NLD ကြေညာချက်ကို တိုင်းရင်းသား ပါတီများ သတိဖြင့် ကြိုဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

လာမည့်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို NLD ပါတီက အလေးထား ဆောင်ရွက်သွားမည်ဟု ပြောဆိုချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တိုင်းရင်းသားပါတီ အချို့က ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ – ၂ ဦးကွမ်ဂေါင်အောင်ခမ်းက “အဓိကကတော့ စိတ်ထား မှန် ပြီးမှ ဒီဟာကို လက်တွေ့လုပ်ဆောင်ပြဖို့ပဲ လိုတယ်။ အမြန်ဆုံး ဒီရက်ပိုင်းမှာ ဒီလပိုင်းမှာ လက်တွေ့ လုပ် ဆောင်ဖို့ပဲ လိုတယ်ဆိုတဲ့ဟာကို ကျနော်ပြောလိုပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင် ကစားတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန် ချက်တွေကို ကျနော်တို့ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ဟာမျိုးကိုတော့ ပြောလိုပါတယ်” ဟု ပြောသည်။

ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD ကလည်း NLD အနေဖြင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများအား ထုတ်ပြန်စာ ပေးပို့ထားသည်ကို ကြိုဆိုကြောင်းနှင့် ထုတ်ပြန်ပေးပို့ထားသည့် စာအတိုင်း အကောင်အ ထည်ဖော်ရန် မျှော်လင့်သည်ဟု CNLD အထွေထွေ အတွင်းရေးမှူး ၂ ဆလိုင်းကျဲအိုဘိခ်ထောင်း က ပြော သည်။

ဆလိုင်းကျဲအိုဘိခ်ထောင်းက “ကြေညာချက် ထုတ်တာကတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီ ဟာနဲ့ မလုံလောက်ပါဘူး။ သူ တစ်ခုခု ဆောင်ရွက်ဖို့တော့ လိုပါတယ်။ ဆိုတော့ ဒီအချိန်မှာ ပညာရှင်တွေ ကလည်းပဲ တော်တော်များများ အကြံပြုကြပါတယ်။ သူတို့ NLD ကို အမျိုးသား ညီညွှတ်ရေး အစိုးရကို လည်းပဲ ပညာရှင်တွေက အကြံပြုတာ အများကြီးရှိပါတယ်။ သူတို့က ထည့်သွင်းစဉ်းစားရပါမယ်” ဟု ပြော သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် NLD ပါတီက တိုင်းရင်းသား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ တိုင်းရင်း သား လူမျိုးစု များ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု ရေးသားထားသည့်စာ ပေးပို့ခဲ့မှုအပေါ် တိုင်းရင်း သား နိုင်ငံရေး ပါတီများဖက်က တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က “သို့သော်စောင့်တော့ ကြည့်ရအုံးမှာပေါ့ လေ။ ဘယ်လောက်အတိုင်းအတာ အထိ သဘောကတော့ လေသံလောက်ပဲ ပေးပြီးတော့ တကယ့်လက် တွေ့ ကျတော့ မလုပ်ဘူး မဖြစ်ဘူးဆိုတဲ့ဟာ အရင်တုန်းကလည်း တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ဟာကို သူပြောခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီတုန်းက နောက် ၂၀၁၅ နိုင်လာတဲ့ အချိန်ကျတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ငြိမ်းချမ်းရေး အမျိုးသား ရင်ကြားစေ့ ရေး ဆိုတဲ့ဟာကို သူအကောင်အထည်ဖော်တာ အားမရစရာ ဖြစ်နေတယ်။” ဟု ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် တိုင်းရင်း သားအရေး ကိစ္စများနှင့် ပတ်သက်၍ NLD ပါတီ အနေဖြင့် ၎င်းတို့၏ သဘောထားကို ရွေးကောက်ပွဲ ကျင်း ပပြီး ၄ ရက်အကြာတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

NLD ၏ ထုတ်ပြန်စာထဲတွင် မည်သည့် အခြေအနေ သို့ ရောက်သည်ဖြစ်စေ မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီ ဖက်ဒ ရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ပါသည် ဟု ဆို သည်။

ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည် ဖြစ် ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည် ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများ ကို ပေးပို့ ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

မန်းအောင်ပြည်စိုးက “ဒီ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် တုန်းက ဦးဇော်ဌေးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမျိုးသားညီညွှတ်ရေး အစိုးရ ဖြစ်ကောင်းဖြစ်လာနိုင် တယ်ဆိုပြီးတော့ အရိပ်အမြွတ်လေးပြောတာကို ကျနော်တို့က သတိထားမိပါတယ်။ သတိထားမိတော့ အခု သူတို့ အပြည့်အဝအနိုင်ရလာတဲ့အခါမှာ ဒီဟာ ကိုဒါလည်း သူတို့ဖိတ်ခေါ်တာကတော့ ကျနော်တို့ တိုင်းရင်း သားတွေအတွက် မျှော်လင့်ချက်က လေးပေါ့။ သို့ပေမယ့် လည်း ဒါဟာကျနော်တို့ကို ထောင်ချောက် ဆင်ပြီးတော့ ကျနော်တို့ကို နည်းနည်း လေးဆွဲ ဆောင်ပေးရုံလောက်နဲ့ တကယ့် လက်တွေ့မှာ အကောင်အ ထည်မဖော်ပေးဘူးဆိုရင် တော့ ဒီဟာအလ ကားပဲ ကျနော်တို့ကတော့ အတိအကျလေးနဲ့ ဖြစ်ဖြစ်မြောက်မြောက်လေး ထဲထဲဝင်ဝင်လေး ပြည့်ပြည့်၀၀ လေး ကျနော်တို့က ဒီဟာကို အကောင်အထည်ဖော်ပေးစေလိုတယ်” ဟု ပြောသည်။

CNLD အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်ကလည်း NLD ပါတီနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများသည် တူညီသည့် ပန်းတိုင်ရှိနေသည့်အတွက် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ရအောင် အ တူတကွ လက်တွဲလုပ်ဆောင်နိုင်သည်ဟု ပြောသည်။

ဆလိုင်းကျဲအိုဘိခ်ထောင်း က “ကျနော်တို့မှာ တူညီနေတဲ့ ရည်ရွယ်ချက် တူညီနေတဲ့ ပန်းတိုင်တွေ အများ ကြီး ရှိပါတယ်။ ကျနော်တို့က မတူညီတဲ့အချက်ထက် တူညီတဲ့အချက်က ပိုများပါတယ်။ ဆိုတော့ ကျနော် တို့ လက်တွဲ လုပ်ဆောင်နိုင်တဲ့ဟာတွေ အများကြီးရှိပါတယ်။ ကျနော်တို့က စစ်အာဏာရှင်စနစ် ခေါင်းမ ထောင် နိုင်အောင် ကျနော်တို့ ဒီဟာကို ဆောင်ရွက်ဖို့ ချုပ်ငြိမ်းခြင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင် ခိုင်မာဖို့ ကိစ္စတို့ ငြိမ်းချမ်းရေး ကိစ္စတို့မှာ ကျနော်တို့ လက်တွဲ ဆောင်ရွက်ရမယ့် ဟာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ က ရန်သူမဟုတ်ပါဘူး။ လက်တွဖော်ပါ” ဟု ပြောသည်။

မွန်ညီညွှတ်ရေးပါတီ MUP အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယိတမကလည်း “တရားဝင် အကြောင်း ကြားစာလည်း မရှိသေးပါဘူး။ ဒါကတော့ အကြောင်းကြားလာခဲ့မယ်ဆိုရင် အကြောင်းကြားလာတဲ့ ကိစ္စ အ ပေါ်မှာပဲ ကြည့်ပြီးတော့ ကျနော်တို့ တုန့်ပြန်ဖို့ရှိပါတယ်” ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံခဲ့ကြသည့်အပြင် ပါတီအောင်နိုင်ရေးအတွက်ပါ ကြိုးစားပေးခဲ့ကြသော်လည်း အာဏာရလာသည့် NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏ အရေးကို လျစ်လျူရှုခံခဲ့ရသည် ဟု တိုင်းရင်းသားများက ဆို သည်။

ထို့ကြောင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် တိုင်းရင်းသားများက ၎င်းတို့၏ အမျိုးသား အလိုက် တိုင်းရင်းသားပါတီများကို ပြန်လည်ဝန်းရံခဲ့ကြပြီး ရွေးကောက်ပွဲ အောင်နိုင်ပါက လွှတ်တော်ထဲက နေ တစ်ဆင့် တိုင်းရင်းသားများ လိုလား တောင်းတနေကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ တန်း တူခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးစား လုပ်ဆောင်သွားကြမည်ဟု တိုင်းရင်းသားပါတီများက ကတိကဝတ်များ ပြုကာ မူဝါဒများ ချပြထားခဲ့ကြ သည်။

သို့သော်လည်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လွှတ်တော်နေရာ တော်တော်များများကို အနိုင်ရရှိထားကာ အစိုးရ ဖွဲ့နိုင်မည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

*** ZAWGYI ***
NLD ေၾကညာခ်က္ကို တိုင္းရင္းသား ပါတီမ်ား သတိျဖင့္ ၾကိဳဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္။

လာမည့္အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို NLD ပါတီက အေလးထား ေဆာင္ရြက္သြားမည္ဟု ေျပာဆိုခ်က္ကို လက္ေတြ႔ အေကာင္အထည္ေဖာ္ရန္ လိုအပ္သည္ဟု တိုင္းရင္းသားပါတီ အခ်ိဳ႕က ေျပာဆိုလိုက္သည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒု-ဥကၠ႒ – ၂ ဦးကြမ္ေဂါင္ေအာင္ခမ္းက “အဓိကကေတာ့ စိတ္ထား မွန္ ၿပီးမွ ဒီဟာကို လက္ေတြ႕လုပ္ေဆာင္ျပဖို႔ပဲ လိုတယ္။ အျမန္ဆံုး ဒီရက္ပိုင္းမွာ ဒီလပိုင္းမွာ လက္ေတြ႕ လုပ္ ေဆာင္ဖို႔ပဲ လိုတယ္ဆိုတ့ဲ့ဟာကို က်ေနာ္ေျပာလိုပါတယ္။ ဒါမွမဟုတ္ဘူးဆိုရင္ ကစားတဲ့ ပံုစံမ်ိဳးနဲ႔ ထုတ္ျပန္ ခ်က္ေတြကို က်ေနာ္တို႔ လက္ခံႏိုင္မွာ မဟုတ္ဘူးဆိုတဲ့ဟာမ်ိဳးကိုေတာ့ ေျပာလိုပါတယ္” ဟု ေျပာသည္။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ CNLD ကလည္း NLD အေနျဖင့္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားအား ထုတ္ျပန္စာ ေပးပို႔ထားသည္ကို ႀကိဳဆိုေၾကာင္းႏွင့္ ထုတ္ျပန္ေပးပို႔ထားသည့္ စာအတိုင္း အေကာင္အ ထည္ေဖာ္ရန္ ေမွ်ာ္လင့္သည္ဟု CNLD အေထြေထြ အတြင္းေရးမွဴး ၂ ဆလိုင္းက်ဲအိုဘိခ္ေထာင္း က ေျပာ သည္။

ဆလိုင္းက်ဲအိုဘိခ္ေထာင္းက “ေၾကညာခ်က္ ထုတ္တာကေတာ့ က်ေနာ္တို႔ ႀကိဳဆိုပါတယ္။ ဒါေပမယ့္ အဲဒီ ဟာနဲ႔ မလံုေလာက္ပါဘူး။ သူ တစ္ခုခု ေဆာင္ရြက္ဖို႔ေတာ့ လိုပါတယ္။ ဆိုေတာ့ ဒီအခ်ိန္မွာ ပညာရွင္ေတြ ကလည္းပဲ ေတာ္ေတာ္မ်ားမ်ား အႀကံျပဳၾကပါတယ္။ သူတို႔ NLD ကို အမ်ိဳးသား ညီၫႊတ္ေရး အစိုးရကို လည္းပဲ ပညာရွင္ေတြက အႀကံျပဳတာ အမ်ားႀကီးရွိပါတယ္။ သူတို႔က ထည့္သြင္းစဥ္းစားရပါမယ္” ဟု ေျပာ သည္။

ႏို၀င္ဘာလ ၁၂ ရက္ေန႔တြင္ NLD ပါတီက တိုင္းရင္းသား ႏိုင္ငံေရး ပါတီ ၄၈ ခုထံသို႔ တိုင္းရင္း သား လူမ်ိဳးစု မ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ရြက္သြားမည္ဟု ေရးသားထားသည့္စာ ေပးပို႔ခဲ့မႈအေပၚ တိုင္းရင္း သား ႏိုင္ငံေရး ပါတီမ်ားဖက္က တုန္႔ျပန္ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

ကရင္အမ်ိဳး သား ဒီမိုကရက္တစ္ပါတီ KNDP ဥကၠ႒ မန္းေအာင္ျပည္စိုး က “သို႔ေသာ္ေစာင့္ေတာ့ ၾကည့္ရအံုးမွာေပါ့ ေလ။ ဘယ္ေလာက္အတိုင္းအတာ အထိ သေဘာကေတာ့ ေလသံေလာက္ပဲ ေပးၿပီးေတာ့ တကယ့္လက္ ေတြ႕ က်ေတာ့ မလုပ္ဘူး မျဖစ္ဘူးဆိုတဲ့ဟာ အရင္တုန္းကလည္း တိုင္းရင္းသား စည္းလံုး ညီၫႊတ္ေရး အမ်ိဳးသား ရင္ၾကားေစ့ေရးဆိုတဲ့ဟာကို သူေျပာခဲ့ပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲ မတိုင္မီတုန္းက ေနာက္ ၂၀၁၅ ႏိုင္လာတဲ့ အခ်ိန္က်ေတာ့ တိုင္းရင္းသား စည္းလံုးညီၫႊတ္ေရး ၿငိမ္းခ်မ္းေရး အမ်ိဳးသား ရင္ၾကားေစ့ ေရး ဆိုတဲ့ဟာကို သူအေကာင္အထည္ေဖာ္တာ အားမရစရာ ျဖစ္ေနတယ္။” ဟု ေျပာသည္။

ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပသည့္ အေထြေထြ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ၿပီးေနာက္ တိုင္းရင္း သားအေရး ကိစၥမ်ားႏွင့္ ပတ္သက္၍ NLD ပါတီ အေနျဖင့္ ၎တို႔၏ သေဘာထားကို ေရြးေကာက္ပြဲ က်င္း ပၿပီး ၄ ရက္အၾကာတြင္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားကို ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

NLD ၏ ထုတ္ျပန္စာထဲတြင္ မည္သည့္ အေျခအေန သို႔ ေရာက္သည္ျဖစ္ေစ မိမိတို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္သည္ ေနာင္အနာဂတ္၌ ဒီမိုကေရစီ ဖက္ဒ ရယ္ ျပည္ေထာင္စု ေပၚထြန္းေရးအတြက္ မမွိတ္မသုန္ ဆက္လက္ႀကိဳးပမ္းသြား မည္ျဖစ္ပါသည္ ဟု ဆို သည္။

ထို႔အျပင္ တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္းခ်က္မ်ားသည္ အဖြဲ႔ခ်ဳပ္၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီသည္ ျဖစ္ ရာ အဖြဲ႔ခ်ဳပ္အေနျဖင့္ ေနာင္အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ ရြက္သြားမည္ျဖစ္ၿပီး တိုင္းရင္းသားပါတီမ်ား အေနျဖင့္လည္း အဖြဲ႔ခ်ဳပ္က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ျပည္ ေထာင္စု အေရးကို တက္တက္ႂကြႂကြ ပူးေပါင္းပါ၀င္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ပါသည္ဟု ပါတီမ်ား ကို ေပးပို႔ ထားသည့္ NLD ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

မန္းေအာင္ျပည္စိုးက “ဒီ ၂၀၂၀ ေရြးေကာက္ပြဲ မတိုင္ခင္ တုန္းက ဦးေဇာ္ေဌးရဲ႕ သတင္းစာ ရွင္းလင္းပြဲမွာ အမ်ိဳးသားညီၫႊတ္ေရး အစိုးရ ျဖစ္ေကာင္းျဖစ္လာႏိုင္ တယ္ဆိုၿပီးေတာ့ အရိပ္အႁမြတ္ေလးေျပာတာကို က်ေနာ္တို႔က သတိထားမိပါတယ္။ သတိထားမိေတာ့ အခု သူတို႔ အျပည့္အ၀အႏိုင္ရလာတဲ့အခါမွာ ဒီဟာ ကိုဒါလည္း သူတို႔ဖိတ္ေခၚတာကေတာ့ က်ေနာ္တို႔ တိုင္းရင္း သားေတြအတြက္ ေမွ်ာ္လင့္ခ်က္က ေလးေပါ့။ သို႔ေပမယ့္ လည္း ဒါဟာက်ေနာ္တို႔ကို ေထာင္ေခ်ာက္ ဆင္ၿပီးေတာ့ က်ေနာ္တို႔ကို နည္းနည္း ေလးဆြဲ ေဆာင္ေပးရံုေလာက္နဲ႔ တကယ့္ လက္ေတြ႕မွာ အေကာင္အ ထည္မေဖာ္ေပးဘူးဆိုရင္ ေတာ့ ဒီဟာအလ ကားပဲ က်ေနာ္တို႔ကေတာ့ အတိအက်ေလးနဲ႔ ျဖစ္ျဖစ္ေျမာက္ေျမာက္ေလး ထဲထဲ၀င္၀င္ေလး ျပည့္ျပည့္၀၀ ေလး က်ေနာ္တို႔က ဒီဟာကို အေကာင္အထည္ေဖာ္ေပးေစလိုတယ္” ဟု ေျပာသည္။

CNLD အေထြေထြအတြင္းေရးမွဴး ဆလိုင္းက်ဲအိုဘိေထာင္ကလည္း NLD ပါတီႏွင့္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားသည္ တူညီသည့္ ပန္းတိုင္ရွိေနသည့္အတြက္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ရေအာင္ အ တူတကြ လက္တြဲလုပ္ေဆာင္ႏိုင္သည္ဟု ေျပာသည္။

ဆလိုင္းက်ဲအိုဘိခ္ေထာင္း က “က်ေနာ္တို႔မွာ တူညီေနတဲ့ ရည္ရြယ္ခ်က္ တူညီေနတဲ့ ပန္းတိုင္ေတြ အမ်ား ႀကီး ရွိပါတယ္။ က်ေနာ္တို႔က မတူညီတဲ့အခ်က္ထက္ တူညီတဲ့အခ်က္က ပိုမ်ားပါတယ္။ ဆိုေတာ့ က်ေနာ္ တို႔ လက္တြဲ လုပ္ေဆာင္ႏိုင္တဲ့ဟာေတြ အမ်ားႀကီးရွိပါတယ္။ က်ေနာ္တို႔က စစ္အာဏာရွင္စနစ္ ေခါင္းမ ေထာင္ ႏိုင္ေအာင္ က်ေနာ္တို႔ ဒီဟာကို ေဆာင္ရြက္ဖို႔ ခ်ဳပ္ၿငိမ္းျခင္းနဲ႔ ဒီမိုကေရစီ အသြင္ကူးေျပာင္ ခိုင္မာဖို႔ ကိစၥတို႔ ၿငိမ္းခ်မ္းေရး ကိစၥတို႔မွာ က်ေနာ္တို႔ လက္တြဲ ေဆာင္ရြက္ရမယ့္ ဟာေတြ အမ်ားႀကီးရွိပါတယ္။ က်ေနာ္တို႔ က ရန္သူမဟုတ္ပါဘူး။ လက္တြေဖာ္ပါ” ဟု ေျပာသည္။

မြန္ညီၫႊတ္ေရးပါတီ MUP အေထြေထြ အတြင္းေရးမွဴး ၁ ႏိုင္လယိတမကလည္း “တရား၀င္ အေၾကာင္း ၾကားစာလည္း မရွိေသးပါဘူး။ ဒါကေတာ့ အေၾကာင္းၾကားလာခဲ့မယ္ဆိုရင္ အေၾကာင္းၾကားလာတဲ့ ကိစၥ အ ေပၚမွာပဲ ၾကည့္ၿပီးေတာ့ က်ေနာ္တို႔ တုန္႔ျပန္ဖို႔ရွိပါတယ္” ဟု ေျပာသည္။

၂၀၁၅ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားမ်ားအေနျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ကို ၀န္းရံခဲ့ၾကသည့္အျပင္ ပါတီေအာင္ႏိုင္ေရးအတြက္ပါ ႀကိဳးစားေပးခဲ့ၾကေသာ္လည္း အာဏာရလာသည့္ NLD ပါတီအေနျဖင့္ တိုင္းရင္းသားမ်ား၏ အေရးကို လ်စ္လ်ဴရႈခံခဲ့ရသည္ ဟု တိုင္းရင္းသားမ်ားက ဆို သည္။

ထို႔ေၾကာင့္ ၂၀၂၀ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ တိုင္းရင္းသားမ်ားက ၎တို႔၏ အမ်ိဳးသား အလိုက္ တိုင္းရင္းသားပါတီမ်ားကို ျပန္လည္၀န္းရံခဲ့ၾကၿပီး ေရြးေကာက္ပြဲ ေအာင္ႏိုင္ပါက လႊတ္ေတာ္ထဲက ေန တစ္ဆင့္ တိုင္းရင္းသားမ်ား လိုလား ေတာင္းတေနၾကသည့္ ကိုယ္ပိုင္ျပဌာန္းခြင့္၊ လြတ္လပ္ခြင့္၊ တန္း တူခြင့္၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ ႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးကို ႀကိဳးစား လုပ္ေဆာင္သြားၾကမည္ဟု တိုင္းရင္းသားပါတီမ်ားက ကတိကဝတ္မ်ား ျပဳကာ မူဝါဒမ်ား ခ်ျပထားခဲ့ၾက သည္။

သို႔ေသာ္လည္း က်င္းပခဲ့သည့္ ေရြးေကာက္ပြဲတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD က ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားရွိ လႊတ္ေတာ္ေနရာ ေတာ္ေတာ္မ်ားမ်ားကို အႏိုင္ရရွိထားကာ အစိုးရ ဖြဲ႔ႏိုင္မည့္ အေျခအေနတြင္ ရွိေနသည္ဟု သိရသည္။