COVID-19 ကြောင့် ဆားတောင်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

COVID-19 ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ရှိ ဆားတောင်သူများ လုပ်ငန်းဆက်လက် လည်ပတ်ရေး အခက်ကြုံ နေရသည်ဟု ပြည်နယ်အတွင်းက ဆားတောင်သူများ က ပြောသည်။

တစ်နေရာနှင့် တစ်နေရာသွားလာ၍ မရသည့်အတွက် ဆားဝယ်လိုအားကျ ဆင်းနေပြီး ဆားဈေးကွက်လည်း မရှိသည့်အတွက် လုပ်ငန်းဆက်လက်လည်ပတ်ရန် အခက်အခဲဖြစ်နေရ သည် ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းက ဆားတောင်သူ တစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ် ပငဆားကွင်းတွင် ဆားကွင်းဧက ၂၀ ကျော်လုပ်ကိုင်နေသည့် ကိုကျော်သူ က “ဆားတွေ အရောင်းအဝယ်မရှိဘူး၊ ငပိလုပ်တဲ့လူတွေလောက်နဲ့ပဲ နည်းနည်းပါးပါး ရောင်းနေရတာ၊ အရောင်းအဝယ်လဲမရှိ ဈေးလဲမရှိဘူး။ ဆားတွေက ဂိုထောင်မှာပဲ ဒီအတိုင်း ပုံထားရတယ်၊ ကိုဗစ်ကြောင့် ကျနော်တို့ ဆားလုပ်ငန်း အများကြီး ဆုတ်ယုတ်သွားတယ်၊ အကုန်လုံးက အခက်အခဲတွေကြီးပဲ” ဟု ပြောသည်။

လက်ရှိတွင် ဆားကြမ်းဈေး တစ်ပိဿာလျှင် ၇၀ ကျပ်သာရှိကြောင်း ယမန်နှစ်က ယခုကဲ့သို့ ဆားလုပ်ရာသီ အစတွင် ဆားကြမ်းတစ်ပိဿာဈေး ၂၀၀ ကျပ် အထိ ရှိခဲ့သည်ဟု ပငဆားတောင်သူများ က ပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလ လယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြသည်ဟု ပငဆားတောင်သူများ၏ ပြောပြချက်အရ သိရသည်။

“ဆားလုပ်ငန်းက အရောင်းအဝယ်မရှိလို့ ဈေးမရှိလို့ ဆားတွေ ပုံနေလို့ မလုပ်ပဲ နားလိုက်လို့လည်း မရဘူး၊ အချိန်ရောက်ရင် လုပ်ရတယ်၊ အတော်ကို အခက်အခဲရှိပါတယ်၊ သွားလာလို့ရဖို့ပဲ မျှော်နေရတယ်။ သွားလို့ရပြီး ဆိုရင် အရောင်းအဝယ်တွေလဲရှိလာမယ်။ ဒီအတိုင်းဆိုရင် မလွယ်ဘူး ဆားအသစ်လဲ ထွက်လာတော့မယ်။ ဆားအဟောင်းကလဲ ဒီအတိုင်းပုံနေတယ်” ဟု ပငဆားကွင်းမှ ဆားတောင်သူ ဦးအောင် က ပြောသည်။

ယခုကဲ့သို့ အသွားအလာများ ကန့်သတ်ထားမှုကြောင့် ဆားလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် အခြားဒေသက အလုပ်သမားများ ခေါ်မရသည့်အတွက် အလုပ်သမား အခက်အခဲလည်းရှိနေသည်ဟု ဆားတောင်သူ ဦးအောင် က ဆက်ပြောသည်။

COVID-19 ကူးစက်ရောဂါကြောင့် အခက်အခဲဖြစ်နေကြသည့် ဆားတောင်သူများက အစိုးရမှ ထုတ်ချေးပေး မည့် ကိုဗစ်ကုစားချေးငွေများ ရရှိရန် မျှော်လင့်နေကြသည်။

ကိုဗစ်ကုစားချေးငွေများရရှိပါက ဆားလုပ်ငန်းဆက်လက်လုပ်ကိုင်ရန်အတွက် များစွာအထောက်အကူဖြစ် အဆင်ပြေနိုင်သည်ဟုလည်း ဆားတောင်သူများက ပြောသည်။

“ကျနော်တို့ ဆားထုတ်လုပ်သူများအသင်းကနေ ကိုဗစ်ကုစားချေးငွေတင်ပြထားတဲ့အထဲမှာ အားလုံး ၅၆ ဦးကျထားပါတယ်၊ အခုချိန် အထိတော့ ငွေထုတ်ဖို့ စာမရသေးဘူး” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းထိန်က ပြောသည်။

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေး ဈေးကွက်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့လည်း အဓိက တင်ပို့ရောင်းချနေ သည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့ နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်း ရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့သည် နေလှမ်းဆားအများအပြား ထုတ်လုပ်ရာဒေသများ ဖြစ်သည်။

*** ZAWGYI ***
COVID-19 ေၾကာင့္ ဆားေတာင္သူမ်ား အခက္ၾကံဳ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

COVID-19 ကူးစက္ေရာဂါေၾကာင့္ မြန္ျပည္နယ္ရွိ ဆားေတာင္သူမ်ား လုပ္ငန္းဆက္လက္ လည္ပတ္ေရး အခက္ႀကဳံ ေနရသည္ဟု ျပည္နယ္္အတြင္းက ဆားေတာင္သူမ်ား က ေျပာသည္။

တစ္ေနရာႏွင့္ တစ္ေနရာသြားလာ၍ မရသည့္အတြက္ ဆားဝယ္လိုအားက် ဆင္းေနၿပီး ဆားေစ်းကြက္လည္း မရွိသည့္အတြက္ လုပ္ငန္းဆက္လက္လည္ပတ္ရန္ အခက္အခဲျဖစ္ေနရ သည္ ဟု သံျဖဴဇရပ္ၿမိဳ႕နယ္ ပငဆားကြင္းက ဆားေတာင္သူ တစ္ဦးက ေျပာသည္။

သံျဖဴဇရပ္ၿမိဳ႕နယ္ ပငဆားကြင္းတြင္ ဆားကြင္းဧက ၂၀ ေက်ာ္လုပ္ကိုင္ေနသည့္ ကိုေက်ာ္သူ က “ဆားေတြ အေရာင္းအဝယ္မရွိဘူး၊ ငပိလုပ္တဲ့လူေတြေလာက္နဲ႔ပဲ နည္းနည္းပါးပါး ေရာင္းေနရတာ၊ အေရာင္းအဝယ္လဲမရွိ ေစ်းလဲမရွိဘူး။ ဆားေတြက ဂိုေထာင္မွာပဲ ဒီအတိုင္း ပုံထားရတယ္၊ ကိုဗစ္ေၾကာင့္ က်ေနာ္တို႔ ဆားလုပ္ငန္း အမ်ားႀကီး ဆုတ္ယုတ္သြားတယ္၊ အကုန္လုံးက အခက္အခဲေတြႀကီးပဲ” ဟု ေျပာသည္။

လက္ရွိတြင္ ဆားၾကမ္းေစ်း တစ္ပိႆာလ်ွင္ ၇၀ က်ပ္သာရွိေၾကာင္း ယမန္ႏွစ္က ယခုကဲ့သို႔ ဆားလုပ္ရာသီ အစတြင္ ဆားၾကမ္းတစ္ပိႆာေစ်း ၂၀၀ က်ပ္ အထိ ရွိခဲ့သည္ဟု ပငဆားေတာင္သူမ်ား က ေျပာသည္။

မြန္ျပည္နယ္တြင္ ဆားလုပ္ငန္းကို ပုံမွန္အားျဖင့္ မိုးအကုန္ စက္တင္ဘာလ လယ္ခန႔္တြင္ စတင္ျပင္ဆင္ၾကၿပီး ႏိုဝင္ဘာလဆန္းတြင္ ပင္လယ္ေရတင္ၿပီး ေနလွမ္းျခင္းကို စတင္လုပ္ကိုင္ၾကသည္ဟု ပငဆားေတာင္သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။

“ဆားလုပ္ငန္းက အေရာင္းအဝယ္မရွိလို႔ ေစ်းမရွိလို႔ ဆားေတြ ပုံေနလို႔ မလုပ္ပဲ နားလိုက္လို႔လည္း မရဘူး၊ အခ်ိန္ေရာက္ရင္ လုပ္ရတယ္၊ အေတာ္ကို အခက္အခဲရွိပါတယ္၊ သြားလာလို႔ရဖို႔ပဲ ေမွ်ာ္ေနရတယ္။ သြားလို႔ရၿပီး ဆိုရင္ အေရာင္းအဝယ္ေတြလဲရွိလာမယ္။ ဒီအတိုင္းဆိုရင္ မလြယ္ဘူး ဆားအသစ္လဲ ထြက္လာေတာ့မယ္။ ဆားအေဟာင္းကလဲ ဒီအတိုင္းပုံေနတယ္” ဟု ပငဆားကြင္းမွ ဆားေတာင္သူ ဦးေအာင္ က ေျပာသည္။

ယခုကဲ့သို႔ အသြားအလာမ်ား ကန႔္သတ္ထားမႈေၾကာင့္ ဆားလုပ္ငန္းခြင္တြင္ လုပ္ကိုင္ရန္ အျခားေဒသက အလုပ္သမားမ်ား ေခၚမရသည့္အတြက္ အလုပ္သမား အခက္အခဲလည္းရွိေနသည္ဟု ဆားေတာင္သူ ဦးေအာင္ က ဆက္ေျပာသည္။

COVID-19 ကူးစက္ေရာဂါေၾကာင့္ အခက္အခဲျဖစ္ေနၾကသည့္ ဆားေတာင္သူမ်ားက အစိုးရမွ ထုတ္ေခ်းေပး မည့္ ကိုဗစ္ကုစားေခ်းေငြမ်ား ရရွိရန္ ေမွ်ာ္လင့္ေနၾကသည္။

ကိုဗစ္ကုစားေခ်းေငြမ်ားရရွိပါက ဆားလုပ္ငန္းဆက္လက္လုပ္ကိုင္ရန္အတြက္ မ်ားစြာအေထာက္အကူျဖစ္ အဆင္ေျပႏိုင္သည္ဟုလည္း ဆားေတာင္သူမ်ားက ေျပာသည္။

“က်ေနာ္တို႔ ဆားထုတ္လုပ္သူမ်ားအသင္းကေန ကိုဗစ္ကုစားေခ်းေငြတင္ျပထားတဲ့အထဲမွာ အားလုံး ၅၆ ဦးက်ထားပါတယ္၊ အခုခ်ိန္ အထိေတာ့ ေငြထုတ္ဖို႔ စာမရေသးဘူး” ဟု မြန္ျပည္နယ္ ဆားလုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးဝင္းထိန္က ေျပာသည္။

မြန္ျပည္နယ္မွ ထြက္သည့္ဆားမ်ားကို ျပည္နယ္အတြင္း အသုံးျပဳသည့္အျပင္ အထက္ျမန္မာျပည္ မႏၲေလး ေစ်းကြက္ႏွင့္ တနသာရီတိုင္းေဒသႀကီးဘက္ရွိ ငါးလုပ္ငန္းေစ်းကြက္မ်ားသို႔လည္း အဓိက တင္ပို႔ေရာင္းခ်ေန သည္ဟု ျပည္နယ္ဆားလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

မြန္ျပည္နယ္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ ပင႐ြာ၊ က႐ုပၸိ႐ြာ က်ိဳက္ခမီၿမိဳ႕ ႏွင့္ စက္စဲ ေပါင္ၿမိဳ႕နယ္ ထန္းပင္ေခ်ာင္း ႐ြာႏွင့္ ေရးၿမိဳ႕နယ္ ပလိုင္ကီးေက်း႐ြာတို႔သည္ ေနလွမ္းဆားအမ်ားအျပား ထုတ္လုပ္ရာေဒသမ်ား ျဖစ္သည္။