ငြိမ်းချမ်းရေး၊ စစ်ရှောင်နေရပ်ပြန်ရေးနဲ့ မြစ်ဆုံ ရေကာတာ ဖျက်သိမ်းရေး အပါအဝင် ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်များအပေါ် တွေ့ဆုံ မေးမြန်းခြင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အနေဖြင့် လာမယ့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက အခြား ပြည် နယ် အခြေစိုက် တိုင်းရင်းသား ပါတီများနှင့် ပူးပေါင်းကာ ညွှန့်ပေါင်းအစိုးရ ဖွဲ့ရန် သဘောထားရှိသည့် တိုင်းရင်းသား ပါတီတစ်ခုဖြစ်သည်။

ရွေးကောက်ပွဲတွင် အောင်နိုင်ပြီး လွှတ်တော်ထဲကို ရောက်သွားမည်ဆိုပါက KSPP အနေဖြင့် ငြိမ်းချမ်းရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း အပြီးတိုင်ရပ်တန့်ရေး၊ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး အပါအဝင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ရရှိအောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အနေဖြင့် လွှတ်တော်ထဲကို ရောက်ရှိသွားမည်ဆိုပါက ၎င်းတို့ ပြောဆို ထားသည့် အချက်များကို ရရှိအောင် မည်ကဲ့သို့ လုပ်ဆောင်သွားမှာလဲ၊ ဘယ်လိုမူဝါဒတွေ၊ ဘယ်လိုသ ဘောထားတွေရှိနေပါသလဲ စတာတွေကို KSPP ဒု – ဥက္ကဋ္ဌ – ၂ ဦးကွမ်ဂေါင် အောင်ခမ်း ကို ဆက်သွယ်မေးမြန်းရာမှာ ငြိမ်းချမ်းရေးရအောင် ဘယ်လို လုပ်သွားမယ်ဆိုတာကို အခုလို စပြောပါတယ်။

ဦးကွမ်ဂေါင်အောင်ခမ်း – ငြိမ်းချမ်းရေးက ကျနော်တို့ မလုပ်ဘူးဆိုရင် မရနိုင်တော့ပါဘူး။ အဓိကက တော့ ၂၀၁၀ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကလည်းပဲ အစိုးရ လုပ်ပြီးပြီ။ ဘာမှငြိမ်းချမ်းရေးလည်း မရဘူး။ ပိုမိုဆိုးရွား လာ တဲ့ အခြေအနေမျိုးပဲဖြစ်တယ်။ နောက်တစ်ချက်ကတော့ ၂၀၁၅ ကနေ ၂၀၂၀ အထိ NLD အစိုးရ ဖြစ်လာ တယ်။ ငြိမ်းချမ်းရေး ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့်လည်း ကျနော်တို့က ကျနော်တို့ ကိုယ်တိုင် ခံစားနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ရင် ရရှိပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် လုပ်မယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံး ညှိနှိုင်း ဆောင်ရွက်မယ်။ ဒါပြီးမှ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံး ညှိနှိုင်း ဆောင် ရွက်ပြီးမှ အကုန်လုံး ပါတီတွေနဲ့ တူတူ ညီညီနဲ့ ဒီငြိမ်းချမ်းရေးကို လုပ်ဖို့ ဆန္ဒရှိလို့ လွှတ်တော် လမ်းကြောင်း ထဲကနေ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘူးဆို ဘာမှ လုပ် လို့မရပါဘူး။ ဒါကြောင့်မို့ လွှတ်တော်လမ်းကြောင်းကနေ ငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ကိုယ့်မိခင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံး ညှိနှိုင်းပြီးတော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ လုပ်ဆောင်သွားမှာပေါ့။ နောက်တစ်ချက်ကတော့ စစ်မှန် တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး – နောက်တစ်ခုက ဦးအောင်ခမ်းတို့ ရွေးကောက်ပွဲ ကတိကဝတ်ထဲမှာ IDPs တွေ နေရပ်ပြန်နိုင်ရေး အတွက်လည်း ထည့်သွင်းထားတာတွေ့ရတယ်။ IDPs တွေ နေရပ်ပြန်နိုင်အောင် ဘယ်လိုမျိုး လုပ်ဆောင် သွားမှာလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – အဓိကကတော့ သက်ဆိုင်ရာ IDPs သူတို့နဲ့ ဆွေးနွေးမယ် လက်နက်ကိုင် အဖွဲ့အ စည်းတွေနဲ့ ဆွေးနွေးမယ်။ ဒေသခံလူတွေနဲ့ ဆွေးနွေးပြီးမှ ဒီဟာကို ဘယ်လိုမျိုး လုပ်ဆောင်ဖို့လိုတယ် လုပ် ဆောင်သင့်တယ် အတူတကွ ဆွေးနွေးပြီးမှ လုပ်ဆောင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ဘူးဆို ဒီဟာကို ညွှန်ကြား တဲ့ ပုံစံနဲ့ လုပ်ဆောင်မယ်ဆိုရင် ဘာမှ မဖြစ်လာပါဘူး။ ဖြစ်လည်း မဖြစ်လာပါဘူး။ အဓိကကတော့ ကျနော် တို့ ညှိနှိုင်းဆွေးနွေးပြီးမှ သူတို့ရဲ့ အနာဂတ်လုံခြုံတဲ့ လူ့ဘောင်ဖြစ်ဖို့လိုပါတယ်။ မိခင်ဒေသကို ပြန်နိုင်ဖို့ လည်း လိုပါတယ်။ ဒါကြောင့်လည်း အကုန်လုံးနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှ ဒီဟာကို လုပ်ဆောင်ဖို့ လိုတယ် ဆိုတဲ့ဟာကိုလည်း ပြောလိုပါတယ်။

မေး – ပြီးတော့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်တန့်သွားအောင် ကြိုးစားသွားမယ်။ ဆက်လက်ကန့်ကွက် သွားမယ်လို့ ပြောထားတာလည်းရှိတယ်။ ဆိုတော့ ပါတီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်းတွေ အ နေနဲ့ လွှတ်တော်ထဲကို ရောက်သွားခဲ့ရင် ဒီမြစ်ဆုံစီမံကိန်းကို ဘယ်လိုမျိုး ပုံစံမျိုးနဲ့ ရပ်တန့်နိုင်အောင် လုပ် ဆောင်သွား မှာလဲ။ ကြိုးစားသွားမှာလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – အဓိကကတော့ ဒီဟာ အဖြစ်မှန်ကို ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ ဒီဟာက ဘယ်လိုမျိုးဖြစ်တယ်။ ဘယ်လိုမျိုး လုပ်ခဲ့တယ် ဘယ်ဟာက ငွေရေးကြေးရေး ဘယ်လိုမျိုးဖြစ် တယ်ဆို တဲ့ဟာကို ပွင့်ပွင့်လင်းလင်း တင်ပြချပြဖို့လိုပါတယ်။ ဒီနောက်ပိုင်းမှာ ဘယ်လိုမျိုး လုပ်မလဲ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဘယ်လိုမျိုးဆွေးနွေးကြမလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပြီးမှ ကျနော်တို့ လုပ်သွားမှာ အဓိကကတော့ ဒီမြစ်ဆုံရေကာတာကို ထာဝရ ပိတ်ပင်ရေးဟာ အလွန်တရာမှ အရေးကြီးတယ် ကျနော် တို့ရဲ့ တကယ့် ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမြစ်ဆုံရေကာတာက လုံးဝတည် ဆောက်လို့ မရပါဘူး။ ကျနော်တို့ ပါတီထဲမှ မဟုတ်ဘူး ပြည်သူလူထုတစ်ရပ်လုံးလည်း ဒီဟာကို မကြိုက် ပါဘူး။ ဒါကြောင့်လဲ တကယ်ပဲ ပိတ်ပင်သွားဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

မေး – နောက်တစ်ခုက ကချင်ပြည်နယ်မှာ လုပ်ဆောင်မယ့် လုပ်ဆောင်နေဆဲ အကြီးစား စီမံကိန်းတွေ၊ စက်မှုဇုန်တွေရှိတယ်ပေါ့နော ဆိုတော့ အဲဒီအကြီးစား စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့ မူဝါဒ သဘောထားက ဘယ်လိုရှိသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – အဓိကက ကျနော်တို့ မကြာခဏပဲ ဒီအကြီးစား စက်မှုဇုန်တွေကို မလုပ်ဖို့ ကျနော်တို့လည်း တင်ပြထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံဟာ ငြိမ်းချမ်းရေးလည်း မရဘူး စစ်မှန်တဲ့ ဖက်ဒရယ် နိုင်ငံကို တည်ဆောက်လို့လည်း မရသေးဘူး ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့်အဲဒီ အချိန်အခါအထဲမှာ ဒီ မီဂါပရောဂျက် စီးပွားရေး လုပ်ငန်တွေ မလုပ်ဖို့ ကျနော်တို့က ဒီဟာကိုတင်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာကို ကျနော်တို့ အနေနဲ့ ယခုအချိန်မှာ ဘယ်လိုမှ လက်ခံနိုင်စရာလည်း အကြောင်း မရှိပါဘူး။

မေး – ဆိုတော့ အကြီးစားစီမံကိန်းတွေထဲမှာ ကချင်ပြည်နယ်ကို ဖြတ်သွားမယ့် ပိုးလမ်းမစီမံကိန်းလည်း ပါ နေတယ်ဆိုတော့ လွှတ်တော်ထဲကို ရောက်သွားလို့ရှိရင် လက်ရှိ တရုတ်ကနေ လုပ်ဆောင်နေတဲ့ ပိုးလမ်း မစီမံကိန်းအပေါ် ပါတီရဲ့ သဘောထား မူဝါဒကရော ဘယ်လိုရှိနေသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – အခုအခြေအနေမှာ ကျနော်တို့ ဒီဟာကို ခုနတုန်းက ကျနော်တို့ တင်ပြတဲ့ အ တိုင်းပဲ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ မဖြစ်သေးဘူး အဲဒီမဖြစ်သေးတဲ့ အချိန်မှာ ဒီဟာတွေကို ဆွေးနွေး ဖို့တင်ပြဖို့ ဒီဟာ လုပ်ဆောင်ဖို့ဟာ ဒီဟာကိုသဘောမတူနိုင်ပါဘူး။ အဓိကကတော့ ငြိမ်းချမ်းရေး ရရှိဖို့လို တယ်။ အဲဒီပိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ အခြေခံဥပဒေတွေ ရှိရမယ်။ ဒါပြီးမှ စစ်မှန်တဲ့ ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ပြီးတဲ့နောက်ပိုင်းမှာ ပိုးလမ်းမကို ဘယ်လိုပြုလုပ်မလဲ လုပ်သင့်သလား မလုပ်သင့်သလား ပြည်သူလူထုနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှပဲ ဒီဟာကို လုပ်ဆောင်သင့် မလုပ်ဆောင်သင့် ဆိုတာ အဲဒီအချိန်မှာမှ ဆုံးဖြတ်လို့ ရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဒီဟာလုပ်မယ်ဆိုတဲ့ ဟာမျိုးကို ကျနော်တို့ ဒီဟာကိုလည်း သဘောမတူပါဘူး။

မေး – နောက်တစ်ချက်က ကချင်ပြည်နယ်မှာ ရွေ့ပြောင်းအလုပ်သမားတွေကလည်း အများကြီးရှိတယ် ဆို တော့ အဲဒီအနေအထားမှာ ဌာနေတိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး KSPP အနေ နဲ့ ဘာတွေများ လုပ်ဆောင်ပေးသွားမှာလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – ပထမအချက်အနေနဲ့တော့ ဒီဟာ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ တင်ပြဖို့လိုပါ တယ်။ အဲဒီနောက်ပိုင်းမှာ အခြေခံဥပဒေမှာ ထည့်သွင်းသွားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့ ဒီအခြေခံဥပဒေမှာ ထည့်သွင်းထားခြင်း မရှိဘူးဆိုရင် ဒီဟာကို ဥပဒေအရ လုပ်ဆောင်ဖို့ ခက်ပါတယ်။ ဒါကြောင့်လည်း အခြေခံ ဥပဒေမှာ တိတိကျကျ ပြဌာန်းပြီးမှ ဌာနေတိုင်းရင်းသားတွေအတွက် ကာကွယ် ပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်ရမယ်။ စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး လယ်မြေ မြေယာ ပြဿနာ အကုန်လုံးပေါ့ ဒီမြေယာ သယံဇာတတွေဟာ ဥပဒေနဲ့ တိတိကျကျ ပြဌာန်းပြီးမှ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို တိတိကျကျ သွားဖို့ ဖြစ်ပါတယ်။

မေး – ဌာနေတိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ထဲမှာ မြေယာနဲ့ ပတ်သက်ပြီးတော့ ပြောသွားတယ်ဆိုတော့ လက်ရှိ ကချင်ပြည်နယ်မှာ တစ်သျှူးငှက်ပျော ပြဿနာကလည်း မြေယာပြဿနာဖြစ်တယ်ပေါ့နော။ တစ် ဖက်မှာလည်း ပြည်နယ် အစိုးရ ပြောတာက ဒီ ငှက်ပျောခြံတွေကနေ အခွန်တွေရတယ်လို့လည်းပြော တယ်။ ဆိုတော့ လွှတ်တော်ထဲကို ရောက်သွားရင် ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမှာလဲ။ ဘယ်လိုမူဝါဒ တွေရှိသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – ဒီဟာက ကျနော်တို့ ပြန်ပြီးမှ သုံးသပ်ဖို့လိုတယ်။ ဒီမြေကို ဘယ်လိုမျိုး လုပ်သလဲ ဘာတွေ လုပ်သလဲ ဒါပြီးမှ ငှက်ပျော စိုက်ပျိုးတဲ့ ဒီမြေဟာ တကယ်တရားဝင်သလား တရားမဝင်ဘူးလား ဒါတွေလည်း အကုန်လုံး ပြန်သုံးသပ်ဖို့ လိုပါတယ်။ ဒီဟာစိုက်ပျိုးတဲ့ စနစ်က ဘယ်လိုမျိုး ဒေသခံအတွက် အကျိုးရှိသလား။ မရှိဘူးလား နောက်ပြီးမှ ဆေးဝါးတွေနဲ့ ပတ်သက်ပြီးမှ Effect ဖြစ်သလား မဖြစ်ဘူးလား ဒါတွေ အကုန်လုံး သုတေသနလုပ်ပြီးမှ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဒီဟာ လုပ်သင့် မလုပ်သင့်ဆိုတဲ့ အချက်တွေက အစပေါ့ကွာ။ ဒီဟာတွေတော့ လွှတ်တော်ထဲမှာ ပြန်ပြီးမှ ဆွေးနွေးတိုင်ပင်ရမယ့် အချက် တွေဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အခုအခြေအနေမှာ ဒေသခံအတွက် ဘာမှအကျိုးမရှိတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ ဒါပြီးမှ အနာဂတ်အတွက်လည်း မြေအနေအထားဟာ အသုံးပြုလို့ရလား မရဘူးလား ဆိုတဲ့ဟာ လည်း ဒါလည်း မေးခွန်းထုတ်စရာ ဖြစ်ပတယ်။ နောက်တစ်ချက်ကတော့ သူတို့ နိုင်ငံမှာတောင် မလုပ်ချင် တဲ့ ငှက်ပျောစိုက်ပျိုးရေးဟာ ဒီမှာ လုပ်လာတဲ့ အပိုင်းတွေကလည်း စဉ်းစားစရာဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာတွေက ကျနော်တို့ နက်နက်နဲနဲ စဉ်းစားပြီးမှ ဒီလွှတ်တော်ထဲမှာ ပြန်ဆွေးနွေးပြီးမှ သုတေသန လုပ်ရမယ့် အချက်ဖြစ်ပါတယ်။

မေး – အခြေခံလူတန်းစားတွေအတွက်ရော အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဖန် တီး ပေးမှာလဲ။ ဘယ်လိုမျိုး လုပ်ဆောင် ပေးသွားဖို့ ရှိသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – ဒီဟာတွေကကျတော့ ဒေသနဲ့ ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒီဟာတွေတော့ ဖြစ်ပါလိမ့်မယ် စိုက်ပျိုး ရေး မွေးမြူရေး တစ်ခြားကုန်သွယ်ရေး ဒါတွေကလည်း လုပ်ဖို့လိုတယ်။ ဒါပြီးမှ နယ် စပ်ကုန်သွယ်ရေးက လည်း တစ်နိုင်တစ်ပိုင်နဲ့ လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ဒီပြည်တွင်းမှာ ဒီမှာ ထုတ် ကုန်တွေ ပြည်တွင်း မှာ ထုတ်ပြီးမှ ပြန်ဖြန့်ချီနိုင်ဖို့ပေါ့နော ဒါတွေကတော့ စီးပွားရေး အလတ်စား အကြီးစား မဟုတ်သည့် တိုင် အောင် အလတ်စား စီးပွားရေးတွေ ဖြစ်ဖို့လည်း လိုပါတယ်။ ဒါက အသေးစား စီးပွားရေး ကနေ လက်မှု လုပ်ငန်း ဒါတွေကလည်း ဖြစ်ဖို့လိုပါတယ်။ နောက်ပြီးမှပဲ တစ်ဖြည်းဖြည်းနဲ့ တိုးတက်ဖို့ ဒါမှ မဟုတ် အကြီး စားပဲ လုပ်ပြီးမှ ကျနော်တို့က မလိုက်နိုင်တဲ့ဟာမျိုးတွေဆိုရင် ကျနော်တို့ ပြည်သူလူထု အတွက် အကာအကွယ် မရှိတဲ့ လုပ်ငန်းတွေပဲ ဖြစ်သွားမှာပါ ဒါကြောင့်လည်း အဓိက ဒီမှာ လေမြေတွေ မြေတွေရှိတယ်။ အဲဒီဟာကို အသုံးချသွားဖို့လိုတယ်။ နေက်တစ်ချက်ကတော့ သယံဇာတတွေကိုလည်း စနစ်တကျ တူး ဖော်ပြီးတော့မှ အရင်းအနှီး ကျန်းမာရေး ပညာရေးဖက်ကို ရင်းနှီးမြုပ်နှံပြီးတော့မှ ဖွံ့ဖြိုးတိုး တက် ဖို့လိုတယ်။ စီးပွားရေးကိုလည်း တစ်နိုင်တစ်ပိုင် အားပေးဖို့လည်း လိုပါတယ်။

မေး – နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ တိုင်းရင်းသားပါတီတွေကို ဘာ့ကြောင့် မဲထည့်ဖို့လိုတယ်လို့ ပြောနေတာလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း – ဒီ ၂၀၂၀ ရဲ့ အကူးအပြောင်း အပြောင်းအလဲဟာ မြန်မာပြည်ရဲ့ အနာဂတ် အကူး အပြောင်းလေး အတွက် သိပ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကူးအပြောင်းမှာ ပြည်မ ပါတီတွေ အနေနဲ့ ဘာမှ လုပ်နိုင်တဲ့ စွမ်းရည်လည်း မရှိပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ ပါတီတွေ စုစည်းပြီးမှ ပြည်မပါတီတွေနဲ့အတူ လက်တွဲဆောင်ရွက်ပြီးမှ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့လိုတယ်။ ငြိမ်းချမ်းရေးကိုလည်း လုပ်ဖို့လိုတယ်။ အခြေခံဥပဒေကိုလည်း စုပေါင်းပြီးမှ ပြင် ဆင်ဖို့ လိုတယ်။ ပြင်ဆင်လို့မရရင်လည်း အသစ်ရေးဆွဲဖို့လိုတယ် ဒါကြောင့်လည်း အကုန်လုံး တိုင်းသူပြည် သားတွေ မဲထည့်ပြီးမှ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသား ပါတီတွေ အနိုင်ရရှိဖို့လိုတယ်။ ဒါတွေကိုလည်း တိတိကျကျနဲ့ မဲထည့်တဲ့ နေရာမှာလည်း အနိုင်ရရှိအောင်လည်း ပြည်သူလူထုတွေကလည်း မဲပေးဖို့လိုတဲ့ ဟာလည်း ပြောလိုပါတယ်။ ဒါကြောင့် အကုန်လုံး တိုင်းရင်းသား ပါတီတွေကို မဲထည့်ဖို့ ကျနော်တို့ မေတ္တာ ရပ်ခံပါတယ်။

*** ZAWGYI ***
ၿငိမ္းခ်မ္းေရး၊ စစ္ေရွာင္ေနရပ္ျပန္ေရးနဲ့ ျမစ္ဆံု ေရကာတာ ဖ်က္သိမ္းေရး အပါအဝင္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ၏ ေရြးေကာက္ပြဲ ကတိကဝတ္မ်ားအေပၚ ေတြ႔ဆံု ေမးျမန္းျခင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၆ ရက္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP အေနျဖင့္ လာမယ့္ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ပါက အျခား ျပည္ နယ္ အေျခစိုက္ တိုင္းရင္းသား ပါတီမ်ားႏွင့္ ပူးေပါင္းကာ ၫႊန္႔ေပါင္းအစိုးရ ဖြဲ႔ရန္ သေဘာထားရွိသည့္ တိုင္းရင္းသား ပါတီတစ္ခုျဖစ္သည္။

ေရြးေကာက္ပြဲတြင္ ေအာင္ႏိုင္ၿပီး လႊတ္ေတာ္ထဲကို ေရာက္သြားမည္ဆိုပါက KSPP အေနျဖင့္ ၿငိမ္းခ်မ္းေရး၊ ျမစ္ဆံုေရကာတာ စီမံကိန္း အၿပီးတိုင္ရပ္တန္႔ေရး၊ ဌာေနတိုင္းရင္းသားမ်ား၏ အခြင့္အေရး အပါအ၀င္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုကို ရရွိေအာင္ လုပ္ေဆာင္သြားမည္ဟု ေျပာဆိုထားသည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP အေနျဖင့္ လႊတ္ေတာ္ထဲကို ေရာက္ရွိသြားမည္ဆိုပါက ၎တို႔ု ေျပာဆို ထားသည့္ အခ်က္မ်ားကို ရရွိေအာင္ မည္ကဲ့သို႔ လုပ္ေဆာင္သြားမွာလဲ၊ ဘယ္လိုမူဝါဒေတြ၊ ဘယ္လိုသ ေဘာထားေတြရွိေနပါသလဲ စတာေတြကို KSPP ဒု – ဥကၠ႒ – ၂ ဦးကြမ္ေဂါင္ ေအာင္ခမ္း ကို ဆက္သြယ္ေမးျမန္းရာမွာ ၿငိမ္းခ်မ္းေရးရေအာင္ ဘယ္လို လုပ္သြားမယ္ဆိုတာကို အခုလို စေျပာပါတယ္။

ဦးကြမ္ေဂါင္ေအာင္ခမ္း – ၿငိမ္းခ်မ္းေရးက က်ေနာ္တို႔ မလုပ္ဘူးဆိုရင္ မရႏိုင္ေတာ့ပါဘူး။ အဓိကက ေတာ့ ၂၀၁၀ မွာ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ကလည္းပဲ အစိုးရ လုပ္ၿပီးၿပီ။ ဘာမွၿငိမ္းခ်မ္းေရးလည္း မရဘူး။ ပိုမိုဆိုး႐ြား လာ တဲ့ အေျခအေနမ်ိဳးပဲျဖစ္တယ္။ ေနာက္တစ္ခ်က္ကေတာ့ ၂၀၁၅ ကေန ၂၀၂၀ အထိ NLD အစိုးရ ျဖစ္လာ တယ္။ ၿငိမ္းခ်မ္းေရး ဘာမွ မလုပ္ႏိုင္ဘူး။ ဒါေၾကာင့္လည္း က်ေနာ္တုိ႔က က်ေနာ္တို႔ ကိုယ္တိုင္ ခံစားေနတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က ေ႐ြးေကာက္ပြဲ အႏိုင္ရရွိခဲ့ရင္ ရရွိၿပီးတဲ့ ေနာက္ပိုင္းမွာ ၿငိမ္းခ်မ္းေရးကို အားသြန္ခြန္စိုက္ လုပ္မယ္။ လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔လည္း အကုန္လုံး ညႇိႏႈိင္း ေဆာင္႐ြက္မယ္။ ဒါၿပီးမွ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔လည္း အကုန္လုံး ညႇိႏႈိင္း ေဆာင္ ႐ြက္ၿပီးမွ အကုန္လုံး ပါတီေတြနဲ႔ တူတူ ညီညီနဲ႔ ဒီၿငိမ္းခ်မ္းေရးကို လုပ္ဖို႔ ဆႏၵရွိလို႔ လႊတ္ေတာ္ လမ္းေၾကာင္း ထဲကေန ဘာျဖစ္လို႔လဲဆိုေတာ့ ၿငိမ္းခ်မ္းေရးကို လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ မေဆြးေႏြးဘူးဆို ဘာမွ လုပ္ လို႔မရပါဘူး။ ဒါေၾကာင့္မို႔ လႊတ္ေတာ္လမ္းေၾကာင္းကေန ၿငိမ္းခ်မ္းေရးကို လက္နက္ကိုင္ အဖြဲ႕အစည္း ေတြနဲ႔ ကိုယ့္မိခင္ လက္နက္ကိုင္အဖြဲ႕အစည္းေတြ က်န္တဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြ အကုန္လုံး ညႇိႏႈိင္းၿပီးေတာ့မွ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို ရရွိဖို႔ လုပ္ေဆာင္သြားမွာေပါ့။ ေနာက္တစ္ခ်က္ကေတာ့ စစ္မွန္ တဲ့ ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္ဖို႔လည္း လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ေမး – ေနာက္တစ္ခုက ဦးေအာင္ခမ္းတို႔ ေရြးေကာက္ပြဲ ကတိက၀တ္ထဲမွာ IDPs ေတြ ေနရပ္ျပန္ႏိုင္ေရး အတြက္လည္း ထည့္သြင္းထားတာေတြ႕ရတယ္။ IDPs ေတြ ေနရပ္ျပန္ႏိုင္ေအာင္ ဘယ္လိုမ်ိဳး လုပ္ေဆာင္ သြားမွာလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – အဓိကကေတာ့ သက္ဆိုင္ရာ IDPs သူတို႔နဲ႔ ေဆြးေႏြးမယ္ လက္နက္ကိုင္ အဖြဲ႔အ စည္းေတြနဲ႔ ေဆြးေႏြးမယ္။ ေဒသခံလူေတြနဲ႔ ေဆြးေႏြးၿပီးမွ ဒီဟာကို ဘယ္လိုမ်ိဳး လုပ္ေဆာင္ဖို႔လိုတယ္ လုပ္ ေဆာင္သင့္တယ္ အတူတကြ ေဆြးေႏြးၿပီးမွ လုပ္ေဆာင္ဖို႔လိုပါတယ္။ ဒါမွမဟုတ္ဘူးဆို ဒီဟာကို ၫႊန္ၾကား တဲ့ ပံုစံနဲ႔ လုပ္ေဆာင္မယ္ဆိုရင္ ဘာမွ မျဖစ္လာပါဘူး။ ျဖစ္လည္း မျဖစ္လာပါဘူး။ အဓိကကေတာ့ က်ေနာ္ တို႔ ညွိႏိႈင္းေဆြးေႏြးၿပီးမွ သူတို႔ရဲ႕ အနာဂတ္လံုၿခံဳတဲ့ လူ႔ေဘာင္ျဖစ္ဖို႔လိုပါတယ္။ မိခင္ေဒသကို ျပန္ႏိုင္ဖို႔ လည္း လိုပါတယ္။ ဒါေၾကာင့္လည္း အကုန္လံုးနဲ႔ ညွိႏိႈင္းေဆာင္ရြက္ၿပီးမွ ဒီဟာကို လုပ္ေဆာင္ဖို႔ လိုတယ္ ဆိုတဲ့ဟာကိုလည္း ေျပာလိုပါတယ္။

ေမး – ၿပီးေတာ့ ျမစ္ဆံုစီမံကိန္းကို အၿပီးတိုင္ ရပ္တန္႔သြားေအာင္ ႀကိဳးစားသြားမယ္။ ဆက္လက္ကန္႔ကြက္ သြားမယ္လို႔ ေျပာထားတာလည္းရွိတယ္။ ဆိုေတာ့ ပါတီကို ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေလာင္းေတြ အ ေနနဲ႔ လႊတ္ေတာ္ထဲကို ေရာက္သြားခဲ့ရင္ ဒီျမစ္ဆံုစီမံကိန္းကို ဘယ္လိုမ်ိဳး ပံုစံမ်ိဳးနဲ႔ ရပ္တန္႔ႏိုင္ေအာင္ လုပ္ ေဆာင္သြား မွာလဲ။ ႀကိဳးစားသြားမွာလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – အဓိကကေတာ့ ဒီဟာ အျဖစ္မွန္ကို ေဖာ္ထုတ္ဖို႔ အေရးႀကီးပါတယ္။ ဒီဟာက ဘယ္လိုမ်ိဳးျဖစ္တယ္။ ဘယ္လိုမ်ိဳး လုပ္ခဲ့တယ္ ဘယ္ဟာက ေငြေရးေၾကးေရး ဘယ္လိုမ်ိဳးျဖစ္ တယ္ဆို တဲ့ဟာကို ပြင့္ပြင့္လင္းလင္း တင္ျပခ်ျပဖို႔လိုပါတယ္။ ဒီေနာက္ပိုင္းမွာ ဘယ္လိုမ်ိဳး လုပ္မလဲ သက္ဆိုင္ရာ ႏိုင္ငံေတြနဲ႔ ဘယ္လိုမ်ိဳးေဆြးေႏြးၾကမလဲဆိုတဲ့ အခ်က္အေပၚမွာ မူတည္ၿပီးမွ က်ေနာ္တို႔ လုပ္သြားမွာ အဓိကကေတာ့ ဒီျမစ္ဆံုေရကာတာကို ထာ၀ရ ပိတ္ပင္ေရးဟာ အလြန္တရာမွ အေရးႀကီးတယ္ က်ေနာ္ တို႔ရဲ႕ တကယ့္ ရည္မွန္းခ်က္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီျမစ္ဆံုေရကာတာက လံုး၀တည္ ေဆာက္လို႔ မရပါဘူး။ က်ေနာ္တို႔ ပါတီထဲမွ မဟုတ္ဘူး ျပည္သူလူထုတစ္ရပ္လံုးလည္း ဒီဟာကို မႀကိဳက္ ပါဘူး။ ဒါေၾကာင့္လဲ တကယ္ပဲ ပိတ္ပင္သြားဖို႔ က်ေနာ္တို႔ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။

ေမး – ေနာက္တစ္ခုက ကခ်င္ျပည္နယ္မွာ လုပ္ေဆာင္မယ့္ လုပ္ေဆာင္ေနဆဲ အႀကီးစား စီမံကိန္းေတြ၊ စက္မႈဇုန္ေတြရွိတယ္ေပါ့ေနာ ဆိုေတာ့ အဲဒီအႀကီးစား စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ပါတီရဲ႕ မူဝါဒ သေဘာထားက ဘယ္လိုရွိသလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – အဓိကက က်ေနာ္တို႔ မၾကာခဏပဲ ဒီအႀကီးစား စက္မႈဇုန္ေတြကို မလုပ္ဖို႔ က်ေနာ္တို႔လည္း တင္ျပထား ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္တို႔ ႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးလည္း မရဘူး စစ္မွန္တဲ့ ဖက္ဒရယ္ ႏိုင္ငံကို တည္ေဆာက္လို႔လည္း မရေသးဘူး ကိုယ္ပိုင္ျပဌာန္းခြင့္ မရရွိတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္အဲဒီ အခ်ိန္အခါအထဲမွာ ဒီ မီဂါပေရာဂ်က္ စီးပြားေရး လုပ္ငန္ေတြ မလုပ္ဖို႔ က်ေနာ္တို႔က ဒီဟာကိုတင္ျပထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဟာကို က်ေနာ္တို႔ အေနနဲ႔ ယခုအခ်ိန္မွာ ဘယ္လိုမွ လက္ခံႏိုင္စရာလည္း အေၾကာင္း မရွိပါဘူး။

ေမး – ဆိုေတာ့ အႀကီးစားစီမံကိန္းေတြထဲမွာ ကခ်င္ျပည္နယ္ကို ျဖတ္သြားမယ့္ ပိုးလမ္းမစီမံကိန္းလည္း ပါ ေနတယ္ဆိုေတာ့ လႊတ္ေတာ္ထဲကို ေရာက္သြားလို႔ရွိရင္ လက္ရွိ တ႐ုတ္ကေန လုပ္ေဆာင္ေနတဲ့ ပိုးလမ္း မစီမံကိန္းအေပၚ ပါတီရဲ႕ သေဘာထား မူဝါဒကေရာ ဘယ္လိုရွိေနသလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – အခုအေျခအေနမွာ က်ေနာ္တို႔ ဒီဟာကို ခုနတုန္းက က်ေနာ္တို႔ တင္ျပတဲ့ အ တိုင္းပဲ ဖက္ဒရယ္ႏိုင္ငံ တည္ေဆာက္ဖို႔ မျဖစ္ေသးဘူး အဲဒီမျဖစ္ေသးတဲ့ အခ်ိန္မွာ ဒီဟာေတြကို ေဆြးေႏြး ဖို႔တင္ျပဖို႔ ဒီဟာ လုပ္ေဆာင္ဖို႔ဟာ ဒီဟာကိုသေဘာမတူႏိုင္ပါဘူး။ အဓိကကေတာ့ ၿငိမ္းခ်မ္းေရး ရရွိဖို႔လို တယ္။ အဲဒီပိုင္းမွာ ကိုယ္ပိုင္ျပဌာန္းခြင့္ရွိတဲ့ ျပည္နယ္ေတြ အေျခခံဥပေဒေတြ ရွိရမယ္။ ဒါၿပီးမွ စစ္မွန္တဲ့ ဖက္ဒရယ္ ႏိုင္ငံကို တည္ေဆာက္ၿပီးတဲ့ေနာက္ပိုင္းမွာ ပိုးလမ္းမကို ဘယ္လိုျပဳလုပ္မလဲ လုပ္သင့္သလား မလုပ္သင့္သလား ျပည္သူလူထုနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီးမွပဲ ဒီဟာကို လုပ္ေဆာင္သင့္ မလုပ္ေဆာင္သင့္ ဆိုတာ အဲဒီအခ်ိန္မွာမွ ဆံုးျဖတ္လို႔ ရတဲ့ အလုပ္ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ ဒီဟာလုပ္မယ္ဆိုတဲ့ ဟာမ်ိဳးကို က်ေနာ္တို႔ ဒီဟာကိုလည္း သေဘာမတူပါဘူး။

ေမး – ေနာက္တစ္ခ်က္က ကခ်င္ျပည္နယ္မွာ ေရြ႕ေျပာင္းအလုပ္သမားေတြကလည္း အမ်ားႀကီးရွိတယ္ ဆို ေတာ့ အဲဒီအေနအထားမွာ ဌာေနတိုင္းရင္းသားေတြရဲ႕ လုပ္ပိုင္ခြင့္ ရပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး KSPP အေန နဲ႔ ဘာေတြမ်ား လုပ္ေဆာင္ေပးသြားမွာလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – ပထမအခ်က္အေနနဲ႔ေတာ့ ဒီဟာ လႊတ္ေတာ္ထဲမွာ ေဆြးေႏြးဖို႔ တင္ျပဖို႔လိုပါ တယ္။ အဲဒီေနာက္ပိုင္းမွာ အေျခခံဥပေဒမွာ ထည့္သြင္းသြားဖို႔ လိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္ တို႔ ဒီအေျခခံဥပေဒမွာ ထည့္သြင္းထားျခင္း မရွိဘူးဆိုရင္ ဒီဟာကို ဥပေဒအရ လုပ္ေဆာင္ဖို႔ ခက္ပါတယ္။ ဒါေၾကာင့္လည္း အေျခခံ ဥပေဒမွာ တိတိက်က် ျပဌာန္းၿပီးမွ ဌာေနတိုင္းရင္းသားေတြအတြက္ ကာကြယ္ ေပးႏိုင္တဲ့ ဥပေဒေတြ ျဖစ္ရမယ္။ စီးပြားေရး လူမႈေရး ပညာေရး က်န္းမာေရး လယ္ေျမ ေျမယာ ျပႆနာ အကုန္လံုးေပါ့ ဒီေျမယာ သယံဇာတေတြဟာ ဥပေဒနဲ႔ တိတိက်က် ျပဌာန္းၿပီးမွ ဌာေနတိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြကို တိတိက်က် သြားဖို႔ ျဖစ္ပါတယ္။

ေမး – ဌာေနတိုင္းရင္းသားေတြရဲ႕ ရပိုင္ခြင့္ထဲမွာ ေျမယာနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာသြားတယ္ဆိုေတာ့ လက္ရွိ ကခ်င္ျပည္နယ္မွာ တစ္သ်ွဴးငွက္ေပ်ာ ျပႆနာကလည္း ေျမယာျပႆနာျဖစ္တယ္ေပါ့ေနာ။ တစ္ ဖက္မွာလည္း ျပည္နယ္ အစိုးရ ေျပာတာက ဒီ ငွက္ေပ်ာၿခံေတြကေန အခြန္ေတြရတယ္လို႔လည္းေျပာ တယ္။ ဆိုေတာ့ လႊတ္ေတာ္ထဲကို ေရာက္သြားရင္ ဒီကိစၥေတြကို ဘယ္လိုကိုင္တြယ္ ေျဖရွင္းသြားမွာလဲ။ ဘယ္လိုမူဝါဒ ေတြရွိသလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – ဒီဟာက က်ေနာ္တို႔ ျပန္ၿပီးမွ သံုးသပ္ဖို႔လိုတယ္။ ဒီေျမကို ဘယ္လိုမ်ိဳး လုပ္သလဲ ဘာေတြ လုပ္သလဲ ဒါၿပီးမွ ငွက္ေပ်ာ စိုက္ပ်ိဳးတဲ့ ဒီေျမဟာ တကယ္တရား၀င္သလား တရားမ၀င္ဘူးလား ဒါေတြလည္း အကုန္လံုး ျပန္သံုးသပ္ဖို႔ လိုပါတယ္။ ဒီဟာစိုက္ပ်ိဳးတဲ့ စနစ္က ဘယ္လိုမ်ိဳး ေဒသခံအတြက္ အက်ိဳးရွိသလား။ မရွိဘူးလား ေနာက္ၿပီးမွ ေဆးဝါးေတြနဲ႔ ပတ္သက္ၿပီးမွ Effect ျဖစ္သလား မျဖစ္ဘူးလား ဒါေတြ အကုန္လံုး သုေတသနလုပ္ၿပီးမွ ျပန္လည္သံုးသပ္ဖို႔လိုပါတယ္။ ဒီဟာ လုပ္သင့္ မလုပ္သင့္ဆိုတဲ့ အခ်က္ေတြက အစေပါ့ကြာ။ ဒီဟာေတြေတာ့ လႊတ္ေတာ္ထဲမွာ ျပန္ၿပီးမွ ေဆြးေႏြးတိုင္ပင္ရမယ့္ အခ်က္ ေတြျဖစ္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ အခုအေျခအေနမွာ ေဒသခံအတြက္ ဘာမွအက်ိဳးမရွိတဲ့ လုပ္ငန္းျဖစ္ပါ တယ္။ ဒါၿပီးမွ အနာဂတ္အတြက္လည္း ေျမအေနအထားဟာ အသံုးျပဳလို႔ရလား မရဘူးလား ဆိုတဲ့ဟာ လည္း ဒါလည္း ေမးခြန္းထုတ္စရာ ျဖစ္ပတယ္။ ေနာက္တစ္ခ်က္ကေတာ့ သူတို႔ ႏိုင္ငံမွာေတာင္ မလုပ္ခ်င္ တဲ့ ငွက္ေပ်ာစိုက္ပ်ိဳးေရးဟာ ဒီမွာ လုပ္လာတဲ့ အပိုင္းေတြကလည္း စဥ္းစားစရာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဟာေတြက က်ေနာ္တို႔ နက္နက္နဲနဲ စဥ္းစားၿပီးမွ ဒီလႊတ္ေတာ္ထဲမွာ ျပန္ေဆြးေႏြးၿပီးမွ သုေတသန လုပ္ရမယ့္ အခ်က္ျဖစ္ပါတယ္။

ေမး – အေျခခံလူတန္းစားေတြအတြက္ေရာ အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ ပတ္သက္ၿပီး ဘယ္လိုမ်ိဳး ဖန္ တီး ေပးမွာလဲ။ ဘယ္လိုမ်ိဳး လုပ္ေဆာင္ ေပးသြားဖို႔ ရွိသလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – ဒီဟာေတြကက်ေတာ့ ေဒသနဲ႔ ဆိုင္တဲ့ စီးပြားေရး လုပ္ငန္းေတြကို ဒီဟာေတြေတာ့ ျဖစ္ပါလိမ့္မယ္ စိုက္ပ်ိဳး ေရး ေမြးျမဴေရး တစ္ျခားကုန္သြယ္ေရး ဒါေတြကလည္း လုပ္ဖို႔လိုတယ္။ ဒါၿပီးမွ နယ္ စပ္ကုန္သြယ္ေရးက လည္း တစ္ႏိုင္တစ္ပိုင္နဲ႔ လုပ္ဖို႔လိုပါတယ္။ အဓိကကေတာ့ ဒီျပည္တြင္းမွာ ဒီမွာ ထုတ္ ကုန္ေတြ ျပည္တြင္း မွာ ထုတ္ၿပီးမွ ျပန္ျဖန္႔ခ်ီႏိုင္ဖို႔ေပါ့ေနာ ဒါေတြကေတာ့ စီးပြားေရး အလတ္စား အႀကီးစား မဟုတ္သည့္ တိုင္ ေအာင္ အလတ္စား စီးပြားေရးေတြ ျဖစ္ဖို႔လည္း လိုပါတယ္။ ဒါက အေသးစား စီးပြားေရး ကေန လက္မႈ လုပ္ငန္း ဒါေတြကလည္း ျဖစ္ဖို႔လိုပါတယ္။ ေနာက္ၿပီးမွပဲ တစ္ျဖည္းျဖည္းနဲ႔ တိုးတက္ဖို႔ ဒါမွ မဟုတ္ အႀကီး စားပဲ လုပ္ၿပီးမွ က်ေနာ္တို႔က မလိုက္ႏိုင္တဲ့ဟာမ်ိဳးေတြဆိုရင္ က်ေနာ္တို႔ ျပည္သူလူထု အတြက္ အကာအကြယ္ မရွိတဲ့ လုပ္ငန္းေတြပဲ ျဖစ္သြားမွာပါ ဒါေၾကာင့္လည္း အဓိက ဒီမွာ ေလေျမေတြ ေျမေတြရွိတယ္။ အဲဒီဟာကို အသံုးခ်သြားဖို႔လိုတယ္။ ေနက္တစ္ခ်က္ကေတာ့ သယံဇာတေတြကိုလည္း စနစ္တက် တူး ေဖာ္ၿပီးေတာ့မွ အရင္းအႏွီး က်န္းမာေရး ပညာေရးဖက္ကို ရင္းႏွီးျမဳပ္ႏွံၿပီးေတာ့မွ ဖြံ႔ၿဖိဳးတိုး တက္ ဖို႔လိုတယ္။ စီးပြားေရးကိုလည္း တစ္ႏိုင္တစ္ပိုင္ အားေပးဖို႔လည္း လိုပါတယ္။

ေမး – ေနာက္ဆံုးအေနနဲ႔ ေမးခ်င္တာကေတာ့ တုိင္းရင္းသားပါတီေတြကို ဘာ့ေၾကာင့္ မဲထည့္ဖို႔လိုတယ္လို႔ ေျပာေနတာလဲ။

ဦးကြမ္ေဂါင္ေအာင္ခမ္း – ဒီ ၂၀၂၀ ရဲ႕ အကူးအေျပာင္း အေျပာင္းအလဲဟာ ျမန္မာျပည္ရဲ႕ အနာဂတ္ အကူး အေျပာင္းေလး အတြက္ သိပ္အေရးႀကီးတဲ့ အခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအကူးအေျပာင္းမွာ ျပည္မ ပါတီေတြ အေနနဲ႔ ဘာမွ လုပ္ႏိုင္တဲ့ စြမ္းရည္လည္း မရွိပါဘူး။ ဒါေၾကာင့္ တိုင္းရင္းသားေတြ ပါတီေတြ စုစည္းၿပီးမွ ျပည္မပါတီေတြနဲ႔အတူ လက္တြဲေဆာင္ရြက္ၿပီးမွ အနာဂတ္ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးကို တည္ေဆာက္ဖို႔လိုတယ္။ ၿငိမ္းခ်မ္းေရးကိုလည္း လုပ္ဖို႔လိုတယ္။ အေျခခံဥပေဒကိုလည္း စုေပါင္းၿပီးမွ ျပင္ ဆင္ဖို႔ လိုတယ္။ ျပင္ဆင္လို႔မရရင္လည္း အသစ္ေရးဆြဲဖို႔လိုတယ္ ဒါေၾကာင့္လည္း အကုန္လံုး တိုင္းသူျပည္ သားေတြ မဲထည့္ၿပီးမွ တိုင္းရင္းသားေဒသမွာ တိုင္းရင္းသား ပါတီေတြ အႏိုင္ရရွိဖို႔လိုတယ္။ ဒါေတြကိုလည္း တိတိက်က်နဲ႔ မဲထည့္တဲ့ ေနရာမွာလည္း အႏိုင္ရရွိေအာင္လည္း ျပည္သူလူထုေတြကလည္း မဲေပးဖို႔လိုတဲ့ ဟာလည္း ေျပာလိုပါတယ္။ ဒါေၾကာင့္ အကုန္လံုး တိုင္းရင္းသား ပါတီေတြကို မဲထည့္ဖို႔ က်ေနာ္တို႔ ေမတၱာ ရပ္ခံပါတယ္။