မဲမပေးမီ တံဆိပ်တုံး စစ်မစစ်ကြည့်ရန် UEC ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

မဲပေးသည့်အခါ တံဆိပ်တုံး အစစ်ဟုတ်မဟုတ် စစ်ဆေးပြီးမှ မဲပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ကြေညာလိုက်သည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးမည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဆန္ဒပြု အမှန်ခြစ် တံဆိပ်တုံး တွင် UEC စာလုံးသုံးလုံး ပါရှိခြင်း ရှိ/မရှိ သေချာကြည့်ရှု့စစ်ဆေးပြီးမှ မဲပေးကြရန် နိုဝင်ဘာလ ၆ ရက်နေ့ (ယနေ့) တွင် UEC ၏ မဲဆန္ဒရှင် ပြည် သူများ သို့ အသိပေးကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့ လာရောက် မဲပေးကြရာ၌ ဆန္ဒမဲပေးခြင်း မပြုမီ ကြိုတင်၍ ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးတွင် UEC စာလုံး သုံးလုံး ပါရှိခြင်း ရှိ/မရှိ ကြည့်ရှု့စစ်ဆေးပြီး UEC စာလုံးပါရှိမှသာ မိမိပေးလိုသော လွှတ်တော် ကိုယ်စား လှယ်လောင်း၏ အမည် သင်္ကေတနှင့် အမှတ်အသား တည့်တည့်တွင်ရှိသော လေးထောင့် အကွက် အတွင်း၌ တံဆိပ်တုံးကို နှိပ်၍ ဆန္ဒပြုကြရန်ဖြစ်ပါသည်”

ထို့အပြင် ဆန္ဒပြု အမှန်ခြစ်တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံး မပါရှိပါက သက်ဆိုင်ရာ မဲရုံမှူးများထံသို့ အသိပေးအကြောင်းကြားရန် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“အကယ်၍ ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးတွင် UEC စာလုံး မပါရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သို့မဟုတ် မဲရုံအဖွဲ့ဝင်များသို့ ချက်ချင်း သတင်းပို့ အကြောင်းကြား လဲလှယ်ဆောင်ရွက်နိုင်ပါ ရန် အသိပေးကြေညာအပ်ပါသည်။”

တိုင်းဒေသကြီး/ပြည်နယ် အချို့ ၌ UEC စာလုံးသုံးလုံး မပါဝင်သော အမှန်ခြစ် တံဆိပ်တုံးအတုများ ပေါ်ထွက်နေကြောင်း တွေ့ရှိရသည် ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောက်ဦးမြို့နယ်တွင် ရပ်ကျေးကော်မရှင် လေးဦးက ကြိုတင်မဲ စာရင်း ကောက် ယူရာတွင် အသုံးပြုသည့် တံဆိပ်တုံးများတွင် UEC စာလုံးသုံးလုံး မပါသည့်ဖြစ်စဉ်၊ မွန်ပြည်နယ် ပေါင်မြို့ နယ် အင်းဗြောင်ကျေးရွာရှိ မဲရုံအမှတ် ၁ တွင်လည်း UEC တံဆိပ်တုံးမပါပဲ ပြည်သူများ မဲပေးရ သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မြို့မရပ်ကွက် မဲရုံအမှတ် ၂ နယ်မြေ၊ နေပြည်တော် ဇေယျသီရိမြို့နယ် အောင်ဇေယျရပ်ကွက်ရှိ မဲရုံတစ်ရုံတို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အတော် တော်များများတွင်လည်း ထိုဖြစ်စဉ်များဖြစ်ပွားနေသည်ဟု သိရသည်။

*** ZAWGYI ***
မဲမေပးမီ တံဆိပ္တံုး စစ္မစစ္ၾကည့္ရန္ UEC ေၾကညာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၆ ရက္။

မဲေပးသည့္အခါ တံဆိပ္တံုး အစစ္ဟုတ္မဟုတ္ စစ္ေဆးၿပီးမွ မဲေပးရန္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC က ေၾကညာလိုက္သည္။

ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ မဲေပးမည့္ မဲဆႏၵရွင္ ျပည္သူမ်ားအေနျဖင့္ ဆႏၵျပဳ အမွန္ျခစ္ တံဆိပ္တံုး တြင္ UEC စာလံုးသံုးလံုး ပါရွိျခင္း ရွိ/မရွိ ေသခ်ာၾကည့္ရႈ႕စစ္ေဆးၿပီးမွ မဲေပးၾကရန္ ႏို၀င္ဘာလ ၆ ရက္ေန႔ (ယေန႔) တြင္ UEC ၏ မဲဆႏၵရွင္ ျပည္ သူမ်ား သို႔ အသိေပးေၾကညာခ်က္ထဲတြင္ ေဖာ္ျပထားသည္။

“မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ ေရြးေကာက္ပြဲ က်င္းပသည့္ေန႔တြင္ မဲရံုသို႔ လာေရာက္ မဲေပးၾကရာ၌ ဆႏၵမဲေပးျခင္း မျပဳမီ ႀကိဳတင္၍ ဆႏၵျပဳအမွန္ျခစ္တံဆိပ္တံုးတြင္ UEC စာလံုး သံုးလံုး ပါရွိျခင္း ရွိ/မရွိ ၾကည့္ရႈ႕စစ္ေဆးၿပီး UEC စာလံုးပါရွိမွသာ မိမိေပးလိုေသာ လႊတ္ေတာ္ ကိုယ္စား လွယ္ေလာင္း၏ အမည္ သေကၤတႏွင့္ အမွတ္အသား တည့္တည့္တြင္ရွိေသာ ေလးေထာင့္ အကြက္ အတြင္း၌ တံဆိပ္တံုးကို ႏွိပ္၍ ဆႏၵျပဳၾကရန္ျဖစ္ပါသည္”

ထို႔အျပင္ ဆႏၵျပဳ အမွန္ျခစ္တံဆိပ္တံုးတြင္ UEC စာလံုးသံုးလံုး မပါရွိပါက သက္ဆိုင္ရာ မဲရံုမွဴးမ်ားထံသို႔ အသိေပးအေၾကာင္းၾကားရန္ ေၾကညာခ်က္ထဲတြင္ ေဖာ္ျပထားသည္။

“အကယ္၍ ဆႏၵျပဳအမွန္ျခစ္ တံဆိပ္တံုးတြင္ UEC စာလံုး မပါရွိေၾကာင္း ေတြ႕ရွိရပါက သက္ဆိုင္ရာ မဲရံုမွဴး၊ ဒုတိယမဲရံုမွဴး သို႔မဟုတ္ မဲရံုအဖြဲ႔၀င္မ်ားသို႔ ခ်က္ခ်င္း သတင္းပို႔ အေၾကာင္းၾကား လဲလွယ္ေဆာင္ရြက္ႏိုင္ပါ ရန္ အသိေပးေၾကညာအပ္ပါသည္။”

တိုင္းေဒသႀကီး/ျပည္နယ္ အခ်ိဳ႕ ၌ UEC စာလံုးသံုးလံုး မပါ၀င္ေသာ အမွန္ျခစ္ တံဆိပ္တံုးအတုမ်ား ေပၚထြက္ေနေၾကာင္း ေတြ႕ရွိရသည္ ဟု ထုတ္ျပန္ခ်က္က ဆိုသည္။

စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာခ႐ိုင္ ေခ်ာက္ဦးၿမိဳ႕နယ္တြင္ ရပ္ေက်းေကာ္မရွင္ ေလးဦးက ႀကိဳတင္မဲ စာရင္း ေကာက္ ယူရာတြင္ အသံုးျပဳသည့္ တံဆိပ္တံုးမ်ားတြင္ UEC စာလံုးသံုးလံုး မပါသည့္ျဖစ္စဥ္၊ မြန္ျပည္နယ္ ေပါင္ၿမိဳ႕ နယ္ အင္းေျဗာင္ေက်းရြာရွိ မဲရံုအမွတ္ ၁ တြင္လည္း UEC တံဆိပ္တံုးမပါပဲ ျပည္သူမ်ား မဲေပးရ သည့္ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည္။

ထို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ ၿမိဳ႕မရပ္ကြက္ မဲရံုအမွတ္ ၂ နယ္ေျမ၊ ေနျပည္ေတာ္ ေဇယ်သီရိၿမိဳ႕နယ္ ေအာင္ေဇယ်ရပ္ကြက္ရွိ မဲရံုတစ္ရံုတို႔အျပင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အေတာ္ ေတာ္မ်ားမ်ားတြင္လည္း ထိုျဖစ္စဥ္မ်ားျဖစ္ပြားေနသည္ဟု သိရသည္။