ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဗဟိုချုပ်ကိုင်မှု လျော့ချရန် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

ဗဟိုချုပ်ကိုင်မှုကို လျှော့ချရန် အပါအဝင် တိုင်းရင်းသားများအတွက် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို ရရှိအောင် လုပ်ဆောင်ပေးရန် မျှော်မှန်းထားသည့် တိုင်းရင်းသားပါတီများကို မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးရန် တိုင်းရင်းသားပါတီ အချို့က တိုက်တွန်း ပြောဆိုလိုက်သည်။

ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်ပါက တိုင်းရင်းသားများ လိုချင်နေသည့် တန်းတူရေး၊ လွတ်လပ်ခွင့်၊ ကိုယ် ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို ရရှိနိုင်မည်ဟု တိုင်းရင်းသားပါတီများက ပြောသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျနော်တို့ရဲ့ ဆောင်ပုဒ်ထဲမှာ လည်း တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDP ကို မဲပေးစို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်ဖို့ရယ် KNDP ကို မဲပေးမယ်ဆိုပြီးတော့ ကျနော်တို့ ကြွေးကြော်ထားတယ်။ စည်းရုံးဆော်သြထားတဲ့အပိုင်းမျိုးပါ။ အထူးသဖြင့်ကတော့ တန်းတူညီမျှ ဖြစ်ဖို့အတွက် ကျနော်တို့ကို မဲပေးသင့်တယ် ကျနော်တို့ ဒါကို အကောင်အထည်ဖော်ဖို့ ကြိုးစားမယ် လွှတ် တော်ထဲမှာ တတ်နိုင်သလောက်ပေါ့လေ။ ကျနော်တို့ ပြည်နယ်မှာ ဆိုလို့ရှိရင်လည်း အဲဒီအတိုင်းပဲပေါ့။ အဲ့ လိုဖြစ်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ဖို့လိုတဲ့အတွက် မဲဆန္ဒရှင်တွေက ကျနော်တို့ကို မဲပေးဖို့လို အပ်တယ်” ဟု ပြောသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဗဟို ချုပ် ကိုင်မှုကိုလျှော့ချရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ရန် ဦးတည်ချက်ထားသော ပါတီဖြစ်သည့် အတွက် မဲဆန္ဒရှင်များအနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ အကျိုးကို သယ်ပိုးမည့် ၎င်းတို့၏ ပါတီကို မဲပေးကြ ရန်လိုသည် ဟု KySDP အတွင်းရေးမှူး ခူးသဲရယ် က ပြောသည်။

“ကျနော်တို့ တိုင်းရင်းသား ပါတီတွေ ဘာကြောင့် ပိုပြီးတော့မှ နေရာ ရလာဖို့လိုသလဲဆိုတော့ ဗဟိုချုပ်ကိုင် မှုကို ကျနော်တို့ လျှော့ချချင်တယ်။ နောက်ပြီးတော့မှလည်း ကျနော်တို့ ဖက်ဒရယ်စနစ်ကို လည်းကျနော်တို့ ဖော်ဆောင်ချင်တာပေါ့နော်။ အဓိက အချက် ၃ ချက်က အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ တိုင်းရင်းသား ပါတီထဲမှာတော့ ပါလာတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ဒီဒေသမှာ လူထုတွေနဲ့ ရင်း နှီးပြီးသား ပုဂ္ဂိုလ်တွေ လူထုအကျိုးကို ဆောင်ရွက်ဖူးခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် လူထုတွေရဲ့ လိုအပ် ချက် လူထုတွေရဲ့ အခက်အခဲကိုတော့ သူတို့ ပိုပြီးမှ နားလည်ပြီး လူထုတွေ တကယ်လိုအပ် နေတဲ့ အရာကို လည်း အမှန်တကယ် ဖော်ဆောင်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အခါကျတော့ ဒီပါတီက အနိုင်ရရှိဖို့ လိုတယ် ဆိုတာကတော့ ကျနော်တို့က မဲဆန္ဒရှင်ကို ပြောချင်ပါတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ၎င်းတို့၏ အကျိုးကို သယ်ပိုးပေးမည့် ဒေသအခြေစိုက် တိုင်းရင်းသား ပါတီများကို မဲပေးကြရန် တိုင်းရင်း သား ပါတီအချို့က တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့အတူ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းကလည်း မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ၎င်းတို့၏ပါတီကို မဲပေးသင့်သည့် အကြောင်းအရင်း နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“KSPP ဟာ ကချင်ပြည်နယ်ကို ဦးဆောင်တဲ့ ပါတီဖြစ်တယ်။ နောက်အနာဂတ်မှာ ၂၀၂၁ နောက်ပိုင်းမှာ ညွှန်ပေါင်းအစိုးရဖွဲ့တဲ့ အချိန်မှာလည်း KSPP ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါမယ်။ ဖက်ဒရယ် နိုင်ငံ တည်ဆောက်တဲ့ နေရာမှာလည်း KSPP ဟာ ပါဝင်လာရမယ်။ ဒါပြီးမှ အခြေခံ ဥပဒေပြင်ဆင်တဲ့ဟာမှာ လည်း KSPP ဟာ ပါဝင်ရမယ်။ ဒါကြောင့် KSPP ဟာ ကချင်ပြည်နယ်နဲ့ ခွဲခြားလို့ မရတဲ့ ပါတီ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီဟာက ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက် ဖြစ်တယ်။ ဒါကြောင့်လဲ KSPP ကိုမဲပေးဖို့ လိုအပ်ပါတယ်။”

ချင်းပါတီ ၃ ပါတီ ပေါင်းစည်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD ပါတီကလည်း ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းအမျိုးသားရေး လက္ခဏာများကို ဦးစားပေး လုပ်ဆောင်မည့် ချင်းပါတီကို မဲပေးကြရန် CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က ပြောသည်။

ဦးငိုင်ဆာ့ခ်က “ချင်းပါတီတွေကတော့ တိုင်းရင်းသားတွေက အဲဒီအတွက်ကို ရည်မှန်းချက် ထားပြီးတော့ တိုက်ပွဲဝင်တာကိုး ဆိုတော့ ၃ ချက်ရှိတယ် ချင်းပါတီမှာ အမျိုးသားရေး လက္ခဏာကို ဆောင်ရွက်တဲ့ ပါတီ ဖြစ်တယ်။ နံပါတ် နှစ်က အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ဖို့ရယ် နံပါတ်၂။ နံပါတ် ၃ က ပြည်နယ်အတွက် ဒေသအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ် မယ်ပေါ့။ အဲဒီဟာ ၃ ချက်အပေါ်မှာ ချင်းပါတီက လုပ်တာကိုး အထူးသဖြင့် NLD တို့ ကြံ့ခိုင်ရေးတို့ တစ်ခြား ပါတီတွေက ချင်းပြည်နယ်အတွက်ဆို တစ်ခြားဘာမှမပြောဘူး။ ဖွံ့ဖြိုးရေး လုပ်ပေးမယ် လမ်းဖောက်ပေး မယ်။ ကျောင်းဆောက်ပေးမယ် ဒီလောက်ပဲလေ။ ဆိုတော့ ကွာခြားပါတယ်ဆိုတာကြောင့် ချင်းပါတီကို တော့ မဲပေးရမှာပေါ့။ မဲပေးသင့်တာပေါ့နော်” ဟု ပြောသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီအနေဖြင့်လည်း ၁၉၄၇ ပင်လုံ ကတိက ဝတ်ကို အခြေခံသည့် ပါတီဖြစ်သည့်အပြင် ရှမ်းလူမျိုး တစ်မျိုးတည်း၏ အရေးအတွက် လုပ်ဆောင်မည့် ပါတီ မဟုတ်ပဲ ပြည်ထောင်စုထဲတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသား အားလုံး၏ အရေးကို လုပ် ဆောင် မည့် ပါတီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ၎င်းတို့ပါတီကို မဲပေးသင့်သည်ဟု SNLD ပါတီ မှ ဝိုင်း မော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆွန်လျို့ က ပြောသည်။

“ပြည်သူလူထုက SNLD ကို ဘာကြောင့်မဲပေးသင့်သလဲ၊ ကျနော်တို့ ၁၉၄၇ ပင်လုံ ကတိကဝတ် နောက် တစ်ချက်က ကျနော်တို့ မြန်မာပြည်သွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တဲ့အတွက် ကျနော်တို့ ဒီဖက်ဒရယ် သွားနေတဲ့ လမ်းကြောင်းဟာ ကျနော်တို့ ဖက်ဒရယ် မရမခြင်း က ကျနော်တို့က ဒီငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ မရပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ မူဝါဒနဲ့ ကိုက်ညီတဲ့အတွက် နောက် တစ်ချက်က ကျနော်တို့ သွားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ ကျနော်တို့ မူဝါဒ ချမှတ်ထားတဲ့ ပါတီ ဖြစ်တဲ့ အတွက် နောက်တစ်ချက် ပြည်သူကလည်း ယုံယုံကြည်ကြည်နဲ့ မဲပေးသင့်တယ်လို့ ကျနော် ယုံ ကြည်ပါတယ်။”

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံခဲ့ကြသည့်အပြင် ပါတီအောင်နိုင်ရေးအတွက်ပါ ကြိုးစားပေးခဲ့ကြသော်လည်း အာဏာရလာသည့် NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏ အရေးကို လျစ်လျူရှု့ ခံ ခဲ့ရသည်ဟု တိုင်းရင်းသားများက ဆို သည်။

ထို့ကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် တိုင်း ရင်းသားများက ၎င်းတို့၏ အမျိုးသားအလိုက် တိုင်းရင်းသားပါတီများကို ပြန်လည်ဝန်းရံခဲ့ကြသည်ကို တွေ့ရသည်။

ထိုမှတစ်ဆင့် ရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့ပါက လွှတ်တော်ထဲကနေ တစ်ဆင့် တိုင်းရင်းသားများ လို လား တောင်းတနေကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ တန်းတူခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးစားလုပ်ဆောင်သွားကြမည်ဟု တိုင်းရင်းသားပါတီများ က ကတိကဝတ်များ ပြုကာ မူဝါဒများ ချပြထားကြသည်။

*** ZAWGYI ***
ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ရန္ ဗဟိုခ်ဳပ္ကိုင္မႈ ေလ်ာ့ခ်ရန္ လိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

ဗဟိုခ်ဳပ္ကိုင္မႈကို ေလွ်ာ့ခ်ရန္ အပါအ၀င္ တိုင္းရင္းသားမ်ားအတြက္ ဖက္ဒရယ္ျပည္ေထာင္စု တည္ ေဆာက္ေရးကို ရရွိေအာင္ လုပ္ေဆာင္ေပးရန္ ေမွ်ာ္မွန္းထားသည့္ တိုင္းရင္းသားပါတီမ်ားကို မဲဆႏၵရွင္ ျပည္သူမ်ားအေနျဖင့္ မဲေပးရန္ တိုင္းရင္းသားပါတီ အခ်ိဳ႕က တိုက္တြန္း ေျပာဆိုလိုက္သည္။

ဗဟိုခ်ဳပ္ကိုင္မႈကို ေလ်ွာ့ခ်ႏိုင္ပါက တိုင္းရင္းသားမ်ား လိုခ်င္ေနသည့္ တန္းတူေရး၊ လြတ္လပ္ခြင့္၊ ကိုယ္ ပိုင္ျပဌာန္းခြင့္ႏွင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ေတြကို ရရွိႏုိင္မည္ဟု တုိင္းရင္းသားပါတီမ်ားက ေျပာသည္။

ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ဥကၠ႒ မန္းေအာင္ျပည္စိုးက “က်ေနာ္တို႔ရဲ႕ ေဆာင္ပုဒ္ထဲမွာ လည္း တန္းတူညီမွ်ဖြံ႔ၿဖိဳးဖို႔ KNDP ကို မဲေပးစို႔ ကိုယ့္ၾကမၼာ ကိုယ္ဖန္ဖို႔ရယ္ KNDP ကို မဲေပးမယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ ေႂကြးေၾကာ္ထားတယ္။ စည္းရံုးေဆာ္ၾသထားတဲ့အပိုင္းမ်ိဳးပါ။ အထူးသျဖင့္ကေတာ့ တန္းတူညီမွ် ျဖစ္ဖို႔အတြက္ က်ေနာ္တို႔ကို မဲေပးသင့္တယ္ က်ေနာ္တို႔ ဒါကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားမယ္ လႊတ္ ေတာ္ထဲမွာ တတ္ႏိုင္သေလာက္ေပါ့ေလ။ က်ေနာ္တို႔ ျပည္နယ္မွာ ဆိုလို႔ရွိရင္လည္း အဲဒီအတိုင္းပဲေပါ့။ အဲ့ လိုျဖစ္ဖို႔အတြက္ က်ေနာ္တို႔ ေဆာင္ရြက္ဖို႔လိုတဲ့အတြက္ မဲဆႏၵရွင္ေတြက က်ေနာ္တို႔ကို မဲေပးဖို႔လို အပ္ တယ္” ဟု ေျပာသည္။

ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP ပါတီကလည္း ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိပါက ဗဟို ခ်ဳပ္ ကိုင္မႈကိုေလွ်ာ့ခ်ရန္ႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုကို ေဖာ္ေဆာင္ရန္ ဦးတည္ခ်က္ထားေသာ ပါတီျဖစ္သည့္ အတြက္ မဲဆႏၵရွင္မ်ားအေနျဖင့္ ေဒသခံတိုင္းရင္းသားမ်ား၏ အက်ိဳးကို သယ္ပိုးမည့္ ၎တို႔၏ ပါတီကို မဲေပးၾက ရန္လိုသည္ ဟု KySDP အတြင္းေရးမွဴး ခူးသဲရယ္ က ေျပာသည္။

“က်ေနာ္တို႔ တိုင္းရင္းသား ပါတီေတြ ဘာေၾကာင့္ ပိုၿပီးေတာ့မွ ေနရာ ရလာဖို႔လိုသလဲဆိုေတာ့ ဗဟိုခ်ဳပ္ကိုင္ မႈကို က်ေနာ္တို႔ ေလွ်ာ့ခ်ခ်င္တယ္။ ေနာက္ၿပီးေတာ့မွလည္း က်ေနာ္တို႔ ဖက္ဒရယ္စနစ္ကို လည္းက်ေနာ္တို႔ ေဖာ္ေဆာင္ခ်င္တာေပါ့ေနာ္။ အဓိက အခ်က္ ၃ ခ်က္က အေရးႀကီးပါတယ္။ ေနာက္တစ္ခုကေတာ့ ကိုယ့္ရဲ႕ တိုင္းရင္းသား ပါတီထဲမွာေတာ့ ပါလာတဲ့ ကိုယ္စားလွယ္ေလာင္းေတြကလည္း ဒီေဒသမွာ လူထုေတြနဲ႔ ရင္း ႏွီးၿပီးသား ပုဂၢိဳလ္ေတြ လူထုအက်ိဳးကို ေဆာင္ရြက္ဖူးခဲ့တဲ့ ပုဂၢိဳလ္ေတြျဖစ္တဲ့အတြက္ လူထုေတြရဲ႕ လိုအပ္ ခ်က္ လူထုေတြရဲ႕ အခက္အခဲကိုေတာ့ သူတို႔ ပိုၿပီးမွ နားလည္ၿပီး လူထုေတြ တကယ္လိုအပ္ ေနတဲ့ အရာကို လည္း အမွန္တကယ္ ေဖာ္ေဆာင္ေပးႏိုင္တဲ့ ပုဂၢိဳလ္ေတြျဖစ္တဲ့အခါက်ေတာ့ ဒီပါတီက အႏိုင္ရရွိဖို႔ လိုတယ္ ဆိုတာကေတာ့ က်ေနာ္တို႔က မဲဆႏၵရွင္ကို ေျပာခ်င္ပါတယ္။”

ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသား မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ ၎တို႔၏ အက်ိဳးကို သယ္ပိုးေပးမည့္ ေဒသအေျခစိုက္ တိုင္းရင္းသား ပါတီမ်ားကို မဲေပးၾကရန္ တိုင္းရင္း သား ပါတီအခ်ိဳ႕က တိုက္တြန္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

ထို႔အတူ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒု-ဥကၠ႒ ဦးကြမ္ေဂါင္ေအာင္ခမ္းကလည္း မဲဆႏၵရွင္ျပည္သူ မ်ားအေနျဖင့္ ၎တို႔၏ပါတီကို မဲေပးသင့္သည့္ အေၾကာင္းအရင္း ႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။

“KSPP ဟာ ကခ်င္ျပည္နယ္ကို ဦးေဆာင္တဲ့ ပါတီျဖစ္တယ္။ ေနာက္အနာဂတ္မွာ ၂၀၂၁ ေနာက္ပိုင္းမွာ ၫႊန္ေပါင္းအစိုးရဖြဲ႔တဲ့ အခ်ိန္မွာလည္း KSPP ဟာ အေရးႀကီးတဲ့ အခန္းက႑မွာ ပါမယ္။ ဖက္ဒရယ္ ႏိုင္ငံ တည္ေဆာက္တဲ့ ေနရာမွာလည္း KSPP ဟာ ပါ၀င္လာရမယ္။ ဒါၿပီးမွ အေျခခံ ဥပေဒျပင္ဆင္တဲ့ဟာမွာ လည္း KSPP ဟာ ပါ၀င္ရမယ္။ ဒါေၾကာင့္ KSPP ဟာ ကခ်င္ျပည္နယ္နဲ႔ ခြဲျခားလို႔ မရတဲ့ ပါတီ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ဒီဟာက ကခ်င္ျပည္နယ္အတြင္းမွာ မွီတင္းေနထိုင္ၾကတဲ့ တိုင္းရင္းသားေတြ အားလံုးအတြက္ ျဖစ္တယ္။ ဒါေၾကာင့္လဲ KSPP ကိုမဲေပးဖို႔ လိုအပ္ပါတယ္။”

ခ်င္းပါတီ ၃ ပါတီ ေပါင္းစည္းထားသည့္ ခ်င္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ CNLD ပါတီကလည္း ကိုယ္ပိုင္ ျပဌာန္းခြင့္၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးႏွင့္ ခ်င္းအမ်ိဳးသားေရး လကၡဏာမ်ားကို ဦးစားေပး လုပ္ေဆာင္မည့္ ခ်င္းပါတီကို မဲေပးၾကရန္ CNLD ဥကၠ႒ ဦးငိုင္ဆာ့ခ္ က ေျပာသည္။

ဦးငိုင္ဆာ့ခ္က “ခ်င္းပါတီေတြကေတာ့ တိုင္းရင္းသားေတြက အဲဒီအတြက္ကို ရည္မွန္းခ်က္ ထားၿပီးေတာ့ တိုက္ပြဲ၀င္တာကိုး ဆိုေတာ့ ၃ ခ်က္ရွိတယ္ ခ်င္းပါတီမွာ အမ်ိဳးသားေရး လကၡဏာကို ေဆာင္ရြက္တဲ့ ပါတီ ျဖစ္တယ္။ နံပါတ္ ႏွစ္က အမ်ိဳးသား တန္းတူေရး ကိုယ္ပိုင္ျပဌာန္းခြင့္ရွိတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု တည္ ေဆာက္ဖို႔ရယ္ နံပါတ္၂။ နံပါတ္ ၃ က ျပည္နယ္အတြက္ ေဒသအတြက္ လိုအပ္တဲ့ ဖြံ႔ၿဖိဳးေရး လုပ္ငန္းလုပ္ မယ္ေပါ့။ အဲဒီဟာ ၃ ခ်က္အေပၚမွာ ခ်င္းပါတီက လုပ္တာကိုး အထူးသျဖင့္ NLD တို႔ ႀကံ့ခိုင္ေရးတို႔ တစ္ျခား ပါတီေတြက ခ်င္းျပည္နယ္အတြက္ဆို တစ္ျခားဘာမွမေျပာဘူး။ ဖြံ႔ၿဖိဳးေရး လုပ္ေပးမယ္ လမ္းေဖာက္ေပး မယ္။ ေက်ာင္းေဆာက္ေပးမယ္ ဒီေလာက္ပဲေလ။ ဆိုေတာ့ ကြာျခားပါတယ္ဆိုတာေၾကာင့္ ခ်င္းပါတီကို ေတာ့ မဲေပးရမွာေပါ့။ မဲေပးသင့္တာေပါ့ေနာ္” ဟု ေျပာသည္။

ထို႔အတူ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ SNLD ပါတီအေနျဖင့္လည္း ၁၉၄၇ ပင္လံု ကတိက ၀တ္ကို အေျခခံသည့္ ပါတီျဖစ္သည့္အျပင္ ရွမ္းလူမ်ိဳး တစ္မ်ိဳးတည္း၏ အေရးအတြက္ လုပ္ေဆာင္မည့္ ပါတီ မဟုတ္ပဲ ျပည္ေထာင္စုထဲတြင္ မွီတင္းေနထိုင္သည့္ တိုင္းရင္းသား အားလံုး၏ အေရးကို လုပ္ ေဆာင္ မည့္ ပါတီျဖစ္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ၎တို႔ပါတီကို မဲေပးသင့္သည္ဟု SNLD ပါတီ မွ ဝိုင္း ေမာ္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း စိုင္းဆြန္လ်ိဳ႕ က ေျပာသည္။

“ျပည္သူလူထုက SNLD ကို ဘာေၾကာင့္မဲေပးသင့္သလဲ၊ က်ေနာ္တို႔ ၁၉၄၇ ပင္လံု ကတိက၀တ္ ေနာက္ တစ္ခ်က္က က်ေနာ္တို႔ ျမန္မာျပည္သြားေနတဲ့ လမ္းေၾကာင္းဟာ ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ဒီဖက္ဒရယ္ သြားေနတဲ့ လမ္းေၾကာင္းဟာ က်ေနာ္တို႔ ဖက္ဒရယ္ မရမျခင္း က က်ေနာ္တို႔က ဒီၿငိမ္းခ်မ္းေရးဆိုတာ ဘယ္ေတာ့မွ မရပါဘူး။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ မူဝါဒနဲ႔ ကိုက္ညီတဲ့အတြက္ ေနာက္ တစ္ခ်က္က က်ေနာ္တို႔ သြားေနတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုဟာ က်ေနာ္တို႔ မူဝါဒ ခ်မွတ္ထားတဲ့ ပါတီ ျဖစ္တဲ့ အတြက္ ေနာက္တစ္ခ်က္ ျပည္သူကလည္း ယံုယံုၾကည္ၾကည္နဲ႔ မဲေပးသင့္တယ္လို႔ က်ေနာ္ ယံု ၾကည္ပါတယ္။”

ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားမ်ားအေနျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ကို ၀န္းရံခဲ့ၾကသည့္အျပင္ ပါတီေအာင္ႏိုင္ေရးအတြက္ပါ ႀကိဳးစားေပးခဲ့ၾကေသာ္လည္း အာဏာရလာသည့္ NLD ပါတီအေနျဖင့္ တိုင္းရင္းသားမ်ား၏ အေရးကို လ်စ္လ်ဴရႈ႕ ခံ ခဲ့ရသည္ဟု တိုင္းရင္းသားမ်ားက ဆို သည္။

ထို႔ေၾကာင့္ ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ တိုင္း ရင္းသားမ်ားက ၎တို႔၏ အမ်ိဳးသားအလိုက္ တိုင္းရင္းသားပါတီမ်ားကို ျပန္လည္၀န္းရံခဲ့ၾကသည္ကို ေတြ႕ရသည္။

ထိုမွတစ္ဆင့္ ေရြးေကာက္ပြဲတြင္ ေအာင္ႏိုင္ခဲ့ပါက လႊတ္ေတာ္ထဲကေန တစ္ဆင့္ တိုင္းရင္းသားမ်ား လို လား ေတာင္းတေနၾကသည့္ ကိုယ္ပိုင္ျပဌာန္းခြင့္၊ လြတ္လပ္ခြင့္၊ တန္းတူခြင့္၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ ႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးကို ႀကိဳးစားလုပ္ေဆာင္သြားၾကမည္ဟု တိုင္းရင္းသားပါတီမ်ား က ကတိကဝတ္မ်ား ျပဳကာ မူဝါဒမ်ား ခ်ျပထားၾကသည္။