တအာင်းပါတီ မြို့နယ် သုံးခုတွင် အသာစီးရနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP က နမ့် ခမ်းမြို့နယ်ရှိ မဲဆန္ဒနယ်များနှင့် မန်တုံမြို့နယ်ရှိ မဲဆန္ဒနယ်များအပြင် ကွတ်ခိုင်မြို့နယ်ရှိ မဲဆန္ဒနယ် အချို့တွင် အသာရနေသည်ဟု TNP ဥက္ကဋ္ဌ က ပြောသည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန် က “နမ့်ခမ်းမှာ အသာရမယ်။ ပြည်သူ့ရော ပြည် နယ် အမှတ် ၂ ရော အမျိုးသားရော အသာရပါတယ်။ မန်တုံလည်း သေချာပါတယ်။ ကျန်တဲ့ မြို့နယ်တွေ ကျတော့ ဥပမာ ကွတ်ခိုင်တို့ ဘာတို့ကျတော့ လည်း ပြည်နယ် အမှတ် ၁ မှာရော ပြည်သူ့မှာရော အခြေအ နေ ကောင်းပါတယ်။ အခုသေချာတာကတော့ နမ့်ခမ်းကတော့ ၇၅ ရာခိုင်နှုန်းကျော်မှာ ရှိနေပါပြီ မဲဆန္ဒနယ် တစ်ခုလုံး အောင်ဖို့ ပေါ့။ မဲဆန္ဒနယ် တစ်ခုလုံး အောင်ဖို့ တစ်ခုလုံးအောင်ဖို့ ဆိုတာ တစ်မြို့နယ်လုံးပေါ့။ အောင်ဖို့ ကျတော့ နမ့်ခမ်းရှိတယ် မန်တုံရှိတယ်။ တစ်ခြားတော့ ပြောလို့မရသေးဘူး” ဟု ပြောသည်။

မဲရေတွက်မှု မပြီးသေးသော်လည်း လက်ရှိ TNP က အသာရနေသည့် နေရာများသည် တအာင်း(ပလောင်) လူမျိုး များသည့် မြို့နယ်များဖြစ် သည် ဟု TNP က ဆိုသည်။

မဲရေတွက်မှု မပြီးဆုံးသေးပဲ အဆိုပါမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် TNP ပါတီ အနေဖြင့် အသာရနေပြီး ကျန်သည့် မြို့နယ်များရှိ မဲဆန္ဒနယ်မြေများကို ဆက်လက်စောင့်ကြည့်ရမည့် အနေအထား တွင် ရှိနေ သည် ဟု ဦးညီစိန်က ပြောသည်။

“လားရှိုးကျတော့ ကျနော်တို့ ပလောင်တိုင်းရင်းသား နည်းနည်း နည်းတဲ့အခါကျတော့ အခြေအနေက တော့ ငါးဆယ်အောက်မှာပဲ ရှိပါအုံးမယ်။ ကျောက်မဲကျတော့ အဲလိုပါပဲ ယုံကြည်အားထားရလောက်တဲ့ အရေအတွက်အထိ တက်မလာသေးဘူး။ ကျန်တဲ့ မြို့နယ်တွေကျတော့ စောင့်ကြည့်ရအုံးမှ သေချာတဲ့ သဘောရှိပါတယ်။ မဲရေတွက်နေတုန်း။”

လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ဒေသမှ မဲများမှာ ရောက်လာမှု နှေးကွေးသည့်အတွက် အဆိုပါ မဲများ ကို ကော်မရှင်က စုစည်းမှုများ လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် မဲရေတွက်မှုများကို ဆက်လက် စောင့် ကြည့်ရမည့် ဖြစ်သည်ဟု ဆိုသည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP သည် ရှမ်းပြည်နယ်ရှိ မြို့နယ် (၁၀) မြို့နယ်ကို အခြေခံကာ ပြည် နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ စုစုပေါင်း (၃၆) ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ ခဲ့သည် ဟု သိရသည်။

ရှမ်းပြည်နယ်တစ်ပြည်လုံးတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း ၆ ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦးတို့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တအာင်းပလောင်အမျိုးသားပါတီ (TNP) အနေဖြင့် လွှတ် တော် ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့် ပါတီများထဲ တွင် အဆင့်ငါးနေရာတွင် ရှိခဲ့သည်။

*** ZAWGYI ***
တအာင္းပါတီ ၿမိဳ႔နယ္ သံုးခုတြင္ အသာစီးရေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီ TNP က နမ့္ ခမ္းၿမိဳ႕နယ္ရွိ မဲဆႏၵနယ္မ်ားႏွင့္ မန္တံုၿမိဳ႕နယ္ရွိ မဲဆႏၵနယ္မ်ားအျပင္ ကြတ္ခိုင္ၿမိဳ႕နယ္ရွိ မဲဆႏၵနယ္ အခ်ိဳ႕တြင္ အသာရေနသည္ဟု TNP ဥကၠ႒ က ေျပာသည္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီ TNP ဥကၠ႒ ဦးညီစိန္ က “နမ့္ခမ္းမွာ အသာရမယ္။ ျပည္သူ႔ေရာ ျပည္ နယ္ အမွတ္ ၂ ေရာ အမ်ိဳးသားေရာ အသာရပါတယ္။ မန္တံုလည္း ေသခ်ာပါတယ္။ က်န္တဲ့ ၿမိဳ႕နယ္ေတြ က်ေတာ့ ဥပမာ ကြတ္ခိုင္တို႔ ဘာတို႔က်ေတာ့ လည္း ျပည္နယ္ အမွတ္ ၁ မွာေရာ ျပည္သူ႔မွာေရာ အေျခအ ေန ေကာင္းပါတယ္။ အခုေသခ်ာတာကေတာ့ နမ့္ခမ္းကေတာ့ ၇၅ ရာခိုင္ႏႈန္းေက်ာ္မွာ ရွိေနပါၿပီ မဲဆႏၵနယ္ တစ္ခုလံုး ေအာင္ဖို႔ ေပါ့။ မဲဆႏၵနယ္ တစ္ခုလံုး ေအာင္ဖို႔ တစ္ခုလံုးေအာင္ဖို႔ ဆိုတာ တစ္ၿမိဳ႕နယ္လံုးေပါ့။ ေအာင္ဖို႔ က်ေတာ့ နမ့္ခမ္းရွိတယ္ မန္တံုရွိတယ္။ တစ္ျခားေတာ့ ေျပာလို႔မရေသးဘူး” ဟု ေျပာသည္။

မဲေရတြက္မႈ မၿပီးေသးေသာ္လည္း လက္ရွိ TNP က အသာရေနသည့္ ေနရာမ်ားသည္ တအာင္း(ပေလာင္) လူမ်ိဳး မ်ားသည့္ ၿမိဳ႕နယ္မ်ားျဖစ္ သည္ ဟု TNP က ဆိုသည္။

မဲေရတြက္မႈ မၿပီးဆံုးေသးပဲ အဆိုပါၿမိဳ႕နယ္မ်ားရွိ မဲဆႏၵနယ္မ်ားတြင္ TNP ပါတီ အေနျဖင့္ အသာရေနၿပီး က်န္သည့္ ၿမိဳ႕နယ္မ်ားရွိ မဲဆႏၵနယ္ေျမမ်ားကို ဆက္လက္ေစာင့္ၾကည့္ရမည့္ အေနအထား တြင္ ရွိေန သည္ ဟု ဦးညီစိန္က ေျပာသည္။

“လားရႈိးက်ေတာ့ က်ေနာ္တို႔ ပေလာင္တိုင္းရင္းသား နည္းနည္း နည္းတဲ့အခါက်ေတာ့ အေျခအေနက ေတာ့ ငါးဆယ္ေအာက္မွာပဲ ရွိပါအံုးမယ္။ ေက်ာက္မဲက်ေတာ့ အဲလိုပါပဲ ယံုၾကည္အားထားရေလာက္တဲ့ အေရအတြက္အထိ တက္မလာေသးဘူး။ က်န္တဲ့ ၿမိဳ႕နယ္ေတြက်ေတာ့ ေစာင့္ၾကည့္ရအံုးမွ ေသခ်ာတဲ့ သေဘာရွိပါတယ္။ မဲေရတြက္ေနတုန္း။”

လမ္းပန္းဆက္သြယ္ေရးခက္ခဲ့သည့္ ေဒသမွ မဲမ်ားမွာ ေရာက္လာမႈ ေႏွးေကြးသည့္အတြက္ အဆိုပါ မဲမ်ား ကို ေကာ္မရွင္က စုစည္းမႈမ်ား လုပ္ေဆာင္ေနဆဲျဖစ္သည့္အတြက္ မဲေရတြက္မႈမ်ားကို ဆက္လက္ ေစာင့္ ၾကည့္ရမည့္ ျဖစ္သည္ဟု ဆိုသည္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီ TNP သည္ ရွမ္းျပည္နယ္ရွိ ၿမိဳ႕နယ္ (၁၀) ၿမိဳ႕နယ္ကို အေျခခံကာ ျပည္ နယ္/တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္း မ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ စုစုေပါင္း (၃၆) ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ အေ႐ြးခံ ခဲ့သည္ ဟု သိရသည္။

ရွမ္းျပည္နယ္တစ္ျပည္လုံးတြင္ ျပည္သူ႔လြတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၀ ဦး၊ အမ်ိဳးသားလြတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၆ ဦးႏွင့္ ျပည္နယ္/တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂၀ ဦးတို႔ ဝင္ ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

၂၀၁၅ ခုႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ တအာင္းပေလာင္အမ်ိဳးသားပါတီ (TNP) အေနျဖင့္ လႊတ္ ေတာ္ ကိုယ္စားလွယ္ ၁၂ ဦး အႏိုင္ရရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အႏိုင္ရရွိခဲ့သည့္ ပါတီမ်ားထဲ တြင္ အဆင့္ငါးေနရာတြင္ ရွိခဲ့သည္။