ပြည်ထောင်စု ရွေးကော်ကို လွတ်လပ်ဘက်မလိုက်သူများနှင့် ဖွဲ့စေလို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို လွတ်လပ်ပြီး ဘက်မလိုက်ပဲ သမာသမတ် ရှိသူများဖြင့် ပြင်ဆင်ဖွဲ့စည်းစေလိုကြောင်း တိုင်းရင်းသားပါတီ အချို့ က ပြောသည်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC သည် အာဏာရပါတီ NLD အစိုးရက ဖွဲ့စည်းပေး ထားသည့် ကော်မရှင်ဖြစ်သည့်အတွက် ကော်မရှင်၏ လုပ်ဆောင်မှုများသည် ဘက်လိုက်သည့် ပုံစံမျိုး သက်ရောက်နေသည့် အပေါ် တိုင်းရင်းသားပါတီ အချို့ ကပြောဆိုလိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းက “UEC ကိုက ကျနော်တို့က ဒီ ပါတီကို မကြည့်ပဲနဲ့ လူကို အားလုံးလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ဖို့လို တယ်။ ၁၉၉၀ တုန်းကဆိုရင် ရွေးကောက်ပွဲမှာ ပါဝင်တဲ့ သူတွေဟာ သမာသမတ်ရှိတဲ့ ရှင်ရိုသေလူရှိသေ ပုဂ္ဂိုလ်တွေ ပါတယ်။ အခုက လည်း ဒီလိုမျိုးဖြစ်စေချင်တယ်။ အားလုံး လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေကို စနစ်တကျ ရွေးချယ် ပြီး မှ လုပ်သွားရင်တော့ ပိုကောင်းမယ် ဆိုတဲ့ဟာကို ကျနော်ပြောလိုတယ်” ဟု ပြောသည်။

တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးညီစိန် ကလည်း ရွေးကောက်ပွဲ ကော်မရှင် UEC ကို ဖွဲ့စည်း ရာတွင် နိုင်ငံရေး ပါတီအသီးသီးက လက်ခံ သဘောတူသည့် ပုဂ္ဂိုလ်များကို ရွေးကောက်တင်မြောက် နိုင် မည်ဆိုပါက မည်သည့် ရွေးကောက်ပွဲတွင်မဆို လွတ်လပ်၍ တရားမျှတသည့် အနေအထားကို ရောက်ရှိ လာနိုင်မည် ဟု ဆိုသည်။

“UEC ကို ဖွဲ့စည်းတဲ့နေရာမှာ ပါတီကြီးတစ်ခုအနေနဲ့ သူတို့ဆန္ဒအရပဲ ဖွဲ့စည်းထားတဲ့ အနေအထား မျိုးဖြစ်နေတယ်။ ဖြစ်စေချင်တာက UEC ကို ဒီပြည်ထောင်စု ကော်မရှင်ကို ပါတီစုံကနေပြီး တော့မှ ရွေးကောက်တင်မြောက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်စေချင်တယ်။ အဲလိုဖြစ်မှပဲ တရားမျှတမှု ဆိုတာ ဖြစ်လာမယ်။ ရှိလာမယ်။ အဲလိုအနေအထားမျိုးပဲ ကျနော်တို့က ပြောချင်တယ်ဗျာ”

နိုင်ငံတကာတွင် ရွေးကောက်ပွဲ ကော်မရှင်သည် အစိုးရက ခန့်ထားသည့် အဖွဲ့အစည်းမျိုး မဟုတ်ပဲ သီးသန့် လွတ်လပ်သည့် ကော်မရှင် အနေဖြင့် တည်ရှိနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဖြစ်ရန်လိုသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က ပြောသည်။

သို့သော် လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ထိုသို့ ဖြစ်မနေသည့် အ တွက် ကော်မရှင်၏ လုပ်ဆောင်မှုများသည် ဘက်လိုက်သည့် သဘောသက်ရောက်သည့် ပုံစံမျိုးကို မြင် တွေ့ နေရသည်ဟု ဆိုသည်။

စိုင်းကျော်ညွှန့်က “ပြောရမယ်ဆိုရင် အစိုးရက ခန့်ထားတာကိုး ခန့်ထားတော့ သူက သူ့ကို ခန့်ထားတဲ့သူကို သူကြည့်ရတာကိုး သူ့ Boss သူ့သူဌေးကို သူကြည့်ရတဲ့ သဘောပေါ့ဗျာ။ အဲဒါဆို တော့က ကျနော်တို့ နိုင်ငံက ကြည့်လိုက်ရရင် ဘက်လိုက်မှုကင်းကင်းနဲ့ လုပ်တာ တွေက သိပ်မရှိဘူး အားနည်းတယ် အဲလိုပုံစံဗျား။ ဘက် လိုက်မှုကင်းတဲ့ ပုံစံတွေ တအားနည်းတယ်” ဟု သြဂုတ် လ ၁၅ ရက်နေ့က ပြောဆိုထားသည်။

KSPP ပါတီ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းကလည်း “အခုလက်ရှိ UEC ကိုတော့ ကျနော်တို့ လုံးဝသ ဘောမကျဘူး။ သူ့လုပ်ရပ်တွေဟာလည်း ကျနော်တို့ သဘောမတူနိုင်ပါဘူး။ ကျနော်တို့ ဒါကြောင့် အနာ ဂတ် အတွက်တော့ အကောင်းဆုံး UEC ကို ဖွဲ့စည်းပြီးမှ လုပ်သွားရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ဆို တဲ့ ဟာကိုတော့ ပြောလိုတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က UEC က လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် မဖြစ် နိုင်သည့် နယ်မြေများနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် တိုင်းရင်းသား ဒေသရှိ မြို့နယ်အလိုက်သော်လည်း ကောင်း၊ ကျေးရွာအုပ်စု နှင့် ရပ်ကွက်တော်တော်များများကို ထည့်သွင်းထားသည်ကို တွေ့ရသည်။

UEC ၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ ရှမ်းပြည်နယ်တွင် မြို့နယ် ၆ မြို့နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ်တို့မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၉ စု၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်နှင့် အခြားမြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၃၇ အုပ်စုတို့ ပါဝင် သည်။

ထို့အပြင် ကရင်ပြည်နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၂ စု၊ ကချင်ပြည်နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု ၊ ပဲခူးတိုင်း မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု နှင့် မွန်ပြည်နယ် ၁ မြို့နယ်မှ ကျေး ရွာအုပ်စု ၁ စု တို့ပါဝင်သည်။

ထို့ကြောင့် အဆိုပါ နယ်မြေကန့်သတ်မှုသည် တိုင်းရင်းသား ပါတီများအား ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင် ရေးကို ထိခိုက်နစ်နာစေသည့်အတွက် UEC ၏ ရွေးကောက်ပွဲ အပေါ် လွတ်လပ်၍ တရားမျှတမှုဆိုသည့် ပြောဆိုမှုအပေါ် တိုင်းရင်းသား ပါတီများက မေးခွန်းထုတ်လာခဲ့ကြသည်ကို တွေ့ရသည်။

*** ZAWGYI ***
ျပည္ေထာင္စု ေရြးေကာ္ကို လြတ္လပ္ဘက္မလိုက္သူမ်ားနွင့္ ဖြဲ႔ေစလို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာ ၂၂ ရက္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ UEC ကို လြတ္လပ္ၿပီး ဘက္မလိုက္ပဲ သမာသမတ္ ရွိသူမ်ားျဖင့္ ျပင္ဆင္ဖြဲ႔စည္းေစလိုေၾကာင္း တိုင္းရင္းသားပါတီ အခ်ိဳ႕ က ေျပာသည္။

လက္ရွိ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC သည္ အာဏာရပါတီ NLD အစိုးရက ဖြဲ႔စည္းေပး ထားသည့္ ေကာ္မရွင္ျဖစ္သည့္အတြက္ ေကာ္မရွင္၏ လုပ္ေဆာင္မႈမ်ားသည္ ဘက္လိုက္သည့္ ပံုစံမ်ိဳး သက္ေရာက္ေနသည့္ အေပၚ တိုင္းရင္းသားပါတီ အခ်ိဳ႕ ကေျပာဆိုလိုက္ျခင္းျဖစ္သည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္းက “UEC ကိုက က်ေနာ္တို႔က ဒီ ပါတီကို မၾကည့္ပဲနဲ႔ လူကို အားလံုးလက္ခံႏိုင္တဲ့ ပုဂၢိဳလ္ေတြလည္း ျဖစ္ဖို႔လို တယ္။ ၁၉၉၀ တုန္းကဆိုရင္ ေရြးေကာက္ပြဲမွာ ပါ၀င္တဲ့ သူေတြဟာ သမာသမတ္ရွိတဲ့ ရွင္႐ိုေသလူရွိေသ ပုဂၢိဳလ္ေတြ ပါတယ္။ အခုက လည္း ဒီလိုမ်ိဳးျဖစ္ေစခ်င္တယ္။ အားလံုး လက္ခံႏိုင္တဲ့ ပုဂၢိဳလ္ေတြကို စနစ္တက် ေရြးခ်ယ္ ၿပီး မွ လုပ္သြားရင္ေတာ့ ပိုေကာင္းမယ္ ဆိုတဲ့ဟာကို က်ေနာ္ေျပာလိုတယ္” ဟု ေျပာသည္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီ ဥကၠ႒ ဦးညီစိန္ ကလည္း ေရြးေကာက္ပြဲ ေကာ္မရွင္ UEC ကို ဖြဲ႔စည္း ရာတြင္ ႏိုင္ငံေရး ပါတီအသီးသီးက လက္ခံ သေဘာတူသည့္ ပုဂၢိဳလ္မ်ားကို ေရြးေကာက္တင္ေျမာက္ ႏိုင္ မည္ဆိုပါက မည္သည့္ ေရြးေကာက္ပြဲတြင္မဆို လြတ္လပ္၍ တရားမွ်တသည့္ အေနအထားကို ေရာက္ရွိ လာႏိုင္မည္ ဟု ဆိုသည္။

“UEC ကို ဖြဲ႔စည္းတဲ့ေနရာမွာ ပါတီႀကီးတစ္ခုအေနနဲ႔ သူတို႔ဆႏၵအရပဲ ဖြဲ႔စည္းထားတဲ့ အေနအထား မ်ိဳးျဖစ္ေနတယ္။ ျဖစ္ေစခ်င္တာက UEC ကို ဒီျပည္ေထာင္စု ေကာ္မရွင္ကို ပါတီစံုကေနၿပီး ေတာ့မွ ေရြးေကာက္တင္ေျမာက္တဲ့ ပုဂၢိဳလ္ေတြျဖစ္ေစခ်င္တယ္။ အဲလိုျဖစ္မွပဲ တရားမွ်တမႈ ဆိုတာ ျဖစ္လာမယ္။ ရွိလာမယ္။ အဲလိုအေနအထားမ်ိဳးပဲ က်ေနာ္တို႔က ေျပာခ်င္တယ္ဗ်ာ”

ႏိုင္ငံတကာတြင္ ေရြးေကာက္ပြဲ ေကာ္မရွင္သည္ အစိုးရက ခန္႔ထားသည့္ အဖြဲ႔အစည္းမ်ိဳး မဟုတ္ပဲ သီးသန္႔ လြတ္လပ္သည့္ ေကာ္မရွင္ အေနျဖင့္ တည္ရွိေနသကဲ့သို႔ ျမန္မာႏိုင္ငံတြင္လည္း ထိုသို႔ ျဖစ္ရန္လိုသည္ဟု ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ SNLD တြဲဖက္ အေထြေထြအတြင္းေရးမွဴး ၁ စိုင္းေက်ာ္ၫႊန္႔က ေျပာသည္။

သို႔ေသာ္ လက္ရွိတြင္ ျမန္မာႏိုင္ငံရွိ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္သည္ ထိုသို႔ ျဖစ္မေနသည့္ အ တြက္ ေကာ္မရွင္၏ လုပ္ေဆာင္မႈမ်ားသည္ ဘက္လိုက္သည့္ သေဘာသက္ေရာက္သည့္ ပံုစံမ်ိဳးကို ျမင္ ေတြ႕ ေနရသည္ဟု ဆိုသည္။

စိုင္းေက်ာ္ၫႊန္႔က “ေျပာရမယ္ဆိုရင္ အစိုးရက ခန္႔ထားတာကိုး ခန္႔ထားေတာ့ သူက သူ႔ကို ခန္႔ထားတဲ့သူကို သူၾကည့္ရတာကိုး သူ႔ Boss သူ႔သူေဌးကို သူၾကည့္ရတဲ့ သေဘာေပါ့ဗ်ာ။ အဲဒါဆို ေတာ့က က်ေနာ္တို႔ ႏိုင္ငံက ၾကည့္လိုက္ရရင္ ဘက္လိုက္မႈကင္းကင္းနဲ႔ လုပ္တာ ေတြက သိပ္မရွိဘူး အားနည္းတယ္ အဲလိုပံုစံဗ်ား။ ဘက္ လိုက္မႈကင္းတဲ့ ပံုစံေတြ တအားနည္းတယ္” ဟု ၾသဂုတ္ လ ၁၅ ရက္ေန႔က ေျပာဆိုထားသည္။

KSPP ပါတီ ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္းကလည္း “အခုလက္ရွိ UEC ကိုေတာ့ က်ေနာ္တို႔ လံုး၀သ ေဘာမက်ဘူး။ သူ႔လုပ္ရပ္ေတြဟာလည္း က်ေနာ္တို႔ သေဘာမတူႏိုင္ပါဘူး။ က်ေနာ္တို႔ ဒါေၾကာင့္ အနာ ဂတ္ အတြက္ေတာ့ အေကာင္းဆံုး UEC ကို ဖြဲ႔စည္းၿပီးမွ လုပ္သြားရင္ေတာ့ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္ ဆို တဲ့ ဟာကိုေတာ့ ေျပာလိုတယ္” ဟု ေျပာသည္။

ေအာက္တိုဘာလ ၁၆ ရက္ေန႔က UEC က လြတ္လပ္၍ တရားမွ်တသည့္ ေရြးေကာက္ပြဲ က်င္းပရန္ မျဖစ္ ႏိုင္သည့္ နယ္ေျမမ်ားႏွင့္ ပတ္သက္၍ ထုတ္ျပန္ရာတြင္ တိုင္းရင္းသား ေဒသရွိ ၿမိဳ႕နယ္အလိုက္ေသာ္လည္း ေကာင္း၊ ေက်းရြာအုပ္စု ႏွင့္ ရပ္ကြက္ေတာ္ေတာ္မ်ားမ်ားကို ထည့္သြင္းထားသည္ကို ေတြ႕ရသည္။

UEC ၏ ထုတ္ျပန္ခ်က္အရ ေရြးေကာက္ပြဲ မက်င္းပႏိုင္သည့္ ေနရာမ်ားမွာ ရွမ္းျပည္နယ္တြင္ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ႏွင့္ အျခားၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္တို႔မွ ရပ္ကြက္ ၈ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု ၁၂၉ စု၊ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ႏွင့္ အျခားၿမိဳ႕နယ္မွ ရပ္ကြက္ေပါင္း ၁၅ ရပ္ကြက္ ေက်းရြာအုပ္စု ၁၃၇ အုပ္စုတို႔ ပါ၀င္ သည္။

ထို႔အျပင္ ကရင္ျပည္နယ္ ၆ ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု ၅၂ စု၊ ကခ်င္ျပည္နယ္ ၁၁ ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု ၁၉၂ အုပ္စု ၊ ပဲခူးတိုင္း ၿမိဳ႕နယ္ ၂ ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု ၄၂ အုပ္စု ႏွင့္ မြန္ျပည္နယ္ ၁ ၿမိဳ႕နယ္မွ ေက်း ရြာအုပ္စု ၁ စု တို႔ပါ၀င္သည္။

ထို႔ေၾကာင့္ အဆိုပါ နယ္ေျမကန္႔သတ္မႈသည္ တိုင္းရင္းသား ပါတီမ်ားအား ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ႏိုင္ ေရးကို ထိခိုက္နစ္နာေစသည့္အတြက္ UEC ၏ ေရြးေကာက္ပြဲ အေပၚ လြတ္လပ္၍ တရားမွ်တမႈဆိုသည့္ ေျပာဆိုမႈအေပၚ တိုင္းရင္းသား ပါတီမ်ားက ေမးခြန္းထုတ္လာခဲ့ၾကသည္ကို ေတြ႕ရသည္။