COVID-19 တိုးများလာနေ၍ မြစ်ကြီးနားမြို့အဝင် တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါပိုးရှိသူ တိုးများလာနေသည့်အတွက် မြို့နယ် နှစ်မြို့နယ်ကို အိမ်တွင်နေရန် (Stay at Home) သတ်မှတ်လိုက်ပြီး မြို့တော် မြစ်ကြီးနား အဝင်ကို ပိုမို စစ်ဆေးမှုများ လုပ်နေသည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြစ်ကြီးနား မြို့နယ် COVID- 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးအပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသန်းဝင်းက ပြောသည်။

“မနေ့ကပဲ မြန်မာ့အသံက ကြေ ညာသွားတဲ့ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တွေကို stay at home အ ဖြစ် ကြေညာတဲ့ဟာ ဖြစ်ပါ တယ်။ အဲဒီ stay at home တွေသည် ယနေ့မနက် ၈ နာရီမှာ အာဏာသက် ရောက်တာ ဖြစ်တဲ့အတွက် တစ်ချို့ နယ်ဖက်ကလာတဲ့ ပြည်သူတွေသည် မသိတာဖြစ်တဲ့အတွက် ဒီနေ့က တော့ မြစ်ကြီးနားမြို့နယ်ထဲကို သက် ဆိုင်ရာ ထောက်ခံချက်တွေ ပြသပြီးတော့မှ အဝင်ခံနေတာဖြစ် ပါ တယ်။ နောက်ပိုင်းမှာတော့ stay at home ဖြစ်တဲ့အတွက် သူမြို့နယ်ထဲမှာပဲ သွားလာ လှုပ်ရှားလို့ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျနော်တို့ သေချာစနစ်တကျ စီစစ်ပြီးတော့မှ ရောဂါကူးစက်မှု မရှိအောင် ကျနော်တို့ ဆောင်ရွက် သွားဖို့လည်း ဖြစ်ပါ တယ်”

အခြား မြို့နယ်မှ မြစ်ကြီးနားသို့ လာရောက်မည့် ပြည်သူများ အနေဖြင့် မိမိတို့ နေထိုင်ရာ ဒေသမှ သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူဆောင်လာရမည်ဖြစ်ပြီး အခြား ပြည် နယ်နှင့် တိုင်းဒေသကြီးမှ ပြည်သူများမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထောက်ခံစာ အပြင် ဆေးထောက် ခံစာကိုပါ ယူဆောင်လာရ မည်ဟု ဦးသန်းဝင်း က ဆက်ပြောသည်။

သက်ဆိုင်ရာ အထောက်အထား ပြည့်ပြည့်စုံစုံ ယူဆောင် မလာပါက ၎င်းတို့ လာရောက်ရာ ဒေသသို့ ပြန် လည်စေလွှတ်ခြင်း ခံရမည် ဟု ဆိုသည်။

“တစ်ချို့တွေကတော့ Quarantine ဝင်ချင်ပါတယ်။ မပြန်ဘူးဆိုရင်လည်း ကျနော်တို့ Quarantine center မှာလည်း ဒီနေ့အထိဆိုရင် လူက နှစ်ရာကျော်ရှိနေပါပြီ။ ကျနော်တို့ မြို့နယ်ကတော့ ဘာပဲဖြစ်နေ ဖြစ်နေ အလှူရှင်ရှာပြီးတော့ ကျွေးမွေးတာဖြစ်တဲ့အတွက် တစ်ခါတစ်လေမှာ ကျနော်တို့ အခက်အခဲတွေ ရှိတာဖြစ်ပါတယ်။”

သို့ဖြစ်ရာ stay at home မြို့နယ်များမှ ပြည်သူများ ဖြစ်နိုင်သလောက် အိမ်တွင်နေပြီး မြစ်ကြီးနားကို မလာ စေလိုကြောင်း သူက ဆက်ပြောသည်။

မြစ်ကြီးနားမြို့အတွင်းသို့ အခြားဒေသမှ ဝင်ရောက်လာမှုများကို မြစ်ကြီးနား ၂၁ မိုင် စစ်ဆေး ရေးဂိတ်နှင့် ဗလမင်းထင်တံတားအနီး ဝိုင်းမော်မြို့နယ်ဖက်မှ စစ်ဆေးရေးဂိတ် ၂ ခုဖြင့် ကျန်မာရေး စစ်ဆေးမှုများကို ယခင်ကထက် ပို၍ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေသည် ဟု ဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ည က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကချင်ပြည်နယ်တွင် ဓာတ်ခွဲ အတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲ အတည်ပြုလူနာများနှင့် လည်း ထိတွေခြင်း မရှိသည့် လူနာများ တွေ့ရှိရမှုများ အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါ ကူး စက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ဟုဆိုကာ ဖားကန့်မြို့ နယ်နှင့် မိုးညှင်းမြို့ နယ် တို့ကို stay at home အဖြစ်သတ်မှတ်ခဲ့သည်။

ထို့ကြောင့် Stay at home မြို့နယ်အတွင်းက ပြည်သူများအနေဖြင့် ၎င်းတို့မြို့နယ်အတွင်းသာ သွားလာ လှုပ်ရှားခွင့်ရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် နာရေးကိစ္စများအတွက် မြစ်ကြီးနားသို့ လာရောက်မည်ဆိုပါက သက်ဆိုင်ရာ အထောက်အထား ခိုင်လုံစွာ ပြသနိုင်ပါက မြို့အတွင်းသို့ ဝင်ခွင့်ပြုမည်ဟု မြစ်ကြီးနား မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးအပေါ်တုန့်ပြန် ရေးကော်မတီ ဥက္ကဋ္ဌ က ပြောသည်။

ပြည်နယ်အတွင်းတွင် ကိုဗစ်ရောဂါ ဒီထက်ပိုပြီး ကူးစက်မှု မပြန့်ပွားရလေအောင် ပြည်သူများအနေဖြင့် လည်း ကျန်းမာရေးအရ စစ်ဆေးမှုများကို လုပ်ဆောင်နေသည့် တာဝန်ရှိသူများနှင့် အတူပူးပေါင်း ဆောင်ရွက်ပေးရန် ဦးသန်းဝင်းက တောင်းဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ အချိန်အထိ ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်း ပိုးတွေ့လူနာရှိသူ မြစ်ကြီးနားတွင် ၁၅ ဦး၊ မိုးညှင်း ၁၈ ဦး၊ မိုးကောင်း ၅ ဦး၊ ဖားကန့် ၈၁ ဦး၊ မိုးမောက်၊ ရွှေကူ၊ ဝိုင်းမော် တို့တွင် ၁ ဦးစီ စုစုပေါင်း ၁၂၂ ဦး ရှိပြီဖြစ် သည်။

*** ZAWGYI ***
COVID-19 တိုးမ်ားလာေန၍ ျမစ္ၾကီးနားၿမိဳ့အဝင္ တင္းၾကပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

ကခ်င္ျပည္နယ္အတြင္း COVID-19 ေရာဂါပိုးရွိသူ တိုးမ်ားလာေနသည့္အတြက္ ၿမိဳ႔နယ္ ႏွစ္ၿမိဳ႔နယ္ကို အိမ္တြင္ေနရန္ (Stay at Home) သတ္မွတ္လိုက္ျပီး ျမိဳ႔ေတာ္ ျမစ္ၾကီးနား အဝင္ကို ပိုမို စစ္ေဆးမႈမ်ား လုပ္ေနသည္ဟု ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ျမစ္ႀကီးနား ၿမိဳ႕နယ္ COVID- 19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးအေပၚတုန္႔ျပန္ေရး ေကာ္မတီ ဥကၠ႒လည္းျဖစ္သူ ဦးသန္း၀င္းက ေျပာသည္။

“မေန႔ကပဲ ျမန္မာ့အသံက ေၾက ညာသြားတဲ့ ဖားကန္႔ၿမိဳ႕နယ္ႏွင့္ မိုးၫွင္းၿမိဳ႕နယ္ေတြကို stay at home အ ျဖစ္ ေၾကညာတဲ့ဟာ ျဖစ္ပါ တယ္။ အဲဒီ stay at home ေတြသည္ ယေန႔မနက္ ၈ နာရီမွာ အာဏာသက္ ေရာက္တာ ျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕ နယ္ဖက္ကလာတဲ့ ျပည္သူေတြသည္ မသိတာျဖစ္တဲ့အတြက္ ဒီေန႔က ေတာ့ ျမစ္ႀကီးနားၿမိဳ႕နယ္ထဲကို သက္ ဆိုင္ရာ ေထာက္ခံခ်က္ေတြ ျပသၿပီးေတာ့မွ အ၀င္ခံေနတာျဖစ္ ပါ တယ္။ ေနာက္ပိုင္းမွာေတာ့ stay at home ျဖစ္တဲ့အတြက္ သူၿမိဳ႕နယ္ထဲမွာပဲ သြားလာ လႈပ္ရွားလို႔ရမွာ ျဖစ္ပါတယ္။ ဒီအပိုင္းမွာေတာ့ က်ေနာ္တို႔ ေသခ်ာစနစ္တက် စီစစ္ၿပီးေတာ့မွ ေရာဂါကူးစက္မႈ မရွိေအာင္ က်ေနာ္တို႔ ေဆာင္ရြက္ သြားဖို႔လည္း ျဖစ္ပါ တယ္”

အျခား ၿမိဳ႕နယ္မွ ျမစ္ၾကီးနားသို႔ လာေရာက္မည့္ ျပည္သူမ်ား အေနျဖင့္ မိမိတို႔ ေနထိုင္ရာ ေဒသမွ သက္ ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံစာ ယူေဆာင္လာရမည္ျဖစ္ၿပီး အျခား ျပည္ နယ္ႏွင့္ တိုင္းေဒသႀကီးမွ ျပည္သူမ်ားမွာ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံစာ အျပင္ ေဆးေထာက္ ခံစာကိုပါ ယူေဆာင္လာရ မည္ဟု ဦးသန္း၀င္း က ဆက္ေျပာသည္။

သက္ဆိုင္ရာ အေထာက္အထား ျပည့္ျပည့္စံုစံု ယူေဆာင္ မလာပါက ၎တို႔ လာေရာက္ရာ ေဒသသို႔ ျပန္ လည္ေစလႊတ္ျခင္း ခံရမည္ ဟု ဆိုသည္။

“တစ္ခ်ိဳ႕ေတြကေတာ့ Quarantine ၀င္ခ်င္ပါတယ္။ မျပန္ဘူးဆိုရင္လည္း က်ေနာ္တို႔ Quarantine center မွာလည္း ဒီေန႔အထိဆိုရင္ လူက ႏွစ္ရာေက်ာ္ရွိေနပါၿပီ။ က်ေနာ္တို႔ ၿမိဳ႕နယ္ကေတာ့ ဘာပဲျဖစ္ေန ျဖစ္ေန အလွဴရွင္ရွာၿပီးေတာ့ ေကၽြးေမြးတာျဖစ္တဲ့အတြက္ တစ္ခါတစ္ေလမွာ က်ေနာ္တို႔ အခက္အခဲေတြ ရွိတာျဖစ္ပါတယ္။”

သို႔ျဖစ္ရာ stay at home ၿမိဳ႔နယ္မ်ားမွ ျပည္သူမ်ား ျဖစ္နုိင္သေလာက္ အိမ္တြင္ေနၿပီး ျမစ္ၾကီးနားကို မလာ ေစလိုေၾကာင္း သူက ဆက္ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕အတြင္းသို႔ အျခားေဒသမွ ၀င္ေရာက္လာမႈမ်ားကို ျမစ္ႀကီးနား ၂၁ မိုင္ စစ္ေဆး ေရးဂိတ္ႏွင့္ ဗလမင္းထင္တံတားအနီး ဝိုင္းေမာ္ၿမိဳ႕နယ္ဖက္မွ စစ္ေဆးေရးဂိတ္ ၂ ခုျဖင့္ က်န္မာေရး စစ္ေဆးမႈမ်ားကို ယခင္ကထက္ ပို၍ ၾကပ္ၾကပ္မတ္မတ္ လုပ္ေဆာင္ေနသည္ ဟု ဆိုသည္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔ည က က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ ကခ်င္ျပည္နယ္တြင္ ဓာတ္ခြဲ အတည္ျပဳလူနာမ်ား ထပ္မံေတြ႕ရွိရမႈ၊ ခရီးသြားရာဇ၀င္ မရွိသည့္အျပင္ ဓာတ္ခြဲ အတည္ျပဳလူနာမ်ားႏွင့္ လည္း ထိေတြျခင္း မရွိသည့္ လူနာမ်ား ေတြ႕ရွိရမႈမ်ား အခ်ိန္တိုကာလအတြင္း မ်ားျပားလာသျဖင့္ ေရာဂါ ကူး စက္ျပန္႔ႏွံ႔မႈကို ပိုမိုထိေရာက္စြာ ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ဟုဆိုကာ ဖားကန္႔ၿမိဳ႕ နယ္ႏွင့္ မိုးၫွင္းၿမိဳ႕ နယ္ တို႔ကို stay at home အျဖစ္သတ္မွတ္ခဲ့သည္။

ထို႔ေၾကာင့္ Stay at home ၿမိဳ႕နယ္အတြင္းက ျပည္သူမ်ားအေနျဖင့္ ၎တို႔ၿမိဳ႕နယ္အတြင္းသာ သြားလာ လႈပ္ရွားခြင့္ရမည္ျဖစ္ၿပီး က်န္းမာေရးႏွင့္ နာေရးကိစၥမ်ားအတြက္ ျမစ္ႀကီးနားသို႔ လာေရာက္မည္ဆိုပါက သက္ဆိုင္ရာ အေထာက္အထား ခိုင္လံုစြာ ျပသႏိုင္ပါက ၿမိဳ႕အတြင္းသို႔ ၀င္ခြင့္ျပဳမည္ဟု ျမစ္ႀကီးနား ၿမိဳ႕နယ္ COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးအေပၚတုန္႔ျပန္ ေရးေကာ္မတီ ဥကၠ႒ က ေျပာသည္။

ျပည္နယ္အတြင္းတြင္ ကိုဗစ္ေရာဂါ ဒီထက္ပိုၿပီး ကူးစက္မႈ မျပန္႔ပြားရေလေအာင္ ျပည္သူမ်ားအေနျဖင့္ လည္း က်န္းမာေရးအရ စစ္ေဆးမႈမ်ားကို လုပ္ေဆာင္ေနသည့္ တာ၀န္ရွိသူမ်ားႏွင့္ အတူပူးေပါင္း ေဆာင္ရြက္ေပးရန္ ဦးသန္း၀င္းက ေတာင္းဆိုသည္။

ေအာက္တိုဘာလ ၂၁ ရက္ေန႔ ညေန ၅ အခ်ိန္အထိ ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ ကခ်င္ျပည္နယ္အတြင္း ပိုးေတြ႕လူနာရွိသူ ျမစ္ႀကီးနားတြင္ ၁၅ ဦး၊ မိုးၫွင္း ၁၈ ဦး၊ မိုးေကာင္း ၅ ဦး၊ ဖားကန္႔ ၈၁ ဦး၊ မိုးေမာက္၊ ေရႊကူ၊ ဝိုင္းေမာ္ တို႔တြင္ ၁ ဦးစီ စုစုေပါင္း ၁၂၂ ဦး ရွိၿပီျဖစ္ သည္။