တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်က အပြောင်းအလဲ လုပ်နိုင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

တိုင်းရင်းသား ပါတီများအနေဖြင့် ညွှန်ပေါင်းအစိုးရ ဖွဲ့နိုင်မည်ဆိုပါက တစ်ပါတီ အာဏာရှင်စနစ်နှင့် စစ်အာ ဏာရှင်စနစ်ကို တွန်းလှန် နိုင်မည်ဟု ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း က ပြောဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတစ်ခုကို အလှည့်အပြောင်း ဖြစ်လာ နိုင်သည့် ရွေးကောက်ပွဲဖြစ်သည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီ အချို့က ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း စိုင်းဆွန်လျို့က “တိုင်းရင်းသား တစ်ခုတည်းနဲ့ မှီခိုလို့ သွားလို့ မှမရဘူး။ တောက်လျှောက် တိုင်း ရင်းသား အချင်းချင်း စည်းလုံးညီညွှတ်မှု ရှိမှနောက်တစ်ချက်က ကျနော်တို့ လိုချင်တဲ့ ညွှန့်ပေါင်း အစိုးရ ဒါတွေ ညွှန့်ပေါင်း အစိုးရဖွဲ့နိုင်ပြီဆိုလျှင် ခုနကျ နော်ပြောတဲ့ တစ်ပါတီ အာဏာရှင် စနစ်တို့ စစ်အစိုးရ ဆိုတာ တွန်းလှန်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရရှိကာ အစိုးရဖြစ်လာသည့် NLD ပါတီ အနေဖြင့် တိုင်း ရင်းသားများ ၏ အသံကို လစ်လျူရှုခဲ့ပြီး ဗဟိုချုပ်ကိုင်မှုဖြင့်သာ အများဆုံး အုပ်ချုပ်စီမံလုပ် ဆောင်ခဲ့သည့် အတွက် စုပေါင်းခေါင်းဆောင်မှု စုပေါင်းလုပ်ဆောင်မှုများမှာ အားနည်းခဲ့သည်ဟု ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောသည်။

ထို့ကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် ညွှန့်ပေါင်းအစိုးရ ဖြစ်လာရန်လိုသည်ဟု စိုင်းဆွန်လျို့ က ဆက်ပြောသည်။

“ဒီဟာက ညွှန့်ပေါင်းအစိုးရဆိုတာ ဒါကို ဒီညွှန့်ပေါင်းကို သွားကိုသွားရမယ်။ ဘာကြောင့်လဲဆိုရင် ကျနော် တို့ တစ်ပါတီပဲ ကြီးစိုးနေရင် တစ်ပါတီစနစ် တစ်ပါတီ အာဏာရှင်လိုဖြစ်သွား မယ်။ ဘာကြောင့် လဲဆိုရင် ကျနော်တို့ ခုနပြောသလို ဖက်ဒရယ်ပြည်ထောင်စု သွားနေတဲ့ ဒီမိုကရေစီ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီညွှန့် ပေါင်းကို တိုင်းရင်းသား လူမျိုးစုံရဲ့ အသံကို နားထောင်မှရမယ်။”

ထို့အတူ ပေါင်းစည်းထားသည့် ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့်လည်း လာမည့် ရွေး ကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက ညွှန့်ပေါင်း အစိုးရဖွဲ့ သွားရန်ရှိပြီး ထိုမှတစ်ဆင့် တိုင်းရင်းသား များ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို လုပ်ဆောင်သွားမည်ဟု တိုင်းရင်းသား ပါတီများက လည်း ပြောဆိုထားသည်။

ပြည်နယ် အခြေစိုက် ပေါင်းစည်းပါတီ ၅ ခုတွင် ပါဝင်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း က “ကျနော်တို့က ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ ကျနော်တို့ရဲ့ တိုင်းရင်းသား ပူးပေါင်းထားတဲ့ ပါတီတွေ အနေနဲ့ ကျနော်တို့ ဆုံးဖြတ်ထားတာ ဆွေးနွေးထားတာကတော့ အနာဂတ်မှာ အစိုးရလုပ်မယ့် ပါတီတွေ အနေနဲ့ ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်ခံရမယ်။ နံပါတ် ၂ အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့လိုတယ်။ ဒါကိုလက်ခံဖို့လိုတယ်။ ငြိမ်းချမ်းရေး လုပ်ဖို့လိုတယ်။ အဓိကကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ် ပြည်ထောင်စုနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အသစ်ရေးဆွဲရေးကို လက်ခံတဲ့ ပါတီတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ ကျနော်တို့ ဒါပဲ ဆွေးနွေး ထားတာ ရှိပါတယ်” ဟု ပြောသည်။

စိုင်းဆွန်လျို့ကလည်း “လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ခုနက ကျနော်ပြောသလို ကျနော်တို့ တိုင်းရင်း သားအရေး တိုင်းရင်းသား အခွင့်အရေးတွေ မိမိဖန်တီးဖို့ နောက်ပြီးတော့ စုပေါင်းခေါင်းဆောင်နိုင်မယ့် လူတွေ နောက်တစ်ချက် ပူးပေါင်းဆောင်ရွက် နိုင်မယ်လို့ ယုံကြည်တယ်။ နောက်တစ်ချက်က တိုင်းရင်း သား အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ်လို့ ကျနော်တို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြပါလို့ တိုက်တွန်းရင်းနဲ့ ပြောကြားချင်ပါတယ်” ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၁၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ မိုးကောင်း၊ မိုးမောက်၊ မံစီ မြို့နယ်များရှိ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

မြန်မာ့နိုင်ငံရေးတွင် ပါတီကြီးတစ်ခုထဲက လွတ်လပ်စွာ ချယ်လှယ်လုပ်ကိုင်နေသည့် အစိုးရထက် ပါတီအ များစုနှင့် စုပေါင်းကာ ဖြစ်ပေါ်လာသည့် ညွှန်ပေါင်း အစိုးရကသာ၍ တိုင်းပြည်အတွက် သာ၍ အကျိုးရှိနိုင် သည်ဟု SNLD ပါတီအပါအဝင် တိုင်းရင်းသားပါတီများက ထောက်ပြပြောဆိုထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် ကျင်းပရသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ပါတီတစ်ခုတည်းက ၅၀ ရာခိုင်နှုန်းနှင့်အထက် အနိုင်မရရှိ ပါက အစိုးရဖွဲ့နိုင်မည် မဟုတ်ကြောင်း၊ သို့သော် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထား သည့် ညွှန့်ပေါင်း အစိုးရ ဖြစ်လာရန် အတွက် ရွေးကောက်ပွဲဝင်မည့် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီ အသီးသီး၏ ကြိုးစားအားထုတ်မှုနှင့် လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီအချို့က ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်း အစိုးရဖြစ်လာလိမ့်မည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။

ပေါင်းစည်းထားသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၅ ခုမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ချင်းအမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (CNLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများက NLD ပါတီကို ဝန်းရံခဲ့ကြသည် သာမက ပါတီ အောင်နိုင် ရေးအတွက် ကြိုးစား လုပ်ဆောင်ပေးခဲ့ကြပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီက တိုင်းရင်း သားများ၏ အရေးကို လျစ်လျူ ရှု့ထားခဲ့သည်ဟု ဆိုသည်။

ထိုအနေအထားများကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် တိုင်းရင်းသားပါတီများအနေဖြင့် ရွေး ကောက်ပွဲ အောင်နိုင်မည်ဆိုပါက ညွှန့်ပေါင်းအစိုးရ ဖွဲ့သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားများ၏ အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကြိုးစားလုပ်ဆောင် သွားမည်ဟု တိုင်းရင်းသား ပါတီများက ပြောသည်။

*** ZAWGYI ***
တိုင္းရင္းသားပါတီမ်ား ပူးေပါင္း၍ ညြန္႔ေပါင္းအစိုးရဖြဲ႔နိုင္က အေျပာင္းအလဲ လုပ္နုိင္မည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။

တိုင္းရင္းသား ပါတီမ်ားအေနျဖင့္ ၫႊန္ေပါင္းအစိုးရ ဖြဲ႔ႏိုင္မည္ဆိုပါက တစ္ပါတီ အာဏာရွင္စနစ္ႏွင့္ စစ္အာ ဏာရွင္စနစ္ကို တြန္းလွန္ ႏိုင္မည္ဟု ယံုၾကည္ေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD မွ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း က ေျပာဆိုလိုက္သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲသည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အခင္းအက်င္းတစ္ခုကို အလွည့္အေျပာင္း ျဖစ္လာ ႏိုင္သည့္ ေ႐ြးေကာက္ပြဲျဖစ္သည္ဟု တိုင္းရင္းသားႏုိင္ငံေရးပါတီ အခ်ိဳ႕က ဆိုသည္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD မွ ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း စိုင္းဆြန္လ်ိဳ႕က “တိုင္းရင္းသား တစ္ခုတည္းနဲ႔ မွီခိုလို႔ သြားလို႔ မွမရဘူး။ ေတာက္ေလွ်ာက္ တိုင္း ရင္းသား အခ်င္းခ်င္း စည္းလံုးညီၫႊတ္မႈ ရွိမွေနာက္တစ္ခ်က္က က်ေနာ္တို႔ လိုခ်င္တဲ့ ၫႊန္႔ေပါင္း အစိုးရ ဒါေတြ ၫႊန္႔ေပါင္း အစိုးရဖြဲ႔ႏိုင္ၿပီဆိုလွ်င္ ခုနက် ေနာ္ေျပာတဲ့ တစ္ပါတီ အာဏာရွင္ စနစ္တို႔ စစ္အစိုးရ ဆိုတာ တြန္းလွန္ႏိုင္မယ္လို႔ က်ေနာ္ယံုၾကည္ပါတယ္” ဟု ေျပာသည္။

၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲမွ အႏိုင္ရရွိကာ အစိုးရျဖစ္လာသည့္ NLD ပါတီ အေနျဖင့္ တိုင္း ရင္းသားမ်ား ၏ အသံကို လစ္လ်ဴရႈခဲ့ၿပီး ဗဟိုခ်ဳပ္ကိုင္မႈျဖင့္သာ အမ်ားဆံုး အုပ္ခ်ဳပ္စီမံလုပ္ ေဆာင္ခဲ့သည့္ အတြက္ စုေပါင္းေခါင္းေဆာင္မႈ စုေပါင္းလုပ္ေဆာင္မႈမ်ားမွာ အားနည္းခဲ့သည္ဟု ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းက ေျပာသည္။

ထို႔ေၾကာင့္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲအလြန္တြင္ ၫႊန္႔ေပါင္းအစိုးရ ျဖစ္လာရန္လိုသည္ဟု စိုင္းဆြန္လ်ိဳ႕ က ဆက္ေျပာသည္။

“ဒီဟာက ၫႊန္႔ေပါင္းအစိုးရဆိုတာ ဒါကို ဒီၫႊန္႔ေပါင္းကို သြားကိုသြားရမယ္။ ဘာေၾကာင့္လဲဆိုရင္ က်ေနာ္ တို႔ တစ္ပါတီပဲ ႀကီးစိုးေနရင္ တစ္ပါတီစနစ္ တစ္ပါတီ အာဏာရွင္လိုျဖစ္သြား မယ္။ ဘာေၾကာင့္ လဲဆိုရင္ က်ေနာ္တို႔ ခုနေျပာသလို ဖက္ဒရယ္ျပည္ေထာင္စု သြားေနတဲ့ ဒီမိုကေရစီ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ဒီၫႊန္႔ ေပါင္းကို တိုင္းရင္းသား လူမ်ိဳးစံုရဲ႕ အသံကို နားေထာင္မွရမယ္။”

ထို႔အတူ ေပါင္းစည္းထားသည့္ ျပည္နယ္ အေျခစိုက္ တိုင္းရင္းသားပါတီမ်ားအေနျဖင့္လည္း လာမည့္ ေရြး ေကာက္ပြဲတြင္ အႏိုင္ရရွိမည္ဆိုပါက ၫႊန္႔ေပါင္း အစိုးရဖြဲ႔ သြားရန္ရွိၿပီး ထိုမွတစ္ဆင့္ တိုင္းရင္းသား မ်ား၏ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ ကိုယ္ပိုင္ျပဌာန္းခြင့္မ်ားကို လုပ္ေဆာင္သြားမည္ဟု တိုင္းရင္းသား ပါတီမ်ားက လည္း ေျပာဆိုထားသည္။

ျပည္နယ္ အေျခစိုက္ ေပါင္းစည္းပါတီ ၅ ခုတြင္ ပါ၀င္သည့္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP မွ ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္း က “က်ေနာ္တို႔က ၂၀၂၀ ေရြးေကာက္ပြဲ အလြန္မွာ က်ေနာ္တို႔ရဲ႕ တိုင္းရင္းသား ပူးေပါင္းထားတဲ့ ပါတီေတြ အေနနဲ႔ က်ေနာ္တို႔ ဆံုးျဖတ္ထားတာ ေဆြးေႏြးထားတာကေတာ့ အနာဂတ္မွာ အစိုးရလုပ္မယ့္ ပါတီေတြ အေနနဲ႔ ဆိုရင္ ကိုယ္ပိုင္ျပဌာန္းခြင့္ရွိတဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္ကို လက္ခံရမယ္။ နံပါတ္ ၂ အေနနဲ႔ စစ္မွန္တဲ့ ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္ဖို႔လိုတယ္။ ဒါကိုလက္ခံဖို႔လိုတယ္။ ၿငိမ္းခ်မ္းေရး လုပ္ဖို႔လိုတယ္။ အဓိကကေတာ့ ကိုယ္ပိုင္ျပဌာန္းခြင့္ ဖက္ဒရယ္ ျပည္ေထာင္စုနဲ႔ အေျခခံဥပေဒ ျပင္ဆင္ေရး အသစ္ေရးဆြဲေရးကို လက္ခံတဲ့ ပါတီေတြနဲ႔ အတူတကြ လက္တြဲေဆာင္ရြက္ဖို႔ က်ေနာ္တို႔ ဒါပဲ ေဆြးေႏြး ထားတာ ရွိပါတယ္” ဟု ေျပာသည္။

စိုင္းဆြန္လ်ိဳ႕ကလည္း “လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ခုနက က်ေနာ္ေျပာသလို က်ေနာ္တို႔ တိုင္းရင္း သားအေရး တိုင္းရင္းသား အခြင့္အေရးေတြ မိမိဖန္တီးဖို႔ ေနာက္ၿပီးေတာ့ စုေပါင္းေခါင္းေဆာင္ႏိုင္မယ့္ လူေတြ ေနာက္တစ္ခ်က္ ပူးေပါင္းေဆာင္ရြက္ ႏိုင္မယ္လို႔ ယံုၾကည္တယ္။ ေနာက္တစ္ခ်က္က တိုင္းရင္း သား အခြင့္အေရးေတြ ဖန္တီးေပးႏိုင္မယ္လို႔ က်ေနာ္တို႔ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ မဲေပးၾကပါလို႔ တိုက္တြန္းရင္းနဲ႔ ေျပာၾကားခ်င္ပါတယ္” ဟု ေျပာသည္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ပါတီသည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ ေလာင္း ၁၃၀ ေက်ာ္ျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ကခ်င္ျပည္နယ္တြင္ ဝိုင္းေမာ္၊ မိုးေကာင္း၊ မိုးေမာက္၊ မံစီ ၿမိဳ႕နယ္မ်ားရွိ မဲဆႏၵနယ္ ၁၂ ေနရာတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ဟု သိရသည္။

ျမန္မာ့ႏိုင္ငံေရးတြင္ ပါတီႀကီးတစ္ခုထဲက လြတ္လပ္စြာ ခ်ယ္လွယ္လုပ္ကိုင္ေနသည့္ အစိုးရထက္ ပါတီအ မ်ားစုႏွင့္ စုေပါင္းကာ ျဖစ္ေပၚလာသည့္ ၫႊန္ေပါင္း အစိုးရကသာ၍ တိုင္းျပည္အတြက္ သာ၍ အက်ိဳးရွိႏိုင္ သည္ဟု SNLD ပါတီအပါအဝင္ တုိင္းရင္းသားပါတီမ်ားက ေထာက္ျပေျပာဆိုထားသည္။

ႏုိဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲသည္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒေအာက္တြင္ က်င္းပရသည့္ ေ႐ြးေကာက္ပြဲ ျဖစ္သည့္အတြက္ ပါတီတစ္ခုတည္းက ၅၀ ရာခိုင္ႏႈန္းႏွင့္အထက္ အႏိုင္မရရွိ ပါက အစိုးရဖြဲ႕ႏိုင္မည္ မဟုတ္ေၾကာင္း၊ သို႔ေသာ္ ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္တြင္ ပါတီေပါင္းစုံျဖင့္ စုဖြဲ႕ထား သည့္ ၫႊန႔္ေပါင္း အစိုးရ ျဖစ္လာရန္ အတြက္ ေ႐ြးေကာက္ပြဲဝင္မည့္ သက္ဆိုင္ရာ တိုင္းရင္းသား ပါတီ အသီးသီး၏ ႀကိဳးစားအားထုတ္မႈႏွင့္ လုပ္ေဆာင္မႈ အေပၚတြင္ မူတည္ေနသည္ဟု ဆိုသည္။

တိုင္းရင္းသား ႏုိင္ငံေရးပါတီအခ်ိဳ႕က ၂၀၂၀ ေရြးေကာက္ပြဲအလြန္တြင္ ပါတီေပါင္းစံုျဖင့္ စုဖြဲ႕ထားသည့္ ညြႊန္႔ေပါင္း အစိုးရျဖစ္လာလိမ့္မည္ဟုလည္း ေျပာဆုိမႈမ်ား ရွိေနသည္။

ေပါင္းစည္းထားသည့္ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီ ၅ ခုမွာ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP)၊ ကယား ျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP)၊ ကရင္အမ်ဳိးသားဒီမိုကရက္တစ္ပါတီ (KNDP)၊ ခ်င္းအမ်ဳိးသား ဒီမိုက ေရစီအဖြဲ႔ခ်ဳပ္ (CNLD) ႏွင့္ မြန္ညီညြတ္ေရးပါတီ (MUP) တို႔ျဖစ္သည္။

၂၀၁၅ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားမ်ားက NLD ပါတီကို ၀န္းရံခဲ့ၾကသည္ သာမက ပါတီ ေအာင္ႏိုင္ ေရးအတြက္ ႀကိဳးစား လုပ္ေဆာင္ေပးခဲ့ၾကၿပီး ေရြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ NLD ပါတီက တိုင္းရင္း သားမ်ား၏ အေရးကို လ်စ္လ်ဴ ရႈ႕ထားခဲ့သည္ဟု ဆိုသည္။

ထိုအေနအထားမ်ားေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲ အလြန္တြင္ တိုင္းရင္းသားပါတီမ်ားအေနျဖင့္ ေရြး ေကာက္ပြဲ ေအာင္ႏိုင္မည္ဆိုပါက ၫႊန္႔ေပါင္းအစိုးရ ဖြဲ႔သြားမည္ျဖစ္ၿပီး ထိုမွတစ္ဆင့္ တိုင္းရင္းသားမ်ား၏ အခြင့္အေရး၊ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးႏွင့္ ဒီမိုကေရစီအေရးတို႔ကို ႀကိဳးစားလုပ္ေဆာင္ သြားမည္ဟု တိုင္းရင္းသား ပါတီမ်ားက ေျပာသည္။