တိုင်းရင်းသားပါတီများ USDP နှင့် မဟာမိတ်ဖွဲ့ခြင်းမရှိ

သတင်းနှင့် မီဒီယာကွန်ရက်
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် မဟာမိတ်ဖွဲ့ထားပြီး ငွကြေးဆိုင်ရာ အကူအညီများ ရယူနေသည်ဟု ဆိုသည့် သတင်းများမှာ မှန်ကန်မှု မရှိကြောင်း တိုင်းရင်းသား ပါတီ ၅ ပါတီက က ပြောဆိုလိုက်သည်။

ထိုသတင်းများမှာ သြဂုတ် လကတည်းက စတင်ပြန်နှံ့နေခဲ့ပြီး လက်ရှိအချိန်တွင်လည်း မဲဆန္ဒရှင် ပြည်သူ များ အကြားအထိ ဆက်လက် ပြန့်နှံ့နေသည့်အတွက် ထိုသတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများက တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ် အခြေစိုက် ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းက “သတင်း အမှားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ကျနော်တို့ ဘယ်ပါတီနဲ့မှ ကျနော်တို့က မဟာမိတ် လုပ်ထားခြင်း မရှိပါဘူး။ အတူလက်တွဲဆောင်ရွက်တာလည်း မရှိဘူး။ အဓိက ကျနော်တို့ လက်တွဲဆောင် ရွက်တယ် မဟာမိတ် လုပ်တယ်ဆိုတာ တိုင်းရင်းသား ပူးပေါင်းပါတီတွေနဲ့အတူ တခြားတိုင်းရင်းသားတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်တာပဲရှိပါတယ်။ ဒါကြောင့်မို့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ် ကျနော်တို့ မဟာမိတ်လည်း မလုပ်ထားပါဘူး။ ပူးပေါင်းဆောင်ရွက်တာလည်း မရှိပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကလည်း ထန်တလန် USDP ပါတီ၏ စည်းတံဆိပ်တုံးဖြင့် ဆိုရှယ်မီဒီများ ပေါ်တွင် ပြန်နှံ့လာသည့် စာကို အကြောင်းပြု၍ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD သည် USDP ပါတီနှင့် မဟာမိတ်ဖွဲ့ထားသည်ဟု ပြောဆိုမှုများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

အဆိုပါပြောဆိုမှုများနှင့် ပတ်သက်၍ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က “ထန်တလန်မှာက ကျနော်တို့ အရင်က ရွေးကောက်ပွဲ ကော်မရှင်မှာ ရွေးကောက်ပွဲကော်မရှင် ပါတီတွေကို မတွေ့လို့ စာရေးတုန်းက တချို့လူတွေက အဲလိုစွပ်စွဲထားလို့ ကျနော်တို့ ပြန်ဖြေရှင်းထားတယ်။ ကြေညာ ချက်အမှတ် ၁/၂၀၂၀၊ ၂/၂၀၂၀၊ ၃/၂၀၂၀ စသဖြင့် ထုတ်တယ်လေ။ ထုတ်တော့ မဟာမိတ် မလုပ်ဘူး မဟာမိတ် လုပ်ဖို့လည်း အစီအစဉ်မရှိဘူးဆိုတာ ကြေညာထားပြီးသား အဲဒီအတိုင်းပါပဲနော်” ဟု ပြော သည်။

ယခုအခါတွင် ထိုသတင်းအမှားများကို မဲဆန္ဒရှင်ပြည်သူများအကြားတွင် လိုက်လံဖြေရှင်းနေရသည် ဟု CNLD ဥက္ကဋ္ဌ က ဆက်ပြောသည်။

ဦးငိုင်ဆာ့ခ်က “အထူးသဖြင့် NLD က အဲဒါကို တိုက်တာ အထူးသဖြင့် ချင်းပါတီတစ်ခုတည်း မဟုတ်ဘူး ထင်တယ်။ တိုင်းရင်းသားပါတီ ငယ်လေးတွေကို ဒီကြံ့ခိုင်ရေးနဲ့ ပေါင်းမယ်ဆိုပြီးမှ စစ်တပ်နဲ့ ပေါင်းမယ် ဆို ပြီးမှ အဲလိုသတင်းတွေ အလိမ်အညာတွေဖြန့်တာများတယ်။ ဒီဖက်မှာ ချင်းတောင်ဖက်မှာတော့ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့က သူတို့အင်အားကောင်းအောင် သူတို့ရှင်းရှင်းပြောရရင် မဲအနေအထား မကောင်းဘူး ဆိုရင်တော့ တိုင်းရင်းသားပါတီတွေ အားကောင်းလာတဲ့ အခါကျတော့ စစ်တပ်နဲ့ ပေးစားလိုက်ပေါ့နော်၊ ကြံ့ ခိုင်ရေးနဲ့ ပေးစားလိုက်ဆိုရင် ပြည်သူလူထုကလည်း ဒီဖက်မှာ အွန်လိုင်းတွေလည်း မရဘူး ဖုန်းလိုင်းတွေ လည်း မရတဲ့အခါကျတော့ တချို့ ပြည်သူတွေက ယုံတာပေါ့။ ယုံတော့ သူတို့ မဲဆွယ်နေကြတာပဲ အဲဒါနဲ့ ပါ နော်။ အဲဒီအပေါ်မှာလည်း သူတို့ ဒီလိုမမှန်မကန် ပြောဆိုနေတာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တော့ ကျနော်တို့ လိုက်ရှင်းနေရတာပေါ့လေ” ဟု ပြောသည်။

ကရင်ပြည်နယ် အခြေစိုက် ကရင်အမျိုးသား ဒီမိုက ရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအာင်ပြည်စိုး ကလည်း “ဒီသတင်းအမှားတွေကတော့ အရမ်းအရမ်းတော့ မယုံကြနဲ့လေ ကျနော်တို့ကို မေးမြန်းပြီးတော့မှ ဒါက လော်ဘီလုပ်တယ်လည်း ဖြစ်တယ်ပေါ့။ ဒီအချိန်ကတော့ ပိုပြီးတော့ လော်ဘီလုပ်ကြတာပေါ့ဗျာ။ ကျနော်တို့ ခုန ပြောသလိုပေါ့လေ သတင်းမီဒီယာတွေလည်း အရမ်းအရမ်း နားထောင်ပြီးတော့ မရေးမိဖို့တော့ လိုတာ ပေါ့။ သေချာမေးမြန်းပြီး ပြောမှ ဒါအဖြစ်မှန်ကို ရေးသားဖော်ထုတ်ဖို့တော့ လိုတယ်ပေါ့လေ ခုနက ကျနော် တို့ကတော့ ပြည်ခိုင်ဖြိုးကတော့ ကျနော်တို့ဆီမှာ မလာပါဘူး။ လာပြီးတော့လည်း စည်းရုံးတာလည်း မရှိပါ ဘူး။”

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရေးမြို့နယ်အတွင်းရှိ အစင်ကျေးရွာနှင့် ဇီးဖြူ သောင်ကျေးရွာတို့တွင် မွန်ညီညွှတ်ရေးပါတီ MUP မှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဟော ပြောစဉ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပါတီဝင်အချို့ တက်ရောက်ခဲ့ကြသည့်အပေါ် ဝေဖန် မှုများ ထွက်ပေါ်ခဲ့သည်။

မည်သည့်မဲဆွယ်စည်းရုံး ဟောပြောပွဲတွင်မဆို ပြည်သူများဖြစ်စေ၊ မည်သည့် ပါတီဝင်ဖြစ်စေ တက်ရောက် နားထောင်ခွင့်ရှိသည့်အတွက် အထူးအဆန်း မဟုတ်ကြောင်း၊ မွန်ညီညွှတ်ရေးပါတီ MUP ၏ မူဝါဒအရ မည် သူမဆို တက်ရောက်နားထောင်ခွင့်ရှိသော်လည်း တိုင်းရင်းသားပါတီများနှင့်သာ မဟာမိတ်ဖွဲ့ထား သည် ဟု MUP က ဆိုသည်။

ထိုဝေဖန်မှုများနှင့် ပတ်သက်၍ မွန်ညီညွှတ်ရေးပါတီ MUP ပါတီမှ အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယီ တမ က “လက်ရှိ အနေအထားမှာ မဲဆွယ်စည်းရုံးရေးကာလမှာ ကျနော်တို့ ပါတီက အားကောင်းတဲ့ မြို့ နယ်တွေမှာ ပြိုင်ဖက် ပါတီအချို့ က ကျနော်တို့ ပါတီကို ဟိုပါတီနဲ့ ပေါင်းထားသလိုလို ဘယ်အဖွဲ့အစည်းနဲ့ မဟာမိတ် ပြုထားသလိုလို ပြည်သူကြားမှာ ကျနော်တို့ ပါတီကို ထင်ယောင်ထင်မှား ဖြစ်အောင် ပြောနေ တာတွေ ရှိတယ်။ ဒါက ရွေးကောက်ပွဲ အတွက်ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ကို တိုက်ခိုက်လာတဲ့ အခြေ အနေတွေ ရှိလာတာ အဲဒါကြောင့် ဘယ်သူပဲ ပြောသည်ဖြစ်စေ ကျနော်တို့က ဟိုအဖွဲ့နဲ့ ဒီအဖွဲ့နဲ့ မဟာမိတ် ပြုထားတယ်ဆိုတာ အဲဒီစကားကို ဘယ်ပါတီက ပြောသည်ဖြစ်စေ ဘယ်အဖွဲ့က ပြောသည်ဖြစ်စေ အဲဒီ စကားကို ကျနော်အနေနဲ့ ပယ်ချတယ်။ ကျနော်တို့က တိုင်းရင်းသား ပါတီတွေက လွဲရင် အခြား ဘယ်ပါတီ နဲ့မှ မဟာမိတ် ဖွဲ့ထားတာ မရှိသေးပါဘူး” ဟု သတင်းနှင့် မီဒီယာကွန်ရက် သို့ ပြောဆိုထားသည်။

လက်ရှိထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အ တွင်းရေးမှူး ဦးသဲရယ်ကလည်း ယခုကဲ့သို့ ပြောသည်။

“ကာချုပ်နဲ့ တွေ့တဲ့အခါမှာ သူတို့က တစ်ခါတည်း အဲဒီပွဲကို တက်လာတဲ့ ပါတီတွေကို မဟာမိတ် လုပ်မယ် ဆိုတဲ့ ပုံစံမျိုး သူတို့ ဖန်တီးလာတဲ့အခါကျတော့ ကျနော်တို့ ပါတီတွေ အနေနဲ့လည်း လက်မခံဘူးပေါ့။ ကျနော်တို့ကတော့ လက်ရှိ အဲဒီကာချုပ်နဲ့ လာတွေ့ ပြီးတော့မှ ပါလာတဲ့ ပါတီတွေနဲ့တော့ မဟာမိတ်လုပ်ဖို့ အခြေ အနေ မရှိဘူးပေါ့။ ကျနော်တို့ ပါတီကတော့ အဓိက တိုင်းရင်းသား ပါတီနဲ့ပဲ မဟာမိတ် လုပ်မယ်ဆို တဲ့ ကျနော်တို့ရဲ့ ပါတီသဘောထားလည်း အဲလိုရှိတဲ့အခါကျတော့ ဒီအပြင်မှာတော့ ဘာမှမသိရဘူး ပေါ့ နော်။ အဲဒီတစ်ခေါက်ကပဲ ကမ်းလှမ်းတာတော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကျနော်တို့တော့ လက်မခံပါဘူး။”

ပေါင်းစည်းထားကြသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှာ မွန်ညီညွှတ်ရေးပါတီ MUP၊ ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ KySDP နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD တို့ ဖြစ်သည်။

ထိုပါတီများမှာ ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ညွှန်ပေါင်းအစိုးရဖွဲ့ရန် သဘောထားရှိသည့် ပြည်နယ် အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးပါတီများ ဖြစ်ကြသည်။

*** ZAWGYI ***
တိုင္းရင္းသားပါတီမ်ား USDP နွင္႔ မဟာမိတ္ဖြဲ႕ျ ခင္းမရွိ

သတင္းႏွင့္ မီဒီယာကြန္ရက္
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၇ ရက္

ျပည္နယ္အေျခစိုက္ တိုင္းရင္းသား ပါတီမ်ားသည္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP ႏွင့္ မဟာမိတ္ဖြဲ႔ထားၿပီး ငြေၾကးဆိုင္ရာ အကူအညီမ်ား ရယူေနသည္ဟု ဆိုသည့္ သတင္းမ်ားမွာ မွန္ကန္မႈ မရွိေၾကာင္း တိုင္းရင္းသား ပါတီ ၅ ပါတီက က ေျပာဆိုလိုက္သည္။

ထိုသတင္းမ်ားမွာ ၾသဂုတ္ လကတည္းက စတင္ျပန္ႏွံ႔ေနခဲ့ၿပီး လက္ရွိအခ်ိန္တြင္လည္း မဲဆႏၵရွင္ ျပည္သူ မ်ား အၾကားအထိ ဆက္လက္ ျပန္႔ႏွံ႔ေနသည့္အတြက္ ထိုသတင္းမ်ားမွာ မွန္ကန္မႈမရွိေၾကာင္း ျပည္နယ္ အေျခစိုက္ တိုင္းရင္းသားပါတီမ်ားက တုန္႔ျပန္ေျပာဆိုလိုက္ျခင္းျဖစ္သည္။

ကခ်င္ျပည္နယ္ အေျခစိုက္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္းက “သတင္း အမွားျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ဟာ က်ေနာ္တို႔ ဘယ္ပါတီနဲ႔မွ က်ေနာ္တို႔က မဟာမိတ္ လုပ္ထားျခင္း မရွိပါဘူး။ အတူလက္တြဲေဆာင္ရြက္တာလည္း မရွိဘူး။ အဓိက က်ေနာ္တို႔ လက္တြဲေဆာင္ ရြက္တယ္ မဟာမိတ္ လုပ္တယ္ဆိုတာ တိုင္းရင္းသား ပူးေပါင္းပါတီေတြနဲ႔အတူ တျခားတိုင္းရင္းသားေတြနဲ႔ အတူတကြ လက္တြဲေဆာင္ရြက္တာပဲရွိပါတယ္။ ဒါေၾကာင့္မို႔လည္း ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပဲျဖစ္ျဖစ္ NLD ပဲျဖစ္ျဖစ္ က်ေနာ္တို႔ မဟာမိတ္လည္း မလုပ္ထားပါဘူး။ ပူးေပါင္းေဆာင္ရြက္တာလည္း မရွိပါဘူး” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၅ ရက္ေန႔ကလည္း ထန္တလန္ USDP ပါတီ၏ စည္းတံဆိပ္တံုးျဖင့္ ဆိုရွယ္မီဒီမ်ား ေပၚတြင္ ျပန္ႏွံ႔လာသည့္ စာကို အေၾကာင္းျပဳ၍ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ CNLD သည္ USDP ပါတီႏွင့္ မဟာမိတ္ဖြဲ႔ထားသည္ဟု ေျပာဆိုမႈမ်ားမွာလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလာခဲ့သည္။

အဆိုပါေျပာဆိုမႈမ်ားႏွင့္ ပတ္သက္၍ ခ်င္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ CNLD ဥကၠ႒ ဦးငိုင္ဆာ့ခ္ က “ထန္တလန္မွာက က်ေနာ္တို႔ အရင္က ေရြးေကာက္ပြဲ ေကာ္မရွင္မွာ ေရြးေကာက္ပြဲေကာ္မရွင္ ပါတီေတြကို မေတြ႕လို႔ စာေရးတုန္းက တခ်ိဳ႕လူေတြက အဲလိုစြပ္စြဲထားလို႔ က်ေနာ္တို႔ ျပန္ေျဖရွင္းထားတယ္။ ေၾကညာ ခ်က္အမွတ္ ၁/၂၀၂၀၊ ၂/၂၀၂၀၊ ၃/၂၀၂၀ စသျဖင့္ ထုတ္တယ္ေလ။ ထုတ္ေတာ့ မဟာမိတ္ မလုပ္ဘူး မဟာမိတ္ လုပ္ဖို႔လည္း အစီအစဥ္မရွိဘူးဆိုတာ ေၾကညာထားၿပီးသား အဲဒီအတိုင္းပါပဲေနာ္” ဟု ေျပာ သည္။

ယခုအခါတြင္ ထိုသတင္းအမွားမ်ားကို မဲဆႏၵရွင္ျပည္သူမ်ားအၾကားတြင္ လိုက္လံေျဖရွင္းေနရသည္ ဟု CNLD ဥကၠ႒ က ဆက္ေျပာသည္။

ဦးငိုင္ဆာ့ခ္က “အထူးသျဖင့္ NLD က အဲဒါကို တိုက္တာ အထူးသျဖင့္ ခ်င္းပါတီတစ္ခုတည္း မဟုတ္ဘူး ထင္တယ္။ တိုင္းရင္းသားပါတီ ငယ္ေလးေတြကို ဒီႀကံ့ခိုင္ေရးနဲ႔ ေပါင္းမယ္ဆိုၿပီးမွ စစ္တပ္နဲ႔ ေပါင္းမယ္ ဆို ၿပီးမွ အဲလိုသတင္းေတြ အလိမ္အညာေတြျဖန္႔တာမ်ားတယ္။ ဒီဖက္မွာ ခ်င္းေတာင္ဖက္မွာေတာ့ ဘာျဖစ္လို႔ လဲ ဆိုေတာ့ သူတို႔က သူတို႔အင္အားေကာင္းေအာင္ သူတို႔ရွင္းရွင္းေျပာရရင္ မဲအေနအထား မေကာင္းဘူး ဆိုရင္ေတာ့ တိုင္းရင္းသားပါတီေတြ အားေကာင္းလာတဲ့ အခါက်ေတာ့ စစ္တပ္နဲ႔ ေပးစားလိုက္ေပါ့ေနာ္၊ ႀကံ့ ခိုင္ေရးနဲ႔ ေပးစားလိုက္ဆိုရင္ ျပည္သူလူထုကလည္း ဒီဖက္မွာ အြန္လိုင္းေတြလည္း မရဘူး ဖုန္းလိုင္းေတြ လည္း မရတဲ့အခါက်ေတာ့ တခ်ိဳ႕ ျပည္သူေတြက ယံုတာေပါ့။ ယံုေတာ့ သူတို႔ မဲဆြယ္ေနၾကတာပဲ အဲဒါနဲ႔ ပါ ေနာ္။ အဲဒီအေပၚမွာလည္း သူတို႔ ဒီလိုမမွန္မကန္ ေျပာဆိုေနတာ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေတာ့ က်ေနာ္တို႔ လိုက္ရွင္းေနရတာေပါ့ေလ” ဟု ေျပာသည္။

ကရင္ျပည္နယ္ အေျခစိုက္ ကရင္အမ်ိဳးသား ဒီမိုက ရက္တစ္ပါတီ KNDP ဥကၠ႒ မန္းအာင္ျပည္စိုး ကလည္း “ဒီသတင္းအမွားေတြကေတာ့ အရမ္းအရမ္းေတာ့ မယံုၾကနဲ႔ေလ က်ေနာ္တို႔ကို ေမးျမန္းၿပီးေတာ့မွ ဒါက ေလာ္ဘီလုပ္တယ္လည္း ျဖစ္တယ္ေပါ့။ ဒီအခ်ိန္ကေတာ့ ပိုၿပီးေတာ့ ေလာ္ဘီလုပ္ၾကတာေပါ့ဗ်ာ။ က်ေနာ္တို႔ ခုန ေျပာသလိုေပါ့ေလ သတင္းမီဒီယာေတြလည္း အရမ္းအရမ္း နားေထာင္ၿပီးေတာ့ မေရးမိဖို႔ေတာ့ လိုတာ ေပါ့။ ေသခ်ာေမးျမန္းၿပီး ေျပာမွ ဒါအျဖစ္မွန္ကို ေရးသားေဖာ္ထုတ္ဖို႔ေတာ့ လိုတယ္ေပါ့ေလ ခုနက က်ေနာ္ တို႔ကေတာ့ ျပည္ခိုင္ၿဖိဳးကေတာ့ က်ေနာ္တို႔ဆီမွာ မလာပါဘူး။ လာၿပီးေတာ့လည္း စည္းရံုးတာလည္း မရွိပါ ဘူး။”

ထို႔အျပင္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၅ ရက္ေန႔ကလည္း ေရးၿမိဳ႕နယ္အတြင္းရွိ အစင္ေက်းရြာႏွင့္ ဇီးျဖဴ ေသာင္ေက်းရြာတို႔တြင္ မြန္ညီၫႊတ္ေရးပါတီ MUP မွ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္းရံုးေရး ေဟာ ေျပာစဥ္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ က ပါတီ၀င္အခ်ိဳ႕ တက္ေရာက္ခဲ့ၾကသည့္အေပၚ ေ၀ဖန္ မႈမ်ား ထြက္ေပၚခဲ့သည္။

မည္သည့္မဲဆြယ္စည္းရံုး ေဟာေျပာပြဲတြင္မဆို ျပည္သူမ်ားျဖစ္ေစ၊ မည္သည့္ ပါတီ၀င္ျဖစ္ေစ တက္ေရာက္ နားေထာင္ခြင့္ရွိသည့္အတြက္ အထူးအဆန္း မဟုတ္ေၾကာင္း၊ မြန္ညီၫႊတ္ေရးပါတီ MUP ၏ မူဝါဒအရ မည္ သူမဆို တက္ေရာက္နားေထာင္ခြင့္ရွိေသာ္လည္း တိုင္းရင္းသားပါတီမ်ားႏွင့္သာ မဟာမိတ္ဖြဲ႔ထား သည္ ဟု MUP က ဆိုသည္။

ထိုေ၀ဖန္မႈမ်ားႏွင့္ ပတ္သက္၍ မြန္ညီၫႊတ္ေရးပါတီ MUP ပါတီမွ အေထြေထြ အတြင္းေရးမွဴး ၁ ႏိုင္လယီ တမ က “လက္ရွိ အေနအထားမွာ မဲဆြယ္စည္းရံုးေရးကာလမွာ က်ေနာ္တို႔ ပါတီက အားေကာင္းတဲ့ ၿမိဳ႕ နယ္ေတြမွာ ၿပိဳင္ဖက္ ပါတီအခ်ိဳ႕ က က်ေနာ္တို႔ ပါတီကို ဟိုပါတီနဲ႔ ေပါင္းထားသလိုလို ဘယ္အဖြဲ႔အစည္းနဲ႔ မဟာမိတ္ ျပဳထားသလိုလို ျပည္သူၾကားမွာ က်ေနာ္တို႔ ပါတီကို ထင္ေယာင္ထင္မွား ျဖစ္ေအာင္ ေျပာေန တာေတြ ရွိတယ္။ ဒါက ေရြးေကာက္ပြဲ အတြက္ကို ရည္ရြယ္ၿပီးေတာ့ က်ေနာ္တို႔ကို တိုက္ခိုက္လာတဲ့ အေျခ အေနေတြ ရွိလာတာ အဲဒါေၾကာင့္ ဘယ္သူပဲ ေျပာသည္ျဖစ္ေစ က်ေနာ္တို႔က ဟိုအဖြဲ႔နဲ႔ ဒီအဖြဲ႔နဲ႔ မဟာမိတ္ ျပဳထားတယ္ဆိုတာ အဲဒီစကားကို ဘယ္ပါတီက ေျပာသည္ျဖစ္ေစ ဘယ္အဖြဲ႔က ေျပာသည္ျဖစ္ေစ အဲဒီ စကားကို က်ေနာ္အေနနဲ႔ ပယ္ခ်တယ္။ က်ေနာ္တို႔က တိုင္းရင္းသား ပါတီေတြက လြဲရင္ အျခား ဘယ္ပါတီ နဲ႔မွ မဟာမိတ္ ဖြဲ႔ထားတာ မရွိေသးပါဘူး” ဟု သတင္းႏွင့္ မီဒီယာကြန္ရက္ သို႔ ေျပာဆိုထားသည္။

လက္ရွိထြက္ေပၚေနသည့္ သတင္းမ်ားႏွင့္ ပတ္သက္၍ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP အ တြင္းေရးမႉး ဦးသဲရယ္ကလည္း ယခုကဲ့သို႔ ေျပာသည္။

“ကာခ်ဳပ္နဲ႔ ေတြ႕တဲ့အခါမွာ သူတို႔က တစ္ခါတည္း အဲဒီပြဲကို တက္လာတဲ့ ပါတီေတြကို မဟာမိတ္ လုပ္မယ္ ဆိုတဲ့ ပံုစံမ်ိဳး သူတို႔ ဖန္တီးလာတဲ့အခါက်ေတာ့ က်ေနာ္တို႔ ပါတီေတြ အေနနဲ႔လည္း လက္မခံဘူးေပါ့။ က်ေနာ္တို႔ကေတာ့ လက္ရွိ အဲဒီကာခ်ဳပ္နဲ႔ လာေတြ႕ ၿပီးေတာ့မွ ပါလာတဲ့ ပါတီေတြနဲ႔ေတာ့ မဟာမိတ္လုပ္ဖို႔ အေျခ အေန မရွိဘူးေပါ့။ က်ေနာ္တို႔ ပါတီကေတာ့ အဓိက တိုင္းရင္းသား ပါတီနဲ႔ပဲ မဟာမိတ္ လုပ္မယ္ဆို တဲ့ က်ေနာ္တို႔ရဲ႕ ပါတီသေဘာထားလည္း အဲလိုရွိတဲ့အခါက်ေတာ့ ဒီအျပင္မွာေတာ့ ဘာမွမသိရဘူး ေပါ့ ေနာ္။ အဲဒီတစ္ေခါက္ကပဲ ကမ္းလွမ္းတာေတာ့ ရွိခဲ့ဖူးတယ္။ ဒါေပမယ့္ က်ေနာ္တို႔ေတာ့ လက္မခံပါဘူး။”

ေပါင္းစည္းထားၾကသည့္ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီမ်ားမွာ မြန္ညီၫႊတ္ေရးပါတီ MUP၊ ကခ်င္ ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP၊ ကယားျပည္နယ္ ဒီမိုကရက္ တစ္ပါတီ KySDP ႏွင့္ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ CNLD တို႔ ျဖစ္သည္။

ထိုပါတီမ်ားမွာ ၂၀၂၀ ေရြးေကာက္ပြဲအလြန္တြင္ ၫႊန္ေပါင္းအစိုးရဖြဲ႔ရန္ သေဘာထားရွိသည့္ ျပည္နယ္ အေျခစိုက္ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား ျဖစ္ၾကသည္။