ရွေးကော် တံဆိပ်တုံး အတု ယူလာသူကို ရေးမြို့နယ်တွင် အမှုဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲကော်မရှင် UEC အမှတ်တံဆိပ်ပါ တံဆိပ် တုံးနှင့် အမှတ်တံဆိပ် မပါသည့် တံဆိပ်တုံး ပေါင်း ၂ ခု ယူဆောင်လာသည့် မဲရုံကိုယ်စားလှယ် တစ်ဦး ကို အမှု ဖွင့် အရေးယူထားသည်။

ရေးမြို့နယ်၊ အစင်စံပြကျေးရွာရှိ ဓမင်းကုန်းရပ် က မဲရုံအမှတ် (၆) မှာ အဆိုပါကိစ္စဖြစ်ပွားခဲ့ခြင်း ယခုခါ အမှုဖွင့် ထားပြီဟု ရေးမြို့နယ်ကော်မရှင်အဖွဲ့ ခွဲ တာဝန်ရှိသူက ပြောသည်။

“ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်အမျိုးသမီးဆီမှာ မဲရုံလုံခြုံရေးနဲ့ အထူးရဲကနေ စစ်ဆေးတွေ့ရှိတာပါ။ သူ့ရဲ့ လက်ကိုင်အိတ်ထဲမှာ UEC အမှတ်တံဆိပ်ပါ တံဆိပ်တုံးတစ်ခုနဲ့ UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးတစ်ခု တွေ့ ရှိတယ်” ဟု ရေးမြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ ဥက္ကဋ္ဌ ဦးညီသွေးက ပြောသည်။

UEC တံဆိပ်ပါမဲတုံးနှင့် တံဆိပ်တုံးမပါမဲတုန်းယူဆောင်လာသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီမှ မဲရုံကိုယ်စားလှယ် ဖြစ်သည်ဟုလည်း မြိုနယ်ကော်မရှင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး UEC အမှတ်တံဆိပ်ပါ တံဆိပ်တုံးနှင့် အမှတ်တံဆိပ်မပါ တံဆိပ်တုံး ယူဆောင် လာသည့် မဲရုံကိုယ်စားလှယ်ကို အစင်ရပ်ကျေးကော်မရှင်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် အရေးယူထားသည် ဦးညီသွေး က ပြောသည်။

မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး နိုင်အောင်မွန် က “မော်လမြိုင်မှာက လွှတ် တော်အမှတ်ကို ရပ်ကွက်ကော်မရှင်ရုံးကပြောတာ သူတို့က မဲရေတဲ့အချိန်မှာ UEC မပါလည်း ခိုင်လှုံပဲအဖြစ် သတ်မှတ်ဖို့ကိစ္စကို ပြောတော့ ကျနော်တို့ MUP က ကန့်ကွက်ခဲ့ရတာမျိုးလည်း ရှိခဲ့တယ်။ ရေးမှာတော့ အစင် မှာက အဲ့ဒီ တံဆိပ်တုံးကိစ္စ အမှုဖွင့်ထားတဲ့အဆင့်ပဲရှိသေးတယ်။ ဒီနေ့က ရေးရာဝန်ကြီး မဲတွေရေနေတုန်းဆို တော့လေ။ အသေးစိတ်တော့ မသိရသေးဘူး။ အခုဒီလိုဖြစ်တာ မူမမှန်တာမျိုး လုပ်ကြတာပေါ့။ တကယ်ဆို ရွေးကောက်ပွဲနေ့မှ စနစ်တကျ တံဆိပ်တုံးတွေကို ထုတ်ပေးတာမျိုးတွေ ဖြစ်သင့်တာပေါ့။ အဓိကတော့ စည်းစနစ်မကျတာတွေကြောင့် အခုလိုမျိုးဖြစ်တာပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း မဲပေးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေးမြို့နယ် တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုသာရှိပြီး အခြား ထူးခြားဖြစ်စဉ်မရှိဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က ပြော သည်။

“မဲပေးတာနဲ့ပတ်သက်ပြီး ထူးခြားဖြစ်စဉ်တွေ ဖြစ်တာတော့မရှိဘူး၊ ရေးမှာပဲ တံဆိပ်တုံးနဲ့ ပတ်သက်ပြီး ဖြစ်သွား တဲ့ ဖြစ်စဉ်တစ်ခုပဲရှိတယ်” ဟု ဦးထင်ကျော် က ပြောသည်။

ရေးမြို့နယ်တွင် ရပ်ကွက် / ကျေးရွာအုပ်စု (၄၄) ခုရှိပြီး မဲရုံ ၁၃၀ ရှိကာ မဲပေးခွင့်ရှိသူ ၂၃၅၀၀၀ ရှိသည်။

နိုဝင်ဘာလ ၉ ရက်နေ့၏ နောက်ဆုံးမဲစာရင်းအရ ရေးမြို့နယ်အတွင်းက အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ် တော်နှင့် ပြည်သူ့ပြည်လွှတ်တော် နေရားများအားလုံးတွင် မွန်ညီညွတ်ရေးပါတီ MUP က အနိုင်ရ ရှိ သည်ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။

*** ZAWGYI ***
ေရြးေကာ္ တံဆိပ္တံုး အတု ယူလာသူကို ေရးၿမိဳ႔နယ္တြင္ အမႈဖြင့္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္။

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္း ေရြးေကာက္ပြဲေကာ္မရွင္ UEC အမွတ္တံဆိပ္ပါ တံဆိပ္ တံုးႏွင့္ အမွတ္တံဆိပ္ မပါသည့္ တံဆိပ္တံုး ေပါင္း ၂ ခု ယူေဆာင္လာသည့္ မဲရံုကိုယ္စားလွယ္ တစ္ဦး ကုိ အမႈ ဖြင့္ အေရးယူထားသည္။

ေရးၿမိဳ႕နယ္၊ အစင္စံျပေက်းရြာရွိ ဓမင္းကုန္းရပ္ က မဲရံုအမွတ္ (၆) မွာ အဆုိပါကိစၥျဖစ္ပြားခဲ့ျခင္း ယခုခါ အမႈဖြင့္ ထားၿပီဟု ေရးၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႕ ခြဲ တာဝန္ရွိသူက ေျပာသည္။

“ျပည္ခိုင္ၿဖိဳးပါတီ မဲ႐ုံကိုယ္စားလွယ္အမ်ိဳးသမီးဆီမွာ မဲ႐ုံလုံၿခဳံေရးနဲ႔ အထူးရဲကေန စစ္ေဆးေတြ႕ရွိတာပါ။ သူ႔ရဲ႕ လက္ကိုင္အိတ္ထဲမွာ UEC အမွတ္တံဆိပ္ပါ တံဆိပ္တုံးတစ္ခုနဲ႔ UEC အမွတ္တံဆိပ္မပါတဲ့ တံဆိပ္တုံးတစ္ခု ေတြ႕ ရွိတယ္” ဟု ေရးၿမိဳနယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ ဥကၠ႒ ဦးညီေသြးက ေျပာသည္။

UEC တံဆိပ္ပါမဲတုံးႏွင့္ တံဆိပ္တုံးမပါမဲတုန္းယူေဆာင္လာသူသည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ေရးပါတီမွ မဲ႐ုံကိုယ္စားလွယ္ ျဖစ္သည္ဟုလည္း ၿမိဳနယ္ေကာ္မရွင္က ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး UEC အမွတ္တံဆိပ္ပါ တံဆိပ္တုံးႏွင့္ အမွတ္တံဆိပ္မပါ တံဆိပ္တုံး ယူေဆာင္ လာသည့္ မဲ႐ုံကိုယ္စားလွယ္ကို အစင္ရပ္ေက်းေကာ္မရွင္က တရားလိုျပဳလုပ္ၿပီး ရာဇသတ္ႀကီး ပုဒ္မ ၄၂၀/၄၆၈ ျဖင့္ အမႈဖြင့္ အေရးယူထားသည္ ဦးညီေသြး က ေျပာသည္။

မြန္ညီညြတ္ေရးပါတီ ဗဟိုေအာင္ႏုိင္ေရးေကာ္မတီ အတြင္းေရးမွဴး ႏုိင္ေအာင္မြန္ က “ေမာ္လၿမိဳင္မွာက လႊတ္ ေတာ္အမွတ္ကို ရပ္ကြက္ေကာ္မရွင္ရံုးကေျပာတာ သူတုိ႔က မဲေရတဲ့အခ်ိန္မွာ UEC မပါလည္း ခိုင္လံႈပဲအျဖစ္ သတ္မွတ္ဖုိ႔ကိစၥကို ေျပာေတာ့ က်ေနာ္တုိ႔ MUP က ကန္႔ကြက္ခဲ့ရတာမ်ိဳးလည္း ရွိခဲ့တယ္။ ေရးမွာေတာ့ အစင္ မွာက အဲ့ဒီ တံဆိပ္တံုးကိစၥ အမႈဖြင့္ထားတဲ့အဆင့္ပဲရွိေသးတယ္။ ဒီေန႔က ေရးရာဝန္ႀကီး မဲေတြေရေနတုန္းဆို ေတာ့ေလ။ အေသးစိတ္ေတာ့ မသိရေသးဘူး။ အခုဒီလိုျဖစ္တာ မူမမွန္တာမ်ိဳး လုပ္ၾကတာေပါ့။ တကယ္ဆို ေရြးေကာက္ပြဲေန႔မွ စနစ္တက် တံဆိပ္တံုးေတြကို ထုတ္ေပးတာမ်ိဳးေတြ ျဖစ္သင့္တာေပါ့။ အဓိကေတာ့ စည္းစနစ္မက်တာေတြေၾကာင့္ အခုလိုမ်ိဳးျဖစ္တာေပါ့” ဟု ေျပာသည္။

မြန္ျပည္နယ္အတြင္း မဲေပးမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေရးၿမိဳ႕နယ္ တြင္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္တစ္ခုသာရွိၿပီး အျခား ထူးျခားျဖစ္စဥ္မရွိဟု ေမာ္လၿမိဳင္ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ အတြင္းေရးမႉး ဦးထင္ေက်ာ္က ေျပာ သည္။

“မဲေပးတာနဲ႔ပတ္သက္ၿပီး ထူးျခားျဖစ္စဥ္ေတြ ျဖစ္တာေတာ့မရွိဘူး၊ ေရးမွာပဲ တံဆိပ္တုံးနဲ႔ ပတ္သက္ၿပီး ျဖစ္သြား တဲ့ ျဖစ္စဥ္တစ္ခုပဲရွိတယ္” ဟု ဦးထင္ေက်ာ္ က ေျပာသည္။

ေရးၿမိဳ႕နယ္တြင္ ရပ္ကြက္ / ေက်း႐ြာအုပ္စု (၄၄) ခုရွိၿပီး မဲ႐ုံ ၁၃၀ ရွိကာ မဲေပးခြင့္ရွိသူ ၂၃၅၀၀၀ ရွိသည္။

ႏိုဝင္ဘာလ ၉ ရက္ေန႔၏ ေနာက္ဆံုးမဲစာရင္းအရ ေရးၿမိဳ႕နယ္အတြင္းက အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္ လႊတ္ ေတာ္ႏွင့္ ျပည္သူ႔ျပည္လႊတ္ေတာ္ ေနရားမ်ားအားလံုးတြင္ မြန္ညီညြတ္ေရးပါတီ MUP က အႏုိင္ရ ရွိ သည္ဟု မြန္ညီၫြတ္ေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္လယိတမက ေျပာသည္။