MUP က နေရာ ၁၂ နေရာ အနိုင်ရထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

မဲစာရင်းစီစစ်မှု မပြီးဆုံးသေးသော်လည်း မွန်ညီညွှတ်ရေးပါတီ MUP အနေဖြင့် လက်ရှိအချိန်အထိ လွှတ် တော် နေရာ ၁၂ ရာ အနိုင်ရရှိထားသည်ဟု မွန်ညီညွှတ်ရေးပါတီ MUP က ပြောသည်။

မွန်ညီညွတ်ရေးပါတီ MUP အထွေထွေ တွင်းရေးမှူး ၁ နိုင်လယိတမ က “အားလုံး ၁၂ နေရာ၊ ၁၂ နေရာမှာ မြို့နယ်အလိုက် ပြောရမယ်ဆိုလို့ရှိရင် ရေးမြို့နယ်မှာ ၅ နေရာ၊ သံဖြူဇရပ် ၁ နေရာ၊ မုဒုံက ၃ နေရာ၊ ချောင်း ဆုံက ၁ နေရာ၊ ကျိုက္ကမရော ၁ နေရာနဲ့ ကရင်ပြည်နယ် မွန်တိုင်းရင်းသား ရေးရာ ၁ နေရာ အားလုံး ၁၂ နေရာပေါ့လေ။ လွှတ်တော် အလိုက်ပြောရမယ် ဆိုလို့ ရှိရင် ပြည်သူ့လွှတ်တော်က ၂ နေရာ၊ အမျိုးသား လွှတ်တော်က ၃ နေရာ၊ ပြည်နယ်လွှတ်တော်က ၆ နေရာ နဲ့ ကရင်ပြည်နယ် မွန်တိုင်းရင်းသား ရေးရာက ၁ နေရာ။ လက်ရှိ အချိန်အထိပေါ့လေနော်” ဟု ပြောသည်။

ထို့အပြင် မြို့နယ်အချို့တွင် မဲစာရင်း စိစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး အနိုင်အရှုံးစာရင်းများ မသေချာ သေးဘူး ဟု နိုင်လယိတမ က ဆက်ပြောသည်။

“နောက်မနိုင်သေးတဲ့ နေရာကလည်း ကျနော်တို့ ဆက်လက်ပြီးတော့ မဲစာရင်းတွေ ကို စီစစ်နေတဲ့ မြို့နယ် အများကြီး ရှိနေပါသေးတယ်။ သံဖြူဇရပ်ရှိတယ်။ ပေါင်ရှိတယ်။ ချောင်းဆုံ၊ ကြိုက်မရော၊”

မဲစာရင်းများ စီစစ်နေသည့် သံဖြူဇရပ်၊ ချောင်းဆုံ ၊ ကျိုက္ကမရောနှင့် ပေါင် မြို့နယ်များတွင် မွန်ညီညွတ်ရေး ပါတီ MUP အနေဖြင့် နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ထားသည်ဟု သိရသည်။

မွန်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် အနိုင်ရရှိမှု ပိုမိုရရှိလာခဲ့သော် လည်း ယခုနှစ် ရွေးကောက်ပွဲသည် ထူးခြား ရှုပ်ထွေးမှုများစွာ ရှိနေသည်ဟု မွန်ညီညွှတ်ရေးပါတီ MUP ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

နိုင်လယိတမက “ကျနော်တို့အောင်နိုင်မှုကတော့ ၂၀၁၅ ထက်စာရင်တော့ သုံးပုံ ၂ ပုံ တိုးတက်လာတယ်။ သို့သော် ကျနော်တို့ လက်ရှိ ရွေးကောက်ပွဲကတော့ ကျနော်တို့ မျှော်မှန်းထားသလောက်ကတော့ မအောင် မြင်ဘူးပေါ့။ ဒါက ထူးခြားချက်ပေါ့နော်။ နောက်ထပ် ထူးခြားချက်တစ်ခုရှိတာက ဒီမဲစာရင်းတွေက စဉ်းစား စရာတွေ၊ မေးခွန်းထုတ်စရာတွေ ရှိလာတဲ့ အခါကျတော့ မြို့နယ်တိုင်းမြို့နယ်တိုင်းမှာ ပြန်လည်စီ စစ်နေရတဲ့ အနေအထားတွေ ရှိတယ်။ အဲဒါလည်း ၂၀၁၅ ထက်စာရင် ဒါကလည်းထူးခြားမှုတစ်ခုပေါ့” ဟု ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၄၅ နေရာတွင် မွန်ညီညွတ်ရေးပါတီက မဲဆန္ဒ နယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် ဟုသိရသည်။

မွန်ညီညွတ်ရေးပါတီသည် ၂၀၀၂ ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်ပါတီညီညွတ်ရေးပါတီ အနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး နှင့်ရန်ကုန်တိုင်းဒေသပြီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်ညီညွတ်ရေးပါတီက တိုင်းနှင့်ပြည်နယ် ၅ တွင် ကိုယ်စားလှယ်လောင်း ၆၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြ သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက မွန်ပြည်နယ် မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက မဲဆန္ဒနယ် ၄၀ နေရာအထိ အနိုင်ရရှိခဲ့ပြီး မွန်ပါတီ ၂ ပါတီ က မဲဆန္ဒနယ် ၄ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ က ၁ နေရာ ရရှိခဲ့သည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် ခရိုင်နှစ်ခုရှိပြီး မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိသည်။

မော်လမြိုင်ခရိုင်အတွင်း မော်လမြိုင်၊ ချောင်းဆုံ(ဘီလူးကျွန်း)၊ ကျိုက္ကမရော၊ မုဒုံ၊ သံဖြူ ဇရပ်၊ ရေး မြို့နယ်များ နှင့် သထုံခရိုင်အတွင်း ကျိုက်ထုံ၊ သထုံ၊ ဘီးလင်း၊ ပေါင် မြို့နယ် တို့ဖြစ်ကြသည်။

*** ZAWGYI ***
MUP က ေနရာ ၁၂ ေနရာ အႏိုင္ရထား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္။

မဲစာရင္းစီစစ္မႈ မၿပီးဆံုးေသးေသာ္လည္း မြန္ညီၫႊတ္ေရးပါတီ MUP အေနျဖင့္ လက္ရွိအခ်ိန္အထိ လႊတ္ ေတာ္ ေနရာ ၁၂ ရာ အႏိုင္ရရွိထားသည္ဟု မြန္ညီၫႊတ္ေရးပါတီ MUP က ေျပာသည္။

မြန္ညီညြတ္ေရးပါတီ MUP အေထြေထြ တြင္းေရးမွဴး ၁ ႏိုင္လယိတမ က “အားလံုး ၁၂ ေနရာ၊ ၁၂ ေနရာမွာ ၿမိဳ႕နယ္အလိုက္ ေျပာရမယ္ဆိုလို႔ရွိရင္ ေရးၿမိဳ႕နယ္မွာ ၅ ေနရာ၊ သံျဖဴဇရပ္ ၁ ေနရာ၊ မုဒံုက ၃ ေနရာ၊ ေခ်ာင္း ဆံုက ၁ ေနရာ၊ က်ိဳကၠမေရာ ၁ ေနရာနဲ႔ ကရင္ျပည္နယ္ မြန္တိုင္းရင္းသား ေရးရာ ၁ ေနရာ အားလံုး ၁၂ ေနရာေပါ့ေလ။ လႊတ္ေတာ္ အလိုက္ေျပာရမယ္ ဆိုလို႔ ရွိရင္ ျပည္သူ႕လႊတ္ေတာ္က ၂ ေနရာ၊ အမ်ိဳးသား လႊတ္ေတာ္က ၃ ေနရာ၊ ျပည္နယ္လႊတ္ေတာ္က ၆ ေနရာ နဲ႔ ကရင္ျပည္နယ္ မြန္တိုင္းရင္းသား ေရးရာက ၁ ေနရာ။ လက္ရွိ အခ်ိန္အထိေပါ့ေလေနာ္” ဟု ေျပာသည္။

ထို႔အျပင္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ မဲစာရင္း စိစစ္မႈမ်ား လုပ္ေဆာင္လ်က္ရွိၿပီး အႏိုင္အရံႈးစာရင္းမ်ား မေသခ်ာ ေသးဘူး ဟု ႏိုင္လယိတမ က ဆက္ေျပာသည္။

“ေနာက္မႏိုင္ေသးတဲ့ ေနရာကလည္း က်ေနာ္တို႔ ဆက္လက္ၿပီးေတာ့ မဲစာရင္းေတြ ကို စီစစ္ေနတဲ့ ၿမိဳ႕နယ္ အမ်ားႀကီး ရွိေနပါေသးတယ္။ သံျဖဴဇရပ္ရွိတယ္။ ေပါင္ရွိတယ္။ ေခ်ာင္းဆံု၊ ႀကိဳက္မေရာ၊”

မဲစာရင္းမ်ား စီစစ္ေနသည့္ သံျဖဴဇရပ္၊ ေခ်ာင္းဆံု ၊ က်ိဳကၠမေရာႏွင့္ ေပါင္ ၿမိဳ႕နယ္မ်ားတြင္ မြန္ညီညြတ္ေရး ပါတီ MUP အေနျဖင့္ ေနရာအားလံုး ၀င္ေရာက္ယွဥ္ၿပိဳင္ထားသည္ဟု သိရသည္။

မြန္ပါတီအေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲသည္ ၂၀၁၅ ေရြးေကာက္ပြဲထက္ အႏိုင္ရရွိမႈ ပိုမိုရရွိလာခဲ့ေသာ္ လည္း ယခုႏွစ္ ေရြးေကာက္ပြဲသည္ ထူးျခား ရႈပ္ေထြးမႈမ်ားစြာ ရွိေနသည္ဟု မြန္ညီၫႊတ္ေရးပါတီ MUP ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

ႏိုင္လယိတမက “က်ေနာ္တို႔ေအာင္ႏိုင္မႈကေတာ့ ၂၀၁၅ ထက္စာရင္ေတာ့ သံုးပံု ၂ ပံု တိုးတက္လာတယ္။ သို႔ေသာ္ က်ေနာ္တို႔ လက္ရွိ ေရြးေကာက္ပြဲကေတာ့ က်ေနာ္တို႔ ေမွ်ာ္မွန္းထားသေလာက္ကေတာ့ မေအာင္ ျမင္ဘူးေပါ့။ ဒါက ထူးျခားခ်က္ေပါ့ေနာ္။ ေနာက္ထပ္ ထူးျခားခ်က္တစ္ခုရွိတာက ဒီမဲစာရင္းေတြက စဥ္းစား စရာေတြ၊ ေမးခြန္းထုတ္စရာေတြ ရွိလာတဲ့ အခါက်ေတာ့ ၿမိဳ႕နယ္တိုင္းၿမိဳ႕နယ္တိုင္းမွာ ျပန္လည္စီ စစ္ေနရတဲ့ အေနအထားေတြ ရွိတယ္။ အဲဒါလည္း ၂၀၁၅ ထက္စာရင္ ဒါကလည္းထူးျခားမႈတစ္ခုေပါ့” ဟု ေျပာသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္းရွိ မဲဆႏၵနယ္ ၄၅ ေနရာတြင္ မြန္ညီၫြတ္ေရးပါတီက မဲဆႏၵ နယ္ ၃၅ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္ ဟုသိရသည္။

မြန္ညီညြတ္ေရးပါတီသည္ ၂၀၀၂ ေ႐ြးေကာက္ပြဲတြင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၅ ခုတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကသည္။

မြန္ပါတီညီညြတ္ေရးပါတီ အေနျဖင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး၊ ပဲခူးတုိင္း ေဒသႀကီး ႏွင့္ရန္ကုန္တုိင္းေဒသႀပီးတို႔တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

မြန္ညီၫြတ္ေရးပါတီက တုိင္းႏွင့္ျပည္နယ္ ၅ တြင္ ကိုယ္စားလွယ္ေလာင္း ၆၇ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ ၾက သည္။

ၿပီးခဲ့သည့္ ၂၀၁၅ ေ႐ြးေကာက္ပြဲက မြန္ျပည္နယ္ မဲဆႏၵနယ္ ၄၅ ေနရာတြင္ NLD ပါတီက မဲဆႏၵနယ္ ၄၀ ေနရာအထိ အႏိုင္ရရွိခဲ့ၿပီး မြန္ပါတီ ၂ ပါတီ က မဲဆႏၵနယ္ ၄ ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရး ပါတီ က ၁ ေနရာ ရရွိခဲ့သည္။

မြန္ျပည္နယ္အတြင္း ေမာ္လၿမိဳင္ခရိုင္ႏွင့္ သထံုခရိုင္ ခရိုင္ႏွစ္ခုရွိၿပီး ၿမိဳ႕နယ္ေပါင္း ၁၀ ၿမိဳ႕နယ္ရွိသည္။

ေမာ္လၿမိဳင္ခရိုင္အတြင္း ေမာ္လၿမိဳင္၊ ေခ်ာင္းဆံု(ဘီလူးကၽြန္း)၊ က်ိဳကၠမေရာ၊ မုဒံု၊ သံျဖဴ ဇရပ္၊ ေရး ၿမိဳ႕နယ္မ်ား ႏွင့္ သထံုခရိုင္အတြင္း က်ိဳက္ထံု၊ သထံု၊ ဘီးလင္း၊ ေပါင္ ၿမိဳ႕နယ္ တို႔ျဖစ္ၾကသည္။