မွန်ပြည်သူ့စစ်က ခရိုင်အဆင့် တာဝန်ရှိသူကို လုပ်ကြံပစ်ခတ်ခဲ့ကြောင်း မွန်ပြည်သစ် စွပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်။

မွန်ပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူ တစ်ဦး သေဆုံးသွားသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူ က ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု စုံနံ့သာကျေးရွာခံသင်းတံတားအနီးတွင် အခြေစိုက်သည့် မွန်ပြည်သူ့ စစ်အဖွဲ့ မှသေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီအဆင့် တာဝန်ရှိသူ တစ်ဦး သေဆုံးသွားသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) က ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့ညက အဆိုပါ မွန်ပြည်သူ့စစ်အဖွဲ့ မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သည့်အတွက် လူ တစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသည့်အတွက် မွန်ပြည်သစ်ပါတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှ အတည်ပြု စိစစ်ခဲ့ရာ သေဆုံးသူသည် မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် နိုင်ဇော်လတ် ဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

“သူတို့ ဂိတ်စခန်းကို ပစ်လို့ သူတို့ ပြန်ပစ်လို့ သေဆုံးသွားတယ် ပြောတယ်၊ အဲဒါက မဖြစ်နိုင်ဘူး၊ စခန်းကို ပစ် ရင် ပစ္စတို လိုမျိုး လက်နက်ငယ် သုံးမှာတော့ မဟုတ်ဘူး၊ လက်နက်ကြီးတွေနဲ့ ပစ်မှာပေါ့၊ အခု သေသွားတဲ့ လူမှာ ပစ္စတိုတစ်လက် တွေ့တယ်၊ သေနေတဲ့နေရာကလဲ သူတို့စခန်းနဲ့ ၁ ဖာလုံကျော်လောက်ရှိတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သူ့စစ်အဖွဲ့ မှ နိုင်ရာဇာသည် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ၎င်းတို့စခန်းကို လာရောက် ပစ် ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ရာမှ လူတစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း ထုတ်ပြောထားသည်။

ထိုသို့ ထုတ်ပြောခြင်းသည် ၎င်းကျူးလွန်ခဲ့သည့်ဖြစ်စဉ်ကို ဖုံးကွယ်ရန်အတွက် လိမ်လည် သတင်းထုတ်ပြန် ခြင်းဖြစ်သည် ဟု မွန်ပြည်သစ်ပါတီ က ပြောသည်။

သေဆုံးသူ ရုပ်အလောင်းတွင် ကျန်ခဲ့သည့် ကျည်သည် မွန်ပြည်သူ့စစ်အဖွဲ့ မှ နိုင်ရာဇာ ကိုင်ဆောင်သည့် သေ နတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုင်ဇော်လတ် ရရှိထားသည့် ဒဏ်ရာအနေအထားသည်လည်း ပစ်ခတ် လုပ်ကြံခံခဲ့ရ ခြင်းဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီက ပြောထားသည်။

ဖြစ်စဉ် နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူတို့မှ တရားလိုပြုလုပ်၍ ရေးမြို့မ ရဲစခန်း တွင် အောက်တိုဘာ ၁၆ ရက်နေ့က ပ-၅၂၁/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားတိုင်ကြား ထား သည်။

နိုင်ရာဇာကို အခင်းဖြစ်ပြီး နောက်ရက်တွင် ဖမ်းဆီးရမိထားသည် ဟု ရေးမြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးဝင်းမြင့်က ပြောသည်။

၂၀၀၉ ခုနှစ်တုန်းကလည်း မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီအဆင့်ရှိသူ နိုင်မင်းနောင်ကို မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ မှ လုပ်ကြံပစ်ခတ်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် တစ်ခုလည်း ရှိခဲ့သည်။

ရေးမြို့နယ်သည် မွန်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့ ပေါင်းစုံရှိသည့် မြို့နယ် တစ်ခုဖြစ်သည်။

ရေးမြို့နယ်အတွင်း တပ်မတော်အပြင် မွန်ပြည်သစ်ပါတီ(NMSP)၊ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ ၊ မွန် ပြည်သူ့စစ်အဖွဲ့ များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အခြားမွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် လက်နက်ကိုင်အစုအဖွဲ့များ မြေမြှုပ်မိုင်းပေါက်ကွဲမှုများလည်း မကြာခဏဖြစ်ပွားနေသည့် နေရာဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္သူ႔စစ္က ခရိုင္အဆင့္ တာဝန္ရွိသူကို လုပ္ၾကံပစ္ခတ္ခဲ့ေၾကာင္း မြန္ျပည္သစ္ စြပ္စြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၇ ရက္။

မြန္ျပည္သူ႔စစ္အဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ မြန္ျပည္သစ္ပါတီမွ တာဝန္ရွိသူ တစ္ဦး ေသဆံုးသြားသည္ဟု မြန္ျပည္သစ္ပါတီ တာဝန္ရွိသူ က ေျပာသည္။

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ အာယုေတာင္ေက်း႐ြာအုပ္စု စုံနံ႔သာေက်း႐ြာခံသင္းတံတားအနီးတြင္ အေျခစိုက္သည့္ မြန္ျပည္သူ႔ စစ္အဖြဲ႕ မွေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခဲ့သည့္အတြက္ မြန္ျပည္သစ္ပါတီ ခ႐ိုင္ေကာ္မတီအဆင့္ တာဝန္ရွိသူ တစ္ဦး ေသဆုံးသြားသည္ဟု မြန္ျပည္သစ္ပါတီ (NMSP) က ေျပာသည္။

ေအာက္တိုဘာ ၁၅ ရက္ေန႔ညက အဆိုပါ မြန္ျပည္သူ႔စစ္အဖြဲ႕ မွ ေသနတ္ျဖင့္ ပစ္ခတ္လိုက္သည့္အတြက္ လူ တစ္ဦး ေသဆုံးေနေၾကာင္း သတင္းရရွိသည့္အတြက္ မြန္ျပည္သစ္ပါတီႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕တို႔မွ အတည္ျပဳ စိစစ္ခဲ့ရာ ေသဆုံးသူသည္ မြန္ျပည္သစ္ပါတီ ခ႐ိုင္ေကာ္မတီဝင္ ႏိုင္ေဇာ္လတ္ ျဖစ္ေၾကာင္း အတည္ ျပဳႏိုင္ခဲ့သည္ဟု မြန္ျပည္သစ္ပါတီက ေအာက္တိုဘာ ၁၆ ရက္ေန႔က ထုတ္ျပန္ထားသည္။

“သူတို႔ ဂိတ္စခန္းကို ပစ္လို႔ သူတို႔ ျပန္ပစ္လို႔ ေသဆုံးသြားတယ္ ေျပာတယ္၊ အဲဒါက မျဖစ္ႏိုင္ဘူး၊ စခန္းကို ပစ္ ရင္ ပစၥတို လိုမ်ိဳး လက္နက္ငယ္ သုံးမွာေတာ့ မဟုတ္ဘူး၊ လက္နက္ႀကီးေတြနဲ႔ ပစ္မွာေပါ့၊ အခု ေသသြားတဲ့ လူမွာ ပစၥတိုတစ္လက္ ေတြ႕တယ္၊ ေသေနတဲ့ေနရာကလဲ သူတို႔စခန္းနဲ႔ ၁ ဖာလုံေက်ာ္ေလာက္ရွိတယ္” ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာတာဝန္ခံ ႏိုင္ဗညားလယ္က ေျပာသည္။

မြန္ျပည္သူ႔စစ္အဖြဲ႕ မွ ႏိုင္ရာဇာသည္ အမည္မသိ လက္နက္ကိုင္အဖြဲ႕တစ္ခုမွ ၎တို႔စခန္းကို လာေရာက္ ပစ္ ခတ္ခဲ့သျဖင့္ ျပန္လည္ပစ္ခတ္ရာမွ လူတစ္ဦးေသဆုံးသြားျခင္းျဖစ္ေၾကာင္း ထုတ္ေျပာထားသည္။

ထုိသို႔ ထုတ္ေျပာျခင္းသည္ ၎က်ဴးလြန္ခဲ့သည့္ျဖစ္စဥ္ကို ဖုံးကြယ္ရန္အတြက္ လိမ္လည္ သတင္းထုတ္ျပန္ ျခင္းျဖစ္သည္ ဟု မြန္ျပည္သစ္ပါတီ က ေျပာသည္။

ေသဆုံးသူ ႐ုပ္အေလာင္းတြင္ က်န္ခဲ့သည့္ က်ည္သည္ မြန္ျပည္သူ႔စစ္အဖြဲ႕ မွ ႏိုင္ရာဇာ ကိုင္ေဆာင္သည့္ ေသ နတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ႏိုင္ေဇာ္လတ္ ရရွိထားသည့္ ဒဏ္ရာအေနအထားသည္လည္း ပစ္ခတ္ လုပ္ႀကံခံခဲ့ရ ျခင္းျဖစ္ေၾကာင္း စစ္ေဆးအတည္ျပဳႏိုင္ခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ မြန္ျပည္သစ္ပါတီက ေျပာထားသည္။

ျဖစ္စဥ္ ႏွင့္ ပတ္သက္၍ မြန္ျပည္သစ္ပါတီ ထားဝယ္ခ႐ိုင္တာဝန္ရွိသူတို႔မွ တရားလိုျပဳလုပ္၍ ေရးၿမိဳ႕မ ရဲစခန္း တြင္ ေအာက္တိုဘာ ၁၆ ရက္ေန႔က ပ-၅၂၁/၂၀၂၀ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားတိုင္ၾကား ထား သည္။

ႏိုင္ရာဇာကို အခင္းျဖစ္ၿပီး ေနာက္ရက္တြင္ ဖမ္းဆီးရမိထားသည္ ဟု ေရးၿမိဳ႕မရဲစခန္းမွ စခန္းမႉး ရဲမႉးဝင္းျမင့္က ေျပာသည္။

၂၀၀၉ ခုႏွစ္တုန္းကလည္း မြန္ျပည္သစ္ပါတီ ခ႐ိုင္ေကာ္မတီအဆင့္ရွိသူ ႏိုင္မင္းေနာင္ကို မြန္ၿငိမ္းခ်မ္းေရး ကာကြယ္ေရးတပ္ဖြဲ႕ မွ လုပ္ႀကံပစ္ခတ္ကာ သတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္ တစ္ခုလည္း ရွိခဲ့သည္။

ေရးၿမိဳ႕နယ္သည္ မြန္ျပည္နယ္အတြင္း လက္နက္ကို္င္အဖြဲ႕ ေပါင္းစံုရွိသည့္ ၿမိဳ႕နယ္ တစ္ခုျဖစ္သည္။

ေရးၿမိဳ႕နယ္အတြင္း တပ္မေတာ္အျပင္ မြန္ျပည္သစ္ပါတီ(NMSP)၊ မြန္ၿငိမ္းခ်မ္းေရး ကာကြယ္ေရးတပ္ဖြဲ႕ ၊ မြန္ ျပည္သူ႔စစ္အဖြဲ႕ မ်ား၊ ကရင္အမ်ိဳးသားအစည္းအရံုး(KNU)၊ အျခားမြန္ျပည္သစ္ပါတီမွ ခြဲထြက္ထားသည့္ လက္နက္ကိုင္အစုအဖြဲ႕မ်ား ေျမျမွဳပ္မိုင္းေပါက္ကြဲမႈမ်ားလည္း မၾကာခဏျဖစ္ပြားေနသည့္ ေနရာျဖစ္သည္။