မွန်ပြည်နယ် နောက်ဆုံး မဲစာရင်းတွင် မပါသဖြင့် ထပ်မံလျောက်ထားသူ ၂၅၀၀၀ ခန့်ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

မွန်ပြည်နယ်တွင် နောက်ဆုံးအကြိမ် မဲစာရင်းကပ်ထားကြေညာခဲ့သည့် ၁၄ ရက်အတွင်း မဲစာရင်းထဲမပါသည့် အတွက် ပြန်လျှောက်ထားသူ ၂၅၀၀၀ နီးပါရှိသည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံ မှ သိရသည်။

မဲစာရင်းတွင် မပါ၍ ပုံစံ (၃) ဖြင့် ပြန် လည် လျှောက်ထားသူ သထုံခရိုင် တွင် ၁၀၄၅၈ ဦးရှိသည်ဟု သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။

“သထုံခရိုင်မှာ ၄ မြို့နယ်ရှိတယ် အဲဒီ ၄ မြို့နယ်မှာ နောက်ဆုံး အကြိမ်ပေါ့ မဲစာရင်းမှာ မပါလို့ ပြန်လျှောက်ထားသူက ၁၀၄၅၈ ရှိပါတယ်” ဟု သထုံခရိုင် ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦး က ပြောသည်။

ထို့အပြင် သထုံခရိုင်၌ မဲစာရင်းတွင် မပါသင့်သူများ ပါနေသည့်အတွက် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၁၂၀၀ ကျော်နှင့် အချက်အလက်မှားယွင်း၍ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်သူ ၃၀၀၀ ကျော်ရှိသည်ဟုလည်း ၎င်းက ဆက် ပြောသည်။

မော်လမြိုင်ခရိုင် အတွင်းက မြို့နယ် ၆ မြို့နယ်အတွင်း မဲစာရင်းထဲမပါလို့ ပုံစံ (၃) ဖြင့် ပြန်လျှောက်ထားသူ ၁၄၅၀၀ ကျော်ရှိသည် ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ က ပြောသည်။

မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က “ပုံစံ (၃) ဖြင့် ပြန်လျှောက်တာ က ခရိုင်ချုပ်အနေနဲ့ အားလုံး ၁၄၅၉၁ ဦးရှိပါတယ်” ဟု ပြောသည်။

မော်လမြိုင်ခရိုင်၌ မဲစာရင်းတွင် မပါသင့်သည့်သူများ ပါနေသဖြင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၁၆၀၀ ကျော်နှင့် အချက်အလက်မှားယွင်း၍ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်သူ ၃၂၀၀ ကျော်ရှိသည်ဟုလည်း ဦးထင်ကျော် က ဆက် ပြောသည်။

နောက်ဆုံးအကြိမ် မဲစာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်/ကျွေး ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲတို့တွင် ကပ်ထားကြေညာပေးခဲ့သည့်အပြင် အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်အောင် လည်း ကော်မရှင်က ဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးအကြိမ် ကပ်ထားသည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော် ရှိနေသည်။

*** ZAWGYI ***
မြန္ျပည္နယ္ ေနာက္ဆံုး မဲစာရင္းတြင္ မပါသျဖင့္ ထပ္မံေလ်ာက္ထားသူ ၂၅၀၀၀ ခန္႔ရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။

မြန္ျပည္နယ္တြင္ ေနာက္ဆုံးအႀကိမ္ မဲစာရင္းကပ္ထားေၾကညာခဲ့သည့္ ၁၄ ရက္အတြင္း မဲစာရင္းထဲမပါသည့္ အတြက္ ျပန္ေလွ်ာက္ထားသူ ၂၅၀၀၀ နီးပါရွိသည္ဟု ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲထံ မွ သိရသည္။

မဲစာရင္းတြင္ မပါ၍ ပုံစံ (၃) ျဖင့္ ျပန္ လည္ ေလွ်ာက္ထားသူ သထုံခ႐ိုင္ တြင္ ၁၀၄၅၈ ဦးရွိသည္ဟု သထုံခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲထံမွ သိရသည္။

“သထုံခ႐ိုင္မွာ ၄ ၿမိဳ႕နယ္ရွိတယ္ အဲဒီ ၄ ၿမိဳ႕နယ္မွာ ေနာက္ဆုံး အႀကိမ္ေပါ့ မဲစာရင္းမွာ မပါလို႔ ျပန္ေလွ်ာက္ထားသူက ၁၀၄၅၈ ရွိပါတယ္” ဟု သထုံခ႐ိုင္ ေ႐ြးေကာက္ပြဲ ေကာ္ မရွင္ အဖြဲ႕ ခြဲ အတြင္းေရးမႉး ဦးသက္ႏိုင္ဦး က ေျပာသည္။

ထို႔အျပင္ သထုံခ႐ိုင္၌ မဲစာရင္းတြင္ မပါသင့္သူမ်ား ပါေနသည့္အတြက္ ပုံစံ (၄) ျဖင့္ ကန႔္ကြက္သူ ၁၂၀၀ ေက်ာ္ႏွင့္ အခ်က္အလက္မွားယြင္း၍ ပုံစံ (၄-ဂ) ျဖင့္ ျပင္ဆင္သူ ၃၀၀၀ ေက်ာ္ရွိသည္ဟုလည္း ၎က ဆက္ ေျပာသည္။

ေမာ္လၿမိဳင္ခ႐ိုင္ အတြင္းက ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္အတြင္း မဲစာရင္းထဲမပါလို႔ ပုံစံ (၃) ျဖင့္ ျပန္ေလွ်ာက္ထားသူ ၁၄၅၀၀ ေက်ာ္ရွိသည္ ဟု ေမာ္လၿမိဳင္ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ က ေျပာသည္။

ေမာ္လၿမိဳင္ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ အတြင္းေရးမႉး ဦးထင္ေက်ာ္က “ပုံစံ (၃) ျဖင့္ ျပန္ေလွ်ာက္တာ က ခ႐ိုင္ခ်ဳပ္အေနနဲ႔ အားလုံး ၁၄၅၉၁ ဦးရွိပါတယ္” ဟု ေျပာသည္။

ေမာ္လၿမိဳင္ခ႐ိုင္၌ မဲစာရင္းတြင္ မပါသင့္သည့္သူမ်ား ပါေနသျဖင့္ ပုံစံ (၄) ျဖင့္ ကန႔္ကြက္သူ ၁၆၀၀ ေက်ာ္ႏွင့္ အခ်က္အလက္မွားယြင္း၍ ပုံစံ (၄-ဂ) ျဖင့္ ျပင္ဆင္သူ ၃၂၀၀ ေက်ာ္ရွိသည္ဟုလည္း ဦးထင္ေက်ာ္ က ဆက္ ေျပာသည္။

ေနာက္ဆုံးအႀကိမ္ မဲစာရင္းကို ေအာက္တိုဘာ ၁ ရက္ေန႔မွ ၁၄ ရက္ေန႔အထိ သက္ဆိုင္ရာ ရပ္/ေကြၽး ေ႐ြး ေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲတို႔တြင္ ကပ္ထားေၾကညာေပးခဲ့သည့္အျပင္ အြန္လိုင္းမွတဆင့္ ၾကည့္ရႈႏိုင္ေအာင္ လည္း ေကာ္မရွင္က ေဆာင္႐ြက္ေပးခဲ့သည္။

ေနာက္ဆုံးအႀကိမ္ ကပ္ထားသည့္ မဲစာရင္းအရ မြန္ျပည္နယ္တြင္ မဲေပးပိုင္ခြင့္ရွိသူ ၁၈ သိန္းေက်ာ္ ရွိေနသည္။