အမျိုးသမီးများမဲပေးရန် မွန်အမျိုးသမီး ကွန်ရက် စည်းရုံးလှုံ့ဆော်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးမဲဆန္ဒရှင်များ မဲထွက်ပေးကြရန် မွန်အမျိုးသမီးကွန်ရက်က တိုက်တွန်းနှိုးဆော်မှုများ လုပ်ဆောင်နေသည်။

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ ၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ်တွင် မဲဆန္ဒရှင် တဝက်ခန့်သာမဲပေးခဲ့ပြီး မဲမပေးသူ အများစုမှာ အမျိုးသမီး များ ဖြစ်နေသည်။

ထို့ကြောင့် ယခုနှစ်၏ ရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ ကဲ့သို့ အမျိုးသမီး မဲထွက်ပေးမှု မနည်းအောင်၊ အမျိုးသမီးများ မဲထွက်ပေးကြအောင် မွန်အမျိုးသမီးကွန်ရက်က လှုံ့ဆော်ရေး အစီအစဉ်ဖြင့် တိုက်တွန်းနှိုးဆော် နေခြင်းဖြစ်သည်။

“ရှိနေတဲ့အမျိုးသမီးဦးရေနဲ့ မဲထွက်ပေးတဲ့ အမျိုးသမီးဦးရေက အားနည်းနေတယ်၊ အခုကာလမှာ မဲထွက်ပေး မယ့် လူနည်းမှာကိုလည်း ကျမတို့ စိုးရိမ်နေတယ်၊ ဒါကြောင့် ကျမတို့က အမျိုးသမီးတွေရဲ့ အသံ လွှတ်တော်ထဲ ရောက်အောင် မဲထွက်ပေးကြပါ။ မဲဆန္ဒရှင်တွေ လုပ်ကြပါ။ နိုင်ငံသားတာဝန်ယူကြပါ။ အဲ့လို နှိုးဆော် တိုက် တွန်းနေတာရှိတယ်။ နောက်ပြီးတော့ ဒီကိုဗစ်ကာလမှာပေါ့ ရောဂါကိုလည်း ကာကွယ်၊ မဲလည်း ထွက်ပေးကြဖို့ တိုက်တွန်းနှိုးဆော်နေတာ ရှိတယ်” ဟု မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုး က ပြောသည်။

မွန်အမျိုးသမီးကွန်ရက်အနေဖြင့် အမျိုး သမီးများ မဲပေးရာတွင် ကိုယ်စားလှယ်လောင်းများအား မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာပညာပေးများကိုလည်း ရပ်ကွက် ကျေးရွာအဆင့်ထိ လုပ်ဆောင်နေသည်ဟု မိချယ်ရီစိုး က ဆက် ပြော သည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ကူးစက်ရောဂါ အကြပ်အတည်း ကာလ အတွင်း ကျင်းပရမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်များ ၂၀၁၅ ရွေးကောက်တုန်းကလိုပဲ မဲထွက်မပေးကြမည်ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကလည်း စိုးရိမ်နေကြသည်။

မွန်ညီညွတ်ရေးပါတီ MUP ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင် က “ဒီကာလက လူထုတွေ တနေ့လုပ်တနေ့စားတွေ အတော်လေး အခက်အခဲဖြစ်နေကြတယ်။ စားဝတ်နေရေးအတွက် အတော်လေးအခက်အခဲဖြစ်နေကြတယ်။ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားတာ မဝင်စားတာအပထား မဲရုံကို သွားကြမလား နောက် မဲထည့်ချင်တဲ့ ဆန္ဒ ရှိတယ် ဒါပေမယ့် သွားရဲကြမလားပေါ့။ ဒီရောဂါကြောင့် မဲရုံမှာ ဘယ်လောက်ထိ စီစဉ်ပေးနိုင်မလဲ အခု မဲရုံ တွေတိုးချဲ့ ပေမယ့် လုံလောက်ပါ့မလားပေါ့ဗျာ။ လူထုကရော လိုက်နာနိုင်ပါ့မလား။ စီစဉ်တဲ့လူတွေကလည်း သေချာလုပ်ကိုင်နိုင်ပါ့မလား။ ကြောက်စိတ်ရှိတဲ့အခါကျတော့ လူတွေ မဲပေးတာ နည်းသွားမှာပဲ သေချာတယ် ဒါကြောင့် မဲရလာဒ်အပေါ် အပြောင်းအလဲရှိလာနိုင်တယ်” ဟု ပြောသည်။

ထို့အပြင် ကိုဗစ်ကန့်သတ်ချက်များကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးအစီအစဉ်များ လွတ်လပ်စွာ မလုပ် ဆောင်နိုင်သည့်အနေအထားကြောင့်လည်း မဲဆန္ဒရှင်များ မဲထွက်ပေးခဲ့ကြသည့်တိုင် ပယ်မဲဖြစ်သွားမှာကို စိုးရိမ် နေကြသည်လည်း ရှိသည်။

လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၇ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၀၂ ဦး ဝင်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးအကြိမ် ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းများအရ မွန်တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော် ရှိနေသည်။

*** ZAWGYI ***
အမ်ဳိးသမီးမ်ားမဲေပးရန္ မြန္အမ်ဳိးသမီး ကြန္ရက္ စည္းရံုးလႈံ႔ေဆာ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္။

ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတြင္ အမ်ဳိးသမီးမဲဆႏၵရွင္မ်ား မဲထြက္ေပးၾကရန္ မြန္အမ်ဳိးသမီးကြန္ရက္က တိုက္တြန္းႏႈိးေဆာ္မႈမ်ား လုပ္ေဆာင္ေနသည္။

ေရြးေကာက္ပြဲဆိုင္ရာ အခ်က္အလက္မ်ားအရ ၂၀၁၅ ေရြးေကာက္ပြဲက်င္းပစဥ္က မြန္ျပည္နယ္တြင္ မဲဆႏၵရွင္ တဝက္ခန္႔သာမဲေပးခဲ့ၿပီး မဲမေပးသူ အမ်ားစုမွာ အမ်ဳိးသမီး မ်ား ျဖစ္ေနသည္။

ထို႔ေၾကာင့္ ယခုႏွစ္၏ ေရြးေကာက္ပြဲတြင္ ၂၀၁၅ ေရြးေကာက္ပြဲ ကဲ့သို႔ အမ်ဳိးသမီး မဲထြက္ေပးမႈ မနည္းေအာင္၊ အမ်ဳိးသမီးမ်ား မဲထြက္ေပးၾကေအာင္ မြန္အမ်ဳိးသမီးကြန္ရက္က လႈံ႔ေဆာ္ေရး အစီအစဥ္ျဖင့္ တိုက္တြန္းႏႈိးေဆာ္ ေနျခင္းျဖစ္သည္။

“ရွိေနတဲ့အမ်ဳိးသမီးဦးေရနဲ႔ မဲထြက္ေပးတဲ့ အမ်ဳိးသမီးဦးေရက အားနည္းေနတယ္၊ အခုကာလမွာ မဲထြက္ေပး မယ့္ လူနည္းမွာကိုလည္း က်မတို႔ စိုးရိမ္ေနတယ္၊ ဒါေၾကာင့္ က်မတို႔က အမ်ဳိးသမီးေတြရဲ႕ အသံ လႊတ္ေတာ္ထဲ ေရာက္ေအာင္ မဲထြက္ေပးၾကပါ။ မဲဆႏၵရွင္ေတြ လုပ္ၾကပါ။ ႏိုင္ငံသားတာဝန္ယူၾကပါ။ အဲ့လို ႏႈိးေဆာ္ တိုက္ တြန္းေနတာရွိတယ္။ ေနာက္ၿပီးေတာ့ ဒီကိုဗစ္ကာလမွာေပါ့ ေရာဂါကိုလည္း ကာကြယ္၊ မဲလည္း ထြက္ေပးၾကဖို႔ တိုက္တြန္းႏႈိးေဆာ္ေနတာ ရွိတယ္” ဟု မြန္အမ်ဳိးသမီးကြန္ရက္မွ မိခ်ယ္ရီစိုး က ေျပာသည္။

မြန္အမ်ဳိးသမီးကြန္ရက္အေနျဖင့္ အမ်ဳိး သမီးမ်ား မဲေပးရာတြင္ ကိုယ္စားလွယ္ေလာင္းမ်ားအား မွန္မွန္ကန္ကန္ေရြးခ်ယ္ႏိုင္ေရးႏွင့္ ေရြးေကာက္ပြဲ ဆိုင္ရာပညာေပးမ်ားကိုလည္း ရပ္ကြက္ ေက်းရြာအဆင့္ထိ လုပ္ေဆာင္ေနသည္ဟု မိခ်ယ္ရီစိုး က ဆက္ ေျပာ သည္။

ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲသည္ ကူးစက္ေရာဂါ အၾကပ္အတည္း ကာလ အတြင္း က်င္းပရမည္ျဖစ္သည့္အတြက္ မဲဆႏၵရွင္မ်ား ၂၀၁၅ ေရြးေကာက္တုန္းကလိုပဲ မဲထြက္မေပးၾကမည္ကို အရပ္ဖက္လူမႈအဖဲြ႔အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားကလည္း စိုးရိမ္ေနၾကသည္။

မြန္ညီညြတ္ေရးပါတီ MUP ေျပာေရးဆိုခြင့္ရွိသူ ႏိုင္စံတင္ က “ဒီကာလက လူထုေတြ တေန႔လုပ္တေန႔စားေတြ အေတာ္ေလး အခက္အခဲျဖစ္ေနၾကတယ္။ စားဝတ္ေနေရးအတြက္ အေတာ္ေလးအခက္အခဲျဖစ္ေနၾကတယ္။ ေရြးေကာက္ပြဲအေပၚ စိတ္ဝင္စားတာ မဝင္စားတာအပထား မဲ႐ုံကို သြားၾကမလား ေနာက္ မဲထည့္ခ်င္တဲ့ ဆႏၵ ရွိတယ္ ဒါေပမယ့္ သြားရဲၾကမလားေပါ့။ ဒီေရာဂါေၾကာင့္ မဲ႐ုံမွာ ဘယ္ေလာက္ထိ စီစဥ္ေပးႏိုင္မလဲ အခု မဲ႐ုံ ေတြတိုးခ်ဲ႕ ေပမယ့္ လံုေလာက္ပါ့မလားေပါ့ဗ်ာ။ လူထုကေရာ လိုက္နာႏိုင္ပါ့မလား။ စီစဥ္တဲ့လူေတြကလည္း ေသခ်ာလုပ္ကိုင္ႏိုင္ပါ့မလား။ ေၾကာက္စိတ္ရွိတဲ့အခါက်ေတာ့ လူေတြ မဲေပးတာ နည္းသြားမွာပဲ ေသခ်ာတယ္ ဒါေၾကာင့္ မဲရလာဒ္အေပၚ အေျပာင္းအလဲရွိလာႏိုင္တယ္” ဟု ေျပာသည္။

ထို႔အျပင္ ကိုဗစ္ကန္႔သတ္ခ်က္မ်ားေၾကာင့္ ေရြးေကာက္ပြဲဆိုင္ရာ ပညာေပးအစီအစဥ္မ်ား လြတ္လပ္စြာ မလုပ္ ေဆာင္ႏိုင္သည့္အေနအထားေၾကာင့္လည္း မဲဆႏၵရွင္မ်ား မဲထြက္ေပးခဲ့ၾကသည့္တိုင္ ပယ္မဲျဖစ္သြားမွာကို စိုးရိမ္ ေနၾကသည္လည္း ရွိသည္။

လာမည့္ ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္း ႏိုင္ငံေရးပါတီ ၁၇ ပါတီတို႔မွ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၃၀၂ ဦး ဝင္ၿပိဳင္ၾကမည္ျဖစ္သည္။

ေနာက္ဆံုးအႀကိမ္ ထုတ္ျပန္ထားသည့္ မဲဆႏၵရွင္စာရင္းမ်ားအရ မြန္တစ္ျပည္နယ္လံုးတြင္ မဲေပးပိုင္ခြင့္ရွိသူ ၁၈ သိန္းေက်ာ္ ရွိေနသည္။