တိုက်ပွဲပြင်းထန်နေသည့် ရသေ့တောင် ဒေသ စစ်ရှောင်များ အကူအညီလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ ပြည် သူ တစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း က အောက်တိုဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများ ကြောင့် ဒေသခံတစ်ထောင်ကျော် ထပ်မံထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ် အခုဖြစ်နေတာ ကျောက်တန်းတိုက်နယ်ထဲက ရွာတွေမှာဖြစ်နေတာပါ။ ဒီထဲက ရွာတွေက လူတွေ က ထွက်ပြေးရတယ်။ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်လာတော့ ထွက်ပြေးနေရတာပါ။ စဖိုကျွန်း၊ ထီးစွဲ၊ ကံပြင်၊ ပြင်ဝန်း၊ အောင်စည်ကုန်း၊ အောင်ကျောင်းတောင်တို့ အဲ့ဒီဘက်ကရွာတွေက လူတွေက စေတီပြင်ကို ပြေးလာ ကြတာပေါ့။”

တိုက်ပွဲများမှာ ၁ ရက်နေ့မှ စ၍ ပြင်းပြင်းထန်ထန် ဖြစ်နေခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“အောင်သာစည် ဘက်က တော်တော်ပြင်းပြင်း ဖြစ်လာတာ။ ၄၊ ၅၊ ၆ အဲ့ရက်ပိုင်းတွေမှာလည်း တော်တော်ဖြစ်တယ်။ ဒီကြားထဲ ခနပြန်နည်းနည်းငြိမ်တယ်။ မနေ့က ဒီ ၁၃ ရက်နေ့က ပြန်ပြီးပြင်းထန်လာတယ်။ ဇက်ကလည်း တပ် (Navy) နဲ့လည်း ပစ်တယ်။ ဂျက်နဲ့ လည်းလာပစ်တယ်။ ရသေ့တောင်က ရှိတဲ့ တပ်ရင်းတွေကနေလည်း ပစ် တာ ရှိတယ်။”

ကျောက်တန်းတိုက်နယ်ထဲရှိ စဖိုကျွန်း၊ ထီးစွဲ၊ ကံပြင်၊ ပြင်ဝန်း၊ အောင်စည်ကုန်း၊ အောင်သာစည်နှင့် အောင် ကျောင်းတောင်တို့က ရွာသား နှစ်ထောင်နီးပါးခန့် စေတီပြင် ရှိ ယခင်ရှိနှင့်ပြီးသား စစ်ရှောင်စခန်းများနှင့် ကျေး ရွာအတွင်းက ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်နေကြရသည်ဟု သိရသည်။

စစ်ရှောင်များအား အကူအညီပေးနေသူ တစ်ဦးက “များသောအားဖြင့်က စစ်ဘေးလွှတ်ရာကို ရောက်လာပြီ၊ စေတီပြင်မှာ တော်တော်များများ ရွာခံလူတွေထက် စစ်ဘေးရှောင်က ပိုများသွားပြီ။ စေတီပြင်ကိုပဲ ပြေးရတာ။ ဘာလို့လည်း ဆို အောက်ဘက်ကို ပြေးလို့မရဘူးလေ။ အဲ့မှာက တောက်လျှောက် Navy(ရေတပ်) က မသွားရဘူးလေ။ စေတီပြင်ကို အခု နှစ်ထောင်ကျော် လောက်ရောက်နေပြီ။ အရင်လည်း တစ်ထောင်ကျော် နှစ်ထောင်လောက် ရှိတယ်။ အရင်ကလူတွေက ပြဿနာ သိပ်မရှိဘူးလေ။ လူကယ်ပြန်တို့၊ ICRC တို့က ပေးတာတွေနည်းနည်း ရှိတယ်လေ” ဟု ဆက်ပြောသည်။

အဆိုပါ စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု အဆိုပါ အကူအညီပေးနေသူ က ဆက် ပြောသည်။

“အခုပြေးလာတဲ့လူတွေက တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ရွာကလည်း လူများလာတော့ ကောင်း ကောင်းမထောက်ပံ့ပေးနိုင်ဘူး။ ဒီလိုပဲ ရှိတာပေးကမ်းပြီး စားနေရတာပေါ့။ နေရေးထိုင်ရေးကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ အလှူခံထားတာ၊ ICRC က ဆောက်ထားတဲ့နေရာတွေမှာ နေနေရတာပေါ့။ အဆင်ပြေတာ မျိုးတော့ မဟုတ်ပေမယ့် နေလို့တော့ အဆင်ပြေနေတယ်။ စားစရာတွေ အဓိကလိုနေတယ်။”

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း ရသေ့တောင်မြို့ နယ် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေ၊ ဒေသခံများ ထွက်ပြေးနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“အခြေအနေကတော့ ပြည်သူတွေက အားကိုးရာမဲ့နေကြပြီ။ ဒီအခုဖြစ်နေတဲ့ ဧရိယာက AA ကလည်းရှိတယ်။ တပ်မတော်ကလည်း တိုက်နေတာကြာပြီ၊ တပ်မတော်က ကျည်း၊ ရေ၊ လေ အကုန်သုံးပြီး တိုက်နေတာဆိုတော့ ရွာသားတွေက အကုန်ကြောက်ပြီး ပြေးနေရတာ။ ကျနော်တို့လည်း စာရင်း အတိအကျရဖို့ ခက်ခဲနေတယ်။ တိုက်နေတာတော့ တိုက်နေတာပေါ့၊ ပြဿနာက လူထုကို ထိခိုက်တာပဲ၊ လူထု နစ်နာနေတာမျိုးဗျ။ လူထုက ကြောက်နေရတာမျိုး ဆိုတော့ ဒါက ဘယ်လိုမှကို အားကိုးရှာမရတဲ့အနေအထားမျိုး ကျောက်တန်းတိုက်နယ် ထဲက ရွာတွေကလေ။”

အောက်တိုဘာလ ၃ ရက်နေ့၊ ၅ ရက်နေ့ နှင့် ၁၃ ရက်နေ့တို့တွင် တပ်မတော်က ကျည်းတပ်၊ ရေတပ်ပစ်ကူ များအပြင် ရဟတ်ယာဉ်များအသုံးပြုပြီး ဝေဟင်မှ ပစ်ခတ်မှုများပါ ရှိခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံ က ဆက် ပြောသည်။

“အရင်က ပထမဆုံးသိမ်းခဲ့တဲ့နေရာမှာ AA က ရှိနေတယ်။ နောက်ထီးစွဲမှာလည်း တပ်က ရှိတယ်ပေါ့။ အဲ့မှာ လည်း ပစ်နေကြတယ်။ ဖြစ်လာတာက အောင်သာစည်ဘက်က AA ကုန်းကို တိုက်လိုက် ပြန်ဆုတ်လိုက်နဲ့ပေါ့၊ အဲ့မှာ ၄ ရက်နေ့က တပ်ကသိမ်း၊ ၅ ရက်နေ့ကျတော့ AA က ပြန်သိမ်း၊ အဲ့ကနေစဖြစ်နေတာပဲ၊ မနေ့ကလည်း အဲ့နားတဝှိုက်မှာပဲ ပြန်ဖြစ်နေတာ။”

ထို့အပြင် ယခု အောက်တိုလအတွင်း ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် ကျောက်တန်းတိုက်နယ် အတွင်းက ကျေးရွာအချို့အား လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများအပြင် နေအိမ်အချို့လည်း မီးလောင်ပျက်စီးမှုများ ရှိနေသည်ဟု ဒေသခံများ က ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ နှစ်ဖက်ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

*** ZAWGYI ***
တိုက္ပြဲျပင္းထန္ေနသည့္ ရေသ့ေတာင္ ေဒသ စစ္ေရွာင္မ်ား အကူအညီလိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနရသည့္ ေဒသခံ ျပည္ သူ တစ္ေထာင္ေက်ာ္အတြက္ အေရးေပၚအကူအညီမ်ား လိုအပ္ေနသည္ဟု ေဒသခံမ်ားႏွင့္ အရပ္ဘက္အဖြဲ႕ အစည္းမ်ားက ေျပာသည္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း က ေအာက္တိုဘာလ ၁၃ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တုိက္ပြဲအေျခအေနမ်ား ေၾကာင့္ ေဒသခံတစ္ေထာင္ေက်ာ္ ထပ္မံထြက္ေျပးေနရၿပီး အကူအညီမ်ား လိုအပ္ေနျခင္း ျဖစ္သည္ဟု အမည္ မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။

“ဟုတ္တယ္ အခုျဖစ္ေနတာ ေက်ာက္တန္းတိုက္နယ္ထဲက ရြာေတြမွာျဖစ္ေနတာပါ။ ဒီထဲက ရြာေတြက လူေတြ က ထြက္ေျပးရတယ္။ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ျဖစ္လာေတာ့ ထြက္ေျပးေနရတာပါ။ စဖိုကၽြန္း၊ ထီးစြဲ၊ ကံျပင္၊ ျပင္ဝန္း၊ ေအာင္စည္ကုန္း၊ ေအာင္ေက်ာင္းေတာင္တို႔ အဲ့ဒီဘက္ကရြာေတြက လူေတြက ေစတီျပင္ကို ေျပးလာ ၾကတာေပါ့။”

တိုက္ပြဲမ်ားမွာ ၁ ရက္ေန႔မွ စ၍ ျပင္းျပင္းထန္ထန္ ျဖစ္ေနျခင္းျဖစ္ေၾကာင္း ေဒသခံက ေျပာသည္။

“ေအာင္သာစည္ ဘက္က ေတာ္ေတာ္ျပင္းျပင္း ျဖစ္လာတာ။ ၄၊ ၅၊ ၆ အဲ့ရက္ပိုင္းေတြမွာလည္း ေတာ္ေတာ္ျဖစ္တယ္။ ဒီၾကားထဲ ခနျပန္နည္းနည္းၿငိမ္တယ္။ မေန႔က ဒီ ၁၃ ရက္ေန႔က ျပန္ၿပီးျပင္းထန္လာတယ္။ ဇက္ကလည္း တပ္ (Navy) နဲ႔လည္း ပစ္တယ္။ ဂ်က္နဲ႔ လည္းလာပစ္တယ္။ ရေသ့ေတာင္က ရွိတဲ့ တပ္ရင္းေတြကေနလည္း ပစ္ တာ ရွိတယ္။”

ေက်ာက္တန္းတိုက္နယ္ထဲရွိ စဖိုကၽြန္း၊ ထီးစြဲ၊ ကံျပင္၊ ျပင္ဝန္း၊ ေအာင္စည္ကုန္း၊ ေအာင္သာစည္ႏွင့္ ေအာင္ ေက်ာင္းေတာင္တို႔က ရြာသား ႏွစ္ေထာင္နီးပါးခန္႔ ေစတီျပင္ ရွိ ယခင္ရွိႏွင့္ၿပီးသား စစ္ေရွာင္စခန္းမ်ားႏွင့္ ေက်း ရြာအတြင္းက ဘုန္းႀကီးေက်ာင္းမ်ားတြင္ စစ္ေရွာင္ေနၾကရသည္ဟု သိရသည္။

စစ္ေရွာင္မ်ားအား အကူအညီေပးေနသူ တစ္ဦးက “မ်ားေသာအားျဖင့္က စစ္ေဘးလႊတ္ရာကို ေရာက္လာၿပီ၊ ေစတီျပင္မွာ ေတာ္ေတာ္မ်ားမ်ား ရြာခံလူေတြထက္ စစ္ေဘးေရွာင္က ပိုမ်ားသြားၿပီ။ ေစတီျပင္ကိုပဲ ေျပးရတာ။ ဘာလို႔လည္း ဆို ေအာက္ဘက္ကို ေျပးလို႔မရဘူးေလ။ အဲ့မွာက ေတာက္ေလ်ွာက္ Navy(ေရတပ္) က မသြားရဘူးေလ။ ေစတီျပင္ကို အခု ႏွစ္ေထာင္ေက်ာ္ ေလာက္ေရာက္ေနၿပီ။ အရင္လည္း တစ္ေထာင္ေက်ာ္ ႏွစ္ေထာင္ေလာက္ ရွိတယ္။ အရင္ကလူေတြက ျပႆနာ သိပ္မရွိဘူးေလ။ လူကယ္ျပန္တုိ႔၊ ICRC တုိ႔က ေပးတာေတြနည္းနည္း ရွိတယ္ေလ” ဟု ဆက္ေျပာသည္။

အဆိုပါ စစ္ေရွာင္မ်ားအတြက္ စားနပ္ရိကၡာမ်ား အေရးေပၚလိုအပ္ေနသည္ဟု အဆိုပါ အကူအညီေပးေနသူ က ဆက္ ေျပာသည္။

“အခုေျပးလာတဲ့လူေတြက ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေနၾကတယ္။ ရြာကလည္း လူမ်ားလာေတာ့ ေကာင္း ေကာင္းမေထာက္ပံ့ေပးႏုိင္ဘူး။ ဒီလုိပဲ ရွိတာေပးကမ္းၿပီး စားေနရတာေပါ့။ ေနေရးထုိင္ေရးကေတာ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အလွဴခံထားတာ၊ ICRC က ေဆာက္ထားတဲ့ေနရာေတြမွာ ေနေနရတာေပါ့။ အဆင္ေျပတာ မ်ိဳးေတာ့ မဟုတ္ေပမယ့္ ေနလို႔ေတာ့ အဆင္ေျပေနတယ္။ စားစရာေတြ အဓိကလိုေနတယ္။”

ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းကလည္း ရေသ့ေတာင္ၿမိဳ႕ နယ္ အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲအေျခအေန၊ ေဒသခံမ်ား ထြက္ေျပးေနရသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။

“အေျခအေနကေတာ့ ျပည္သူေတြက အားကိုးရာမဲ့ေနၾကၿပီ။ ဒီအခုျဖစ္ေနတဲ့ ဧရိယာက AA ကလည္းရွိတယ္။ တပ္မေတာ္ကလည္း တုိက္ေနတာၾကာၿပီ၊ တပ္မေတာ္က က်ည္း၊ ေရ၊ ေလ အကုန္သံုးၿပီး တုိက္ေနတာဆိုေတာ့ ရြာသားေတြက အကုန္ေၾကာက္ၿပီး ေျပးေနရတာ။ က်ေနာ္တို႔လည္း စာရင္း အတိအက်ရဖုိ႔ ခက္ခဲေနတယ္။ တိုက္ေနတာေတာ့ တုိက္ေနတာေပါ့၊ ျပႆနာက လူထုကို ထိခိုက္တာပဲ၊ လူထု နစ္နာေနတာမ်ိဳးဗ်။ လူထုက ေၾကာက္ေနရတာမ်ိဳး ဆိုေတာ့ ဒါက ဘယ္လိုမွကို အားကိုးရွာမရတဲ့အေနအထားမ်ိဳး ေက်ာက္တန္းတိုက္နယ္ ထဲက ရြာေတြကေလ။”

ေအာက္တိုဘာလ ၃ ရက္ေန႔၊ ၅ ရက္ေန႔ ႏွင့္ ၁၃ ရက္ေန႔တို႔တြင္ တပ္မေတာ္က က်ည္းတပ္၊ ေရတပ္ပစ္ကူ မ်ားအျပင္ ရဟတ္ယာဥ္မ်ားအသံုးျပဳၿပီး ေဝဟင္မွ ပစ္ခတ္မႈမ်ားပါ ရွိခဲ့သည္ဟု အမည္မေဖာ္လိုသူ ေဒသခံ က ဆက္ ေျပာသည္။

“အရင္က ပထမဆံုးသိမ္းခဲ့တဲ့ေနရာမွာ AA က ရွိေနတယ္။ ေနာက္ထီးစြဲမွာလည္း တပ္က ရွိတယ္ေပါ့။ အဲ့မွာ လည္း ပစ္ေနၾကတယ္။ ျဖစ္လာတာက ေအာင္သာစည္ဘက္က AA ကုန္းကို တုိက္လိုက္ ျပန္ဆုတ္လိုက္နဲ႔ေပါ့၊ အဲ့မွာ ၄ ရက္ေန႔က တပ္ကသိမ္း၊ ၅ ရက္ေန႔က်ေတာ့ AA က ျပန္သိမ္း၊ အဲ့ကေနစျဖစ္ေနတာပဲ၊ မေန႔ကလည္း အဲ့နားတဝိႈက္မွာပဲ ျပန္ျဖစ္ေနတာ။”

ထို႔အျပင္ ယခု ေအာက္တုိလအတြင္း ျဖစ္ပြားေနသည့္ ႏွစ္ဖက္တုိက္ပြဲမ်ားေၾကာင့္ ေက်ာက္တန္းတုိက္နယ္ အတြင္းက ေက်းရြာအခ်ိဳ႕အား လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ျခင္းေၾကာင့္ ေဒသခံျပည္သူမ်ား ထိခိုက္ဒဏ္ရာရရွိမႈ၊ ေသဆံုးမႈမ်ားအျပင္ ေနအိမ္အခ်ိဳ႕လည္း မီးေလာင္ပ်က္စီးမႈမ်ား ရွိေနသည္ဟု ေဒသခံမ်ား က ေျပာသည္။

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တုိ႔ ႏွစ္ဖက္ျဖစ္ပြားေနသည့္ တုိက္ပြဲအေျခအေနမ်ားႏွင့္ ပတ္သက္၍ ႏွစ္ဖက္တာဝန္ရွိသူမ်ားအား ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။