္ ရကၡိဳင့္တပ္မေတာ္ ULA/ AA၊ ၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ တပ္မေတာ္ MNTJP/MNDAA၊ ကခ်င္လြတ္လပ္ေရး KIA တို႔ႏွင့္အ တူ အစိုးရ၊ တပ္မေတာ္ႏွင့္ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးရန္ ေဆြးေႏြးေနသည့္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕၀င္ျဖစ္သည္။

ထို႔အျပင္ ၎အဖြဲ႕မ်ားသည္ ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖစ္ျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားျဖစ္သည္။