ရွေးကောက်ပွဲ ပြန်လည် ကျင်းပမည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ USDP ၏ တောင်းဆိုမှုအတိုင်း ရွေးကောက်ပွဲကို ထပ်မံကျင်းပမည် မဟုတ်ပဲ လက်ရှိထွက်ပေါ်လာသည့် ရလဒ် အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည် ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့်အတွက် ရလဒ်ကို လက်မခံကြောင်းနှင့် တပ်မတော်နှင့် ပူးပေါင်းကာ စည်းကမ်းရှိသည့်ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့ (ယနေ့)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆို ထားသည့် အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည် တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲက ကျင်းပပြီးပြီ။ လွတ်လပ်မျှတတဲ့ စံ ၅ ချက်နဲ့ ညီတယ်ဆိုပြီး သုံးသပ်ပြီးပြီ။ ဒီရလဒ်ကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေနဲ့ ပါတီအချို့ကလည်း လက်ခံပြီးပြီ။ ဒီအတိုင်းပဲ ဒီရလဒ်ကို အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ပါပဲ”

ဦးမြင့်နိုင်က USDP ပါတီ အနေ ဖြင့် မည်သည့် အချက်ကို အခြေခံ၍ ပြောဆိုသည်ကို တိတိကျကျ မသိရသည့်အတွက် ရွေးကောက်ပွဲ ရလဒ်များကို ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည် ဟု ဆိုသည်။

“ဘာကိုအခြေခံပြီး ပြောသလဲဆိုတဲ့ဟာ မပေါ်တဲ့အတွက် ဘာမှပြောစရာမရှိဘူး။ ဒီလိုယေဘုယျကြီး စွပ်စွဲ တာတော့ ဘာမှပြောစရာမရှိဘူး။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီး ၃ ခုက ကြိုဆိုတယ်၊ လက်ခံတယ်၊ ထောက်ခံတယ်ဆိုတာ ထုတ်ပြန်ထားတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်မှာ ဒီလိုပဲရှိမှာပါ။ ပါတီကြီး ၃ ခု အပြင် လက်ခံတဲ့ပါတီတွေလည်း ရှိကြပါတယ်။ အဲဒီလိုပဲ ဒါကို မကြိုက်တဲ့ပါတီတွေလည်း ရှိမှာပေါ့။ ဥပဒေ အကြောင်းအရ သွားဖို့ပဲရှိတယ်။”

လက်ရှိကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲသည် တရားမျှတ ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲ မ ဖြစ်ခြင်း၊ မဲရုံဝန်ထမ်းများဖြစ်သည့် ဆရာ/ဆရာမများသည် ကြားနေသူများ မဟုတ်ပဲ NLD ထောက်ခံသူ များဖြစ်ခြင်း၊ UEC က အသုံးပြုသည့် မဲပုံးများသည် ခိုင်ခံ့မှု မရှိခြင်း၊ အသုံးပြုသည့် စာရွက် စာအိတ်များမှာ လည်း အဆင့်အတန်းမရှိခြင်း၊ အသက် ၆၀ နှစ် အထက်ကြိုတင်မဲများကို အချိန်ဆွဲ၍ မဲပေးခိုင်းခြင်း စသည့် အချက်များကို USDP က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထို့အပြင် USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အင်္ဂါနေ့(ယမန်နေ့) က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ မှ “မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဥပဒေနဲ့အညီဖြစ်သလား၊ မဖြစ်ဘူး လားဆိုတာကတော့ အငြင်းပွားဖွယ်ရာ ရှိခဲ့တယ်။ ရှိနေစဲ၊ ဆက်ပြီးတော့လည်း အထောက်အထားတွေ ထွက်ပေါ်နေစဲ ဖြစ်လို့ ဒီခရီးဟာ မပြီးသေးနိုင်တဲ့ မဆုံးနိုင်သေးတဲ့ ခရီးရှည်ကြီးဖြစ်မယ်လို့ ကျနော်တင်ပြ ချင်ပါတယ်။ ဒါကြောင့်မို့ လို့ ဥပဒေနဲ့အညီဖြစ်တဲ့ မျှတတဲ့ ရွေးကောက်ပွဲအဖြေဖြစ်အောင် ကျနော်တို့က ဥပဒေနဲ့အညီ ဆက်ပြီးတော့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီဖြစ်အောင် အပြီးသတ်အဖြေရ သွားတဲ့အထိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် အထွေထွေ ရွေးကောက်ပွဲတွင် USDP ပါ တီ ၏ ပြိုင်ဖက်ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လွှတ် တော်နေရာ တော်တော်များများ အနိုင်ရရှိခဲ့သည့်အတွက် အစိုးရဖွဲ့နိုင်သည့် ပမဏထက် ကျော်လွန်ကာ အနိုင်ရရှိခဲ့သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူများ က ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီက တစ်နိုင်ငံလုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိ သည့်အတွက် အစိုးရဖွဲ့ နိုင်ခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် အစိုးရဖွဲ့နိုင်ပါက NLD အနေဖြင့် အစိုးရ သက် တမ်း ဒုတိယအကြိမ် ဖြစ်လာမည် ဖြစ်သည်။

*** ZAWGYI ***
ေရြးေကာက္ပြဲ ျပန္လည္ က်င္းပမည္မဟုတ္ေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ UEC က ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ USDP ၏ ေတာင္းဆိုမႈအတိုင္း ေ႐ြးေကာက္ပြဲကို ထပ္မံက်င္းပမည္ မဟုတ္ပဲ လက္ရွိထြက္ေပၚလာသည့္ ရလဒ္ အတိုင္း ဆက္လက္ အေကာင္အထည္ေဖာ္သြားမည္ ဟု ေျပာသည္။

ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ USDP က ေ႐ြးေကာက္ပြဲသည္ တရားမွ်တမႈ မရွိသည့္အတြက္ ရလဒ္ကို လက္မခံေၾကာင္းႏွင့္ တပ္မေတာ္ႏွင့္ ပူးေပါင္းကာ စည္းကမ္းရွိသည့္ေ႐ြးေကာက္ပြဲကို ျပန္လည္ က်င္းပေပးရန္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ (ယေန႔)တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေတာင္းဆို ထားသည့္ အေပၚ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ UEC အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ျပန္လည္ တုန႔္ျပန္ ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

“ေ႐ြးေကာက္ပြဲက က်င္းပၿပီးၿပီ။ လြတ္လပ္မွ်တတဲ့ စံ ၅ ခ်က္နဲ႔ ညီတယ္ဆိုၿပီး သုံးသပ္ၿပီးၿပီ။ ဒီရလဒ္ကို ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ပါတီႀကီးေတြနဲ႔ ပါတီအခ်ိဳ႕ကလည္း လက္ခံၿပီးၿပီ။ ဒီအတိုင္းပဲ ဒီရလဒ္ကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္သြားဖို႔ပါပဲ”

ဦးျမင့္ႏိုင္က USDP ပါတီ အေန ျဖင့္ မည္သည့္ အခ်က္ကို အေျခခံ၍ ေျပာဆိုသည္ကို တိတိက်က် မသိရသည့္အတြက္ ေ႐ြးေကာက္ပြဲ ရလဒ္မ်ားကို ဥပေဒေၾကာင္းအရ ဆက္လက္လုပ္ေဆာင္သြားမည္ ဟု ဆိုသည္။

“ဘာကိုအေျခခံၿပီး ေျပာသလဲဆိုတဲ့ဟာ မေပၚတဲ့အတြက္ ဘာမွေျပာစရာမရွိဘူး။ ဒီလိုေယဘုယ်ႀကီး စြပ္စြဲ တာေတာ့ ဘာမွေျပာစရာမရွိဘူး။ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ပါတီႀကီး ၃ ခုက ႀကိဳဆိုတယ္၊ လက္ခံတယ္၊ ေထာက္ခံတယ္ဆိုတာ ထုတ္ျပန္ထားတယ္။ ဒါဟာ ဒီမိုကေရစီက်င့္စဥ္မွာ ဒီလိုပဲရွိမွာပါ။ ပါတီႀကီး ၃ ခု အျပင္ လက္ခံတဲ့ပါတီေတြလည္း ရွိၾကပါတယ္။ အဲဒီလိုပဲ ဒါကို မႀကိဳက္တဲ့ပါတီေတြလည္း ရွိမွာေပါ့။ ဥပေဒ အေၾကာင္းအရ သြားဖို႔ပဲရွိတယ္။”

လက္ရွိက်င္းပၿပီးစီးသြားသည့္ ေ႐ြးေကာက္ပြဲသည္ တရားမွ်တ ဘက္လိုက္မႈကင္းေသာ ေ႐ြးေကာက္ပြဲ မ ျဖစ္ျခင္း၊ မဲ႐ုံဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ/ဆရာမမ်ားသည္ ၾကားေနသူမ်ား မဟုတ္ပဲ NLD ေထာက္ခံသူ မ်ားျဖစ္ျခင္း၊ UEC က အသုံးျပဳသည့္ မဲပုံးမ်ားသည္ ခိုင္ခံ့မႈ မရွိျခင္း၊ အသုံးျပဳသည့္ စာ႐ြက္ စာအိတ္မ်ားမွာ လည္း အဆင့္အတန္းမရွိျခင္း၊ အသက္ ၆၀ ႏွစ္ အထက္ႀကိဳတင္မဲမ်ားကို အခ်ိန္ဆြဲ၍ မဲေပးခိုင္းျခင္း စသည့္ အခ်က္မ်ားကို USDP က သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။

ထို႔အျပင္ USDP ပါတီ ဥကၠ႒ ဦးသန္းေဌးက အဂၤါေန႔(ယမန္ေန႔) က ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာ မွ “မဲေပးျခင္းလုပ္ငန္းစဥ္ေတြ ၿပီးဆံုးသြားတဲ့ ျဖစ္စဥ္ႀကီးတစ္ခုလံုးဟာ ဥပေဒနဲ႔အညီျဖစ္သလား၊ မျဖစ္ဘူး လားဆိုတာကေတာ့ အျငင္းပြားဖြယ္ရာ ရွိခဲ့တယ္။ ရွိေနစဲ၊ ဆက္ၿပီးေတာ့လည္း အေထာက္အထားေတြ ထြက္ေပၚေနစဲ ျဖစ္လို႔ ဒီခရီးဟာ မၿပီးေသးႏုိင္တဲ့ မဆံုးႏိုင္ေသးတဲ့ ခရီးရွည္ႀကီးျဖစ္မယ္လို႔ က်ေနာ္တင္ျပ ခ်င္ပါတယ္။ ဒါေၾကာင့္မို႔ လို႔ ဥပေဒနဲ႔အညီျဖစ္တဲ့ မ်ွတတဲ့ ေရြးေကာက္ပြဲအေျဖျဖစ္ေအာင္ က်ေနာ္တုိ႔က ဥပေဒနဲ႔အညီ ဆက္ၿပီးေတာ့ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။ ဥပေဒနဲ႔အညီျဖစ္ေအာင္ အၿပီးသတ္အေျဖရ သြားတဲ့အထိေအာင္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု ေျပာဆိုထားသည္။

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပၿပီးစီးသြားသည့္ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ USDP ပါ တီ ၏ ၿပိဳင္ဖက္ပါတီ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD က ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္ လႊတ္ ေတာ္ေနရာ ေတာ္ေတာ္မ်ားမ်ား အႏိုင္ရရွိခဲ့သည့္အတြက္ အစိုးရဖြဲ႕ႏိုင္သည့္ ပမဏထက္ ေက်ာ္လြန္ကာ အႏိုင္ရရွိခဲ့သည္ဟု NLD ေျပာေရးဆိုခြင့္ရွိသူမ်ား က ေျပာဆိုထားသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္လည္း NLD ပါတီက တစ္ႏိုင္ငံလုံးတြင္ ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရွိ သည့္အတြက္ အစိုးရဖြဲ႕ ႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ ယခုႏွစ္တြင္ အစိုးရဖြဲ႕ႏိုင္ပါက NLD အေနျဖင့္ အစိုးရ သက္ တမ္း ဒုတိယအႀကိမ္ ျဖစ္လာမည္ ျဖစ္သည္။