တိုက်ပွဲများ ရပ်တန့်ရန် အရပ်ဘက်အဖွဲ့များနှင့် ဒေသခံများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

ရွေးကောက်ပွဲကာလ နီးလာနေချိန် ရှမ်းမြောက်ဒေသတွင် ဆက်တိုက်ဖြစ်ပွားလာနေသည့် တိုက်ပွဲများ ရပ် တန့်ပေးရန် ဒေသခံများက တောင်းဆို လိုက်သည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲပေးခွင့် ဆုံးရှုံးမှု မရှိရလေအောင် အောက်တိုဘာလ ပထမအပတ်အတွင်းက စတင်ဖြစ်ပွား နေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့် ပေး ရန် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောက်မဲဒေသခံများက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က နန်းပန်းအိဖြူက “၂၀၁၅ ရွေးကောက်ပွဲ တုန်းကဆိုရင် ကျ နော်တို့ ကျေးသီးသည် လုံခြုံမှု မရှိသောကြောင့် စစ်ဖြစ်နေတဲ့ အခါကျတော့ ကျေးသီး၊ မိုင်းရှှုး၊ တန့် ယန်း တို့က ကျနော်တို့က ရွေးကောက်ပွဲ မကျင်းပခဲ့ရတာရှိတယ်။ ပြီးတော့မှ ကြားဖြတ်ရွေး ကောက်ပွဲကို ကျ နော်တို့ ပြန်ကျင်းပရတာ ရှိတယ်ပေါ့။ အဲလိုမျိုး အခြေအနေ ဒီလိုမျိုး အခြေအနေမှာ ဆိုလို့ရှိရင် ဒီရွေး ကောက်ပွဲက အဲမှာ မဲပုံးမရှိဘူးဆိုလို့ရှိရင် အဲဒီဒေသမှာ မဲထည့်ခွင့် မရှိဘူးလေ။ အဲဒါကြောင့်မို့လို့ အဲဒီ စစ်ပွဲ ကို အမြန်ဆုံးရပ်တန့်ပေးပါလို့ တောင်းဆိုချင်တာပါ” ဟု ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများဖက်မှ ၎င်းတို့ ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်များ ကို အဟန့် အတား တစ်စုံတစ်ရာမရှိပဲ ရွေးချယ်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုများလည်း ရှိနေသည့်အတွက် တိုက်ပွဲများ ကို အမြန်ဆုံး ရပ်တန့် ပေးရန် နမ့်ခုံပ ရဟိတအ သင်း တာဝန်ရှိသူတစ်ဦးကလည်း တောင်းဆိုသည်။

နမ့်ခုံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက “အခုအချိန်မှာတော့ ၅ နှစ်တစ်ကြိမ် ကျင်းပရတဲ့ ပြည်သူလူ ထုရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေပေါ့နော်။ လမ်းပန်းဆက်သွယ်မှု အနေအထားအရလည်း ခက်ခဲ တယ်။ နောက်ပြီးတော့ ပြည်သူလူထုတွေရဲ့ စားဝတ် နေရေးပေါ့ အခုအချိန်ရောက်ပြီ သူတို့ရဲ့ စီးပွားရေး တော့ အများကြီး ထိခိုက်နစ်နာမှုရှိတယ်။ ဒါကြောင့်မို့လို့ စစ်ပွဲ အမြန်ဆုံးရပ်ရင်တော့ ကျနော်ကတော့ အဲဒါ လေးတော့ နည်းနည်းလေးတောင်းဆို ချင်ပါတယ်ဗျာ” ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်အတွင်းတွင် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ တပ်မ တော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ် ပွားလာသည့်အတွက် ဒေသခံများပြည်သူများမှာ သွားလာလုပ်ကိုင် စားသောက်ရန် ခက်ခဲလာမည်ကို စိုးရိမ်သည်မက မဲပေးခွင့်ဆုံးရှုံးမည်ကိုလည်း စိုးရိမ်နေကြဟုသည် ဆိုသည်။

အမည်မဖော်လိုသူ ကျောက်မဲဒေသခံတစ်ဦးက “ရွေးကောက်ပွဲလည်း နီးတယ်ဆိုတော့ အချိန်က တစ်လပဲ ကျန်တော့တာလေ အဲဒါဆိုရင်တော့ တအားကြီး စိုးရိမ်မှုတအားရှိမှာပေါ့။ ဘယ်လိုပြောရမလဲ ရွေးကောက် ပွဲ ကျောက်မဲအနေအထားအရ အများကြီးစိုး ရိမ်ရတယ်။ ဒေသခံတွေက မဲပေးဖို့ အနေအထား တော်တော် မလွယ်ဘူး ဖြစ်နေမှာ ဒီအချိန်တော့ တစ်ချို့ နေရာဆိုတော့ သူများသင်တန်းပေးရတယ် ထင်တယ်။ အဲဒီဖက်ပိုင်းက အုပ်စုတွေများတယ်လေ။ အဲဖက်က အုပ်စုတွေများတော့ သူတို့အတွက်တော့ တော်တော် အခက်အခဲတော့ ဖြစ်မှာ။ ဆက်ဖြစ်နေရင်ပေါ့နော ဆက်ဖြစ်နေရင် အချိန်က တစ်လပဲ ကျန်တော့တာလေ အကယ်၍များဆက်ဖြစ်ရင်တော့ မဲရုံထောင်ဖို့တော့ မလွယ်ဘူးလို့တော့ ကျနော်ထင်တာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုက်ပွဲများနှင့် နယ်မြမတည်မငြိမ်မှုများကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့အတွင်းရှိ မြို့နယ် ၇ မြို့နယ်စီနှင့် ကျေးရွာအုပ်စုပေါင်း ၆၀၀ ခန့်တွင် ရွေးကောက်ပွဲ ဖျက်သိမ်း ခဲ့သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ရှမ်းပြည်နယ်ရှိ မိုင်းလား၊ မိုင်းရှူး၊ ကျေးသီး၊ ပန်ဝိုင်း၊ မိုင်းမော၊ နားဖန်း၊ ပန်ဆန်း စသည့် မြို့နယ် ၇ ခုလုံး တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်အပြင် မူဆယ်၊ မန်တုံ၊ ကုန်ကြမ်း၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ တန့်ယန်း၊ မက်မန်း မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင်လည်း မဲဆန္ဒခံယူခြင်း မပြုလုပ်နိုင် ခဲ့ပေ။ အဆိုပါ မြို့နယ်များထဲမှ မိုင်းမော၊ နားပန်း၊ မက်မန်း၊ ပန်ဝိုင်း၊ ပန်ဆန်း၊ စသည့် မြို့နယ် ၅ ခုမှာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်ဟု သိရသည်။

ထို့အပြင် ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်း ယန်၊ မံစီ၊ တနိုင်း၊ ရွှေကူ စသည့်မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင် မဲဆန္ဒခံယူပွဲများ မပြုလုပ်နိုင်ခဲ့ သည်သာမက ရွေးကောက်ပွဲ မပြုနိုင်သည့် ကျေးရွာ အုပ်စု စုစုပေါင်း ၂၂၁ ရွာခန့်ရှိခဲ့သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့များ၏ မှတ်တမ်းများထဲတွင် တွေ့ရသည်။

ထို့နည်းအတူ ကရင်ပြည်နယ်ရှိ မြဝတီ၊ သံတောင်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များ အတွင်းရှိ ကျေးရွာအုပ်စု အချို့တွင် မဲဆန္ဒခံယူပွဲများကို ရုတ်သိမ်းခဲ့ သည့်အပြင် မွန်ပြည်နယ် ဘီလင်းမြို့နယ်ရှိ ဘော်နော်ကြီး ကျေးရွာအုပ်စုတွင်လည်း မဲဆန္ဒခံယူနိုင်ခြင်း မရှိဟု သိရသည်။

ထို့အပြင် ပဲခူးတိုင်းတွင်လည်း ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၉ စုနှင့် ကျောက်ကြီးမြို့ နယ် အ တွင်း ကျေးရွာအုပ်စု ၁၂ စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သည့်အဖွဲ့များ၏ မှတ်တမ်းများက ဆိုသည်။

*** ZAWGYI ***
တိုက္ပြဲမ်ား ရပ္တန္႔ရန္ အရပ္ဘက္အဖြဲ႔မ်ားႏွင့္ ေဒသခံမ်ား ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၈ ရက္။

ေရြးေကာက္ပြဲကာလ နီးလာေနခ်ိန္ ရွမ္းေျမာက္ေဒသတြင္ ဆက္တုိက္ျဖစ္ပြားလာေနသည့္ တုိက္ပြဲမ်ား ရပ္ တန္႔ေပးရန္ ေဒသခံမ်ားက ေတာင္းဆို လိုက္သည္။

ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ မဲဆႏၵရွင္ျပည္သူမ်ား အေနျဖင့္ မဲေပးခြင့္ ဆံုးရႈံးမႈ မရွိရေလေအာင္ ေအာက္တိုဘာလ ပထမအပတ္အတြင္းက စတင္ျဖစ္ပြား ေနသည့္ တိုက္ပြဲမ်ားကို အျမန္ဆံုးရပ္တန္႔ ေပး ရန္ အရပ္ဖက္အဖြဲ႔အစည္းမ်ားႏွင့္ ေက်ာက္မဲေဒသခံမ်ားက ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံလံုးဆိုင္ရာ ရွမ္းလူငယ္ကြန္ရက္က နန္းပန္းအိျဖဴက “၂၀၁၅ ေရြးေကာက္ပြဲ တုန္းကဆိုရင္ က် ေနာ္တို႔ ေက်းသီးသည္ လံုျခံဳမႈ မရွိေသာေၾကာင့္ စစ္ျဖစ္ေနတဲ့ အခါက်ေတာ့ ေက်းသီး၊ မိုင္းရွႈး၊ တန္႔ ယန္း တို႔က က်ေနာ္တို႔က ေရြးေကာက္ပြဲ မက်င္းပခဲ့ရတာရွိတယ္။ ၿပီးေတာ့မွ ၾကားျဖတ္ေရြး ေကာက္ပြဲကို က် ေနာ္တို႔ ျပန္က်င္းပရတာ ရွိတယ္ေပါ့။ အဲလိုမ်ိဳး အေျခအေန ဒီလိုမ်ိဳး အေျခအေနမွာ ဆိုလို႔ရွိရင္ ဒီေရြး ေကာက္ပြဲက အဲမွာ မဲပုံးမရွိဘူးဆိုလို႔ရွိရင္ အဲဒီေဒသမွာ မဲထည့္ခြင့္ မရွိဘူးေလ။ အဲဒါေၾကာင့္မို႔လို႔ အဲဒီ စစ္ပြဲ ကို အျမန္ဆံုးရပ္တန္႔ေပးပါလို႔ ေတာင္းဆိုခ်င္တာပါ” ဟု ေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ မဲဆႏၵရွင္ျပည္သူမ်ားဖက္မွ ၎တို႔ ေရြးခ်ယ္မည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ကို အဟန္႔ အတား တစ္စံုတစ္ရာမရွိပဲ ေရြးခ်ယ္ႏိုင္ရန္ႏွင့္ လက္ရွိျဖစ္ပြားလ်က္ရွိသည့္ ကပ္ေရာဂါေၾကာင့္ စီးပြားေရး ထိခိုက္နစ္နာမႈမ်ားလည္း ရွိေနသည့္အတြက္ တိုက္ပြဲမ်ား ကို အျမန္ဆံုး ရပ္တန္႔ ေပးရန္ နမ့္ခံုပ ရဟိတအ သင္း တာ၀န္ရွိသူတစ္ဦးကလည္း ေတာင္းဆိုသည္။

နမ့္ခံုပရဟိတအသင္း တာ၀န္ရွိသူတစ္ဦးက “အခုအခ်ိန္မွာေတာ့ ၅ ႏွစ္တစ္ႀကိမ္ က်င္းပရတဲ့ ျပည္သူလူ ထုရဲ႕ ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြေပါ့ေနာ္။ လမ္းပန္းဆက္သြယ္မႈ အေနအထားအရလည္း ခက္ခဲ တယ္။ ေနာက္ၿပီးေတာ့ ျပည္သူလူထုေတြရဲ႕ စား၀တ္ ေနေရးေပါ့ အခုအခ်ိန္ေရာက္ၿပီ သူတို႔ရဲ႕ စီးပြားေရး ေတာ့ အမ်ားႀကီး ထိခိုက္နစ္နာမႈရွိတယ္။ ဒါေၾကာင့္မို႔လို႔ စစ္ပြဲ အျမန္ဆံုးရပ္ရင္ေတာ့ က်ေနာ္ကေတာ့ အဲဒါ ေလးေတာ့ နည္းနည္းေလးေတာင္းဆို ခ်င္ပါတယ္ဗ်ာ” ဟု ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ ေအာက္တိုဘာလ ၂ ရက္ေန႔မွ စတင္ကာ တပ္မ ေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA တို႔အၾကား တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ ပြားလာသည့္အတြက္ ေဒသခံမ်ားျပည္သူမ်ားမွာ သြားလာလုပ္ကိုင္ စားေသာက္ရန္ ခက္ခဲလာမည္ကို စိုးရိမ္သည္မက မဲေပးခြင့္ဆံုးရႈံးမည္ကိုလည္း စိုးရိမ္ေနၾကဟုသည္ ဆိုသည္။

အမည္မေဖာ္လိုသူ ေက်ာက္မဲေဒသခံတစ္ဦးက “ေရြးေကာက္ပြဲလည္း နီးတယ္ဆိုေတာ့ အခ်ိန္က တစ္လပဲ က်န္ေတာ့တာေလ အဲဒါဆိုရင္ေတာ့ တအားႀကီး စိုးရိမ္မႈတအားရွိမွာေပါ့။ ဘယ္လိုေျပာရမလဲ ေရြးေကာက္ ပြဲ ေက်ာက္မဲအေနအထားအရ အမ်ားႀကီးစိုး ရိမ္ရတယ္။ ေဒသခံေတြက မဲေပးဖို႔ အေနအထား ေတာ္ေတာ္ မလြယ္ဘူး ျဖစ္ေနမွာ ဒီအခ်ိန္ေတာ့ တစ္ခ်ိဳ႕ ေနရာဆိုေတာ့ သူမ်ားသင္တန္းေပးရတယ္ ထင္တယ္။ အဲဒီဖက္ပိုင္းက အုပ္စုေတြမ်ားတယ္ေလ။ အဲဖက္က အုပ္စုေတြမ်ားေတာ့ သူတို႔အတြက္ေတာ့ ေတာ္ေတာ္ အခက္အခဲေတာ့ ျဖစ္မွာ။ ဆက္ျဖစ္ေနရင္ေပါ့ေနာ ဆက္ျဖစ္ေနရင္ အခ်ိန္က တစ္လပဲ က်န္ေတာ့တာေလ အကယ္၍မ်ားဆက္ျဖစ္ရင္ေတာ့ မဲရံုေထာင္ဖို႔ေတာ့ မလြယ္ဘူးလို႔ေတာ့ က်ေနာ္ထင္တာပဲ” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ တိုက္ပြဲမ်ားႏွင့္ နယ္ျမမတည္မၿငိမ္မႈမ်ားေၾကာင့္ လြတ္လပ္၍ တရားမွ်တသည့္ ေရြးေကာက္ပြဲက်င္းပရန္ အေျခအေနမရွိသည့္အတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္မွ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ပဲခူးတိုင္းတို႔အတြင္းရွိ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္စီႏွင့္ ေက်းရြာအုပ္စုေပါင္း ၆၀၀ ခန္႔တြင္ ေရြးေကာက္ပြဲ ဖ်က္သိမ္း ခဲ့သည္ဟု ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသည့္ အဖြဲ႔မ်ား၏ မွတ္တမ္းမ်ားအရ သိရသည္။

ရွမ္းျပည္နယ္ရွိ မိုင္းလား၊ မိုင္းရွဴး၊ ေက်းသီး၊ ပန္ဝိုင္း၊ မိုင္းေမာ၊ နားဖန္း၊ ပန္ဆန္း စသည့္ ၿမိဳ႕နယ္ ၇ ခုလံုး တြင္ ေရြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့သည့္အျပင္ မူဆယ္၊ မန္တံု၊ ကုန္ၾကမ္း၊ မိုင္းယန္း၊ မိုင္းခတ္၊ မိုင္းေယာင္း၊ မိုင္းတံု၊ တန္႔ယန္း၊ မက္မန္း ၿမိဳ႕နယ္မ်ားရွိ အခ်ိဳ႕ေက်းရြာအုပ္စုမ်ားတြင္လည္း မဲဆႏၵခံယူျခင္း မျပဳလုပ္ႏိုင္ ခဲ့ေပ။ အဆိုပါ ၿမိဳ႕နယ္မ်ားထဲမွ မိုင္းေမာ၊ နားပန္း၊ မက္မန္း၊ ပန္ဝိုင္း၊ ပန္ဆန္း၊ စသည့္ ၿမိဳ႕နယ္ ၅ ခုမွာ “၀” ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္းတြင္ ပါ၀င္သည္ဟု သိရသည္။

ထို႔အျပင္ ကခ်င္ျပည္နယ္ရွိ ဆြမ္ပရာဘြမ္၊ ဝိုင္းေမာ္၊ ေခါင္လန္ဖူး၊ မခ်မ္းေဘာ၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ အင္ဂ်န္း ယန္၊ မံစီ၊ တႏိုင္း၊ ေရႊကူ စသည့္ၿမိဳ႕နယ္မ်ားရွိ အခ်ိဳ႕ေက်းရြာအုပ္စုမ်ားတြင္ မဲဆႏၵခံယူပြဲမ်ား မျပဳလုပ္ႏိုင္ခဲ့ သည္သာမက ေရြးေကာက္ပြဲ မျပဳႏိုင္သည့္ ေက်းရြာ အုပ္စု စုစုေပါင္း ၂၂၁ ရြာခန္႔ရွိခဲ့သည္ဟု ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသည့္အဖြဲ႔မ်ား၏ မွတ္တမ္းမ်ားထဲတြင္ ေတြ႕ရသည္။

ထို႔နည္းအတူ ကရင္ျပည္နယ္ရွိ ျမ၀တီ၊ သံေတာင္ႀကီး၊ ဘားအံ၊ လႈိင္းဘြဲ႔၊ ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္မ်ား အတြင္းရွိ ေက်းရြာအုပ္စု အခ်ိဳ႕တြင္ မဲဆႏၵခံယူပြဲမ်ားကို ႐ုတ္သိမ္းခဲ့ သည့္အျပင္ မြန္ျပည္နယ္ ဘီလင္းၿမိဳ႕နယ္ရွိ ေဘာ္ေနာ္ႀကီး ေက်းရြာအုပ္စုတြင္လည္း မဲဆႏၵခံယူႏိုင္ျခင္း မရွိဟု သိရသည္။

ထို႔အျပင္ ပဲခူးတိုင္းတြင္လည္း ေရႊက်င္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စု ၂၉ စုႏွင့္ ေက်ာက္ႀကီးၿမိဳ႕ နယ္ အ တြင္း ေက်းရြာအုပ္စု ၁၂ စုမွာ ေရြးေကာက္ပြဲ က်င္းပႏိုင္ျခင္း မရွိဟု ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာ သည့္အဖြဲ႔မ်ား၏ မွတ္တမ္းမ်ားက ဆိုသည္။