ဖမ်းဆီးထားသော ကိုယ်စားလှယ်များ လွှတ်ပေးရန် NLD တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပြီး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ရက္ခိုင့်တပ်တော် AA က NLD ကိုယ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ကို ဖမ်းဆီးကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် NLD က ယခုကဲ့သို့ ကြေညာချက် ပြန်လည်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

NLD ၏ ကြေညာချက်ထဲတွင် “AA အကြမ်းဖက်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ပါ အချက်အလက်များမှာ တစ်ဖက်သတ် ကောက်ချက်ချမှုများသာ ဖြစ်ပြီး AA အဖွဲ့၏ လုပ်ရပ်များသည် နောင်အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အဟန့်အတား တစ်ခုဖြစ်လာနိုင်ပါသည်” ဟု ထည့်သွင်း ဖော်ပြထားသည်။

ထို့ကြောင့် AA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD က ၎င်းတို့၏ ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ် ပါတီ စတင်တည်ထောင်စဉ်ကပင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဟု လည်းကောင်း၊ ပြည်ထောင်စု မြန်မာ နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရန်ကို လည်းကောင်း ရည်မှန်းချက်များ ခိုင်မာစွာ ချထားပြီး ဖြစ်သည်ဟု NLD က ဆိုသည်။

ထို့အတွက်လည်း NLD အစိုးရ တာဝန်ယူခဲ့သည့် အချိန်မှစ၍ ၂၁ ရာစုပင်လုံ ညီလာခံများ အကြိမ်ကြိမ် ကျင်းပခဲ့ရာ ပြီးခဲ့သော စတုတ္ထအကြိမ် ညီလာခံတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အဆင့်ရောက်ရန် လိုအပ်မည့် ဘုံသဘောတူညီချက်များ ဖော်ထုတ် အတည်ပြုနိုင်ခဲ့ပါသည်ဟု NLD ၏ ကြေညာချက်ထဲတွင် ထည့်သွင်း ထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က AA ၏ ထုတ်ပြန်ချက်ထဲတွင် NLD ကိုယ်စားလှယ်လောင်း သုံးဦးကို စစ်ဆေးမေးမြန်းရန် ခေါ်ယူထားကြောင်းနှင့် အခြေအနေ လိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်း စစ်ဆေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

ULA/AA ၏ ဖမ်းဆီးခေါ်ဆောင် ခံရသူ ၃ ဦးစလုံးသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ပြီး ဦးမင်းအောင်က ပြည်နယ်လွှတ်တော်နေရာ၊ ဒေါ်နီနီမေမြင့်က ပြည်သူ့လွှတ်တော်နေရာ၊ ဒေါ်ချစ်ချစ် ချောက အမျိုးသားလွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရသည်။

၎င်းတို့ သုံးဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးရေး ဆင်းနေစဉ် ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

ထိုလွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးရေးနှင့် ပတ်သက်၍ ULA/AA က “NLD အစိုးရ အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး သမားများ အပြစ်မဲ့ ရခိုင်ပြည်သူများ နှင့် ငြိမ်းချမ်း ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသား များအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေး မည် ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ ၃ ဦးကို အမြန် ဆုံး ပြန်လွှတ်ပေးမည်” ဟု တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေလျော့ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း များက အပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခြင်း မရှိပါက ပဋိပက္ခများမှာ လက်ရှိ အနေအထားထက် ပို၍ ပြင်း ထန်လာနိုင်သည်ဟု တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ယခုဖြစ်စဉ်နှင့် ပတ် သက်၍ သုံးသပ်ပြောဆိုသည်။

ဦးမောင်မောင်စိုးက “NLD အနေနဲ့ ဒီနှစ်ထဲမှာ မတ်လလောက်ထဲမှာ အကြမ်းဖက်အဖွဲ့ ကြေညာတာတွေ အကြမ်းဖက်နိုင်နင်းရေး လုပ်နေတဲ့ တပ်မတော်ကို ဂုဏ်ပြုတာတွေလည်း လုပ်နေတာလည်းရှိတယ်။ အဲဒီ အခါကျတော့တစ်ဖက်နဲ့ တစ်ဖက်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာတာကိုး ပြင်းပြင်းထန်ထန် တုန့်ပြန်လာ တဲ့ အခြေအနေက ဘယ်လိုဖြစ်သွား လဲဆိုတော့ သမိုင်းမှာ ရှိခဲ့တဲ့ ဟာမိုရာဘီ ဥပဒေသလိုပေါ့ မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်း တုန့်ပြန်နေတဲ့ဆိုတာမျိုး အ ဆင့်ရောက်လာတာတို့ အဲလိုပဲမြင် တယ်။ အဲတော့ကျနော်တို့က ရခိုင်ပြဿနာက အပစ်အခတ် ရပ်စဲရေး က အလှမ်းဝေးနေမယ် ဆိုရင်တော့ ပိုပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ပြင်းပြင်းထန်ထန် တုန့်ပြန်တာတွေ ဆက်တွေ့ရနိုင်တယ်လို့ပဲ သုံးသပ်ရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်သည် နေပြည်တော်သို့ လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန်အတွက် ပလက်ဝမှ ကျောက်တော်သို့ ရေလမ်းခရီးဖြင့် ထွက်လာစဉ် ULA/AA ၏ ဖမ်း ဆီးခြင်းကို ခံခဲ့ရသည်။

သို့သော် ULA/AA က ဦးဝှေ့တင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂ လကျော်အကြာ ၂၀၂၀ ခုနှစ် ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

*** ZAWGYI ***
ဖမ္းဆီးထားေသာ ကိုယ္စားလွယ္မ်ား လႊတ္ေပးရန္ NLD ေတာင္းဆုိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္၊

ေရြးေကာက္ပြဲဝင္မည့္ ကိုယ္စားလွယ္ေလာင္း ၃ ဦးကို ဖမ္းဆီးျခင္းသည္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို အဟန္႔အတားျဖစ္ေစမည္ဟု အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ထုတ္ျပန္ေၾကညာၿပီး ျပန္လႊတ္ေပးရန္ ေတာင္းဆိုလိုက္သည္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔က ရကၡိဳင့္တပ္ေတာ္ AA က NLD ကိုယ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦး ကို ဖမ္းဆီးေၾကာင္း ထုတ္ျပန္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာ ေအာက္တိုဘာလ ၂၁ ရက္ေန႔တြင္ NLD က ယခုကဲ့သို႔ ေၾကညာခ်က္ ျပန္လည္ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

NLD ၏ ေၾကညာခ်က္ထဲတြင္ “AA အၾကမ္းဖက္အဖြဲ႔အစည္း၏ ထုတ္ျပန္ခ်က္ပါ အခ်က္အလက္မ်ားမွာ တစ္ဖက္သတ္ ေကာက္ခ်က္ခ်မႈမ်ားသာ ျဖစ္ၿပီး AA အဖြဲ႔၏ လုပ္ရပ္မ်ားသည္ ေနာင္အနာဂတ္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ရာတြင္ ႀကီးမားေသာ အဟန္႔အတား တစ္ခုျဖစ္လာႏိုင္ပါသည္” ဟု ထည့္သြင္း ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ AA က ဖမ္းဆီးေခၚေဆာင္သြားသည့္ ေရြးေကာက္ပြဲ၀င္မည့္ ကိုယ္စားလွယ္ေလာင္း ၃ ဦးကို အျမန္ဆံုး ျပန္လႊတ္ေပးရန္ NLD က ၎တို႔၏ ေၾကညာခ်က္ထဲတြင္ ေတာင္းဆိုထားသည္။

ထို႔အျပင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္သည္ ၁၉၈၈ ခုႏွစ္ ပါတီ စတင္တည္ေထာင္စဥ္ကပင္ ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡမ်ားကို ႏိုင္ငံေရးနည္းျဖင့္ အေျဖရွာမည္ဟု လည္းေကာင္း၊ ျပည္ေထာင္စု ျမန္မာ ႏိုင္ငံကို ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ျဖစ္ေပၚလာရန္ကို လည္းေကာင္း ရည္မွန္းခ်က္မ်ား ခိုင္မာစြာ ခ်ထားၿပီး ျဖစ္သည္ဟု NLD က ဆိုသည္။

ထို႔အတြက္လည္း NLD အစိုးရ တာ၀န္ယူခဲ့သည့္ အခ်ိန္မွစ၍ ၂၁ ရာစုပင္လံု ညီလာခံမ်ား အႀကိမ္ႀကိမ္ က်င္းပခဲ့ရာ ၿပီးခဲ့ေသာ စတုတၳအႀကိမ္ ညီလာခံတြင္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု အဆင့္ေရာက္ရန္ လိုအပ္မည့္ ဘံုသေဘာတူညီခ်က္မ်ား ေဖာ္ထုတ္ အတည္ျပဳႏိုင္ခဲ့ပါသည္ဟု NLD ၏ ေၾကညာခ်က္ထဲတြင္ ထည့္သြင္း ထားသည္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔က AA ၏ ထုတ္ျပန္ခ်က္ထဲတြင္ NLD ကိုယ္စားလွယ္ေလာင္း သံုးဦးကို စစ္ေဆးေမးျမန္းရန္ ေခၚယူထားေၾကာင္းႏွင့္ အေျခအေန လိုအပ္ခ်က္အရ ကာလတစ္ခုအထိ ထိန္းသိမ္း စစ္ေဆးသြားမည္ ျဖစ္သည္ဟု ဆိုသည္။

ULA/AA ၏ ဖမ္းဆီးေခၚေဆာင္ ခံရသူ ၃ ဦးစလုံးသည္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ ျပဳလုပ္မည့္ အေထြေထြ ေ႐ြးေကာက္ပြဲကို ေတာင္ကုတ္ၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား ျဖစ္ၿပီး ဦးမင္းေအာင္က ျပည္နယ္လႊတ္ေတာ္ေနရာ၊ ေဒၚနီနီေမျမင့္က ျပည္သူ႔လႊတ္ေတာ္ေနရာ၊ ေဒၚခ်စ္ခ်စ္ ေခ်ာက အမ်ိဳးသားလႊတ္ေတာ္ ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္ဟု သိရသည္။

၎တို႔ သုံးဦးသည္ ေအာက္တိုဘာလ ၁၄ ရက္ေန႔က ေတာင္ကုတ္ၿမိဳ႕နယ္ ေဖာင္းခါးေက်း႐ြာတြင္ ေ႐ြး ေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ မဲဆြယ္ စည္း႐ုံးေရး ဆင္းေနစဥ္ ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးေခၚ ေဆာင္သြားျခင္းျဖစ္သည္။

ထိုလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၃ ဦးကို ျပန္လႊတ္ေပးေရးႏွင့္ ပတ္သက္၍ ULA/AA က “NLD အစိုးရ အေနျဖင့္ မတရားဖမ္းဆီးထိန္းသိမ္းထားေသာ ႏိုင္ငံေရး သမားမ်ား အျပစ္မဲ့ ရခိုင္ျပည္သူမ်ား ႏွင့္ ၿငိမ္းခ်မ္း ေရးအတြက္ ေတာင္းဆိုဆႏၵျပခဲ့ၾကသည့္ ေက်ာင္းသား မ်ားအား ႁခြင္းခ်က္မရွိ အျမန္ဆုံး ျပန္လႊတ္ေပး မည္ ဆိုပါက မိမိတို႔အေနျဖင့္လည္း အဆိုပါ ၃ ဦးကို အျမန္ ဆုံး ျပန္လႊတ္ေပးမည္” ဟု ေတာင္းဆိုထားသည္။

ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားကို ေျဖေလ်ာ့ရန္အတြက္ သက္ဆိုင္ရာ အဖြဲ႔အစည္း မ်ားက အပစ္အခတ္ ရပ္စဲေရးကို လုပ္ေဆာင္ႏိုင္ျခင္း မရွိပါက ပဋိပကၡမ်ားမွာ လက္ရွိ အေနအထားထက္ ပို၍ ျပင္း ထန္လာႏိုင္သည္ဟု တိုင္းရင္းသား အေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက ယခုျဖစ္စဥ္ႏွင့္ ပတ္ သက္၍ သံုးသပ္ေျပာဆိုသည္။

ဦးေမာင္ေမာင္စိုးက “NLD အေနနဲ႔ ဒီႏွစ္ထဲမွာ မတ္လေလာက္ထဲမွာ အၾကမ္းဖက္အဖြဲ႔ ေၾကညာတာေတြ အၾကမ္းဖက္ႏိုင္နင္းေရး လုပ္ေနတဲ့ တပ္မေတာ္ကို ဂုဏ္ျပဳတာေတြလည္း လုပ္ေနတာလည္းရွိတယ္။ အဲဒီ အခါက်ေတာ့တစ္ဖက္နဲ႔ တစ္ဖက္က ျပင္းျပင္းထန္ထန္ တုန္႔ျပန္လာတာကိုး ျပင္းျပင္းထန္ထန္ တုန္႔ျပန္လာ တဲ့ အေျခအေနက ဘယ္လိုျဖစ္သြား လဲဆိုေတာ့ သမိုင္းမွာ ရွိခဲ့တဲ့ ဟာမိုရာဘီ ဥပေဒသလိုေပါ့ မ်က္လံုး တစ္လံုးအတြက္ မ်က္လံုးတစ္လံုး သြားတစ္ေခ်ာင္းအတြက္ သြားတစ္ေခ်ာင္း တုန္႔ျပန္ေနတဲ့ဆိုတာမ်ိဳး အ ဆင့္ေရာက္လာတာတို႔ အဲလိုပဲျမင္ တယ္။ အဲေတာ့က်ေနာ္တို႔က ရခိုင္ျပႆနာက အပစ္အခတ္ ရပ္စဲေရး က အလွမ္းေ၀းေနမယ္ ဆိုရင္ေတာ့ ပိုၿပီးေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ျပင္းျပင္းထန္ထန္ တုန္႔ျပန္တာေတြ ဆက္ေတြ႕ရႏိုင္တယ္လို႔ပဲ သံုးသပ္ရပါတယ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၃ ရက္ေန႔က အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD မွ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္သည္ ေနျပည္ေတာ္သို႔ လႊတ္ေတာ္အစည္းအေဝးမ်ား တက္ေရာက္ရန္အတြက္ ပလက္ဝမွ ေက်ာက္ေတာ္သို႔ ေရလမ္းခရီးျဖင့္ ထြက္လာစဥ္ ULA/AA ၏ ဖမ္း ဆီးျခင္းကို ခံခဲ့ရသည္။

သို႔ေသာ္ ULA/AA က ဦးေဝွ႔တင္ကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ၂ လေက်ာ္အၾကာ ၂၀၂၀ ခုႏွစ္ ဇႏၷဝါရီလ ၂၁ ရက္ေန႔တြင္ ျပန္လႊတ္ေပးခဲ့သည္။