ဝိုင်းမော်ရှမ်းလူငယ်များက SNLD ကို မဲပေးဝန်းရံသွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ဆုံးရှုံးနေသည့် အခွင့်အရေးများ ရရှိလာနိုင်ရေးအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ရှမ်းလူ ငယ်များ က လာမည့်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို မဲပေးသွား မည်ဟု ပြောသည်။

ယခင်ရွေးကောက်ပွဲတွင် ဝိုင်းမော်မြို့နယ်တွင် ကချင် တိုင်းရင်းသား ကိုယ်စားလှယ် အနိုင်ရသည့်အတွက် ရှမ်းတိုင်းရင်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်ဟု ဝိုင်းမော်မြို့နယ် ဟိုတုံရပ်ကွက်မှ လူငယ် ခေါင်းဆောင် စိုင်းဆိုင်ဖု က ယခုကဲ့သို့ ပြောသည်။

“၂၀၁၅ က NLD နိုင်သွားတယ်နော်။ ပြီးရင် ဦးနော်လီက သူက စည်ပင်ဝန်ကြီး ဖြစ်သွားတယ်။ သူစည်ပင်ဝန်ကြီးဖြစ်တဲ့အခါကျတော့ တံတားလုပ်တိုင်းပေါ့ ဒီမြို့ဝင် မြို့ ထွက်တွေ အဲဒီကိစ္စတွေ သူက မနောတိုင်ဆောက်လိုက်တယ်နော်။ အဲဒီကချင် သင်္ကေတဖြစ်တဲ့ မနော တိုင်ပဲ စိုက်လိုက်တယ်။ ဝိုင်းမော်ပြည်သူ့ပန်းခြံဆိုလည်း ကချင်သင်္ကေတပါတဲ့ မနောတိုင် ၂ ဖက်စလုံး စိုက် လိုက်တယ်။ အဲဒီစိုက်တဲ့နေရာမှာ ကျနော်တို့ ဒီဝိုင်းမော်ပြည်သူတွေကို တခွန်းမှ မမေးဘူး။ အခု လက်ရှိ လည်း ဒီလိုပဲ ကျနော်တို့ ဟိုဖက် မုဒ်ဦးမှာ စိုက်တဲ့ အဲဒီမုဒ်ဆိုလည်း သူက ကျနော်တို့ ပြည်သူတွေကို အသိ မပေးဘူး။ သူ့ ဟာသူ လာလုပ်သွားတယ် သူ့ဟာသူ ဖွင့်ပွဲလုပ်လိုက်တယ်။ လူငယ်တွေက ရပ်တန့်ပေးဖို့ ပြောတယ် ရပ်တန့်မှု မရှိဘူး။ ထုတ်ပြန်ချက်တွေ ထုတ်တယ်။ ခေါ်တွေ့တာ မေးတာတွေ မလုပ်ဘူး။”

၂၀၂၀ အလွန်တွင် တက်လာမည့် အစိုးရအနေဖြင့် အတူနေဌာနေ တိုင်းသားများအကြား တန်းတူအခွင့်အရေး ပေးစေချင်သည်ဟု စိုင်းဆိုင်ဖု က ဆက်ပြောသည်။

“ဒီ ၂၀၂၀ ပြီးသွားရင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အဲဒီ အတူနေ တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲသွား မှာကို အဲဒါကျနော်တို့ လူငယ် အနေနဲ့လည်း စိုးရိမ်တယ်။ အဲဒါကြောင့် မို့လို့ ကျနော်တို့ ဘယ်ပါတီပဲ တက်တက် ဘယ်ပါတီပဲ နိုင်နိုင် အဓိက ကျနော်တို့ ဒေသန္တရမှာ ရှိတဲ့ တိုင်း ရင်းသားလူမျိုးပေါ့နော အခွင့်အရေး တန်းတူညီမျှ ဒါပဲ ကျနော်တို့ လိုချင်ပါတယ်။”

ရှမ်းအမျိုးသမီး လူငယ်တစ်ဦးဖြစ်သူ နမ်းခမ်းမွမ်းကလည်း SNLD ပါတီ၏ မူဝါဒထဲတွင် ရှမ်းလူမျိုးများ အ တွက်သာမဟုတ်ပဲ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား အားလုံး၏ အခွင့်အရေးကို အခြေခံထားသည် သာမက လူငယ်များနှင့် အမျိုးသမီးများ၏ ပါဝင်မှုကို လမ်းဖွင့်ပေးထားသည့် ပါတီဖြစ်သောကြောင့် မဲပေးသွားမည် ဖြစ်သည်ဟု ပြောသည်။

“တိုင်းရင်းသား မျိုးစုံကို အခြေခံ ထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ပါတီအခြေခံမူလည်း ကောင်းတဲ့အ တွက်ကြောင့် SNLD ပါတီကို မဲပေးရခြင်းဖြစ်ပါတယ်။ သူက ပြောထားတယ် အမျိုးသမီးက ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်။ နောက်ပြီးတော့ ပါတီရဲ့ မူဝါဒက တိုင်းရင်းသား တစ်ခုတည်းကို အခြေခံထား တာ မဟုတ်ဘူး တန်းတူ အခွင့်အရေး ရရမယ်။ နောက်ပြီးတော့ လူမျိုး မရွေးပေါ့ တန်းတူအခွင့်အရေး ရမယ်။ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရမယ်ဆိုတာကို ပြောထားတဲ့အတွက် ကြောင့် ကျနော်က အဲဒီမူဝါကို အရမ်း ကြိုက်လို့ပါ”

SNLD ပါတီ၏ မူဝါဒထဲတွင် ရွေးကောက်ခံ မဟုတ်သူများ၏ အာဏာများအား ပြန်လည်ရုပ်သိမ်းရမည် ဖြစ် ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အစိုးရများအား ပြည်သူ့အင်အားဖြင့် ပြန်လည်ဖြိုချရမည်အပြင် အချုပ် အချာ၏ မူလရင်းမြစ်သည် ပြည်သူအများဖြစ်ကြောင်း အာမခံနိုင်ရမည်။ နိုင်ငံ့အာဏာသည် ပြည်သူ့ လက် ထဲတွင်ရှိကြောင်း သေချာစေရမည် ဟူ၍ ပါရှိသည်။

“SNLD ရဲ့ မူဝါဒ အဲဒီမူဝါထဲမှာ အပြည့်အစုံပါတယ်။ကျနော်တို့ ရှမ်းတစ်မျိုးတည်းကိုပဲ ခြုံပြီးမှ ရေးထားတဲ့ မူဝါဒ မဟုတ်ဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံပြီးမှ ရေးတဲ့ မူဝါဖြစ်တယ်။ ဥပမာ အနေနဲ့ ပြောမယ် ဆို ရင် စုပေါင်းခေါင်းဆောင်ခြင်း ဆိုတဲ့နေရာမှာ အရမ်းကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ခေါင်း ဆောင်တဲ့ နေရာမှာ ကျနော်တို့ ရှမ်းတစ်ဦးတည်း မဟုတ်ပဲနဲ့ ဗမာတစ်ဦး မဟုတ်ပဲနဲ့ အားလုံး စုပေါင်းပြီးမှ ခေါင်းဆောင်လုပ်တဲ့အခါမှာ ကျနော်တို့ ဒီပြည်ထောင်စုလည်း တိုင်းရင်းသားအားလုံး စုပေါင်း တည်ထောင် ထားခဲ့တဲ့ နိုင်ငံတိုင်းပြည်ဖြစ်တဲ့အတွက် ကျနော်တို့ စုပေါင်း ခေါင်းဆောင်ခြင်းဆိုတာ အင်မတန်မှ အရေး ကြီးတဲ့ အချက်ဖြစ်တယ်။ အဲဒီ သူတို့ရဲ့ မူဝါဒကောင်းတဲ့အတွက် ကျနော်တို့ ဝိုင်းမော်မြို့နယ် လူငယ်တွေ အနေနဲ့ အဲဒီပါတီ ဝိုင်းရံမယ် ထောက်ခံမယ် မဲလည်းထည့်မယ်။” ဟု စိုင်းဆိုင်ဖုက ပြောသည်။

ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များသို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအား ပြန်လည် ပေးအပ်နိုင် ရေး အားထုတ် ကြိုးပမ်းခြင်း၊ ပြည်သူသို့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေး၊ ရွေးကောက် ပွဲရည်မှန်း ချက်အတွက် မျှသာမဟုတ်ပဲ ပြည်ထောင်စုငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေးတို့အတွက်ပါ ရည်ညွှန်း ကြောင်း ပါတီ၏ မူဝါဒထဲတွင် ရေးသားထား သည်။

ထို့အပြင် နှစ်ပေါင်း ၇၀ ကျော်ကြာ လွဲမှားခဲ့သည့် ဆောင်ရွက်ချက်များအား အပြု သဘောချဉ်းကပ်၍ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည် ဆောက်ရန် ရည်ရွယ်ကြောင်း ပါတီ၏ မူဝါဒထဲတွင် တွေ့ရသည်။

လက်ရှိတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ရှမ်းလူငယ်များက SNLD ပါတီ၏ မဲဆွယ်စည်းရုံး မှု များ တွင် ဝန်းရံကာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် ကူညီလုပ်ဆောင်ပေးလျက်ရှိပြီး ၎င်းတို့ ဝန်းရံသည့် ပါတီကိုလည်း ရွေးကောက်ပွဲတွင် အနိုင်ရစေချင်သည် ဟု ဆိုသည်။

ထို့အပြင် ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး အစရှိသည်များကို ယခုထက် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင် ပေးစေလို သည်ဟု ဝိုင်းမော်မြို့နယ်ရှိ ရှမ်းလူငယ်များက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၁၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ မိုးကောင်း၊ မိုးမောက်၊ မံစီ မြို့နယ်များရှိ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ZAWGYI
၀ိုင္းေမာ္ရွမ္းလူငယ္မ်ားက SNLD ကို မဲေပးဝန္းရံသြားမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၃၀ ရက္။

ဆံုးရံႈးေနသည့္ အခြင့္အေရးမ်ား ရရွိလာႏုိင္ေရးအတြက္ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ရွမ္းလူ ငယ္မ်ား က လာမည့္ေရြးေကာက္ပြဲတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ကို မဲေပးသြား မည္ဟု ေျပာသည္။

ယခင္ေရြးေကာက္ပြဲတြင္ ဝိုင္းေမာ္ၿမိဳ႔နယ္တြင္ ကခ်င္ တိုင္းရင္းသား ကိုယ္စားလွယ္ အနိုင္ရသည့္အတြက္ ရွမ္းတိုင္းရင္းသားမ်ား၏ အခြင့္အေရးမ်ား ဆံုးရံႈးခဲ့ရသည္ဟု ဝိုင္းေမာ္ၿမိဳ႕နယ္ ဟိုတံုရပ္ကြက္မွ လူငယ္ ေခါင္းေဆာင္ စိုင္းဆိုင္ဖု က ယခုကဲ့သို႔ ေျပာသည္။

“၂၀၁၅ က NLD ႏိုင္သြားတယ္ေနာ္။ ၿပီးရင္ ဦးေနာ္လီက သူက စည္ပင္၀န္ႀကီး ျဖစ္သြားတယ္။ သူစည္ပင္၀န္ႀကီးျဖစ္တဲ့အခါက်ေတာ့ တံတားလုပ္တိုင္းေပါ့ ဒီၿမိဳ႕၀င္ ၿမိဳ႕ ထြက္ေတြ အဲဒီကိစၥေတြ သူက မေနာတိုင္ေဆာက္လိုက္တယ္ေနာ္။ အဲဒီကခ်င္ သေကၤတျဖစ္တဲ့ မေနာ တိုင္ပဲ စိုက္လိုက္တယ္။ ဝိုင္းေမာ္ျပည္သူ႔ပန္းၿခံဆိုလည္း ကခ်င္သေကၤတပါတဲ့ မေနာတိုင္ ၂ ဖက္စလံုး စိုက္ လိုက္တယ္။ အဲဒီစိုက္တဲ့ေနရာမွာ က်ေနာ္တို႔ ဒီဝိုင္းေမာ္ျပည္သူေတြကို တခြန္းမွ မေမးဘူး။ အခု လက္ရွိ လည္း ဒီလိုပဲ က်ေနာ္တို႔ ဟိုဖက္ မုဒ္ဦးမွာ စိုက္တဲ့ အဲဒီမုဒ္ဆိုလည္း သူက က်ေနာ္တို႔ ျပည္သူေတြကို အသိ မေပးဘူး။ သူ႔ ဟာသူ လာလုပ္သြားတယ္ သူ႔ဟာသူ ဖြင့္ပြဲလုပ္လိုက္တယ္။ လူငယ္ေတြက ရပ္တန္႔ေပးဖို႔ ေျပာတယ္ ရပ္တန္႔မႈ မရွိဘူး။ ထုတ္ျပန္ခ်က္ေတြ ထုတ္တယ္။ ေခၚေတြ႕တာ ေမးတာေတြ မလုပ္ဘူး။”

၂၀၂၀ အလြန္တြင္ တက္လာမည့္ အစိုးရအေနျဖင့္ အတူေနဌာေန တိုင္းသားမ်ားအၾကား တန္းတူအခြင့္အေရး ေပးေစခ်င္သည္ဟု စိုင္းဆုိင္ဖု က ဆက္ေျပာသည္။

“ဒီ ၂၀၂၀ ၿပီးသြားရင္ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ အဲဒီ အတူေန တိုင္းရင္းသားေတြ စိတ္၀မ္းကြဲသြား မွာကို အဲဒါက်ေနာ္တို႔ လူငယ္ အေနနဲ႔လည္း စိုးရိမ္တယ္။ အဲဒါေၾကာင့္ မို႔လို႔ က်ေနာ္တို႔ ဘယ္ပါတီပဲ တက္တက္ ဘယ္ပါတီပဲ ႏိုင္ႏိုင္ အဓိက က်ေနာ္တို႔ ေဒသႏၲရမွာ ရွိတဲ့ တိုင္း ရင္းသားလူမ်ိဳးေပါ့ေနာ အခြင့္အေရး တန္းတူညီမွ် ဒါပဲ က်ေနာ္တို႔ လိုခ်င္ပါတယ္။”

ရွမ္းအမ်ိဳးသမီး လူငယ္တစ္ဦးျဖစ္သူ နမ္းခမ္းမြမ္းကလည္း SNLD ပါတီ၏ မူဝါဒထဲတြင္ ရွမ္းလူမ်ိဳးမ်ား အ တြက္သာမဟုတ္ပဲ ျပည္ေထာင္စုအတြင္းရွိ တိုင္းရင္းသား အားလံုး၏ အခြင့္အေရးကို အေျခခံထားသည္ သာမက လူငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ား၏ ပါ၀င္မႈကို လမ္းဖြင့္ေပးထားသည့္ ပါတီျဖစ္ေသာေၾကာင့္ မဲေပးသြားမည္ ျဖစ္သည္ဟု ေျပာသည္။

“တိုင္းရင္းသား မ်ိဳးစံုကို အေျခခံ ထားတဲ့ ပါတီျဖစ္တဲ့အတြက္ေၾကာင့္ ပါတီအေျခခံမူလည္း ေကာင္းတဲ့အ တြက္ေၾကာင့္ SNLD ပါတီကို မဲေပးရျခင္းျဖစ္ပါတယ္။ သူက ေျပာထားတယ္ အမ်ိဳးသမီးက ၃၀ ရာခိုင္ႏႈန္း ပါ၀င္ရမယ္။ ေနာက္ၿပီးေတာ့ ပါတီရဲ႕ မူဝါဒက တိုင္းရင္းသား တစ္ခုတည္းကို အေျခခံထား တာ မဟုတ္ဘူး တန္းတူ အခြင့္အေရး ရရမယ္။ ေနာက္ၿပီးေတာ့ လူမ်ိဳး မေရြးေပါ့ တန္းတူအခြင့္အေရး ရမယ္။ ကိုယ္ပိုင္ျပ ဌာန္းခြင့္ရမယ္ဆိုတာကို ေျပာထားတဲ့အတြက္ ေၾကာင့္ က်ေနာ္က အဲဒီမူဝါကို အရမ္း ႀကိဳက္လို႔ပါ”

SNLD ပါတီ၏ မူဝါဒထဲတြင္ ေ႐ြးေကာက္ခံ မဟုတ္သူမ်ား၏ အာဏာမ်ားအား ျပန္လည္႐ုပ္သိမ္းရမည္ ျဖစ္ ၿပီး တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိေသာ အစိုးရမ်ားအား ျပည္သူ႔အင္အားျဖင့္ ျပန္လည္ၿဖိဳခ်ရမည္အျပင္ အခ်ဳပ္ အခ်ာ၏ မူလရင္းျမစ္သည္ ျပည္သူအမ်ားျဖစ္ေၾကာင္း အာမခံႏိုင္ရမည္။ ႏိုင္ငံ့အာဏာသည္ ျပည္သူ႔ လက္ ထဲတြင္ရွိေၾကာင္း ေသခ်ာေစရမည္ ဟူ၍ ပါရွိသည္။

“SNLD ရဲ႕ မူဝါဒ အဲဒီမူဝါထဲမွာ အျပည့္အစံုပါတယ္။က်ေနာ္တို႔ ရွမ္းတစ္မ်ိဳးတည္းကိုပဲ ၿခံဳၿပီးမွ ေရးထားတဲ့ မူဝါဒ မဟုတ္ဘူး။ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ၿခံဳၿပီးမွ ေရးတဲ့ မူဝါျဖစ္တယ္။ ဥပမာ အေနနဲ႔ ေျပာမယ္ ဆို ရင္ စုေပါင္းေခါင္းေဆာင္ျခင္း ဆိုတဲ့ေနရာမွာ အရမ္းေကာင္းတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီ ေခါင္း ေဆာင္တဲ့ ေနရာမွာ က်ေနာ္တို႔ ရွမ္းတစ္ဦးတည္း မဟုတ္ပဲနဲ႔ ဗမာတစ္ဦး မဟုတ္ပဲနဲ႔ အားလံုး စုေပါင္းၿပီးမွ ေခါင္းေဆာင္လုပ္တဲ့အခါမွာ က်ေနာ္တို႔ ဒီျပည္ေထာင္စုလည္း တိုင္းရင္းသားအားလံုး စုေပါင္း တည္ေထာင္ ထားခဲ့တဲ့ ႏိုင္ငံတိုင္းျပည္ျဖစ္တဲ့အတြက္ က်ေနာ္တို႔ စုေပါင္း ေခါင္းေဆာင္ျခင္းဆိုတာ အင္မတန္မွ အေရး ႀကီးတဲ့ အခ်က္ျဖစ္တယ္။ အဲဒီ သူတို႔ရဲ႕ မူဝါဒေကာင္းတဲ့အတြက္ က်ေနာ္တို႔ ဝိုင္းေမာ္ၿမိဳ႕နယ္ လူငယ္ေတြ အေနနဲ႔ အဲဒီပါတီ ဝိုင္းရံမယ္ ေထာက္ခံမယ္ မဲလည္းထည့္မယ္။” ဟု စိုင္းဆိုင္ဖုက ေျပာသည္။

ျပည္ေထာင္စု အဖြဲ႕ဝင္ ျပည္နယ္မ်ားသို႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရးမ်ားအား ျပန္လည္ ေပးအပ္ႏိုင္ ေရး အားထုတ္ ႀကိဳးပမ္းျခင္း၊ ျပည္သူသို႔ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ အခြင့္အေရး၊ ေ႐ြးေကာက္ ပြဲရည္မွန္း ခ်က္အတြက္ မွ်သာမဟုတ္ပဲ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ ေရးတို႔အတြက္ပါ ရည္ၫႊန္း ေၾကာင္း ပါတီ၏ မူဝါဒထဲတြင္ ေရးသားထား သည္။

ထို႔အျပင္ ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ လြဲမွားခဲ့သည့္ ေဆာင္႐ြက္ခ်က္မ်ားအား အျပဳ သေဘာခ်ဥ္းကပ္၍ စုေပါင္းေခါင္းေဆာင္မႈ၊ စုေပါင္းအင္အားျဖင့္ စုေပါင္းပိုင္ဆိုင္ေသာ ျပည္ေထာင္စုကို ျပန္လည္တည္ ေဆာက္ရန္ ရည္႐ြယ္ေၾကာင္း ပါတီ၏ မူဝါဒထဲတြင္ ေတြ႕ရသည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ထဲက ရွမ္းလူငယ္မ်ားက SNLD ပါတီ၏ မဲဆြယ္စည္းရံုး မႈ မ်ား တြင္ ၀န္းရံကာ မဲဆြယ္စည္းရံုးေရး လုပ္ငန္းမ်ားတြင္ ကူညီလုပ္ေဆာင္ေပးလ်က္ရွိၿပီး ၎တို႔ ၀န္းရံသည့္ ပါတီကိုလည္း ေရြးေကာက္ပြဲတြင္ အႏိုင္ရေစခ်င္သည္ ဟု ဆိုသည္။

ထို႔အျပင္ ပါတီအေနျဖင့္ လာမည့္ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိမည္ဆိုပါက လူငယ္မ်ားအတြက္ ပညာေရး၊ က်န္းမာေရး၊ ဖြံ႔ၿဖိဳးေရး အစရွိသည္မ်ားကုိ ယခုထက္ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ ေပးေစလို သည္ဟု ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ရွမ္းလူငယ္မ်ားက ဆိုသည္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ပါတီသည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ ေလာင္း ၁၃၀ ေက်ာ္ျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ကခ်င္ျပည္နယ္တြင္ ဝိုင္းေမာ္၊ မိုးေကာင္း၊ မိုးေမာက္၊ မံစီ ၿမိဳ႕နယ္မ်ားရွိ မဲဆႏၵနယ္ ၁၂ ေနရာတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ဟု သိရသည္။