COVID-19 ကပ်ရောဂါ အခြေအနေကြောင့် မဲရုံ တာဝန်ရှိသူများအား သင်တန်းများ မပေးနိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

ရွေးကောက်ပွဲရက် နီးလာနေသော်လည်း မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချပေးနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာလအတွင်း လျာထားမဲရုံများတွင် တာဝန်ထားဆောင်ရမယ့် မဲရုံဝန်ထမ်းများကို သင်တန်းပေးရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါပိုး ကူးသက်မှုနှုန်းမြင့်တက်လာသည့်အတွက် သင်တန်းပေးမည့်ရက် ကို ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်ဟု ပြောသည်။

“မဲရုံမှူးသင်တန်းတွေကျတော့ ကိုဗစ်ကန့်သတ်ချက်ရှိတဲ့အခါကျတော့ ကိုဗစ်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ရရင် ဆက်လုပ်မယ် ဆက်လုပ်လို့မရဘူးဆိုရင် လမ်းညွှန်စာအုပ်တွေနဲ့ ဗီဒီယိုဖိုင်တွေနဲ့ လုပ်ဖို့ရှိတယ် ဒါကတော့ ကိုဗစ်စိန်ခေါ်မှုမှာ ကျနော်တို့ ကြိုပြင်ထားတဲ့အပိုင်းပေါ့နော်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ ဦးဟိဏ်းလင်းထက် က ပြောသည်။

မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်သူများကို ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးရမည် ဖြစ်သည်။

ရွေးကောက်ပွဲနည်းဥပဒေအရ မဲရုံများကို သတ်မှတ်ရာတွင် မဲဆန္ဒရှင် ၃၀၀ မှ ၃၀၀၀ ထိရှိလျှင် မဲရုံတစ်ရုံထား ရှိရန် သတ်မှတ်ထားသည်။

မဲရုံတစ်ရုံတွင် မဲရုံမှူး ၁ ဦး၊ ဒုတိယမဲရုံမှူး ၁ ဦး၊ မဲစာရင်းစစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံလုံခြုံရေး ၁ ဦးနှင့် လက်များကိုမှင်တို့ပေးမည့်အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦးသတ်မှတ်ထားပြီး လိုအပ်ပါက မဲရုံဝန်ထမ်းတိုးချဲ့ခန့်အပ်နိုင်ကြောင်း ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်းရှိ လျာထားမဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော် လျာထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် လျာထားသည့် ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော်တွင် မဲရုံမှူး တာဝန်ထမ်းဆောင်ရန် ၉၅၈ ဦး၊ ဒုမဲရုံမှူးအတွက် ၉၅၅ ဦးနှင့် မဲရုံအဖွဲ့ဝင်အတွက် ၁၃၇၁၇ ဦး ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

မွန်ပြည်နယ်တွင် လျာထားမဲရုံပေါင်း ၉၇၃ ရုံရှိသည့်အနက် အခြေခံပညာကျောင်းတို့ကို အသုံးပြုထားသည့် မဲရုံ ၈၄၀ ကျော်ရှိပြီး ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုများ အဆင်သင့်လုပ်ဆောင်ထားသည်ဟု ပြည်နယ် ပညာရေးမှူး က ပြောသည်။

“ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ချိန်ကတည်းကိုက ကျောင်းတွေမှာ (ကူးစက်ရောဂါ) ကြိုတင်ကာကွယ်တဲ့စနစ်တွေ ဘေစင်ကအစ အကုန်လုံးပေါ့ ကျမတို့မှာ အဆင်သင့်ရှိပါတယ်။ ဆရာ/ဆရာမတွေကိုလည်း ခွဲဝေပေးထား တာရှိပါတယ်။ ဒီပစ္စည်းတွေက ရွေးကောက်ပွဲဆောင်ရွက်မယ့်ရက်အတွက် အားလုံး မျှဝေပြီးတော့ သုံးစွဲသွားဖို့ ရှိပါတယ်” ဟု ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်ကြေညာမည့် မဲစာရင်းအရ မွန်ပြည်နယ် တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၉ သောင်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

***ZAWGYI ***
COVID-19 ကပ္ေရာဂါ အေျခအေနေၾကာင့္ မဲရံု တာ၀န္ရွိသူမ်ားအား သင္တန္းမ်ား မေပးနိုင္ေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။

ေရြးေကာက္ပြဲရက္ နီးလာေနေသာ္လည္း မဲရံုမွဴး၊ ဒုမဲရံုမွဴးနွင့္ မဲရံုအဖြဲ႔၀င္မ်ားအား သင္တန္းပို႔ခ်ေပးႏိုင္ျခင္း မရွိေသးေၾကာင္း မြန္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲ တာဝန္ရွိသူက ေျပာသည္။

စက္တင္ဘာလအတြင္း လ်ာထားမဲရံုမ်ားတြင္ တာဝန္ထားေဆာင္ရမယ့္ မဲရံုဝန္ထမ္းမ်ားကို သင္တန္းေပးရန္ စီစဥ္ထားေသာ္လည္း COVID-19 ေရာဂါပိုး ကူးသက္မႈႏႈန္းျမင့္တက္လာသည့္အတြက္ သင္တန္းေပးမည့္ရက္ ကို ေရႊ႕ဆုိင္းထားရျခင္းျဖစ္သည္ဟု ေျပာသည္။

“မဲ႐ုံမွဴးသင္တန္းေတြက်ေတာ့ ကိုဗစ္ကန္႔သတ္ခ်က္ရွိတဲ့အခါက်ေတာ့ ကိုဗစ္ဗဟိုေကာ္မတီရဲ႕ ခြင့္ျပဳခ်က္ရရင္ ဆက္လုပ္မယ္ ဆက္လုပ္လို႔မရဘူးဆိုရင္ လမ္းၫႊန္စာအုပ္ေတြနဲ႔ ဗီဒီယိုဖိုင္ေတြနဲ႔ လုပ္ဖို႔ရွိတယ္ ဒါကေတာ့ ကိုဗစ္စိန္ေခၚမႈမွာ က်ေနာ္တို႔ ႀကိဳျပင္ထားတဲ့အပိုင္းေပါ့ေနာ္” ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ရွိသူ ဦးဟိဏ္းလင္းထက္ က ေျပာသည္။

မဲ႐ုံမွဴး၊ ဒု-မဲ႐ုံမွဴးႏွင့္ မဲ႐ုံအဖြဲ႔ဝင္ တာဝန္ထမ္းေဆာင္သူမ်ားကို ေရြးေကာက္ပြဲေကာ္မရွင္မွ ေရြးေကာက္ပြဲဆိုင္ရာ သင္တန္းေပးရမည္ ျဖစ္သည္။

ေရြးေကာက္ပြဲနည္းဥပေဒအရ မဲ႐ုံမ်ားကို သတ္မွတ္ရာတြင္ မဲဆႏၵရွင္ ၃၀၀ မွ ၃၀၀၀ ထိရွိလွ်င္ မဲ႐ုံတစ္႐ုံထား ရွိရန္ သတ္မွတ္ထားသည္။

မဲ႐ုံတစ္႐ုံတြင္ မဲ႐ုံမႉး ၁ ဦး၊ ဒုတိယမဲ႐ုံမႉး ၁ ဦး၊ မဲစာရင္းစစ္ေဆးသူ ၃ ဦး၊ ဆႏၵမဲလက္မွတ္ထုတ္ေပးသူ ၃ ဦး၊ မဲ႐ုံလံုျခံဳေရး ၁ ဦးႏွင့္ လက္မ်ားကိုမွင္တို႔ေပးမည့္အဖြဲ႔ဝင္ ၁ ဦး စုစုေပါင္း မဲ႐ုံဝန္ထမ္း ၁၀ ဦးသတ္မွတ္ထားၿပီး လိုအပ္ပါက မဲ႐ုံဝန္ထမ္းတိုးခ်ဲ႔ခန္႔အပ္ႏိုင္ေၾကာင္း ရပ္/ေက်း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ လုပ္ငန္းလမ္းၫႊန္ တြင္ ေဖာ္ျပထားသည္။

မြန္ျပည္နယ္အတြင္းရွိ လ်ာထားမဲ႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ပညာေရးဝန္ထမ္း ၁၅၀၀၀ ေက်ာ္ လ်ာထားသည္ဟု မြန္ျပည္နယ္ ပညာေရးမွဴး႐ုံးထံမွ သိရသည္။

လာမည့္ေရြးေကာက္ပြဲအတြက္ မဲ႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ လ်ာထားသည့္ ပညာေရးဝန္ထမ္း ၁၅၀၀၀ ေက်ာ္တြင္ မဲ႐ုံမွဴး တာဝန္ထမ္းေဆာင္ရန္ ၉၅၈ ဦး၊ ဒုမဲ႐ုံမွဴးအတြက္ ၉၅၅ ဦးႏွင့္ မဲ႐ုံအဖြဲ႔ဝင္အတြက္ ၁၃၇၁၇ ဦး ပါဝင္သည္ဟု ျပည္နယ္ပညာေရးမွဴး ေဒါက္တာခ်ဳိခ်ဳိျမတ္ေအာင္က ေျပာသည္။

မြန္ျပည္နယ္တြင္ လ်ာထားမဲ႐ုံေပါင္း ၉၇၃ ႐ုံရွိသည့္အနက္ အေျခခံပညာေက်ာင္းတို႔ကို အသံုးျပဳထားသည့္ မဲ႐ုံ ၈၄၀ ေက်ာ္ရွိၿပီး ကူးစက္ေရာဂါဆိုင္ရာ ႀကိဳတင္ကာကြယ္မႈမ်ား အဆင္သင့္လုပ္ေဆာင္ထားသည္ဟု ျပည္နယ္ ပညာေရးမွဴး က ေျပာသည္။

“ေက်ာင္းျပန္ဖြင့္ဖို႔ ျပင္ဆင္ခ်ိန္ကတည္းကိုက ေက်ာင္းေတြမွာ (ကူးစက္ေရာဂါ) ႀကိဳတင္ကာကြယ္တဲ့စနစ္ေတြ ေဘစင္ကအစ အကုန္လံုးေပါ့ က်မတို႔မွာ အဆင္သင့္ရွိပါတယ္။ ဆရာ/ဆရာမေတြကိုလည္း ခြဲေဝေပးထား တာရွိပါတယ္။ ဒီပစၥည္းေတြက ေရြးေကာက္ပြဲေဆာင္ရြက္မယ့္ရက္အတြက္ အားလံုး မွ်ေဝၿပီးေတာ့ သံုးစြဲသြားဖို႔ ရွိပါတယ္” ဟု ေဒါက္တာခ်ဳိခ်ဳိျမတ္ေအာင္က ေျပာသည္။

ႏိုဝင္ဘာ ၈ ရက္ေန႔က်င္းပမည့္ ေရြးေကာက္ပြဲအတြက္ ဒုတိယအႀကိမ္ေၾကညာမည့္ မဲစာရင္းအရ မြန္ျပည္နယ္ တြင္ မဲေပးပိုင္ခြင့္ရွိသူ ၁၇ သိန္း ၉ ေသာင္းေက်ာ္ရွိသည္ဟု ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔မွ သိရသည္။