ကျောက်မဲတွင် ၇ ရက်မြောက် တိုက်ပွဲများ ဆက်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ RCSS/SSA တို့ကြား ၇ ရက်ဆက်တိုက် စုစုပေါင်း အကြိမ်ရေ ၂၀ ကျော် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ်အတွင်းတွင် တပ်မတော်နှင့် RCSS/SSA တို့ အကြား တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားလာခဲ့ရာမှ ရပ်တန့်သွားခြင်းမရှိပဲ ပြင်းထန်စွာ ဆက်လက်ဖြစ် ပွားနေသည်မှာ အောက်တိုဘာလ ၈ ရက်နေ့ ယနေ့အထိပင်ဖြစ်သည်ဟု RCSS/SSA ကပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ RCSS/ SSA ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး အုပ်ခေးက “ဒီနေ့လည်း ပြင်းထန်နေတာပဲနော်။ ဒီနေ့က လွိုင်ပန်ကျန်အုပ်စုတို့ ပူးခါးကျေး ရွာအုပ်စုတို့ သုံးလေး နေရာ လောက်ဖြစ်တယ်နော။ ဒါပေမယ့် မနေ့ကလို လေယာဉ်ပျံတော့ မပါဘူးလေနော်။ တိုက်ပွဲ က ကြိုကြားကြိုကြားနဲ့ တိုက်ပွဲနည်းနည်းနဲ့ ကြီးတာနဲ့ဒီ လဆန်း ပိုင်း တစ်ပတ်အတွင်းကိုတော့ တိုက်ပွဲ ပေါင်း ၂၀ ကျော်ပြီထင်တယ်။ ခန့်မှန်းပေါ့လေ” ဟု ပြောသည်။

စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် နမ့်ခုံးပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကလည်း အောက်တိုဘာလ ၈ ရက်နေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ ပုံဝိုးမှာက တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ အခုလာတဲ့ အချိန် နားစောင်းမှာဖြစ်တယ်။ အခုလောလော ဆယ်တော့ ၂ နေရာပေါ့ မနက်တုန်းက နမ့်မော်ဖီလူးမှာ တစ်ခါဖြစ်တယ်။ ဒီနေ့ကတော့ ၃ ခါပေ့ါနော ၃ ခါ သေနတ်သံကြားတယ်ပေါ့။ ဒါပေမယ့် ရွာသားတွေ အမြင်ပြောတာကတော့ တစ်ဖက်သတ်ပစ်တာ များတာ ပေါ့နော။ကျန်တဲ့ တစ်ဖက်ကတော့ သိပ်ပစ်တာ မတွေ့ရဘူးပေါ့။ မကြားရဘူးပေါ့။ တစ်ချက် နှစ်ချက် အဲ လောက်ပဲကြားရတယ်တဲ့။”

လက်ရှိတွင် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းသို့ တပ်အင်အား ထပ်မံဖြည့်တင်း နေသည့် အ တွက် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အနေအထားကို တွေ့နေရသည်ဟု အဆိုပါ နမ့်ခုံးပရဟိတ အသင်း တာဝန်ရှိသူက ဆက်ပြောသည်။

“စစ်ကြောင်းကတော့ တောက်လျှောက်ထိုးတက်နေတယ်။ ထိုးတက်နေတော့ စစ်ပွဲက ကျနော်ထင်တယ် မငြိမ်းနိုင်လောက်သေးဘူး။ အခုထိ ကျနော်တို့ ဒီလမ်းတစ် လျှောက်မှာ စစ်သားတွေက တောက်လျှောက် တွေ့နေရတယ်။ အကုန်လုံး လမ်းကြောင်းတွေ ထိုးတက် နေကြတယ်။ စစ်ရေးတကယ်တင်းမာတဲ့ အချိန်မှာ ပေါက်ကွဲရင်တော့ တော်တော်လေးတော့ ပြည်သူတွေ ဒုက္ခတွေ တော်တော်ရောက်မယ်လို့ ကျနော်မြင် တယ်။”

တပ်မတော်၏ တပ်အင်အား ထပ်မံဖြည့်တင်းသည့် အခြေအနေနှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီး အုပ်ခေးက “စစ်ရေး ဆက်လက်တင်းမာနေဆဲပဲ တပ်မတော်ဖက်က လည်း အဖက်ဖက်ကနေပြီးတော့ စစ်ကူတွေ ထပ် ပို့နေတယ်နော်။ ကျောက်မဲဖက်ဂွင်ကို ထပ်ပို့နေတယ်။ သီပေါဖက်က ဆင်းလာတာရော လားရှိုးကနေ ဆင်း သွားတာရော အောက်ဖက်ကဆင်းလာတာရော မူဆယ်ဖက်က ဆင်းလာတာရော ကွတ်ခိုင်ဖက်က ဆင်း လာတာရော သတင်းကြားသိရတယ်နော်” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တပ်မတော်နှင့် RCSS/SSA တို့အကြား ကျောက်မဲမြို့နယ်အတွင်းတွင် စစ်ရေးတင်းမာနေသည့် ကျေးရွာ အုပ်စု ၁၀ စု ခန့်ရှိနေပြီး အဆိုပါကျေးရွာအုပ်စုများမှာ ပန်ကျန်၊ နောင်စင်၊ နောင်မိုး၊ ဟဲကွီ၊ နမ့်ခေါ်၊ ပြောင်ခေါင်း၊ ခန့်ခဲ၊ ကောင်းဟူး၊ လွယ်စောင်၊ ပူးခါး၊ ဝမ်နန်း၊ကုံးသို အစရှိသည့်ကျေးရွာအုပ်စုများ ဖြစ်ပြီး ကျေးရွာအုပ်စုတစ်ခုစီလျှင် ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိသည်ဟု RCSS/SSA က ပြောသည်။

စစ်ရေးတင်းမာမှုများကို လျော့ချရန်အတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် လက်ရှိအချိန်အထိ တပ်မ တော်ဖက်မှ ဆက်သွယ်ပြောဆို လာမှုများ မရှိသကဲ့သို့ RCSS/SSA ဖက်မှလည်း တွေ့ဆုံဆွေး နွေးမည့် အရိပ်အယောင် မတွေ့ရသေးသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေနိုင်သည်ဟု ဆိုသည်။

သို့သော် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများရှိ နေသော် လည်း တွေ့ဆုံဆွေးနွေးမည့် လမ်း ကြောင်းရှိလာမည်ဆိုပါက RCSS/SSA အနေဖြင့် ၎င်းတို့၏ မူအရ NCA လမ်းကြောင်း အတိုင်းလုပ်ဆောင် သွားမည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောသည်။

“တပ်မတော်ဖက် ကိုယ်တိုင်ကိုက NCA ကို အလေးမထား ဝင်တိုက်တဲ့ ပုံစံပြနေတယ်ပေါ့လေနော်။ အဲဒါ ယုံကြည်မှု တော်တော်ထိ ခိုက်တယ်။ ဒါပေမယ့် RCSS ဖက်ကတော့ ဘယ်လိုပဲ ဖြစ်နေနေ NCA လမ်း ကြောင်းအတိုင်းပဲ တသွေမတိမ်း လိုက်နာပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်။ အကယ်လို့ အဆင် ပြေလို့ အဆက်အသွယ်ရလို့ တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ထားမယ်ဆိုရင်တော့ RCSS ဖက်ကတော့ အမြဲ တမ်း တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ ပေါ်လစီတော့ အမြဲတမ်းဆုပ်ကိုင်ထားတယ်နော်။”

ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းကြားတွင် စစ်ရေးတင်းမာမှု ရှည်ကြာလာနိုင်ပြီး နောက်ဆုံးတွင် မြို့ပေါ်အထိ တိုက်ပွဲဖြစ် ပွားလာ မည်ကို စိုးရိမ်သည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ပြောသည်။

ထို့အပြင် တပ်မတော်က မီဒီယာများကို ဖြေကြားထားသည့် RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်း တွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်လာ သည့်အ တွက် တိုက်ပွဲ ဖြစ်ပွားလာ ခြင်းဖြစ်သည်ဟု ပြောဆိုမှုသည် NCA စာချုပ်ကို ဆန့်ကျင်နေသည့် အပြင် တပ် မ တော်နှင့် RCSS တို့အကြား တရားဝင် နယ်မြေ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု ဒု-ဗိုလ်မှူး ကြီး အုပ်ခေးက ပြောသည်။

တပ်နေရာ ချထားရေးနှင့် နယ်မြေသတ်မှတ်ထားရှိခြင်းကို NCA အခန်း ၃ အရ လုံခြုံရေး ကဏ္ဍတွင် ဆွေး နွေးသွားရမည်ဖြစ်ပြီး ထိုသို့ဆွေးနွေးမည်နောက်ပိုင်းမှသာ တပ်နေရာချထားရေးနှင့် နယ်မြေ သတ်မှတ်ရေး ကို လုပ်ဆောင်သွားနိုင်မည်ဟု RCSS/SSA က ဆိုသည်။

RCSS/SSA သည် အခြား တိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

လက်ရှိတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှု ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မတော်၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါဝင်ပြီး အဆို ပါဒေသအတွင် တပ်မတော်သည် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် အခြား လက် နက်ကိုင် အဖွဲ့အ စည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

*** ZAWGYI ***
ေက်ာက္မဲတြင္ ၇ ရက္ေျမာက္ တိုက္ပြဲမ်ား ဆက္ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲ ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္ စီ RCSS/SSA တို႔ၾကား ၇ ရက္ဆက္တိုက္ စုစုေပါင္း အၾကိမ္ေရ ၂၀ ေက်ာ္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္ဟု RCSS/SSA ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။

ေအာက္တိုဘာလ ၂ ရက္ေန႔မွ စတင္ကာ ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ တပ္မေတာ္ႏွင့္ RCSS/SSA တို႔ အၾကား တိုက္ပြဲမ်ား ႀကိဳၾကားႀကိဳၾကား ျဖစ္ပြားလာခဲ့ရာမွ ရပ္တန္႔သြားျခင္းမရွိပဲ ျပင္းထန္စြာ ဆက္လက္ျဖစ္ ပြားေနသည္မွာ ေအာက္တိုဘာလ ၈ ရက္ေန႔ ယေန႔အထိပင္ျဖစ္သည္ဟု RCSS/SSA ကေျပာသည္။

ယေန႔တိုက္ပြဲျဖစ္ပြားသည့္ အေျခအေနႏွင့္ ပတ္သက္၍ RCSS/ SSA ေျပာေရးဆိုခြင့္ရွိသူ ဒု- ဗိုလ္မွဴးႀကီး အုပ္ေခးက “ဒီေန႔လည္း ျပင္းထန္ေနတာပဲေနာ္။ ဒီေန႔က လြိဳင္ပန္က်န္အုပ္စုတို႔ ပူးခါးေက်း ရြာအုပ္စုတို႔ သံုးေလး ေနရာ ေလာက္ျဖစ္တယ္ေနာ။ ဒါေပမယ့္ မေန႔ကလို ေလယာဥ္ပ်ံေတာ့ မပါဘူးေလေနာ္။ တိုက္ပြဲ က ႀကိဳၾကားႀကိဳၾကားနဲ႔ တိုက္ပြဲနည္းနည္းနဲ႔ ႀကီးတာနဲ႔ဒီ လဆန္း ပိုင္း တစ္ပတ္အတြင္းကိုေတာ့ တိုက္ပြဲ ေပါင္း ၂၀ ေက်ာ္ၿပီထင္တယ္။ ခန္႔မွန္းေပါ့ေလ” ဟု ေျပာသည္။

စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသည့္ နမ့္ခံုးပရဟိတအသင္း တာ၀န္ရွိသူတစ္ဦးကလည္း ေအာက္တိုဘာလ ၈ ရက္ေန႔ တိုက္ပြဲ အေျခအေနႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။

“ဒီေန႔ ပံုဝိုးမွာက တိုက္ပြဲျဖစ္တယ္။ က်ေနာ္တို႔ အခုလာတဲ့ အခ်ိန္ နားေစာင္းမွာျဖစ္တယ္။ အခုေလာေလာ ဆယ္ေတာ့ ၂ ေနရာေပါ့ မနက္တုန္းက နမ့္ေမာ္ဖီလူးမွာ တစ္ခါျဖစ္တယ္။ ဒီေန႔ကေတာ့ ၃ ခါေပ့ါေနာ ၃ ခါ ေသနတ္သံၾကားတယ္ေပါ့။ ဒါေပမယ့္ ရြာသားေတြ အျမင္ေျပာတာကေတာ့ တစ္ဖက္သတ္ပစ္တာ မ်ားတာ ေပါ့ေနာ။က်န္တဲ့ တစ္ဖက္ကေတာ့ သိပ္ပစ္တာ မေတြ႕ရဘူးေပါ့။ မၾကားရဘူးေပါ့။ တစ္ခ်က္ ႏွစ္ခ်က္ အဲ ေလာက္ပဲၾကားရတယ္တဲ့။”

လက္ရွိတြင္ တပ္မေတာ္မွ တိုက္ပြဲျဖစ္ပြားရာ ေဒသအတြင္းသို႔ တပ္အင္အား ထပ္မံျဖည့္တင္း ေနသည့္ အ တြက္ တိုက္ပြဲဆက္လက္ျဖစ္ပြားႏိုင္သည့္ အေနအထားကို ေတြ႕ေနရသည္ဟု အဆိုပါ နမ့္ခံုးပရဟိတ အသင္း တာ၀န္ရွိသူက ဆက္ေျပာသည္။

“စစ္ေၾကာင္းကေတာ့ ေတာက္ေလွ်ာက္ထိုးတက္ေနတယ္။ ထိုးတက္ေနေတာ့ စစ္ပြဲက က်ေနာ္ထင္တယ္ မၿငိမ္းႏိုင္ေလာက္ေသးဘူး။ အခုထိ က်ေနာ္တို႔ ဒီလမ္းတစ္ ေလွ်ာက္မွာ စစ္သားေတြက ေတာက္ေလွ်ာက္ ေတြ႕ေနရတယ္။ အကုန္လံုး လမ္းေၾကာင္းေတြ ထိုးတက္ ေနၾကတယ္။ စစ္ေရးတကယ္တင္းမာတဲ့ အခ်ိန္မွာ ေပါက္ကြဲရင္ေတာ့ ေတာ္ေတာ္ေလးေတာ့ ျပည္သူေတြ ဒုကၡေတြ ေတာ္ေတာ္ေရာက္မယ္လို႔ က်ေနာ္ျမင္ တယ္။”

တပ္မေတာ္၏ တပ္အင္အား ထပ္မံျဖည့္တင္းသည့္ အေျခအေနႏွင့္ ပတ္သက္၍ ဒု-ဗိုလ္မွဴးႀကီး အုပ္ေခးက “စစ္ေရး ဆက္လက္တင္းမာေနဆဲပဲ တပ္မေတာ္ဖက္က လည္း အဖက္ဖက္ကေနၿပီးေတာ့ စစ္ကူေတြ ထပ္ ပို႔ေနတယ္ေနာ္။ ေက်ာက္မဲဖက္ဂြင္ကို ထပ္ပို႔ေနတယ္။ သီေပါဖက္က ဆင္းလာတာေရာ လားရႈိးကေန ဆင္း သြားတာေရာ ေအာက္ဖက္ကဆင္းလာတာေရာ မူဆယ္ဖက္က ဆင္းလာတာေရာ ကြတ္ခိုင္ဖက္က ဆင္း လာတာေရာ သတင္းၾကားသိရတယ္ေနာ္” ဟု ေျပာသည္။

လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးမွ တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္း မရွိေသးေပ။

တပ္မေတာ္ႏွင့္ RCSS/SSA တို႔အၾကား ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ စစ္ေရးတင္းမာေနသည့္ ေက်းရြာ အုပ္စု ၁၀ စု ခန္႔ရွိေနၿပီး အဆိုပါေက်းရြာအုပ္စုမ်ားမွာ ပန္က်န္၊ ေနာင္စင္၊ ေနာင္မိုး၊ ဟဲကြီ၊ နမ့္ေခၚ၊ ေျပာင္ေခါင္း၊ ခန္႔ခဲ၊ ေကာင္းဟူး၊ လြယ္ေစာင္၊ ပူးခါး၊ ၀မ္နန္း၊ကံုးသို အစရွိသည့္ေက်းရြာအုပ္စုမ်ား ျဖစ္ၿပီး ေက်းရြာအုပ္စုတစ္ခုစီလွ်င္ ေက်းရြာေပါင္း ၁၀ ရြာေက်ာ္ရွိသည္ဟု RCSS/SSA က ေျပာသည္။

စစ္ေရးတင္းမာမႈမ်ားကို ေလ်ာ့ခ်ရန္အတြက္ ေတြ႕ဆံုေဆြးေႏြးႏိုင္ရန္ လက္ရွိအခ်ိန္အထိ တပ္မ ေတာ္ဖက္မွ ဆက္သြယ္ေျပာဆို လာမႈမ်ား မရွိသကဲ့သို႔ RCSS/SSA ဖက္မွလည္း ေတြ႕ဆံုေဆြး ေႏြးမည့္ အရိပ္အေယာင္ မေတြ႕ရေသးေသာေၾကာင့္ တိုက္ပြဲမ်ားမွာ ဆက္လက္ျဖစ္ပြားေနႏိုင္သည္ဟု ဆိုသည္။

သို႔ေသာ္ တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး စစ္ေရးတင္းမာမႈမ်ားရွိ ေနေသာ္ လည္း ေတြ႕ဆံုေဆြးေႏြးမည့္ လမ္း ေၾကာင္းရွိလာမည္ဆိုပါက RCSS/SSA အေနျဖင့္ ၎တို႔၏ မူအရ NCA လမ္းေၾကာင္း အတိုင္းလုပ္ေဆာင္ သြားမည္ဟု ဒု-ဗိုလ္မွဴးႀကီး အုပ္ေခးက ေျပာသည္။

“တပ္မေတာ္ဖက္ ကိုယ္တိုင္ကိုက NCA ကို အေလးမထား ၀င္တိုက္တဲ့ ပံုစံျပေနတယ္ေပါ့ေလေနာ္။ အဲဒါ ယံုၾကည္မႈ ေတာ္ေတာ္ထိ ခိုက္တယ္။ ဒါေပမယ့္ RCSS ဖက္ကေတာ့ ဘယ္လိုပဲ ျဖစ္ေနေန NCA လမ္း ေၾကာင္းအတိုင္းပဲ တေသြမတိမ္း လိုက္နာၿပီးေတာ့ ဆက္လက္ေဆာင္ရြက္သြားမယ္။ အကယ္လို႔ အဆင္ ေျပလို႔ အဆက္အသြယ္ရလို႔ ေတြ႕ဆံုေဆြးေႏြးဖို႔ တံခါးဖြင့္ထားမယ္ဆိုရင္ေတာ့ RCSS ဖက္ကေတာ့ အၿမဲ တမ္း ေတြ႕ဆံုေဆြးေႏြးမႈဆိုတဲ့ ေပၚလစီေတာ့ အၿမဲတမ္းဆုပ္ကိုင္ထားတယ္ေနာ္။”

ယခုကဲ့သို႔ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ဆက္လက္ျဖစ္ပြားေနမည္ဆိုပါက ႏွစ္ဖက္လက္နက္ကိုင္ အဖြဲ႔အစည္းၾကားတြင္ စစ္ေရးတင္းမာမႈ ရွည္ၾကာလာႏိုင္ၿပီး ေနာက္ဆံုးတြင္ ၿမိဳ႕ေပၚအထိ တိုက္ပြဲျဖစ္ ပြားလာ မည္ကို စိုးရိမ္သည္ဟု ဒု-ဗိုလ္မွဴးႀကီး အုပ္ေခး က ေျပာသည္။

ထို႔အျပင္ တပ္မေတာ္က မီဒီယာမ်ားကို ေျဖၾကားထားသည့္ RCSS/SSA သည္ ရွမ္းျပည္နယ္ ေတာင္ပိုင္း တြင္ အေျခစိုက္သည့္ လက္နက္ကိုင္ အဖြဲ႔ျဖစ္ၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ နယ္ေျမခ်ဲ႕ထြင္လာ သည့္အ တြက္ တိုက္ပြဲ ျဖစ္ပြားလာ ျခင္းျဖစ္သည္ဟု ေျပာဆိုမႈသည္ NCA စာခ်ဳပ္ကို ဆန္႔က်င္ေနသည့္ အျပင္ တပ္ မ ေတာ္ႏွင့္ RCSS တို႔အၾကား တရား၀င္ နယ္ေျမ အတိအက် သတ္မွတ္ထားျခင္း မရွိေသးဟု ဒု-ဗိုလ္မွဴး ႀကီး အုပ္ေခးက ေျပာသည္။

တပ္ေနရာ ခ်ထားေရးႏွင့္ နယ္ေျမသတ္မွတ္ထားရွိျခင္းကို NCA အခန္း ၃ အရ လံုၿခံဳေရး က႑တြင္ ေဆြး ေႏြးသြားရမည္ျဖစ္ၿပီး ထိုသို႔ေဆြးေႏြးမည္ေနာက္ပိုင္းမွသာ တပ္ေနရာခ်ထားေရးႏွင့္ နယ္ေျမ သတ္မွတ္ေရး ကို လုပ္ေဆာင္သြားႏိုင္မည္ဟု RCSS/SSA က ဆိုသည္။

RCSS/SSA သည္ အျခား တိုင္းရင္းသာ လက္နက္ကိုင္ အဖဲြ႕အစည္း ၉ ဖြဲ႔ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္သည္။

လက္ရွိတပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႕အစည္းမ်ားအၾကား စစ္ေရးတင္းမာမႈ ရွိေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းသည္ တပ္မေတာ္၏ တစ္ဖက္သတ္ အပစ္ရပ္စဲေရး နယ္ေျမထဲတြင္ပါ၀င္ၿပီး အဆို ပါေဒသအတြင္ တပ္မေတာ္သည္ NCA လက္မွတ္ေရးထိုးထားသည့္ RCSS/SSA အပါအ၀င္ အျခား လက္ နက္ကိုင္ အဖြဲ႔အ စည္းမ်ားျဖစ္သည့္ PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန္႔တို႔ႏွင့္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္။