ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်၊ အရပ်သား သေဆုံး ဒဏ်ရာရမှုများရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့အတွင်း စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည့်အပြင် ရွာသား အချို့ လည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

တပ်မတော်က သိမ်းပိုက်ခဲ့သော စခန်းတစ်ခုအား ရက္ခိုင့် တပ်တော် (AA) က ၂၄ နာရီအတွင်း ပြန်လည် သိမ်းပိုက်ခဲ့ကြောင်း ကြေညာပြီးနောက်ပိုင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ်အတွင်း အောက်တိုဘာလ ၆ ရက်နေ့ (ယနေ့) ဖြစ်ပွားခဲ့သည့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၉၀ နှင့် ၁၃ နှစ်အရွယ် အပါအဝင် ရွာသားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ များက ပြောသည်။

ရသေ့တောင် က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “AA ကလည်း Navy ကို လှမ်းပစ်တယ်ထင်တယ်၊ Navy ကလည်း တွေ့တဲ့နေရာကို လှမ်းပစ်တာ။ AA ကို ပစ်တာမဟုတ်ပဲ တွေ့တဲ့နေရာကို လှမ်းပစ်တော့ ရွာထဲ တွေ တော်တော်ထိတယ်။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ပျက်ဆီးတာ တော်တော်များတယ်။ ရွာ သားတွေကတော့ ကျင်းတွေထဲ ဝင်အောင်းနေတာပေါ့။ ဒါပေမယ့် လေးယောက် ထိသွားတယ်။ ဒဏ်ရာရတယ်။ အသက် ၉၀ ဝန်းကျင်တစ်ယောက်ရှိတယ်။ ဦးမောင်စိုးဆိုတာလေ။ သူက နည်းနည်းဒဏ်ရာများတယ်။ ကျန်တဲ့ သုံးယောက်ကတော့ မစိုးရိမ်ရဘူး။ ၁၃ နှစ်အရွယ်တစ်ယောက်ပါတယ်။ ကံပြင်က နှစ်ယောက်ရယ်၊ ပြင်ဝန်က နှစ်ယောက်ရယ်ပေါ့။ အရင်ရက်မှာ ထီးစွဲရွာက ထိသွားတဲ့တစ်ယောက်လည်း စိုးရိမ်ရတယ်။ ကံပြင်ရွာက စစ် ရှောင်စခန်းမှာ နေတာသူက” ဟု ပြောသည်။

နေဗီ (Navy) ဆိုသည်မှာ ရေတပ် သင်္ဘောများကို ဆိုလိုခြင်း ဖြစ်သည်။

အောက်တိုဘာလ ၆ ရက်နေ့ (ယနေ့) မွန်းလွှဲပိုင်းအချိန်ထိ ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်ဟု အဆို ပါ ဒေသခံက ဆက်ပြောသည်။

“ဒီနေ့ နေ့လည် တစ်နာရီဝန်းကျင်လောက်ကလည်း Navy နှစ်စီးက ပစ်ပြီးဆင်းသွားကြတယ်။ လက်နက်ကြီး တွေနဲ့ ပစ်နေတာ။ AA က ပစ်လားမပစ်လားတော့ မသိဘူး။ Navy ကတော့ ပစ်ပြီးဆင်းသွားတာပဲ၊ ဒီနေ့ မနက်ဆို တပ် Navy က တော်တော် ပြင်းပြင်းထန်ထန်ပစ်တာ။ ၃ ရက်နေ့ ညဘက်လောက်က လေယာဉ်နဲ့ လာပစ်တယ်။ ၅ ရက်နေ့ ကလည်း တစ်ခါ လာပစ်တယ် လေယာဉ်နဲ့လေ။ ဘူးသီးတောင်ဘက်ကနေ ပစ်တာ လည်း ရှိတယ်။ နောက်ပြီး ရသေ့တောင်က ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတွေရှိတယ်။ အဲ့ကနေလည်း ပစ်တယ် ပေါ့။”

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာအနီး အခိုင်အမာနေရာ ယူထားသည့် ULA/AA တပ်စခန်းတစ်ခုအား တပ်မ တော်က အောက်တိုဘာလ ၄ ရက်နေ့ က သိမ်းယူခဲ့ပြီးနောက် ULA/AA ကလည်း အောက်တိုဘာလ ၅ ရက် နေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် အဆိုပါ စခန်းအား AA က ပြန်လည် သိမ်းယူခဲ့သည်။ ထို့နောက် တပ်မတော်၏ ထိုးစစ်ဆင်မှုများ၊ ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဝေဟင်ထိုးစစ်များပါရှိခဲ့သည်ဟု ထီးစွဲ ကျေးရွာသား တစ်ဦး က ပြောသည်။

“အောင်သာစည်၊ ထီးစွဲ ကျေးရွာဘက်က AA ရဲ့ တပ်စခန်းကုန်း ဒါကို တိုက်လိုက်ပြန်ဆုတ်လိုက်နဲ့ တပ်က လုပ်နေတာ သုံးလကျော်လောက်ရှိပါပြီ။ ၄ ရက်နေ့မှာ တပ်က အဲ့ဒီတောင်ကုန်းကို သိမ်းတယ်။ ၅ ရက်နေ့ ကျ တော့ AA က ပြန်တိုက်၊ တပ်က တော်တော်လေး အထိနာသွားတယ်ပေါ့ ဒေသခံတွေ သိသလောက်က။ ဆိုတဲ့ အချိန်မှာ တပ် Navy တွေက အများကြီးတက်လာတာပေါ့။ အရင်ကနှစ်စီးပဲရှိတာ။ အခုက လေးစီး၊ ငါးစီး ရှိနေ တယ်။ ဇက်တွေကနေ Navy က ပစ်နေတယ်ဆိုတာ ရွာသားတွေ အားလုံးသိနေကြတာပဲ။”

ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး၊ ရွာသား တစ်ထောင်နီးပါးခန့်လည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အတည်ပြုပြောသည်။

ထို့အပြင် မင်းပြားမြို့နယ်အတွင်းတွင်လည်း အောက်တိုဘာလ ၅ ရက်နေ့ ညက တပ်မတော်၏ ပစ်ခတ်မှု ကြောင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က ပြောသည်။

“ဟုတ်ပါတယ်။ ပွဲချင်းပြီးသေသွားတယ်ဆိုတာ။ ကျနော်သိတာတော့ မူဆလင် သုံးယောက်ပေါ့ တပ်မတော်က သေနတ်ပစ်လို့ သေသွားတာပါ။ သူတို့က ညအချိန်ကြီး စက်လှေနဲ့ ဝင်လာတာလို့ ပြောတယ်။ တပ်က သေ နတ်နဲ့ လှမ်းပြီးပစ်တာ။ ဘယ်ကလည်းဆိုတာတော့ မသိဘူး။ ဆေးရုံကို ပို့ထားတယ်တော့ ပြောတယ်။”

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “တားမြစ်မိန့်ထုတ်ပြန် ထားသည့် နယ်မြေ အတွင်းဝင်ရောက်လာသည့် စက်လှေ ၂ စီးအားရပ်တန့်ခိုင်းစဉ် ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း၊ အဆိုပါစက်လှေ ၂ စီးအားစစ်ဆေးရာ အရှေ့မှမောင်းနှင်လာသော စက် လှေပေါ်မှ အရိုးအသွား ၃ ပေခန့်ရှိ ဓါးရှည် ၂ ချောင်း၊ ကြိုးဆွဲစက်လှေအင်ဂျင် ၂ လုံး၊ ဖုန်း ၃ လုံးနှင့်အတူ လက်နက်ငယ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် (နေရပ်စိစစ်ဆဲ) ဘင်္ဂါလီအ မျိုးသား အလောင်း ၃ လောင်းအား သိမ်းဆည်းရမိခဲ့သည်” ဟု အောက်တို ဘာလ ၆ ရက်နေ့ က ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားများအပေါ် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူပေး ရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သက်ဆိုင်ရာ အာ ဏာပိုင်များတို့အား ရခိုင်အမျိုးသားပါတီ(ANP) နှင့် ဒေသအတွင်းက အရပ်ဘက် အဖွဲ့အစည်းများ က အကြိမ် ကြိမ် တောင်းဆိုနေကြသော်လည်း တစ်စုံတစ်ရာအရေးယူပေးခြင်း မရှိသည့်အပေါ်လည်း မေးခွန်းထုတ်နေ ကြ သည်။

*** ZAWGYI ***
ရခိုင္တြင္ တိုက္ပြဲမ်ား ျပင္းထန္၊ အရပ္သား ေသဆံုး ဒဏ္ရာရမႈမ်ားရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ မင္းျပားၿမိဳ႕နယ္တို႔အတြင္း စစ္ေရးပဋိပကၡမ်ားေၾကာင့္ ေဒသခံျပည္သူမ်ား ေသဆံုးမႈ၊ ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိေနသည့္အျပင္ ရြာသား အခ်ိဳ႕ လည္း စစ္ေဘးလြတ္ရာသို႔ ထြက္ေျပး တိမ္း ေရွာင္ေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

တပ္မေတာ္က သိမ္းပိုက္ခဲ့ေသာ စခန္းတစ္ခုအား ရကၡိဳင့္ တပ္ေတာ္ (AA) က ၂၄ နာရီအတြင္း ျပန္လည္ သိမ္းပိုက္ခဲ့ေၾကာင္း ေၾကညာၿပီးေနာက္ပိုင္း တိုက္ပြဲမ်ား ပိုမို ျပင္းထန္လာခဲ့ျခင္း ျဖစ္သည္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ေအာက္တုိဘာလ ၆ ရက္ေန႔ (ယေန႔) ျဖစ္ပြားခဲ့သည့္ လက္နက္ႀကီးက်ည္မ်ား ေက်းရြာအတြင္းက်ေရာက္ေပါက္ကြဲခ့ဲသည့္အတြက္ အသက္ ၉၀ နွင့္ ၁၃ နွစ္အရြယ္ အပါအဝင္ ရြာသားေလးဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ရေသ့ေတာင္ က အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “AA ကလည္း Navy ကို လွမ္းပစ္တယ္ထင္တယ္၊ Navy ကလည္း ေတြ႕တဲ့ေနရာကို လွမ္းပစ္တာ။ AA ကို ပစ္တာမဟုတ္ပဲ ေတြ႕တဲ့ေနရာကို လွမ္းပစ္ေတာ့ ရြာထဲ ေတြ ေတာ္ေတာ္ထိတယ္။ လက္နက္ႀကီးေတြ ဆက္တုိက္ပစ္တယ္။ ပ်က္ဆီးတာ ေတာ္ေတာ္မ်ားတယ္။ ရြာ သားေတြကေတာ့ က်င္းေတြထဲ ဝင္ေအာင္းေနတာေပါ့။ ဒါေပမယ့္ ေလးေယာက္ ထိသြားတယ္။ ဒဏ္ရာရတယ္။ အသက္ ၉၀ ဝန္းက်င္တစ္ေယာက္ရွိတယ္။ ဦးေမာင္စိုးဆိုတာေလ။ သူက နည္းနည္းဒဏ္ရာမ်ားတယ္။ က်န္တဲ့ သံုးေယာက္ကေတာ့ မစိုးရိမ္ရဘူး။ ၁၃ ႏွစ္အရြယ္တစ္ေယာက္ပါတယ္။ ကံျပင္က ႏွစ္ေယာက္ရယ္၊ ျပင္ဝန္က ႏွစ္ေယာက္ရယ္ေပါ့။ အရင္ရက္မွာ ထီးစြဲရြာက ထိသြားတဲ့တစ္ေယာက္လည္း စိုးရိမ္ရတယ္။ ကံျပင္ရြာက စစ္ ေရွာင္စခန္းမွာ ေနတာသူက” ဟု ေျပာသည္။

ေနဗီ (Navy) ဆိုသည္မွာ ေရတပ္ သေဘၤာမ်ားကို ဆိုလိုျခင္း ျဖစ္သည္။

ေအာက္တုိဘာလ ၆ ရက္ေန႔ (ယေန႔) မြန္းလႊဲပိုင္းအခ်ိန္ထိ ပစ္ခတ္သံမ်ား ဆက္တုိက္ၾကားေနရသည္ဟု အဆို ပါ ေဒသခံက ဆက္ေျပာသည္။

“ဒီေန႔ ေန႔လည္ တစ္နာရီဝန္းက်င္ေလာက္ကလည္း Navy ႏွစ္စီးက ပစ္ၿပီးဆင္းသြားၾကတယ္။ လက္နက္ႀကီး ေတြနဲ႔ ပစ္ေနတာ။ AA က ပစ္လားမပစ္လားေတာ့ မသိဘူး။ Navy ကေတာ့ ပစ္ၿပီးဆင္းသြားတာပဲ၊ ဒီေန႔ မနက္ဆို တပ္ Navy က ေတာ္ေတာ္ ျပင္းျပင္းထန္ထန္ပစ္တာ။ ၃ ရက္ေန႔ ညဘက္ေလာက္က ေလယာဥ္နဲ႔ လာပစ္တယ္။ ၅ ရက္ေန႔ ကလည္း တစ္ခါ လာပစ္တယ္ ေလယာဥ္နဲ႔ေလ။ ဘူးသီးေတာင္ဘက္ကေန ပစ္တာ လည္း ရွိတယ္။ ေနာက္ၿပီး ရေသ့ေတာင္က ၅၃၆၊ ၅၃၇၊ ၅၃၈ တပ္ရင္းေတြရွိတယ္။ အဲ့ကေနလည္း ပစ္တယ္ေပါ့။”

ရေသ့ေတာင္ၿမိဳ႕နယ္ ထီးစြဲေက်း႐ြာအနီး အခိုင္အမာေနရာ ယူထားသည့္ ULA/AA တပ္စခန္းတစ္ခုအား တပ္မ ေတာ္က ေအာက္တိုဘာလ ၄ ရက္ေန႔ က သိမ္းယူခဲ့ၿပီးေနာက္ ULA/AA ကလည္း ေအာက္တုိဘာလ ၅ ရက္ ေန႔ ည ၁၀ နာရီ ၁၅ မိနစ္တြင္ အဆိုပါ စခန္းအား AA က ျပန္လည္ သိမ္းယူခဲ့သည္။ ထုိ႔ေနာက္ တပ္မေတာ္၏ ထိုးစစ္ဆင္မႈမ်ား၊ ပစ္ခတ္မႈမ်ား ဆက္တုိက္ျပဳလုပ္ခဲ့ၿပီး ေဝဟင္ထုိးစစ္မ်ားပါရွိခဲ့သည္ဟု ထီးစြဲ ေက်းရြာသား တစ္ဦး က ေျပာသည္။

“ေအာင္သာစည္၊ ထီးစြဲ ေက်းရြာဘက္က AA ရဲ႕ တပ္စခန္းကုန္း ဒါကို တုိက္လိုက္ျပန္ဆုတ္လိုက္နဲ႔ တပ္က လုပ္ေနတာ သံုးလေက်ာ္ေလာက္ရွိပါၿပီ။ ၄ ရက္ေန႔မွာ တပ္က အဲ့ဒီေတာင္ကုန္းကို သိမ္းတယ္။ ၅ ရက္ေန႔ က် ေတာ့ AA က ျပန္တုိက္၊ တပ္က ေတာ္ေတာ္ေလး အထိနာသြားတယ္ေပါ့ ေဒသခံေတြ သိသေလာက္က။ ဆုိတဲ့ အခ်ိန္မွာ တပ္ Navy ေတြက အမ်ားႀကီးတက္လာတာေပါ့။ အရင္ကႏွစ္စီးပဲရွိတာ။ အခုက ေလးစီး၊ ငါးစီး ရွိေန တယ္။ ဇက္ေတြကေန Navy က ပစ္ေနတယ္ဆိုတာ ရြာသားေတြ အားလံုးသိေနၾကတာပဲ။”

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္ဒဏ္ရာ ရရွိခဲ့ရၿပီး၊ ရြာသား တစ္ေထာင္နီးပါးခန္႔လည္း စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးေနရသည္ဟု ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက အတည္ျပဳေျပာသည္။

ထို႔အျပင္ မင္းျပားၿမိဳ႕နယ္အတြင္းတြင္လည္း ေအာက္တိုဘာလ ၅ ရက္ေန႔ ညက တပ္မေတာ္၏ ပစ္ခတ္မႈ ေၾကာင့္ အမ်ိဳးသား ၃ ဦး ပြဲခ်င္းၿပီး ေသဆံုးသြားသည္ဟု မင္းျပားၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္ က ေျပာသည္။

“ဟုတ္ပါတယ္။ ပြဲခ်င္းၿပီးေသသြားတယ္ဆိုတာ။ က်ေနာ္သိတာေတာ့ မူဆလင္ သံုးေယာက္ေပါ့ တပ္မေတာ္က ေသနတ္ပစ္လို႔ ေသသြားတာပါ။ သူတို႔က ညအခ်ိန္ႀကီး စက္ေလွနဲ႔ ဝင္လာတာလို႔ ေျပာတယ္။ တပ္က ေသ နတ္နဲ႔ လွမ္းၿပီးပစ္တာ။ ဘယ္ကလည္းဆိုတာေတာ့ မသိဘူး။ ေဆးရံုကို ပို႔ထားတယ္ေတာ့ ေျပာတယ္။”

အဆုိပါ အေျခအေနမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က “တားျမစ္မိန႔္ထုတ္ျပန္ ထားသည့္ နယ္ေျမ အတြင္းဝင္ေရာက္လာသည့္ စက္ေလွ ၂ စီးအားရပ္တန႔္ခိုင္းစဥ္ ရပ္တန႔္မႈမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသျဖင့္ ေျခာက္လွန႔္ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း၊ အဆိုပါစက္ေလွ ၂ စီးအားစစ္ေဆးရာ အေရွ႕မွေမာင္းႏွင္လာေသာ စက္ ေလွေပၚမွ အ႐ိုးအသြား ၃ ေပခန႔္ရွိ ဓါးရွည္ ၂ ေခ်ာင္း၊ ႀကိဳးဆြဲစက္ေလွအင္ဂ်င္ ၂ လုံး၊ ဖုန္း ၃ လုံးႏွင့္အတူ လက္နက္ငယ္ဒဏ္ရာျဖင့္ ေသဆုံးလ်က္ရွိသည့္ (ေနရပ္စိစစ္ဆဲ) ဘဂၤါလီအ မ်ိဳးသား အေလာင္း ၃ ေလာင္းအား သိမ္းဆည္းရမိခဲ့သည္” ဟု ေအာက္တိုဘာလ ၆ ရက္ေန႔ က ထုတ္ျပန္ထားသည္။

ရခိုင္ျပည္နယ္အတြင္း အရပ္သားမ်ားအေပၚ ျပစ္မႈက်ဴးလြန္သူမ်ားအား ဥပေဒအရ ထိေရာက္စြာ အေရးယူေပး ရန္ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ သက္ဆုိင္ရာ အာ ဏာပိုင္မ်ားတို႔အား ရခိုင္အမ်ိဳးသားပါတီ(ANP) ႏွင့္ ေဒသအတြင္းက အရပ္ဘက္ အဖြဲ႕အစည္းမ်ား က အႀကိမ္ ႀကိမ္ ေတာင္းဆိုေနၾကေသာ္လည္း တစ္စံုတစ္ရာအေရးယူေပးျခင္း မရွိသည့္အေပၚလည္း ေမးခြန္းထုတ္ေနၾကသည္။