ကချင်တွင် တိုင်းရင်းသား ရေးရာ ဝန်ကြီးအတွက် မဲပေးခွင့် ဆုံးရှုံးမှုများရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ အတွက် မဲပေးခွင့် ဆုံးရှုံးမှုများ ရှိနေသည်ဟု မဲဆန္ဒရှင်များ က ပြောသည်။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး၊ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာများအတွက် တိုင်းရင်းသား မျိုးနွယ်စုအလိုက် မဲထည့်ရမည် ဖြစ်သော်လည်း အများစုမှာ အဆိုပါနေရာအတွက် မဲပေးခွင့် ဆုံးရှုံး ခဲ့ရသည်ဟု မဲဆန္ဒရှင်များက ပြောသည်။

ဝိုင်းမော်မြို့နယ်၊ ဆန်းကားကျေးရွာက ဒေါ်ငွါးမလေးက “ကျမတို့ရှေ့မှာပဲ အားလုံး ၂၀ ကျော် မပေးရ တာပေါ့၊ တိုင်းရင်းသားရေးရာနေရာမှာ မဲပေးခွင့်မရတာ၊ တခြားသုံးနေရာမှာက ပေးခွင့်ရတယ်။ မဲရုံ ကလူတွေကို မေးတော့ နင်တို့က မဲဆန္ဒရှင်စာရင်းသေချာမှမကြည့်ကြတာ အဲ့လိုမျိုးပဲပြောတယ်။ ကျမ တို့ရွာမှာဆိုရင် ပထမတစ်ခေါက် မဲစာရင်းကြေညာကတည်းက နာမည်မပါလို့ ပြန်လျှောက်တာတွေ ရှိ တယ်။ ဒါပေမယ့် နောက်တစ်ခေါက်ကြေညာတော့လည်း ပြန်မပါဘူး” ဟု ပြောသည်။

“ကျမတို့ ဒီဘက်ကလူတွေက စာကလည်းမတတ်ဘူး၊ ပညာလည်းမတတ်ဘူး။ လူတွေကိုလည်း ကြောက်တော့ သိပ်မပြောရဲကြဘူး။ ဘာလို့မပါလည်းမသိဘူး အဲ့လိုပဲ ပြောနေကြတယ်။ အများကြီးပဲ မပေးရတဲ့လူတွေ။ တချို့ကတော့ ရေးရာမှာ မပေးရလို့ မပေးပဲ ပြန်သွားတာတွေလည်းရှိတယ်။ ကျမ တို့ ဒီဆန်းကားမှာက လော်ဝေါ်လည်းရှိတယ်။ လီဆူတွေလည်း ရှိတယ်။ ကျမထင်တာလေ ဒီလိုရေးရာ နေရာအတွက် နာမည်စာရင်းတွေယူတဲ့အခါ စာရင်းရှိမရှိကို လီဆူတွေထဲက သိနားလည်တဲ့လူတွေ ပါ ပြီး လုပ်ပေးမှ အဆင်ပြေနိုင်မယ်။ အခုက တချို့ဆို လီဆူရေးရာအတွက် မဲပေးရမယ်ဆိုတာတောင် မသိတဲ့လူတွေရှိတယ်။”

မြစ်ကြီးနားမြို့ နယ်အတွင်းရှိ လယ်ကုန်း၊ ပမ္မတီး၊ အထက်မော်ဖောင်း၊ ရမ်ပူ၊ ပလန၊ ငွေပျော်စံပြ ကျေး ရွာများနှင့် မြို့ပေါ်ရပ်ကွက် အတော်များများတွင် သာမက ဝိုင်းမော်မြို့နယ်အတွင်းက ဝိုင်းမော်၊ ဆန်း ကား တို့တွင် လည်း ရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် မရသူများစွာရှိသည်ဟု ရှမ်းတိုင်းရင်းသား စိုင်းအောင် က ပြောသည်။

“မဲစာရင်းသွားကြည့်တာ အားနည်းတာလား၊ သေချာမကြည့်ခဲ့တာလားပေါ့၊ တချို့က သုံးပုံပဲ ထည့်ရ တယ်။ နောက်ဆုံးတစ်ပုံးက လုံးဝမထည့်ခဲ့ရဘူး။ လယ်ကုန်း၊ ပမ္မတီး၊ ရှမ်းရှိတဲ့ရွာတွေပေါ့နော်၊ တစ်စု တည်း တစ်ဝေးတဲ့ရှိတဲ့ရွာတွေတော့ သိပ်ပြဿနာမတက်ဘူး။ ရောရာ ရောရာဖြစ်နေတဲ့နေရာတွေပေါ့၊ ဥပမာ ဒူကထောင်တို့၊ ရန်ကြီးအောင်တို့မှာရောပေါ့၊ မှတ်ပုံတင်ထဲမှာ ရှမ်းဖြစ်နေပေမယ့်လည်း သုံးပုံး လုံးထည့်ဖို့ပဲပါပြီး၊ ရေးရာအတွက် မပါဘူး။ တချို့ကတော့ နှစ်နေရာ သုံးနေရာ မဲစာရင်းပါတာတွေ လည်းရှိတယ်။ တချို့ဆို နားမလည်တော့ ပြန်သွားတာတွေလည်း အများကြီးရှိတယ်။ အဓိက ညွန် ကြားမှု မတိကျလို့လေ၊ မဲရုံစောင့်တွေက ဘာလုပ်ပေးခွင့်မှ မရှိဘူးလေ။ စာရင်းအရပဲ လုပ်ရတာကိုး နော်။”

အချို့ ရပ်ကွက်များတွင် ကြိုတင်မဲပေးခဲ့ခြင်းမရှိပဲ ကြိုတင်မဲပေးခဲ့သည်ဟုဆိုကာ မဲပေးခွင့်ဆုံးရှုံး ခဲ့ရ သူများလည်း ရှိနေသည်။ ငွေပျော်စံပြကျေးရွာက ဒေါ်အားဒူးကလည်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ အတွက် လူမျိုးကိုယ်စားပြု မဲပေးခွင့်မရခဲ့သည့်အတွက် မကျေနပ်ဘူး ဟု ပြောသည်။

ဒေါ်အားဒူး “ဒီနေ့ မဲသွားထည့်ရတဲ့ အခြေအနေကတော့ သုံးပုံးမှာထည့်ရတယ်။ နောက်ဆုံးတစ်ပုံးမှာ မထည့်ရဘူး။ နာမည်စာရင်း မရှိဘူး။ ဘာလို့လည်းဆိုတော့ သုံးပုံးမှာ နာမည်စာရင်းပါတယ်။ နောက် ဆုံးတစ်ပုံးမှာက စာရင်းမပါဘူး။ ရှာလို့မတွေ့ဘူး။ မထည့်ပဲ ပြန်ခဲ့ရတာဟုတ်တယ်။ တိုင်းရင်းသား ဖြစ် တဲ့အတွက် ကျမတို့က ကိုယ့်လူမျိုးကို ထည့်ဖို့ စိတ်အားထက်သန်တာပေါ့နော်။ အဲ့မှာ မထည့်ရဘူး ဆိုတော့ စိတ်မချမ်းသာဘူး။ မဲမပေးရတော့ ဒေါသလည်းထွက်တယ်။ စိတ်လည်းမချမ်းသာဘူး” ဟု ပြောသည်။

ယခုကဲ့သို့ တိုင်းရင်းသားရေးဝန်ကြီးနေရာများအတွက် မဲပေးခွင့် ဆုံးရှုံးရခြင်းသည် နိုင်ငံသားအခွင့် အရေး၊ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးရခြင်းဖြစ်သည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောသည်။

“အဓိကတော့ မဲပေးပိုင်ခွင့်၊ နိုင်ငံသားအခွင့်အရေးတွေ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးတာတွေ တွေ့ ရတယ်။ လွှတ်တော်သုံးရပ်မှာ နာမည်မပါလို့ မဲပေးရတာ နိုင်ငံသားအခွင့်အရေးဆုံးရှုံးတာ တော်တော် များများတွေ့ရတယ်။ ထို့အတူပဲ တိုင်းရင်းသားတွေဟာ မိမိသက်ဆိုင်ရာ လူမျိုးရဲ့ ရေးရာဝန်ကြီး နေရာ မှာ မဲပေးခွင့်ဆုံးရှုံးနေတာကို တွေ့ရပါတယ်။ လွှတ်တော်သုံးရပ်မှာ နာမည်ပါပေမယ့် ရေးရာမှာ နာမည် မပါဘူးဆိုပြီး မဲပေးခွင့်ဆုံးရှုံးနေတာ တော်တော်များတယ်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်းဘက်တွေမှာ များတယ်။ လွှတ်တော်သုံးရပ်မှာ မဲထည့်ခွင့်ပြီဆိုရင် တိုင်းရင်းသားရေးရာမှာ ဒါရိုက်မဲထည့်ခွင့် ရ ရမှာ ဖြစ်ပါတယ်။ အခုလိုစာရင်းမပါတာက သက်ဆိုင်ရာ ဝန်ထမ်းတွေ အားနည်းချက်ဖြစ်မယ်လို့ပဲ ကျနော် ပြောချင်တယ်။ ဘယ်လိုဖြေရှင်းမလဲပေါ့။”

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြိုတင်ဆောင်ရွက်မှုအပိုင်းတွင် အားနည်းနေသကဲ့သို လက်ရှိ ဆောင်ရွက်မှုတွင်လည်း ညွန်ကြားမှုအပိုင်း အားနည်းနေသည်ဟု ဦးရွှေမင်းက ထောက်ပြသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တိုင်းရင်းသား မျိုးနွယ်စု တစ်စုတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူဦးရေ အနည်းဆုံး ၅၀၀၀၀ ရှိရမည်ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြီးနောက် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး အဖြစ် ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဦးစိုင်းစိန်လင်း၊ လီဆူ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးအဖြစ် ဦးအားတီယောဟန်နှင့် ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဦးရန်နမ်းဖုန်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီမှ ကိုယ်စားလှယ် လောင်းအသီးအသီးက နိုင်ရရှိခဲ့ကြခြင်းဖြစ်သည်။

*** ZAWGYI ***
ကခ်င္တြင္ တိုင္းရင္းသား ေရးရာ ဝန္ၾကီးအတြက္ မဲေပးခြင့္ ဆံုးရံႈးမႈမ်ားရွိေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ႏွင့္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာ အတြက္ မဲေပးခြင့္ ဆံုးရံႈးမႈမ်ား ရွိေနသည္ဟု မဲဆႏၵရွင္မ်ား က ေျပာသည္။

ကခ်င္ျပည္နယ္အတြင္း ရွမ္းတုိင္းရင္းသားေရးရာဝန္ႀကီး၊ ရဝမ္တိုင္းရင္းသားေရးရာဝန္ႀကီး၊ လီဆူ တုိင္းရင္းသားေရးရာဝန္ႀကီးႏွင့္ ဗမာတုိင္းရင္းသားေရးရာဝန္ႀကီး ေနရာမ်ားအတြက္ တိုင္းရင္းသား မ်ိဳးႏြယ္စုအလိုက္ မဲထည့္ရမည္ ျဖစ္ေသာ္လည္း အမ်ားစုမွာ အဆုိပါေနရာအတြက္ မဲေပးခြင့္ ဆံုးရံႈး ခဲ့ရသည္ဟု မဲဆႏၵရွင္မ်ားက ေျပာသည္။

ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဆန္းကားေက်းရြာက ေဒၚငြါးမေလးက “က်မတို႔ေရွ႕မွာပဲ အားလံုး ၂၀ ေက်ာ္ မေပးရ တာေပါ့၊ တုိင္းရင္းသားေရးရာေနရာမွာ မဲေပးခြင့္မရတာ၊ တျခားသုံးေနရာမွာက ေပးခြင့္ရတယ္။ မဲရံု ကလူေတြကို ေမးေတာ့ နင္တုိ႔က မဲဆႏၵရွင္စာရင္းေသခ်ာမွမၾကည့္ၾကတာ အဲ့လိုမ်ိဳးပဲေျပာတယ္။ က်မ တို႔ရြာမွာဆုိရင္ ပထမတစ္ေခါက္ မဲစာရင္းေၾကညာကတည္းက နာမည္မပါလို႔ ျပန္ေလွ်ာက္တာေတြ ရွိ တယ္။ ဒါေပမယ့္ ေနာက္တစ္ေခါက္ေၾကညာေတာ့လည္း ျပန္မပါဘူး” ဟု ေျပာသည္။

“က်မတုိ႔ ဒီဘက္ကလူေတြက စာကလည္းမတတ္ဘူး၊ ပညာလည္းမတတ္ဘူး။ လူေတြကိုလည္း ေၾကာက္ေတာ့ သိပ္မေျပာရဲၾကဘူး။ ဘာလို႔မပါလည္းမသိဘူး အဲ့လိုပဲ ေျပာေနၾကတယ္။ အမ်ားႀကီးပဲ မေပးရတဲ့လူေတြ။ တခ်ိဳ႕ကေတာ့ ေရးရာမွာ မေပးရလို႔ မေပးပဲ ျပန္သြားတာေတြလည္းရွိတယ္။ က်မ တို႔ ဒီဆန္းကားမွာက ေလာ္ေဝၚလည္းရွိတယ္။ လီဆူေတြလည္း ရွိတယ္။ က်မထင္တာေလ ဒီလိုေရးရာ ေနရာအတြက္ နာမည္စာရင္းေတြယူတဲ့အခါ စာရင္းရွိမရွိကို လီဆူေတြထဲက သိနားလည္တဲ့လူေတြ ပါ ၿပီး လုပ္ေပးမွ အဆင္ေျပႏုိင္မယ္။ အခုက တခ်ိဳ႕ဆို လီဆူေရးရာအတြက္ မဲေပးရမယ္ဆုိတာေတာင္ မသိတဲ့လူေတြရွိတယ္။”

ျမစ္ႀကီးနားၿမိဳ႕ နယ္အတြင္းရွိ လယ္ကုန္း၊ ပမၼတီး၊ အထက္ေမာ္ေဖာင္း၊ ရမ္ပူ၊ ပလန၊ ေငြေပ်ာ္စံျပ ေက်း ရြာမ်ားႏွင့္ ၿမိဳ႕ေပၚရပ္ကြက္ အေတာ္မ်ားမ်ားတြင္ သာမက ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းက ဝိုင္းေမာ္၊ ဆန္း ကား တုိ႔တြင္ လည္း ေရးရာဝန္ႀကီးေနရာအတြက္ မဲေပးခြင့္ မရသူမ်ားစြာရွိသည္ဟု ရွမ္းတုိင္းရင္းသား စိုင္းေအာင္ က ေျပာသည္။

“မဲစာရင္းသြားၾကည့္တာ အားနည္းတာလား၊ ေသခ်ာမၾကည့္ခဲ့တာလားေပါ့၊ တခ်ိဳ႕က သံုးပံုပဲ ထည့္ရ တယ္။ ေနာက္ဆံုးတစ္ပံုးက လံုးဝမထည့္ခဲ့ရဘူး။ လယ္ကုန္း၊ ပမၼတီး၊ ရွမ္းရွိတဲ့ရြာေတြေပါ့ေနာ္၊ တစ္စု တည္း တစ္ေဝးတဲ့ရွိတဲ့ရြာေတြေတာ့ သိပ္ျပႆနာမတက္ဘူး။ ေရာရာ ေရာရာျဖစ္ေနတဲ့ေနရာေတြေပါ့၊ ဥပမာ ဒူကေထာင္တို႔၊ ရန္ႀကီးေအာင္တို႔မွာေရာေပါ့၊ မွတ္ပံုတင္ထဲမွာ ရွမ္းျဖစ္ေနေပမယ့္လည္း သံုးပံုး လံုးထည့္ဖို႔ပဲပါၿပီး၊ ေရးရာအတြက္ မပါဘူး။ တခ်ိဳ႕ကေတာ့ ႏွစ္ေနရာ သံုးေနရာ မဲစာရင္းပါတာေတြ လည္းရွိတယ္။ တခ်ိဳ႕ဆို နားမလည္ေတာ့ ျပန္သြားတာေတြလည္း အမ်ားႀကီးရွိတယ္။ အဓိက ညြန္ ၾကားမႈ မတိက်လို႔ေလ၊ မဲရံုေစာင့္ေတြက ဘာလုပ္ေပးခြင့္မွ မရွိဘူးေလ။ စာရင္းအရပဲ လုပ္ရတာကိုး ေနာ္။”

အခ်ိဳ႕ ရပ္ကြက္မ်ားတြင္ ႀကိဳတင္မဲေပးခဲ့ျခင္းမရွိပဲ ႀကိဳတင္မဲေပးခဲ့သည္ဟုဆိုကာ မဲေပးခြင့္ဆံုးရံႈး ခဲ့ရ သူမ်ားလည္း ရွိေနသည္။ ေငြေပ်ာ္စံျပေက်းရြာက ေဒၚအားဒူးကလည္း တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာ အတြက္ လူမ်ိဳးကိုယ္စားျပဳ မဲေပးခြင့္မရခဲ့သည့္အတြက္ မေက်နပ္ဘူး ဟု ေျပာသည္။

ေဒၚအားဒူး “ဒီေန႔ မဲသြားထည့္ရတဲ့ အေျခအေနကေတာ့ သံုးပံုးမွာထည့္ရတယ္။ ေနာက္ဆံုးတစ္ပံုးမွာ မထည့္ရဘူး။ နာမည္စာရင္း မရွိဘူး။ ဘာလို႔လည္းဆိုေတာ့ သံုးပံုးမွာ နာမည္စာရင္းပါတယ္။ ေနာက္္ ဆံုးတစ္ပံုးမွာက စာရင္းမပါဘူး။ ရွာလို႔မေတြ႕ဘူး။ မထည့္ပဲ ျပန္ခဲ့ရတာဟုတ္တယ္။ တိုင္းရင္းသား ျဖစ္ တဲ့အတြက္ က်မတုိ႔က ကိုယ့္လူမ်ိဳးကို ထည့္ဖုိ႔ စိတ္အားထက္သန္တာေပါ့ေနာ္။ အဲ့မွာ မထည့္ရဘူး ဆိုေတာ့ စိတ္မခ်မ္းသာဘူး။ မဲမေပးရေတာ့ ေဒါသလည္းထြက္တယ္။ စိတ္လည္းမခ်မ္းသာဘူး” ဟု ေျပာသည္။

ယခုကဲ့သို႔ တုိင္းရင္းသားေရးဝန္ႀကီးေနရာမ်ားအတြက္ မဲေပးခြင့္ ဆံုးရံႈးရျခင္းသည္ ႏုိင္ငံသားအခြင့္ အေရး၊ တုိင္းရင္းသားအခြင့္အေရး ဆံုးရံႈးရျခင္းျဖစ္သည္ဟု လီဆူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) ဥကၠ႒ ဦးေရႊမင္း က ေျပာသည္။

“အဓိကေတာ့ မဲေပးပိုင္ခြင့္၊ ႏိုင္ငံသားအခြင့္အေရးေတြ တုိင္းရင္းသားအခြင့္အေရး ဆံုးရံႈးတာေတြ ေတြ႕ ရတယ္။ လႊတ္ေတာ္သံုးရပ္မွာ နာမည္မပါလို႔ မဲေပးရတာ ႏုိင္ငံသားအခြင့္အေရးဆံုးရံႈးတာ ေတာ္ေတာ္ မ်ားမ်ားေတြ႕ရတယ္။ ထုိ႔အတူပဲ တုိင္းရင္းသားေတြဟာ မိမိသက္ဆုိင္ရာ လူမ်ိဳးရဲ႕ ေရးရာဝန္ႀကီး ေနရာ မွာ မဲေပးခြင့္ဆံုးရံႈးေနတာကို ေတြ႕ရပါတယ္။ လႊတ္ေတာ္သံုးရပ္မွာ နာမည္ပါေပမယ့္ ေရးရာမွာ နာမည္ မပါဘူးဆုိၿပီး မဲေပးခြင့္ဆံုးရံႈးေနတာ ေတာ္ေတာ္မ်ားတယ္။ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ တႏိုင္းဘက္ေတြမွာ မ်ားတယ္။ လႊတ္ေတာ္သံုးရပ္မွာ မဲထည့့္ခြင့္ၿပီဆုိရင္ တုိင္းရင္းသားေရးရာမွာ ဒါရိုက္မဲထည့္ခြင့္ ရ ရမွာ ျဖစ္ပါတယ္။ အခုလိုစာရင္းမပါတာက သက္ဆုိင္ရာ ဝန္ထမ္းေတြ အားနည္းခ်က္ျဖစ္မယ္လို႔ပဲ က်ေနာ္ ေျပာခ်င္တယ္။ ဘယ္လိုေျဖရွင္းမလဲေပါ့။”

ေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ႀကိဳတင္ေဆာင္ရြက္မႈအပိုင္းတြင္ အားနည္းေနသကဲ့သို လက္ရွိ ေဆာင္ရြက္မႈတြင္လည္း ညြန္ၾကားမႈအပိုင္း အားနည္းေနသည္ဟု ဦးေရႊမင္းက ေထာက္ျပသည္။

တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေရး တုိင္းရင္းသား မ်ိဳးႏြယ္စု တစ္စုတြင္ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒအရ လူဦးေရ အနည္းဆံုး ၅၀၀၀၀ ရွိရမည္ျဖစ္သည္။

ကခ်င္ျပည္နယ္တြင္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ ၿပီးေနာက္ ဗမာတုိင္းရင္းသားေရးရာ ဝန္ႀကီး အျဖစ္ ဦးခင္ေမာင္ျမင့္(ခ)ဦးဒိတ္၊ ရွမ္းတုိင္းရင္းသားေရးရာဝန္ႀကီးေနရာတြင္ ဦးစိုင္းစိန္လင္း၊ လီဆူ တိုင္းရင္းသားလူမ်ိဳးမ်ား ေရးရာဝန္ႀကီးအျဖစ္ ဦးအားတီေယာဟန္ႏွင့္ ရဝမ္တုိင္းရင္းသားေရးရာ ဝန္ႀကီးအျဖစ္ ဦးရန္နမ္းဖုန္တို႔က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီမွ ကိုယ္စားလွယ္ ေလာင္းအသီးအသီးက ႏုိင္ရရွိခဲ့ၾကျခင္းျဖစ္သည္။