မွန်ပြည်သစ် ထိန်းချုပ်နယ်မြေရှိ ပြည်သူများ မဲပေးရန် အခက်အခဲရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

မြန်မာနိုင်ငံတောင်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ဒေသအောက်ရှိ ပြည်သူများ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်နိုင်ရန် အခက်အခဲများစွာ ရှိနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်သည့် အစီရင်ခံစာတွင် ပြောဆိုထားသည်။

မွန်ပြည်လူ့အခွင့်အရေးအနေနှင့် မြန်မာနိုင်ငံတောင်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူတို့၏ ရွေးကောက်ပွဲဆိုင်ရာ ကြုံတွေ့နေရသည့် အခြေအနေကို “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့်ခေါင်း စဉ်ဖြင့် အစီရင်စာတစ်စောင်ကို ထုတ်ပြန်ထားသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ညှိနှိုင်းရေးမှူး နိင်ဗညားအက်ဗန် က “တိုင်းရင်းသားထိန်းချုပ်ဒေသက တော်တော်များများက မဲမပေးဖူးကြဘူး၊ သူတို့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သင်တန်းတွေ မရှိဘူး ဆိုတော့ သူတို့ မဲ မပေးတတ်ဘူး၊ နောက်တစ်ခုက လက်နက်ကိုင်ထိန်းချုပ်ဒေသကနေ အစိုးရ ထိန်းချုပ်ဒေသမှာ မဲလာပေးရတယ်၊ တအားဝေးတယ် ကုန်းတတန် ရေတတန်နဲ့ သွားရတော့ မဲသွားမပေးကြတော့ဘူး အဲလိုမျိုး အခက်အခဲတွေရှိတယ်” ဟု ပြောသည်။

၎င်းတို့ ထုတ်ပြန်ထားသည့် အစီရင်ခံစာထဲတွင် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ မဲပေးပိုင်ခွင့်ရှိနေသော်လည်း မဲစာရင်းတွင် မပါဝင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များမရခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးမှုများ မရခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေခြင်းတို့ကြောင့် ဒေသခံ များ ရွေးကောက်ပွဲတွင် ပါဝင်လာရန် အခက်အခဲ စိန်ခေါ်မှုတို့များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပါရှိသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့်ဒေသများတွင် လူဦးရေ ၁၈၀၀၀၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့ထဲတွင် လူဦးရေ ၄ သောင်းကျော်သည် ရွေးကောက်ပွဲတွင် တစ်ကြိမ်တစ်ခါမှ ပါဝင်ခွင့် မရရှိသူများဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေးချောင်းဖျားဒေသ မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်ရှိ မဲမပေးခဲ့ဖူးသည့် ကျေးရွာ ၉ ရွာက လူဦးရေ ၂၀၀၀ ခန့်သည် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲစာရင်းတွင် ပါလာပြီး ဖြစ်သည်။

သို့သော်လည်း မဲရုံနှင့် အလွန်ဝေးကွာသည့်အတွက် ရေချောင်းဖျားဒေသက မဲဆန္ဒရှင်များ မဲသွားပေးရန် မသေချာသည့်အနေအထားရှိနေသည်ဟု ရေးမြို့နယ် ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း မင်းအောင်ထူး က ပြောသည်။

“ရေချောင်းဖျားကလူတွေကတော့ မဲရုံရောက်ဖို့ အချိန်တွေ အများကြီးပေးရတယ်၊ လမ်းခရီးလဲ ဝေးသလို လမ်း ခရီးလဲကြမ်းတာပေါ့နော်။ အဲတော့ အဲဒေသက လူတွေ လူတိုင်းလူတိုင်း ကိုယ်စီပေါ့ မဲလာပေးနိုင်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ မဲလာပေးဖို့က မိုင် ၂၀-၃၀ လောက် လာ၇တဲ့ ခရီးမျိုးဖြစ်နေတယ်” ဟု ကိုယ်စား လှယ်လောင်း မင်းအောင်ထူးက ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသက ပြည်သူများ ရွေးကောက်ပွဲဆိုင်အသိပညာပေး သင်တန်းများ ရရှိနိုင်ရန်နှင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲသွားပေးနိုင်ရန် မွန်လူမှုအဖွဲ့အစည်းများ က ကြိုးပမ်းဆောင်ရွက်နေသည်လည်း ရှိသည်။

“တချို့ကိုတော့ မဲပေးပုံ ပေးနည်း ပြပေးဖူးတယ်။ ဒါပေမယ့် မလုံလောက်ဘူး၊ သူတို့ဆီ သွားပြီးတော့ မဲပေးနည်း သင်တန်း ပေးကို ပေးရမယ်။ မဟုတ်ရင် သူတို့ပေးတတ်မှာ မဟုတ်ဘူး” ဟု မွန်ပြည်သစ်ထိန်းချုပ်ဒေသက ပြည်သူများ မဲပေးခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးနေသည့် နိုင်လွန်က ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအရ အဆိုပါ လက်နက်ထိန်းချုပ်ရာဒေသများ က ပြည်သူအချို့ မဲပေး ခဲ့ကြသော်လည်း ရွေးကောက်ပွဲအတွေ့အကြုံနှင့် မဲပေးခြင်းဆိုင်ရာ အသိပညာမရှိခဲ့သည့် အတွက် မဲ အများစု မှာ ပယ်မဲ ဖြစ်ခဲ့သည် ဟု လည်း အစီရင်ခံစာ တွင် ပါရှိသည်။

အခြားဒေသက ပြည်သူများနည်းတူ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ရာဒေသက ပြည်သူများလည်း ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရရှိရန် ဒေသအာဏာပိုင်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား တိကျသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ရှိရန် လိုအပ်သည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။

ပြည်ထာင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အားလုံး တန်းတူညီမျှပါဝင်နိုင်သော အခင်းအကျင်းမျိုး ဖန်တီးပေးရမည်ဖြစ်သည် ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်က ပြောထားသည်။

*** ZAWGYI ***
မြန္ျပည္သစ္ ထိန္းခ်ဳပ္နယ္ေျမရွိ ျပည္သူမ်ား မဲေပးရန္ အခက္အခဲရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၆ ရက္။

ျမန္မာႏိုင္ငံေတာင္ပိုင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ေဒသေအာက္႐ွိ ျပည္သူမ်ား ေရြးေကာက္ပြဲျဖစ္စဥ္တြင္ ပါဝင္ႏိုင္ရန္ အခက္အခဲမ်ားစြာ ႐ွိေနသည္ဟု မြန္ျပည္လူ႔အခြင့္အေရးေဖာင္ေဒး႐ွင္းက ထုတ္သည့္ အစီရင္ခံစာတြင္ ေျပာဆိုထားသည္။

မြန္ျပည္လူ႔အခြင့္အေရးအေနႏွင့္ ျမန္မာႏိုင္ငံေတာင္ပိုင္းက တိုင္းရင္းသားလက္နက္ကိုင္ထိန္းခ်ဳပ္ေဒသ႐ွိ ျပည္သူတို႔၏ ေရြးေကာက္ပြဲဆိုင္ရာ ႀကံဳေတြ႔ေနရသည့္ အေျခအေနကို “ဖယ္ၾကဥ္မ႐ွိမွ လြတ္မွ်တ” ဆိုသည့္ေခါင္း စဥ္ျဖင့္ အစီရင္စာတစ္ေစာင္ကို ထုတ္ျပန္ထားသည္။

မြန္ျပည္လူ႔အခြင့္အေရးေဖာင္ေဒး႐ွင္း ညိွႏႈိင္းေရးမႉး နိင္ဗညားအက္ဗန္ က “တိုင္းရင္းသားထိန္းခ်ဳပ္ေဒသက ေတာ္ေတာ္မ်ားမ်ားက မဲမေပးဖူးၾကဘူး၊ သူတို႔အတြက္ ေရြးေကာက္ပြဲန႔ဲ ပတ္သက္တ့ဲ သင္တန္းေတြ မ႐ွိဘူး ဆိုေတာ့ သူတို႔ မဲ မေပးတတ္ဘူး၊ ေနာက္တစ္ခုက လက္နက္ကိုင္ထိန္းခ်ဳပ္ေဒသကေန အစိုးရ ထိန္းခ်ဳပ္ေဒသမွာ မဲလာေပးရတယ္၊ တအားေဝးတယ္ ကုန္းတတန္ ေရတတန္န႔ဲ သြားရေတာ့ မဲသြားမေပးၾကေတာ့ဘူး အဲလိုမ်ိဳး အခက္အခဲေတြ႐ွိတယ္” ဟု ေျပာသည္။

၎တု႔ိ ထုတ္ျပန္ထားသည့္ အစီရင္ခံစာထဲတြင္ တိုင္းရင္းသားလက္နက္ကိုင္ထိန္းခ်ဳပ္ေဒသ႐ွိ ျပည္သူမ်ား မဲေပးပိုင္ခြင့္႐ွိေနေသာ္လည္း မဲစာရင္းတြင္ မပါဝင္ျခင္း၊ ေရြးေကာက္ပြဲဆိုင္ရာသတင္းအခ်က္အလက္မ်ားမရျခင္း၊ ေရြးေကာက္ပြဲဆိုင္ရာ အသိ ပညာေပးမႈမ်ား မရျခင္း၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲျခင္း၊ မဲ႐ုံမ်ား ေဝးကြာလြန္းေနျခင္းတို႔ေၾကာင့္ ေဒသခံ မ်ား ေရြးေကာက္ပြဲတြင္ ပါဝင္လာရန္ အခက္အခဲ စိန္ေခၚမႈတို႔မ်ားႏွင့္ ရင္ဆိုင္ႀကံဳေတြ႔ေနရသည္ဟု ပါ႐ွိသည္။

ျမန္မာႏိုင္ငံေတာင္ပိုင္း႐ွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္သည့္ေဒသမ်ားတြင္ လူဦးေရ ၁၈၀၀၀၀ ဝန္းက်င္ခန္႔႐ွိၿပီး ၎တို႔ထဲတြင္ လူဦးေရ ၄ ေသာင္းေက်ာ္သည္ ေရြးေကာက္ပြဲတြင္ တစ္ႀကိမ္တစ္ခါမွ ပါဝင္ခြင့္ မရ႐ွိသူမ်ားျဖစ္သည္ဟု အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ေရးေခ်ာင္းဖ်ားေဒသ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္မႈေအာက္႐ွိ မဲမေပးခ့ဲဖူးသည့္ ေက်းရြာ ၉ ရြာက လူဦးေရ ၂၀၀၀ ခန္႔သည္ လာမည့္ေရြးေကာက္ပြဲတြင္ မဲေပးႏိုင္ရန္ မဲစာရင္းတြင္ ပါလာၿပီး ျဖစ္သည္။

သို႔ေသာ္လည္း မဲ႐ုံႏွင့္ အလြန္ေဝးကြာသည့္အတြက္ ေရေခ်ာင္းဖ်ားေဒသက မဲဆႏၵ႐ွင္မ်ား မဲသြားေပးရန္ မေသခ်ာသည့္အေနအထား႐ွိေနသည္ဟု ေရးၿမိဳ႕နယ္ ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၂) တြင္ ဝင္ၿပိဳင္သည့္ ကိုယ္စားလွယ္ေလာင္း မင္းေအာင္ထူး က ေျပာသည္။

“ေရေခ်ာင္းဖ်ားကလူေတြကေတာ့ မဲ႐ုံေရာက္ဖို႔ အခ်ိန္ေတြ အမ်ားႀကီးေပးရတယ္၊ လမ္းခရီးလဲ ေဝးသလို လမ္း ခရီးလဲၾကမ္းတာေပါ့ေနာ္။ အဲေတာ့ အဲေဒသက လူေတြ လူတိုင္းလူတိုင္း ကိုယ္စီေပါ့ မဲလာေပးႏိုင္မယ္လို႔ေတာ့ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ မဲလာေပးဖို႔က မိုင္ ၂၀-၃၀ ေလာက္ လာ၇တ့ဲ ခရီးမ်ိဳးျဖစ္ေနတယ္” ဟု ကိုယ္စား လွယ္ေလာင္း မင္းေအာင္ထူးက ေျပာသည္။

မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ေဒသက ျပည္သူမ်ား ေရြးေကာက္ပြဲဆိုင္အသိပညာေပး သင္တန္းမ်ား ရ႐ွိႏိုင္ရန္ႏွင့္ ေရြးေကာက္ပြဲေန႔တြင္ လြယ္ကူစြာ မဲသြားေပးႏိုင္ရန္ မြန္လူမႈအဖြဲ႔အစည္းမ်ား က ႀကိဳးပမ္းေဆာင္ရြက္ေနသည္လည္း ႐ွိသည္။

“တခ်ိဳ႕ကိုေတာ့ မဲေပးပံု ေပးနည္း ျပေပးဖူးတယ္။ ဒါေပမယ့္ မလံုေလာက္ဘူး၊ သူတို႔ဆီ သြားၿပီးေတာ့ မဲေပးနည္း သင္တန္း ေပးကို ေပးရမယ္။ မဟုတ္ရင္ သူတို႔ေပးတတ္မွာ မဟုတ္ဘူး” ဟု မြန္ျပည္သစ္ထိန္းခ်ဳပ္ေဒသက ျပည္သူမ်ား မဲေပးခြင့္ရ႐ွိရန္ ကူညီေဆာင္ရြက္ေပးေနသည့္ ႏိုင္လြန္က ေျပာသည္။

ၿပီးခ့ဲသည့္ ေရြးေကာက္ပြဲအေတြ႔အႀကံဳမ်ားအရ အဆိုပါ လက္နက္ထိန္းခ်ဳပ္ရာေဒသမ်ား က ျပည္သူအခ်ိဳ႕ မဲေပး ခ့ဲၾကေသာ္လည္း ေရြးေကာက္ပြဲအေတြ႔အႀကံဳႏွင့္ မဲေပးျခင္းဆိုင္ရာ အသိပညာမ႐ွိခ့ဲသည့္ အတြက္ မဲ အမ်ားစု မွာ ပယ္မဲ ျဖစ္ခ့ဲသည္ ဟု လည္း အစီရင္ခံစာ တြင္ ပါ႐ွိသည္။

အျခားေဒသက ျပည္သူမ်ားနည္းတူ တိုင္းရင္းသားလက္နက္ကိုင္ထိန္းခ်ဳပ္ရာေဒသက ျပည္သူမ်ားလည္း ေရြးေကာက္ပြဲတြင္ ပါဝင္ခြင့္ရ႐ွိရန္ ေဒသအာဏာပိုင္ျဖစ္သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ား၊ ႏိုင္ငံေတာ္အစိုးရႏွင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မ႐ွင္တို႔အၾကား တ္ိက်သည့္ မူဝါဒႏွင့္ လုပ္ငန္းစဥ္မ်ား ႐ွိရန္ လိုအပ္သည္ဟု အစီရင္ခံစာက ေထာက္ျပထားသည္။

ျပည္ထာင္စုေရြးေကာက္ပြဲေကာ္မ႐ွင္အေနျဖင့္ လြတ္လပ္ၿပီး မွ်တသည့္ ေရြးေကာက္ပြဲက်င္းပႏိုင္ရန္အတြက္ အားလံုး တန္းတူညီမွ်ပါဝင္ႏိုင္ေသာ အခင္းအက်င္းမ်ိဳး ဖန္တီးေပးရမည္ျဖစ္သည္ ဟု မြန္ျပည္လူ႔အခြင့္အေရးေဖာင္ေဒး႐ွင္က ေျပာထားသည္။