ဖမ်းဆီးထားသော ကိုယ်စားလှယ်လောင်းများ လွှတ်ပေးရန် သံရုံးအချို့နှင့် အဖွဲ့အစည်း အချို့ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ၃ ဦး ကို အမြန်ဆုံးပြန်လွှတ်ပေးရန် နိုင်ငံခြား သံရုံးအချို့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့က တောင်းဆို လိုက်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့က AA က ရွေးကောက်ပွဲဝင်မည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦး ကို ဖမ်းဆီးကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးထားသူများကို အမှန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်၊ ပြင်သစ်၊ ကနေဒါ သံရုံးများနှင့် AAPP က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကနေဒါသံရုံး၏ ထုတ်ပြန်ချက်ထဲတွင် “ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြန်ပေးဆွဲခြင်း အပါအဝင် ခြိမ်း ခြောက်ခြင်းနှင့် အကြမ်းဖက်ခြင်းများအတွက် နေရာမရှိပါ။ အကြမ်းဖက်ခြင်း (သို့) အကြမ်းဖက်ရန် ခြိမ်း ခြောက်ခြင်းများသည် မည်သည့်အခါကမျှ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် လက်ခံနိုင် ဖွယ်ရှိသော နည်းလမ်း တစ်ခု မဟုတ်ပေ။ မကျေနပ်ချက်များကို ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံတွင် လုံခြုံပြီး ငြိမ်းချမ်းသော မဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲ ကာလ တစ်ခု ဖော်ဆောင်နိုင်ရန် ပဋိပက္ခများကို ရပ် တန့်ပြီး နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်းများကို လုပ်ဆောင်ကြပါရန် ကနေဒါ သံရုံး အနေဖြင့် ထပ်မံ တိုက် တွန်းလိုပါသည်” ဟု အောက်တိုဘာလ ၂၀ ရက်နေ့က တောင်းဆိုထားသည်။

ထို့အပြင် အမေရိကန်သံရုံးကလည်း ကနေဒါသံရုံး၏ တောင်းဆိုမှုအတိုင်း တောင်းဆိုထားသည်ကို တွေ့ရသည်။

“ဒီမိုကရေစီစနစ်တစ်ခုအတွင်း၌ လွှတ်တော် ကိုယ်စားလှယ်လောင်းအားလုံး လုံခြုံဘေးကင်းစွာ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်နိုင်သင့်ပါသည်” ဟု အမေရိကန်သံရုံးက ပြောသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်မှုများ ရှိနေသကဲ့သို့ တဖက်တွင် ရွေးကောက်ပွဲအပေါ် ထိခိုက်မည်ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများက စိုးရိမ် သည်ဟု ၎င်းတို့၏ ထုတ်ပြန်တောင်းဆိုချက်များထဲတွင် ရေးသားထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း အောက်တိုဘာလ ၂၁ ရက်နေ့ထုတ်ပြန်ချက်တွင် “မည်သည့် ပါတီ၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကိုမဆို တရားလက်လွတ် ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည့် အပြင် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကို ထိခိုက်စေသည်ဟု ရှုမြင်ပါသည်” ဟု ရေးသားထားသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “၃ ယောက်အဖမ်းခံရရုံနဲ့တော့ ရွေးကောက် ပွဲက ထိခိုက်မယ်ဆိုလို့ရှိရင် ရခိုင်မှာ လူတွေ အများကြီသေ အများကြီး ဒဏ်ရာရတာကို ရွေးကောက်ပွဲကို မထိခိုက်ဘူးလားလို့ မေးစရာရှိတယ်နော။ အဲဒီတော့ အဲဒီနေ့ မှာပဲ ကလေးတွေသေကြ ကျောင်းဆရာတွေ သေကြ အဲလိုတွေ ဖြစ်နေတာကိုး အဲဒီတော့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်သည် ဆိုတာထက် ရခိုင်မှာ ဖြစ်နေ တဲ့ စစ်ပွဲတွေ မရပ်တန့်နိုင်ရင် ရွေးကောက်ပွဲ ကိုရော ထိခိုက်မ လားဆိုလို့ရှိရင်တော့ ထိခိုက်နိုင်တယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် အဲဒီအကြောင်းချက် တစ်ခုတည်းနဲ့ ကြည့် လို့မရဘူးပေါ့နော်” ဟု ပြောသည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ၃ ဦး ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် အဖမ်းခံရသူများကို လွှတ်ပေးမည်ဆိုပါ က တောင်ကုတ်မြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ၃ ဦးအား အောက်တိုဘာလ ၁၄ ရက်နေ့က ခေါ်ဆောင်ခြင်းနှင့် ပတ် သက်၍ အောက်တိုဘာလ ၁၉ ရက်နေ့က AA ၏ ရှင်းလင်းထုတ်ပြန်ချက်ထဲတွင် “NLD အစိုးရ အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး သမားများ အပြစ်မဲ့ ရခိုင်ပြည်သူများ နှင့် ငြိမ်းချမ်း ရေးအ တွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသား များအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ ၃ ဦးကို အမြန် ဆုံး ပြန်လွှတ်ပေးမည်” ဟု ထည့်သွင်းထားသည်။

ULA/AA ၏ ဖမ်းဆီးခေါ်ဆောင် ခံရသူ ၃ ဦးစလုံးသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ် ပြီး ၎င်းတို့ ၃ ဦးမှာ ဦးမင်းအောင်က ပြည်နယ်လွှတ်တော်နေရာ၊ ဒေါ်နီနီမေမြင့်က ပြည်သူ့လွှတ်တော်နေ ရာ၊ ဒေါ်ချစ်ချစ်ချောက အမျိုးသားလွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရ သည်။

၎င်းတို့ သုံးဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးရေး ဆင်းနေစဉ် ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

*** ZAWGYI ***
ဖမ္းဆီးထားေသာ ကိုယ္စားလွယ္ေလာင္းမ်ား လႊတ္ေပးရန္ သံရံုးအခ်ဳိ႔နွင့္ အဖြဲ႔အစည္း အခ်ိဳ႔ ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ NLD ပါတီ၏ ကိုယ္စားလွယ္ေလာင္း ၃ ဦး ကို အျမန္ဆံုးျပန္လႊတ္ေပးရန္ နိုင္ငံျခား သံရံုးအခ်ဳိ႔နွင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP တို႔က ေတာင္းဆို လိုက္သည္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔က AA က ေရြးေကာက္ပြဲ၀င္မည့္ NLD ကိုယ္စားလွယ္ေလာင္း ၃ ဦး ကို ဖမ္းဆီးေၾကာင္း ထုတ္ျပန္ခဲ့ၿပီးေနာက္ ဖမ္းဆီးထားသူမ်ားကို အမွန္ဆံုးျပန္လႊတ္ေပးရန္ အေမရိကန္၊ ျပင္သစ္၊ ကေနဒါ သံရံုးမ်ားႏွင့္ AAPP က ေတာင္းဆိုလိုက္ျခင္း ျဖစ္သည္။

ကေနဒါသံရံုး၏ ထုတ္ျပန္ခ်က္ထဲတြင္ “ဒီမိုကေရစီ စနစ္တစ္ခုတြင္ ျပန္ေပးဆြဲျခင္း အပါအဝင္ ၿခိမ္း ေျခာက္ျခင္းႏွင့္ အၾကမ္းဖက္ျခင္းမ်ားအတြက္ ေနရာမရွိပါ။ အၾကမ္းဖက္ျခင္း (သို႔) အၾကမ္းဖက္ရန္ ၿခိမ္း ေျခာက္ျခင္းမ်ားသည္ မည္သည့္အခါကမွ် ႏိုင္ငံေရး ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေရးအတြက္ လက္ခံႏိုင္ ဖြယ္ရွိေသာ နည္းလမ္း တစ္ခု မဟုတ္ေပ။ မေက်နပ္ခ်က္မ်ားကို ေျဖရွင္းရန္ႏွင့္ ျမန္မာႏိုင္ငံတြင္ လုံၿခဳံၿပီး ၿငိမ္းခ်မ္းေသာ မဲဆြယ္စည္း႐ုံးေရးႏွင့္ ေ႐ြးေကာက္ပြဲ ကာလ တစ္ခု ေဖာ္ေဆာင္ႏိုင္ရန္ ပဋိပကၡမ်ားကို ရပ္ တန႔္ၿပီး ႏိုင္ငံေရး ေဆြးေႏြး အေျဖရွာျခင္းမ်ားကို လုပ္ေဆာင္ၾကပါရန္ ကေနဒါ သံ႐ုံး အေနျဖင့္ ထပ္မံ တိုက္ တြန္းလိုပါသည္” ဟု ေအာက္တိုဘာလ ၂၀ ရက္ေန႔က ေတာင္းဆိုထားသည္။

ထို႔အျပင္ အေမရိကန္သံရံုးကလည္း ကေနဒါသံရုံး၏ ေတာင္းဆိုမႈအတိုင္း ေတာင္းဆိုထားသည္ကို ေတြ႔ရသည္။

“ဒီမိုကေရစီစနစ္တစ္ခုအတြင္း၌ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအားလုံး လုံၿခဳံေဘးကင္းစြာ မဲဆြယ္ စည္း႐ုံးေရး ေဆာင္႐ြက္ႏိုင္သင့္ပါသည္” ဟု အေမရိကန္သံရံုးက ေျပာသည္။

ယခုကဲ့သို႔ ကို္ယ္စားလွယ္ေလာင္း ၃ ဦး ဖမ္းဆီးခံရျခင္းႏွင့္ ပတ္သက္၍ ၎တို႔၏ လံုၿခံဳေရးကို စိုးရိမ္မႈမ်ား ရွိေနသကဲ့သုိ႔ တဖက္တြင္ ေရြးေကာက္ပြဲအေပၚ ထိခိုက္မည္ကိုလည္း ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားက စိုးရိမ္ သည္ဟု ၎တို႔၏ ထုတ္ျပန္ေတာင္းဆိုခ်က္မ်ားထဲတြင္ ေရးသားထားသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကလည္း ေအာက္တိုဘာလ ၂၁ ရက္ေန႔ထုတ္ျပန္ခ်က္တြင္ “မည္သည့္ ပါတီ၏ ေ႐ြးေကာက္ပြဲဝင္ ကိုယ္စားလွယ္ေလာင္းမ်ားကိုမဆို တရားလက္လြတ္ ၿခိမ္းေျခာက္ ျခင္း၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းသည္ ျပည္သူမ်ား၏ အေျခခံလူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ရာ ေရာက္သည့္ အျပင္ ေ႐ြးေကာက္ပြဲ၏ လြတ္လပ္တရားမွ်တမႈကို ထိခိုက္ေစသည္ဟု ရႈျမင္ပါသည္” ဟု ေရးသားထားသည္။

တိုင္းရင္းသားအေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး က “၃ ေယာက္အဖမ္းခံရရံုနဲ႔ေတာ့ ေရြးေကာက္ ပြဲက ထိခိုက္မယ္ဆိုလို႔ရွိရင္ ရခိုင္မွာ လူေတြ အမ်ားႀကီေသ အမ်ားႀကီး ဒဏ္ရာရတာကို ေရြးေကာက္ပြဲကို မထိခိုက္ဘူးလားလို႔ ေမးစရာရွိတယ္ေနာ။ အဲဒီေတာ့ အဲဒီေန႔ မွာပဲ ကေလးေတြေသၾက ေက်ာင္းဆရာေတြ ေသၾက အဲလိုေတြ ျဖစ္ေနတာကိုး အဲဒီေတာ့ ေရြးေကာက္ပြဲနဲ႔ သက္ဆိုင္သည္ ဆိုတာထက္ ရခိုင္မွာ ျဖစ္ေန တဲ့ စစ္ပြဲေတြ မရပ္တန္႔ႏိုင္ရင္ ေရြးေကာက္ပြဲ ကိုေရာ ထိခိုက္မ လားဆိုလို႔ရွိရင္ေတာ့ ထိခိုက္ႏိုင္တယ္လို႔ ေျပာရမွာေပါ့။ ဒါေပမယ့္ အဲဒီအေၾကာင္းခ်က္ တစ္ခုတည္းနဲ႔ ၾကည့္ လို႔မရဘူးေပါ့ေနာ္” ဟု ေျပာသည္။

အဆိုပါ ကိုယ္စားလွယ္ေလာင္း ၃ ဦး ကိစၥႏွင့္ ပတ္သက္၍ ရခိုင္ျပည္နယ္အတြင္းက စစ္ေရးႏွင့္ ႏိုင္ငံေရး ပဋိပကၡမ်ားေၾကာင့္ အဖမ္းခံရသူမ်ားကို လႊတ္ေပးမည္ဆိုပါ က ေတာင္ကုတ္ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ NLD ကိုယ္စားလွယ္ေလာင္း ၃ ဦးကို ျပန္လႊတ္ေပးမည္ဟု ရကၡိဳင္အမ်ိဳးသား အဖြဲ႔ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္ ULA/AA က ထုတ္ျပန္ထားသည္။

ေတာင္ကုတ္ၿမိဳ႕နယ္ NLD အဖြဲ႔၀င္ ၃ ဦးအား ေအာက္တိုဘာလ ၁၄ ရက္ေန႔က ေခၚေဆာင္ျခင္းႏွင့္ ပတ္ သက္၍ ေအာက္တုိဘာလ ၁၉ ရက္ေန႔က AA ၏ ရွင္းလင္းထုတ္ျပန္ခ်က္ထဲတြင္ “NLD အစိုးရ အေနျဖင့္ မတရားဖမ္းဆီးထိန္းသိမ္းထားေသာ ႏိုင္ငံေရး သမားမ်ား အျပစ္မဲ့ ရခိုင္ျပည္သူမ်ား ႏွင့္ ၿငိမ္းခ်မ္း ေရးအ တြက္ ေတာင္းဆိုဆႏၵျပခဲ့ၾကသည့္ ေက်ာင္းသား မ်ားအား ႁခြင္းခ်က္မရွိ အျမန္ဆံုး ျပန္လႊတ္ေပးမည္ဆိုပါက မိမိတို႔အေနျဖင့္လည္း အဆိုပါ ၃ ဦးကို အျမန္ ဆံုး ျပန္လႊတ္ေပးမည္” ဟု ထည့္သြင္းထားသည္။

ULA/AA ၏ ဖမ္းဆီးေခၚေဆာင္ ခံရသူ ၃ ဦးစလံုးသည္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ ျပဳလုပ္မည့္ အေထြေထြ ေရြးေကာက္ပြဲကို ေတာင္ကုတ္ၿမိဳ႕နယ္မွ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား ျဖစ္ ၿပီး ၎တို႔ ၃ ဦးမွာ ဦးမင္းေအာင္က ျပည္နယ္လႊတ္ေတာ္ေနရာ၊ ေဒၚနီနီေမျမင့္က ျပည္သူ႔လႊတ္ေတာ္ေန ရာ၊ ေဒၚခ်စ္ခ်စ္ေခ်ာက အမ်ိဳးသားလႊတ္ေတာ္ ေနရာတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္ဟု သိရ သည္။

၎တို႔ သံုးဦးသည္ ေအာက္တိုဘာလ ၁၄ ရက္ေန႔က ေတာင္ကုတ္ၿမိဳ႕နယ္ ေဖာင္းခါးေက်းရြာတြင္ ေရြး ေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ မဲဆြယ္ စည္းရံုးေရး ဆင္းေနစဥ္ ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးေခၚ ေဆာင္သြားျခင္းျဖစ္သည္။