အရပ်သားများအပေါ် ပြစ်မှုကျူးလွန်မှုများ အရေးယူရန် သမ္မတနှင့် အတိုင်ပင်ခံအားတောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားများအပေါ် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား ရခိုင်အမျိုးသားပါတီ(ANP) က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ၊ မြို့သစ်ရပ်ကွက်နေ ဦးအေးကျော်အား တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် ဒဏ်ရာများဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့က သေဆုံးသွားခဲ့သည်။

အလားတူကိစ္စရပ်များ ရခိုင်ပြည်နယ်အတွင်း မကြာခဏဖြစ်ပေါ်နေပြီး အကြိမ်ကြိမ်တင်ပြ တောင်းဆိုခဲ့သော် လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိခဲ့သည့်အတွက် ယနေ့အထိ ဆက်လက်ကြုံတွေ့နေရသည့်အပေါ် ထပ်မံ တောင်းဆိုရခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန် က ပြောသည်။

“ဒီလိုပဲ ပြစ်မဲ့တဲ့ အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးတယ်။ AA ဆိုပြီး စွပ်စွဲတယ်။ AA အစစ်ပဲ ဖြစ်ဖြစ်၊ အကြမ်းဖက်သမားပဲဖြစ်ဖြစ် အလောင်းကို ပို့တဲ့ အနေအထားမျိုးကို လုပ်လို့ရသလား။ ကျမတို့ Statement ထုတ်ပြီးမှပဲ မနက်စာကျွေးနေတုန်း ပစ္စတိုကိုလုပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်ဆိုတာမျိုး ထုတ် တယ်။ ဒါက တကယ့်ကို ယုတ္တိမဆန်တဲ့ ထုတ်ပြန်ချက်ပဲ။ ၂၄ နာရီ နီးပါးလောက် တပ်ထဲမှာ အဖမ်းဆီးခံနေရ တယ်။ အခု အလောင်းအဖြစ်နဲ့ ပြန်တွေ့တဲ့အခါမှာ ခြေတွေ လက်တွေကော ဒဏ်ရာတွေဗလပွနဲ့ သေနတ်ဒဏ် ရာတွေ ပါနေတဲ့ အနေအထားမှာ မနက်စာကျွေးချိန် ပစ္စတိုလုပြီး ကိုယ့်ကိုကိုယ်သေကြောင်းကြံတယ်ဆိုတာ ယုတ္တိတန်လား။”

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က “AA အကြမ်းဖက်သောင်းကျန်းသူ အေးကျော်အား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန်ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်” ဟု စက်တင်ဘာ လ ၂၉ ရက်နေ့ (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထို တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ “ဒီလိုနှိပ်စက်ခံထားရတဲ့လူက ဒီလိုလုတယ်ဆိုတာ ဟုတ်ရဲ့ လား။ ဒါတွေအနေအထားမှာ တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ရပ်မှာ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ညှင်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းပြီးတော့ အလောင်းကို ထုတ်ပေးတယ် ဆို တာမျိုး ကျမတို့ မလိုချင်ဘူး။ ကျမတို့ ဖြစ်စေချင်တာက ဒီလိုအရပ်သားတွေအပေါ် ကျူးလွန်တဲ့ အရပ်သား မဟုတ်ပလေ့စေ တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်စေချင်တယ်” ဟု ဒေါ်အေးနုစိန် က ဆက်ပြောသည်။

“ဒါကြောင့် ရှေ့မှာလည်းပဲ ကျမတို့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်တွေကိုလည်း ဖြစ်ရပ်တွေကို အများကြီးတင်ပြဖူးတယ်။ အိတ်ဖွင့်ပေးစာတွေ၊ ဖြစ်စဉ်တွေ၊ ဓါတ်ပုံတွေ၊ အထောက်အထားတွေ၊ နေရပ်လိပ်စာတွေနဲ့တကွ အများကြီးပို့ဖူးတယ်။ ဒါပေမယ့် ဘာတစ်ခုမှ တုန့်ပြန်ချက်မရပဲနဲ့ ခဏနေ မီးရှို့ခံရ၊ ခဏနေ သတ်ခံရ၊ ဖမ်းဆီးခံရ တင်ပြရပြန်ပြီ။ ဆိုတော့ တပ်မတော်သတင်းမှန်ထုတ်ပြန်ချက်က လုပ်လိုက်ပြန်ရင် လည်း တစ်ရွာလုံးကို ဖမ်းထားတာပဲ သေနတ်လုလို့ ပစ်ရတယ်။ ဒါမျိုးပဲ။ အခုလည်း တပ်ထဲမှာ ဖမ်းခံရတဲ့ လူ တစ်ယောက်က ပစ္စတိုကိုလုပြီးတော့ ကိုယ့်ကိုကိုယ်သေကြောင်းကြံတယ်ဆိုတာ ဒီသတင်းကို ကျမတို့ ထုတ် ပြန်ချက်ထုတ်ချိန် မသိသေးဘူး။”

ဦးအေးကျော်သည် သုံးဘီးဆိုင်ကယ်ဖြင့် လက်ကျိုးနေသည့် အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တိုင်းရင်းဆေးဖြင့် ကုသရန် လိုက်ပို့စဉ် စက်တင်ဘာလ ၂၇ ရက်နေ့က ခမရ ၃၇၇ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယခုကဲ့သို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူ ဦးအေးကျော်၏ မိသားစုဝင် တစ်ဦးက “သူက AA နဲ့လည်း မပတ်သက်ပါဘူး။ သုံးဘီးမောင်းပြီး မိသားစုကို လုပ်ကျွေးတာပါ။ အခုလည်း လူသွားပို့ရင်းအခုလိုမျိုးဖြစ်သွားတာ။ သူ့မှာကလေးအငယ်လေး လသား ကလေးလည်းရှိပါတယ်။ သူသေသွားတော့ အခု မိသားစုက အခက်အခဲဖြစ်ပါတယ်။ ကျနော်တို့လည်း ဘယ်လိုဆက်လုပ်ရမလဲမသိဘူး။ သေသေချာချာ ဥပဒေအတိုင်းတော့ အရေးယူပေးစေချင်ပါတယ်” ဟု ပြောသည်။

သို့သော် တပ်မတော်က ဦးအေးကျော်အား AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦးဖြစ်ကြောင်း၊ စစ်ဆေး မှုများ ဆောင်ရွက်နေစဉ် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက် ယနေ့ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် လုံခြုံရေးဆိုင်ရာရှောင်တခင် စစ်ဆေးခြင်းများပြုလုပ်လျက်ရှိစဉ် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့မှ ဘောင်းဒွတ်ကျေးရွာဘက်သို့ အေး ကျော် (၃၅)နှစ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မြောက်ဦးမြို့နေသူမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အားစစ်ဆေး ရာ အေးကျော်၏လက်ကိုင်ဖုန်းအတွင်းမှ AA အကြမ်းဖက် သောင်းကျန်းသူများ၏ အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်” ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

COVID- 19 ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အခြားတစ် ဖက်တွင် ဒေသခံများမှာ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရခြင်း၊ စွတ်စွဲခံရခြင်း၊ ညှင်းပန်းနှိမ့်စက်ခံရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ အသေသတ်ခံရခြင်း အစရှိသည့် လူ့အခွင့်အရေး အမျိုးမျိုးကို ချိုးဖောက်ခံနေ ရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်သူများ က ဆိုသည်။

ထို့ကြောင့် ကမ္ဘာနှင့်အဝန်း ဖြစ်ပွားနေသည့် COVID- 19 ကပ်ရောဂါကြောင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်များ အနေဖြင့် လူသားချင်းစာနာသောအားဖြင့် အပစ်ရပ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံအရာရှိများက တောင်းဆိုထားသည်။

*** ZAWGYI ***
အရပ္သားမ်ားအေပၚ ျပစ္မႈက်ဴးလြန္မႈမ်ား အေရးယူရန္ သမၼတႏွင့္ အတိုင္ပင္ခံအားေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၂၉ ရက္။

ရခုိင္ျပည္နယ္အတြင္း အရပ္သားမ်ားအေပၚ ျပစ္မႈက်ဴးလြန္သူမ်ားအား ဥပေဒအရ ထိေရာက္စြာ အေရးယူေပးရန္ ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂိၢဳလ္ ႏွင့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔အား ရခိုင္အမ်ိဳးသားပါတီ(ANP) က ေတာင္းဆိုလိုက္သည္။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ ၊ ၿမိဳ႕သစ္ရပ္ကြက္ေန ဦးေအးေက်ာ္အား တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြား ၿပီးေနာက္ ဒဏ္ရာမ်ားျဖင့္ စက္တင္ဘာလ ၂၈ ရက္ေန႔က ေသဆံုးသြားခဲ့သည္။

အလားတူကိစၥရပ္မ်ား ရခိုင္ျပည္နယ္အတြင္း မၾကာခဏျဖစ္ေပၚေနၿပီး အႀကိမ္ႀကိမ္တင္ျပ ေတာင္းဆိုခဲ့ေသာ္ လည္း တစ္စံုတစ္ရာ အေရးယူမႈ မရွိခဲ့သည့္အတြက္ ယေန႔အထိ ဆက္လက္ႀကံဳေတြ႕ေနရသည့္အေပၚ ထပ္မံ ေတာင္းဆိုရျခင္းျဖစ္သည္ဟု ရခုိင္အမ်ိဳးသားပါတီ (ANP) ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္ က ေျပာသည္။

“ဒီလုိပဲ ျပစ္မဲ့တဲ့ အရပ္သားေတြကို သံသယနဲ႔ ဖမ္းဆီးတယ္။ AA ဆိုၿပီး စြပ္စြဲတယ္။ AA အစစ္ပဲ ျဖစ္ျဖစ္၊ အၾကမ္းဖက္သမားပဲျဖစ္ျဖစ္ အေလာင္းကို ပို႔တဲ့ အေနအထားမ်ိဳးကို လုပ္လုိ႔ရသလား။ က်မတုိ႔ Statement ထုတ္ၿပီးမွပဲ မနက္စာေကၽြးေနတုန္း ပစၥတိုကိုလုၿပီး ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံလိုက္တယ္ဆိုတာမ်ိဳး ထုတ္ တယ္။ ဒါက တကယ့္ကို ယုတိၱမဆန္တဲ့ ထုတ္ျပန္ခ်က္ပဲ။ ၂၄ နာရီ နီးပါးေလာက္ တပ္ထဲမွာ အဖမ္းဆီးခံေနရ တယ္။ အခု အေလာင္းအျဖစ္နဲ႔ ျပန္ေတြ႕တဲ့အခါမွာ ေျခေတြ လက္ေတြေကာ ဒဏ္ရာေတြဗလပြနဲ႔ ေသနတ္ဒဏ္ ရာေတြ ပါေနတဲ့ အေနအထားမွာ မနက္စာေကၽြးခ်ိန္ ပစၥတုိလုၿပီး ကိုယ့္ကိုကိုယ္ေသေၾကာင္းႀကံတယ္ဆိုတာ ယုတိၱတန္လား။”

အဆုိပါကိစၥႏွင့္ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ က “AA အၾကမ္းဖက္ေသာင္းက်န္းသူ ေအးေက်ာ္အား စက္တင္ဘာ ၂၈ ရက္ေန႔ နံနက္စာေကြၽးေမြးရန္ေဆာင္႐ြက္စဥ္ စစ္ေၾကာေရးအဖြဲ႕ဝင္၏ ပစၥတို ေသနတ္အားလုယူ၍ မိမိကိုယ္ကိုပစ္ခတ္ခဲ့ရာ ရရွိဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္” ဟု စက္တင္ဘာ လ ၂၉ ရက္ေန႔ (ယေန႔) ရက္စြဲျဖင့္ ထုတ္ျပန္ထားသည္။

ထို တပ္မေတာ္၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ “ဒီလိုႏွိပ္စက္ခံထားရတဲ့လူက ဒီလိုလုတယ္ဆုိတာ ဟုတ္ရဲ႕ လား။ ဒါေတြအေနအထားမွာ တရားဥပေဒအတုိင္းပဲ ျဖစ္ေစခ်င္တယ္။ တရားဥပေဒစိုးမိုးတဲ့ ႏုိင္ငံတစ္ရပ္မွာ ဘယ္အဖြဲ႕အစည္းကပဲ လုပ္လုပ္ ညွင္းပန္းႏွိပ္စက္ စစ္ေဆးေမးျမန္းၿပီးေတာ့ အေလာင္းကို ထုတ္ေပးတယ္ ဆုိ တာမ်ိဳး က်မတုိ႔ မလိုခ်င္ဘူး။ က်မတို႔ ျဖစ္ေစခ်င္တာက ဒီလိုအရပ္သားေတြအေပၚ က်ဴးလြန္တဲ့ အရပ္သား မဟုတ္ပေလ့ေစ တရားဥပေဒနဲ႔ လုပ္ထံုးလုပ္နည္းနဲ႔ လုပ္ေစခ်င္တယ္” ဟု ေဒၚေအးႏုစိန္ က ဆက္ေျပာသည္။

“ဒါေၾကာင့္ ေရွ႕မွာလည္းပဲ က်မတို႔ ႏုိင္ငံေတာ္သမၼတ၊ အတုိင္ပင္ခံပုဂၢိဳလ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ေတြကို္လည္း ျဖစ္ရပ္ေတြကို အမ်ားႀကီးတင္ျပဖူးတယ္။ အိတ္ဖြင့္ေပးစာေတြ၊ ျဖစ္စဥ္ေတြ၊ ဓါတ္ပံုေတြ၊ အေထာက္အထားေတြ၊ ေနရပ္လိပ္စာေတြနဲ႔တကြ အမ်ားႀကီးပို႔ဖူးတယ္။ ဒါေပမယ့္ ဘာတစ္ခုမွ တုန္႔ျပန္ခ်က္မရပဲနဲ႔ ခဏေန မီးရိႈ႕ခံရ၊ ခဏေန သတ္ခံရ၊ ဖမ္းဆီးခံရ တင္ျပရျပန္ၿပီ။ ဆိုေတာ့ တပ္မေတာ္သတင္းမွန္ထုတ္ျပန္ခ်က္က လုပ္လုိက္ျပန္ရင္ လည္း တစ္ရြာလံုးကို ဖမ္းထားတာပဲ ေသနတ္လုလို႔ ပစ္ရတယ္။ ဒါမ်ိဳးပဲ။ အခုလည္း တပ္ထဲမွာ ဖမ္းခံရတဲ့ လူ တစ္ေယာက္က ပစၥတုိကိုလုၿပီးေတာ့ ကိုယ့္ကိုကိုယ္ေသေၾကာင္းႀကံတယ္ဆုိတာ ဒီသတင္းကို က်မတို႔ ထုတ္ ျပန္ခ်က္ထုတ္ခ်ိန္ မသိေသးဘူး။”

ဦးေအးေက်ာ္သည္ သံုးဘီးဆိုင္ကယ္ျဖင့္ လက္က်ိဳးေနသည့္ အသက္ ၇၆ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးအား တိုင္းရင္းေဆးျဖင့္ ကုသရန္ လိုက္ပို႔စဥ္ စက္တင္ဘာလ ၂၇ ရက္ေန႔က ခမရ ၃၇၇ တပ္ရင္းက ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ယခုကဲ့သို႔ ေသဆံုးသြားခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ေသဆံုးသူ ဦးေအးေက်ာ္၏ မိသားစုဝင္ တစ္ဦးက “သူက AA နဲ႔လည္း မပတ္သက္ပါဘူး။ သံုးဘီးေမာင္းၿပီး မိသားစုကို လုပ္ေကၽြးတာပါ။ အခုလည္း လူသြားပို႔ရင္းအခုလိုမ်ိဳးျဖစ္သြားတာ။ သူ႔မွာကေလးအငယ္ေလး လသား ကေလးလည္းရွိပါတယ္။ သူေသသြားေတာ့ အခု မိသားစုက အခက္အခဲျဖစ္ပါတယ္။ က်ေနာ္တုိ႔လည္း ဘယ္လိုဆက္လုပ္ရမလဲမသိဘူး။ ေသေသခ်ာခ်ာ ဥပေဒအတုိင္းေတာ့ အေရးယူေပးေစခ်င္ပါတယ္” ဟု ေျပာသည္။

သို႔ေသာ္ တပ္မေတာ္က ဦးေအးေက်ာ္အား AA အဖြဲ႕မွ တပ္ၾကပ္ႀကီး အဆင့္ရွိသူ တစ္ဦးျဖစ္ေၾကာင္း၊ စစ္ေဆး မႈမ်ား ေဆာင္ရြက္ေနစဥ္ မိမိကိုယ္ကို အဆံုးစီရင္ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က စက္တင္ဘာလ ၂၉ ရက္ ယေန႔ ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

“ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၂၇ ရက္ လုံၿခဳံေရးဆိုင္ရာေရွာင္တခင္ စစ္ေဆးျခင္းမ်ားျပဳလုပ္လ်က္ရွိစဥ္ နံနက္ ၈ နာရီခန႔္တြင္ ေျမာက္ဦးၿမိဳ႕မွ ေဘာင္းဒြတ္ေက်း႐ြာဘက္သို႔ ေအး ေက်ာ္ (၃၅)ႏွစ္၊ ေအာင္မဂၤလာ ရပ္ကြက္၊ ေျမာက္ဦးၿမိဳ႕ေနသူေမာင္းႏွင္လာသည့္ သုံးဘီးဆိုင္ကယ္အားစစ္ေဆး ရာ ေအးေက်ာ္၏လက္ကိုင္ဖုန္းအတြင္းမွ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား၏ အခ်က္အလက္မ်ားႏွင့္ ဆက္သြယ္ထားမႈမ်ားအား ေတြ႕ရွိရသျဖင့္ ထိန္းသိမ္း၍ လိုအပ္သည့္စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္ခဲ့သည္” ဟု အဆုိပါ ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။

COVID- 19 ကပ္ေရာဂါကာလအတြင္း ရခိုင္ျပည္နယ္တြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည့္ အျခားတစ္ ဖက္တြင္ ေဒသခံမ်ားမွာ သံသယျဖင့္ ဖမ္းဆီးစစ္ေဆးခံရျခင္း၊ စြတ္စြဲခံရျခင္း၊ ညွင္းပန္းႏွိမ့္စက္ခံရျခင္း၊ ေနရပ္စြန္႔ခြာ ထြက္ေျပးတိ္မ္းေရွာင္ရျခင္း၊ အေသသတ္ခံရျခင္း အစရွိသည့္ လူ႔အခြင့္အေရး အမ်ိဳးမ်ိဳးကို ခ်ိဳးေဖာက္ခံေန ရသည္ဟု လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားႏွင့္ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းလုပ္ေဆာင္သူမ်ား က ဆိုသည္။

ထို႔ေၾကာင့္ ကမၻာႏွင့္အ၀န္း ျဖစ္ပြားေနသည့္ COVID- 19 ကပ္ေရာဂါေၾကာင့္ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႔အစည္မ်ား အေနျဖင့္ လူသားခ်င္းစာနာေသာအားျဖင့္ အပစ္ရပ္ေပးရန္ ကမၻာ့ကုလသမဂၢႏွင့္ ႏိုင္ငံတကာ သံအရာရွိမ်ားက ေတာင္းဆိုထားသည္။