ရှမ်းမြောက် တိုက်ပွဲများကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ တစ် ထောင်ကျော်သည် နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်ဟု အကူအညီ ပေးနေသူများနှင့် ကျောက်မဲဒေသခံများ က ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ပုံဝိုး၊ ဟဲကွီး၊ ခန့်ခဲ စသည့် ကျေးရွာအုပ်စုများတွင် တပ်မတော်နှင့် ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာသည့်အတွက် အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် နမ့်ခုံပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက “ပုံဝိုးမှာ အယောက် ၄၀၀ ကျော်တော့မယ်။ နာစောင်းမှာ အခုက နားစောင်းရွာမှာ အယောက် ၁၀၀ ကျော်မယ်။ တောင်ထိပ်နဲ့ နမ့်ဟင် အယောက် ၆၀၀ လောက်ရှိမယ်။ အားလုံးပေါင်း ၁၀၀၀ ကျော်သွားမယ်” ဟု ပြော သည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ အခက်အခဲအမျိုးမျိုးနှင့် ကြုံနေရသည်ဟု အဆိုပါ နမ့်ခုံပရဟိတ အသင်း တာဝန်ရှိသူ က ဆက်ပြောသည်။

“ပုံဝိုးအုပ်စု ပုံဝိုးဂွင်ပေါ့ အဲဒီမှာတော့ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ ခန့်ခဲ နမ့်ဟင်ရွာပေါ့ ပြီး တော့ တောင်ထိပ် ခန့်ခဲအုပ်စု ခန့်ခဲရွာ တောင်ထိပ်အုပ်စု တောင်ထိပ်ရွာ အဲဒီအုပ်စုတွေ တော်တော်လေး ခက်ခဲနေတာပေါ့နော လာတဲ့အခါလည်း ပစ္စည်းဘာမှ မရခဲ့ဘူး။သေနတ်သံတွေကလည်း ဘယ်ကနေ ထွက်လို့ ထွက်မှန်းမသိဘူး။ လက်နက်ကြီးသံတွေကလည်း ပစ်ချင်တဲ့ နေရာကပဲ လျှောက်ပစ်နေတာ ပေါ့နော။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုတွေက အိမ်မှာ မနေရဲဘူး။ ဘုန်းကြီးကျောင်းမှာ အကုန်လုံးလာ နေတယ်။ တစ်ရွာလုံးနီးပါးပေါ့နော။ အသက်ကြီးတဲ့သူကလွဲလို့။”

ပုံဝိုးကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် လိုအပ်နေသည်များကို သွားရောက်ကူညီ ပေးနိုင်သော်လည်း တောင်ထိပ်ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား သွားရောက်ကူညီ နိုင်ရန် ခက်ခဲနေသည့်အတွက် တောင်ထိပ်ကျေးရွာရှိ စစ်ဘေးရှောင် များမှာ အကူအညီ ပိုမိုလိုအပ် နေ သည် ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် ကွန်ရက် TYN က နန်းပန်းအိဖြူက “အဓိကကတော့ အစားအစာ ရယ်။ နောက်ကျလို့ရှိရင် နေရာထိုင်ခင်း နည်းနည်းလိုတာပေါ့။ ချက်ချင်းကြီး အဲလိုမျိုး ချက်ချင်းလက်ငင်း ကြီး ဖြစ်သွားတဲ့အခါကျတော့လေ အစားအစားတို့ နေရာထိုင်ခင်း အခုဆိုရင် မိုးရာသီဆိုတော့ စောင်တွေ ဘာ တွေပေါ့ ပြီးကျလို့ရှိရင်က အခု ကိုဗစ်ကာလအတွင်းဆိုတော့ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ထား တဲ့အ တိုင်း လိုက်လျောညီထွေစွာ သူတို့ နေလို့မရဘူးလေ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေက အရမ်းကို ခက်ခဲနေတော့လေ” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြရပြီး ၎င်းတို့၏ စားရေး သောက်ရေးအတွက် လူမှုအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ NGO များက ကူညီထောက်ပံ့ ပေး ထားသည်ဟု ဆိုသည်။

သို့သော် တိုက်ပွဲများ ရေရှည် ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်များမှာ ခက်ခဲမှုနှင့် ပိုမိုရင် ဆိုင်လာရနိုင်သည်ဟု နမ့်ခုံပရဟိတအသင်းက တာဝန်ရှိသူ က ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် တပ်မတော်နှင့် RCSS/SSA တို့ ပုံဝိုး၊ ဟဲကွီး၊ ခန့်ခဲ ကျေးရွာအုပ်စုများ အ တွင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများဖြစ်ပြီး ထိုကျေး ရွာအုပ်စုများအတွင်းတွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ဒေသခံများ စီးပွားရေး ထိခိုက်နေသည့် အခြားတစ်ဖက်တွင် ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ အဖက်ဖက်မှ ခက်ခဲမှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု အမည်မဖော်လို သူ ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

“စိုးရိမ်ပူပန်မှုကတော့ အများကြီးရှိတာပေါ့။ ဒီနှစ်အစကတည်းက COVID- 19 ကြောင့်ဆိုရင် စီးပွားရေး အခြေအနေက တစ်အားကြီး အလုပ်မဖြစ်ဘူးပေါ့နော်။ နောက်ပြီးတော့ ကျေးရွာတွေက အများအားဖြင့် ကောက်ပဲသီးနှံတွေ စိုက်ထားကြတယ်။ ဒီအချိန်က မြေပဲတို့ ဒီပြောင်းတို့ ယူရမယ့်အချိန် အဲဒါကြောင့် စစ်ဖြစ်တော့ သူတို့ကလည်း ကိုယ့်ရွာမှာ မနေရတော့ အလုပ်တွေ မလုပ်ရဘူးဆိုတော့ စီးပွားရေး တအား ထိခိုက်တာပေါ့။”

ယခုကဲ့သို့ စစ်ရေးတင်းမာမှုများ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် ပြောင်းချိုး၊ စပါးစိုက် တောင်ယာခုတ် စသည့်တို့ကို သွားလာလုပ်ကိုင်ရာတွင် အခက်အခဲဖြစ်လာခြင်း၊ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကြောင့် ကြောက် လန့်နေရသည့်အတွက် လုပ်ကိုင်စားသောက်ရာတွင် ကျီးလန့်စာ စားနေရသည့် ဘဝများဖြင့် နေနေရ သည်ဟု ဆိုသည်။

ထိုအခြေအနေများအောက်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူများကို စာနာငှဲ့ညာသောအားဖြင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ပေးရန် အကူအညီပေးသူများနှင့် ဒေသခံများက တောင်းဆိုထားသည်။

*** ZAWGYI ***

ရွမ္းေျမာက္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ တစ္ေထာင္ေက်ာ္ စစ္ေရွာင္ေနရ၊ အကူအညီမ်ား လိုအပ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ တစ္ ေထာင္ေက်ာ္သည္ နီးစပ္ရာ ေက်းရြာမ်ားသို႔ စစ္ေဘးေရွာင္ေနရၿပီး အကူအညီမ်ား လိုအပ္ေနသည္ဟု အကူအညီ ေပးေနသူမ်ားႏွင့္ ေက်ာက္မဲေဒသခံမ်ား က ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ပံုဝိုး၊ ဟဲကြီး၊ ခန္႔ခဲ စသည့္ ေက်းရြာအုပ္စုမ်ားတြင္ တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္ လည္ ထူေထာင္ေရးေကာင္စီ RCSS/SSA တို႔ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားလာသည့္အတြက္ အဆိုပါ ေက်းရြာအုပ္စုအတြင္းရွိ ေက်းရြာမ်ားမွ ေဒသခံမ်ားမွာ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး အကူအညီမ်ား လိုအပ္ေနသည္ဟု ဆိုသည္။

စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသည့္ နမ့္ခံုပရဟိတအသင္းမွ တာ၀န္ရွိသူ တစ္ဦးက “ပံုဝိုးမွာ အေယာက္ ၄၀၀ ေက်ာ္ေတာ့မယ္။ နာေစာင္းမွာ အခုက နားေစာင္းရြာမွာ အေယာက္ ၁၀၀ ေက်ာ္မယ္။ ေတာင္ထိပ္နဲ႔ နမ့္ဟင္ အေယာက္ ၆၀၀ ေလာက္ရွိမယ္။ အားလံုးေပါင္း ၁၀၀၀ ေက်ာ္သြားမယ္” ဟု ေျပာ သည္။

လက္ရွိတြင္ စစ္ေဘးေရွာင္မ်ားမွာ အခက္အခဲအမ်ိဳးမ်ိဳးႏွင့္ ႀကံဳေနရသည္ဟု အဆိုပါ နမ့္ခံုပရဟိတ အသင္း တာ၀န္ရွိသူ က ဆက္ေျပာသည္။

“ပံုဝိုးအုပ္စု ပံုဝိုးဂြင္ေပါ့ အဲဒီမွာေတာ့ ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္ေနတယ္။ ခန္႔ခဲ နမ့္ဟင္ရြာေပါ့ ၿပီး ေတာ့ ေတာင္ထိပ္ ခန္႔ခဲအုပ္စု ခန္႔ခဲရြာ ေတာင္ထိပ္အုပ္စု ေတာင္ထိပ္ရြာ အဲဒီအုပ္စုေတြ ေတာ္ေတာ္ေလး ခက္ခဲေနတာေပါ့ေနာ လာတဲ့အခါလည္း ပစၥည္းဘာမွ မရခဲ့ဘူး။ေသနတ္သံေတြကလည္း ဘယ္ကေန ထြက္လို႔ ထြက္မွန္းမသိဘူး။ လက္နက္ႀကီးသံေတြကလည္း ပစ္ခ်င္တဲ့ ေနရာကပဲ ေလွ်ာက္ပစ္ေနတာ ေပါ့ေနာ။ အဲဒါေၾကာင့္မို႔လို႔ ျပည္သူလူထုေတြက အိမ္မွာ မေနရဲဘူး။ ဘုန္းႀကီးေက်ာင္းမွာ အကုန္လံုးလာ ေနတယ္။ တစ္ရြာလံုးနီးပါးေပါ့ေနာ။ အသက္ႀကီးတဲ့သူကလြဲလို႔။”

ပံုဝိုးေက်းရြာတြင္ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအတြက္ လိုအပ္ေနသည္မ်ားကို သြားေရာက္ကူညီ ေပးႏိုင္ေသာ္လည္း ေတာင္ထိပ္ေက်းရြာတြင္ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအား သြားေရာက္ကူညီ ႏိုင္ရန္ ခက္ခဲေနသည့္အတြက္ ေတာင္ထိပ္ေက်းရြာရွိ စစ္ေဘးေရွာင္ မ်ားမွာ အကူအညီ ပိုမိုလိုအပ္ ေန သည္ ဟု ဆိုသည္။

ျမန္မာႏိုင္ငံလံုးဆိုင္ရာ ရွမ္းလူငယ္မ်ားကြန္ရက္ TYN က နန္းပန္းအိျဖဴက “အဓိကကေတာ့ အစားအစာ ရယ္။ ေနာက္က်လို႔ရွိရင္ ေနရာထိုင္ခင္း နည္းနည္းလိုတာေပါ့။ ခ်က္ခ်င္းႀကီး အဲလိုမ်ိဳး ခ်က္ခ်င္းလက္ငင္း ႀကီး ျဖစ္သြားတဲ့အခါက်ေတာ့ေလ အစားအစားတို႔ ေနရာထိုင္ခင္း အခုဆိုရင္ မိုးရာသီဆိုေတာ့ ေစာင္ေတြ ဘာ ေတြေပါ့ ၿပီးက်လို႔ရွိရင္က အခု ကိုဗစ္ကာလအတြင္းဆိုေတာ့ က်န္းမာေရး ၀န္ႀကီးဌာန ထုတ္ျပန္ထား တဲ့အ တိုင္း လိုက္ေလ်ာညီေထြစြာ သူတို႔ ေနလို႔မရဘူးေလ က်န္းမာေရး အေထာက္အကူျပဳ ပစၥည္းေတြက အရမ္းကို ခက္ခဲေနေတာ့ေလ” ဟု ေျပာသည္။

စစ္ေဘးေရွာင္မ်ားမွာ ေက်းရြာမ်ားရွိ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ေနထိုင္ေနၾကရၿပီး ၎တို႔၏ စားေရး ေသာက္ေရးအတြက္ လူမႈအသင္းအဖြဲ႔မ်ား၊ ပရဟိတအဖြဲ႔အစည္းမ်ား၊ NGO မ်ားက ကူညီေထာက္ပံ့ ေပး ထားသည္ဟု ဆိုသည္။

သို႔ေသာ္ တိုက္ပြဲမ်ား ေရရွည္ ဆက္လက္ျဖစ္ပြားေနမည္ဆိုပါက စစ္ေဘးေရွာင္မ်ားမွာ ခက္ခဲမႈႏွင့္ ပိုမိုရင္ ဆိုင္လာရႏိုင္သည္ဟု နမ့္ခံုပရဟိတအသင္းက တာ၀န္ရွိသူ က ေျပာသည္။

အဆိုပါစစ္ေဘးေရွာင္မ်ားသည္ တပ္မေတာ္ႏွင့္ RCSS/SSA တို႔ ပံုဝိုး၊ ဟဲကြီး၊ ခန္႔ခဲ ေက်းရြာအုပ္စုမ်ား အ တြင္းတြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသည့္ ေဒသခံမ်ားျဖစ္ၿပီး ထိုေက်း ရြာအုပ္စုမ်ားအတြင္းတြင္ လက္ရွိအခ်ိန္အထိ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္ဟု သိရသည္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဒသခံမ်ား စီးပြားေရး ထိခိုက္ေနသည့္ အျခားတစ္ဖက္တြင္ ယခုကဲ့သို႔ တိုက္ပြဲ ျဖစ္ပြားလာသည့္အတြက္ ေဒသခံမ်ားမွာ အဖက္ဖက္မွ ခက္ခဲမႈကို ပိုမိုျဖစ္ေပၚေစသည္ဟု အမည္မေဖာ္လို သူ ေက်ာက္မဲေဒသခံတစ္ဦးက ေျပာသည္။

“စိုးရိမ္ပူပန္မႈကေတာ့ အမ်ားႀကီးရွိတာေပါ့။ ဒီႏွစ္အစကတည္းက COVID- 19 ေၾကာင့္ဆိုရင္ စီးပြားေရး အေျခအေနက တစ္အားႀကီး အလုပ္မျဖစ္ဘူးေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေက်းရြာေတြက အမ်ားအားျဖင့္ ေကာက္ပဲသီးႏွံေတြ စိုက္ထားၾကတယ္။ ဒီအခ်ိန္က ေျမပဲတို႔ ဒီေျပာင္းတို႔ ယူရမယ့္အခ်ိန္ အဲဒါေၾကာင့္ စစ္ျဖစ္ေတာ့ သူတို႔ကလည္း ကိုယ့္ရြာမွာ မေနရေတာ့ အလုပ္ေတြ မလုပ္ရဘူးဆိုေတာ့ စီးပြားေရး တအား ထိခိုက္တာေပါ့။”

ယခုကဲ့သို႔ စစ္ေရးတင္းမာမႈမ်ား တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာသည့္အတြက္ ေဒသခံျပည္သူမ်ားမွာ စား၀တ္ေနေရးအတြက္ ေျပာင္းခ်ိဳး၊ စပါးစိုက္ ေတာင္ယာခုတ္ စသည့္တို႔ကို သြားလာလုပ္ကိုင္ရာတြင္ အခက္အခဲျဖစ္လာျခင္း၊ ေျမျမဳပ္မိုင္းႏွင့္ မေပါက္ကြဲေသးသည့္ လက္နက္ႀကီးက်ည္မ်ားေၾကာင့္ ေၾကာက္ လန္႔ေနရသည့္အတြက္ လုပ္ကိုင္စားေသာက္ရာတြင္ က်ီးလန္႔စာ စားေနရသည့္ ဘ၀မ်ားျဖင့္ ေနေနရ သည္ဟု ဆိုသည္။

ထိုအေျခအေနမ်ားေအာက္တြင္ ႀကံဳေတြ႕ေနရသည့္ အခက္အခဲမ်ားေၾကာင့္ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား အေနျဖင့္ ျပည္သူမ်ားကို စာနာငွဲ႔ညာေသာအားျဖင့္ လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားကို ရပ္တန္႔ေပးရန္ အကူအညီေပးသူမ်ားႏွင့္ ေဒသခံမ်ားက ေတာင္းဆိုထားသည္။